Life
နန္ဒ။
တောင် မမှီတော့...
ဒီည ..."
"ဟာ..."
ကို အလည်ခေါ်သွားပြီ။ နောက်ပြီး မြေးအဘွား
၎နှစ်အရွယ်သားတစ်ယောက်အဖေတွေဖြစ်တဲ့
သတိထားကြရသည်။
ထိုကိစ္စဖြစ်ဖို့ ဖန်တီးပေးထားသော အဂါင်္မဟုတ်
ရှက်နေလည်း အပိုပဲ။ ကျတော်ခေါင်းခါရင်း
သူခေါင်းတခါခါနဲ့...
ပြောဆိုတတ်မြဲ။
"ဟေ့ကောင်"
သူထူးချွန်တယ်။
>>>>>EXPECT<<<<<
လာဖွင့်ပေးသည်။ လတ်ဆက်သော ဆပ်ပြာရည်
"ရေချိုးတော့ မလား?"
"အွင်း"
လုပ်ထားသည်ထင်။
လျှော်ထားတာ မဟုတ်လား?"
ထဲသို့ သွားရသည်။
သောက်နှင့်နေပြီ။
တောင် မဆက်တော့ဘူး"
ချစ်သည်။
"မင်း ကို မဆက်ဘူးလား?"
"မဟုတ်တာ တချန်းရာ..."
လေးတွေ နဲ့တူတယ်။ ဘာအသီးစားစား အခွံ
ခွာနေရင်းမှ...
လောက်ပါ့မလား မသိဘူး။ တောင်ကြီးက ခုချိန်
ပါသွားပါလိမ့်"
မေးလာသော ချန်း...
"မဖြေနဲ့တော့..."
"မင်း ကို လည်း...အွတ်"
သည်။
သို့ ဦးဆောင်ခေါ်ရသည်။ အခန်းတံခါးဖွင့်
တစ်ကမ္ဘာပဲ။
ချုပ်ထိန်းခဲ့ရသမျှ...
ဂွီ...
ထွက်လာပြန်သည်။
"ဗိုက်ဆာလို့လား ပိုင်"
"ဘာမှမစားထားလို့..."
ကြားညပ်သွားရတော့သည်။
To be continue...
Thank you all
(Unicode)
/
/
/
Wardထဲကထွက်သည်နှင့် Duty coatထဲ
မှ ဖုန်းက တစ်ချက်တုန်သွားသည်။
Mpt,Telenorကများ massageပို့လေ
သလား ဆိုပြီး မကြည့်ဖို့ထားရင်းမှ ချန်းများ
ဖြစ်နေမလား ဖွင့်ကြည့်တော့...
"ပိုင်...ဒီည ဝိုင်သောက်ရအောင်" တဲ့။
ဝိုင်ခွက် ပုံ လေးတွေတောင် ပါသေး။
"အသဲ ထမင်းသွားစားရအောင်"
ဘယ်တုန်းတည်းက အနားရောက်လာမှန်းမသိ
အနောက်က ပုခုံးလှမ်းဖက်ပြီး မြူးတူးနေသော
နန္ဒ။
Messageကို Home keyနဲ့ ထွက်တာ
တောင် မမှီတော့...
"ငါ့တူက မနေ့ညကမှ သွားတယ်။ မင်းတို့က...
ဒီည ..."
ဆက်ပြောလိုက်မရအောင် ဒီကောင့်ဗိုက်ကို တစ်
ချက်ထိုးလိုက်မှ တဟဲဟဲရယ်နေသည်။
"မစားတော့ဘူး...သွားနှင့်တော့..."
"ဟာ..."
နန္ဒကို မျက်နှာတွေပူပေမယ့် ပုခုံးတစ်ချက်ပုတ်
ကာအဆောင်နောက်ကို ပြန်လျှောက်လာရသည်။ မနက်စာ စားတုန်းကတော့ မပြောဘူး ချန်းရယ်။
သားကို မနေ့ညနေက သူ့အဘွား မားက ရန်ကုန်
ကို အလည်ခေါ်သွားပြီ။ နောက်ပြီး မြေးအဘွား
နှစ်ယောက်က ရှမ်းပြည်ကို အလည်ခရီးထွက်ကြ
အုံးမှာ။ သားဆိုတာကလည်း မူကြိုရက်ရှည်ပိတ်
သည်နှင့် အဘွားလုပ်သူကို ဖုန်းဆက်ခေါ်တော့
တာပဲ။ အသက်ကသာ ၅နှစ်မပြည့်သေးဘူး။
ခရီးက ကျတော်တို့ထက်ပင် ထွက်သေးသည်။
ဦးလေးထွက်တဲ့ ခရီးတိုင်းလည်း သူပါ လိုက်တတ်သေး၏။
နန္ဒဆိုတာကလည်း သူ့ကိုယ်သူSingle Father လိုလို ဒီဇိုင်းနဲ့ ကျတော်တို့သားကို တံတိုင်း အဖြစ် အသုံးချသေးရဲ့။
အမေဖြစ်သူ လာလည်ရင်လည်း အမေဖြစ်သူနဲ့ လိုက်တာပဲ။
ကျတော်တို့နဲ့ တစ်နှစ်လုံးအတူတူနေရတာက
သူ့အတွက် ပျင်းရှာမှာပဲလေ။ ပြင်ဦးလွင်တစ်ဝိုက်
ကလွဲပြီး ဘယ်မှလိုက်မပို့နိုင်တာ။ လိုက်ပို့နိုင်တဲ့
လူတွေ နောက်ထည့်ပေးရတာပဲ။ ပြီးတော့...
သားကဘယ်သူနဲ့မဆို အဆင်ပြေအောင် နေတတ်တယ်။
Detoxသောက်ပြီး အူလမ်းကြောင်းတစ်
လျှောက်ရှင်းထားလိုက်သည်။ ဘာပဲဖြစ်ဖြစ်
ချန်း အတွက် ပြင်ဆင်ပေးထားတာ ပိုကောင်း
မယ်။ သွက်လက်တက်ကြွလျက်အအိပ်ဆက်သော
၄နှစ်အရွယ်သားတစ်ယောက်အဖေတွေဖြစ်တဲ့
ကျတော်တို့သည် သားရှိနေတဲ့ ကာလ
တွေဆို လူပျိုတွေလိုပဲ။
အရာရာစူးစမ်းတတ်လျက် မေးခွန်းတွေ အဆက်
မပြတ်မေးတတ်သော အရွယ်ဖြစ်နေပြီမို့ သား
ရှေ့တွင် အမူအရာပါမက အပြောအဆိုတွေပါ
သတိထားကြရသည်။
အတူမနေဖြစ်တာ လချီကြာနေပြီဖြစ်သော အချိန်
အခါတွင် ချန်း လိုချင်တယ်ဆို အကောင်းဆုံးကို
သာ ပေးချင်သည်။ Detoxသောက်ပြီးမှ အူလမ်း
ကြောင်းထဲမှ အစာဟောင်းများ ကုန်စင်ပြီး
သန့်ရှင်းသွားသည်ဟု ထင်သည့်
နောက် ဒီနေ့အတွက် အာဟာရက ရေသောက်
ခြင်းသာ တတ်နိုင်တော့သည်။
ထိုကိစ္စဖြစ်ဖို့ ဖန်တီးပေးထားသော အဂါၤမဟုတ်
ပဲ ခန္ဓာကိုယ်မှ မလိုအပ်တော့သည်များကိုသာ
အပြင်ဖက်ရောက်အောင် ပို့ဆောင်ပေးသော
လမ်းကြောင်းဖြစ်နေသည်မို့ သန့်ရှင်းနေဖို့က အဓိကလိုဖြစ်နေသည်။
"အသဲရာ ပေါင်မုန့်တစ်ချပ်လောက်တော့ စားထားပါ..."
နန္ဒဆိုတဲ့ တစ်ကောင်ကိုတော့ ကျတော်မနိုင်။
ရှက်နေလည်း အပိုပဲ။ ကျတော်ခေါင်းခါရင်း
ရေတစ်ကျိုက်သာ ထပ်မော့သောက်တော့
သူခေါင်းတခါခါနဲ့...
"မင်း ကို ချန်းက ဝိုင် သောက်ရအောင်ပဲပြောတာ
လေ။ ပြင်ဆင်ထားလို့ပြောတာမှ မဟုတ်တာ
သူတောင် ပြင်ဆင်ထားရင် ထားမှာ..."
ကျတော် မျက်လုံးပြူးပြီးဟန့်လိုက်မှ ငြိမ်ကျသွား
သည်။ နန္ဒ အတ္တက ခါတလေ ရယ်စရာကောင်း
သည်။ သူက ကျတော့်ကိုပဲ winnerဖြစ်စေ
ချင်တာ။ ချန်း သူ့ရှေ့ဘယ်လောက် ယောကျာ်း
ဆန်နေပါစေ။ ချန်းသည်သာဖြစ်သင့်သည်ဟု
ပြောဆိုတတ်မြဲ။
"တစ်ကိုယ်တော်နွှဲမှ အားမရှိပဲ..."
"ဟေ့ကောင်"
ဟန့်တော့မှ သူမဟုတ်သလို သူပဲမပြောလိုက်
သလိုနဲ့ coatအိတ်ကပ်ထဲလက်ထည့်ကာ ထွက်
သွားသည်။ သူ့ရှေ့ ဘာမှ လုပ်လို့မရအောင်
ကျတော်တို့ အတွဲအကြောင်း အကုန်သိနေသော ပုဏ္ဏားဝင်စားတဲ့ကောင်။ ချန်းကို ဆောင်ရန်
ရှောင်ရန်တွေ ဘယ်လိုပြောရကောင်းမလဲလို့
တိုင်ပင် ဆွေးနွေးတုန်းရှိသေးတယ်။
သူက ခေါ်ပြီး လိုအပ်တာတွေကော မလုပ်သင့်တာ တွေပါ ပြောလိုက်တယ်တဲ့။
ချန်း ကသူ့ဆီက ပြန်လာတော့ ကျတော့်တောင်သေချာမကြည့်တော့ဘူး။
ဘယ်လိုကောင်စားလဲဆိုတာ
သူ့ကိုဆို ဆရာကပါ မင်း OGပိုင်း သွားသင့်
တယ်လို့ ချီးကျူးရတဲ့ အထိ အဲ့ဖက်ပိုင်းတွေ
သူထူးချွန်တယ်။
ဘာပဲပြောပြော ချန်း သိသွားတော့လည်းတစ်မျိုး
ကောင်းတာပဲ။ ပထမဆုံးအကြိမ်က ကံကောင်း၍
ဘာမှဆိုးဆိုးရွးရွား ညစ်ညစ်ပေပေမဖြစ်သွားတာ
နဲ့ပဲ ကျတော်တို့ နေချင်တဲ့ အချိန် နေ၍ မရဘူးဆိုတာ သူသိသွားတာပဲ။
ဒါကြောင့်လည်း ကြုံတောင့်ကြုံခဲဖြစ်စဉ်တိုင်းလိုလို
စနစ်တကျနဲ့ အကောင်းဆုံးဆိုတာတွေကို ဖန်တီးပေးနိုင်ခဲ့တယ်။
ဒီညရော... ကျတော်တို့နှစ်ယောက်က
မိုးလေဝသလိုပဲ ကြိုတင်ခန့်မှန်းထားလို့မရဘူး။
>>>>>EXPECT<<<<<
အိမ်ပြန်ရောက်တော့ ချန်းက ရေတောင်ချိုးပြီး
နေပြီ။ ရေစက်လက်နဲ့ခေါင်းကို သုတ်ရင်း တံခါး
လာဖွင့်ပေးသည်။ လတ်ဆက်သော ဆပ်ပြာရည်
နံ့ တိုးဝင်လာရုံနဲ့ ကျတော့်ရင်ခုန်သံမြန်လာရသည်
ပြင်ဦးလွင် နွေဦး ညနေခင်းသည် အေးလွန်းမနေ
သလို ရေချိုးမှ ဖြစ်လောက်သည်ထိ ပူလည်းမပူနေ။ သို့သော် ဆေးရုံနံ့စွဲနေသော
ကိုယ်နဲ့ မွှေးနေသူနား မကပ်ချင်။
"ရေချိုးတော့ မလား?"
"အင်း...တချန်း ခေါင်းကို Dryerနဲ့ မှုတ်နော်"
"အွင်း"
စိုနေသော သူ့ဆံပင်ထဲ လက်ထည့်ဖွတော့
ပြုံးပြသည်။ ကျတော် ရေချိုးခန်းထဲရောက်တော့
အိမ်ရှေ့တွင် "Summer wine"သီချင်းသံ
က ခပ်တိုးတိုးပြန့်လွင့်နေသည်။ Repeat
လုပ်ထားသည်ထင်။
အတူမနေရတာ ကြာပြီဖြစ်၍ ရင်ခုန်ရသည်နှင့်
အမျှ ပြင်ဆင်မှုတွေကလည်းများလှသည်။
အတတ်နိုင်ဆုံး စိတ်ကို ဖြေလျော့ထားရ၏။
ရေချိုးခန်းတွင်းရှိ ဗီဒိုလေးထဲမှ တစ်ခါသုံး
ဆေးထိုးပြွန်ကိုထုတ်ကာ anti bacteria ဆပ်ပြာရည်ကို ရေနဲ့ဖျော်ပြီး ဆေးထိုးပြွန်ထဲ စုတ်
ယူထည့်ရသည်။ စိတ်ကို အတတ်နိုင်ဆုံးလျော့ချ
ပြီးမှ ချန်းအလည်လာမည့် တံခါးဝထဲ
ထိုးသွင်းရသည်။ ဆပ်ပြာရည်အကုန်ဝင်သွား
တော့မှ ဘိုထိုင်တွင်ထိုင်ကာ ဗိုက်ကို လက်နှင့်
ဖိရင်း ပြန်ထုတ်ရပြန်သည်။ ချန်းတစ်ယောက်
တည်းကို သစ္စာရှိစွာ ချစ်ပေမယ့် ချန်းတစ်ခု
ခုဖြစ်မှာ ကျတော်အကြောက်ဆုံးအရာပဲ။
အသန့်အပြန့်ကြိုက်လွန်းလှတဲ့ ချန်းဟာ ကျတော်
ဖြစ်နေလို့သာ ဟူသော အချက်နဲ့တင်
အရာရာကို လိုလိုလားလား လက်ခံခဲ့ပေးတာ
ပဲလေဟူသော သဘောနဲ့လက်လွတ်စပယ် မပေးလိုက်ချင်။
အမြဲတမ်းလိုရင် လိုသလို ရနိုင်တဲ့ အခြေအနေ
မဟုတ်သည့်အတွက် ခုလိုအခြေအနေတိုင်း
ကျတော် ဘယ်လိုအနေအထားမျိုးကပဲဖြစ်ဖြစ်
အကောင်းဆုံးဖန်တီးပေးချင်တယ်။
"ပိုင်...ခေါင်းထပ်မလျှော်နဲ့။ မင်း မနက်ကပဲ
လျှော်ထားတာ မဟုတ်လား?"
အိမ်ရှေ့မှ အောင်မြင်စူးရှသော အမိန့်ကို ပြန်ကြား
တော့...ကြာကြာနေလို့မရတော့မှန်း သဘောပေါက်ရမည်။
ရေအမြန်ချိုး အိပ်ရာပေါ်မှာ အသင့်တင်ပေးထား
သော စွပ်ကျယ်နဲ့ ဘောင်းဘီတိုကောက်စွပ်ပြီး
ကျတော့် အိမ်ကြီးရှင်လေးစောင့်နေမည့် ဧည့်ခန်း
ထဲသို့ သွားရသည်။
သစ်သီးအစုံကို ညီညာသေသပ်စွာလှီးစိတ
ထည့်ထားသော ပန်းကန်ဘေး စပျစ်ဝိုင်ပုလင်းက အသစ်။
ကိုယ်တော်က ခြေချိတ်ထိုင်လျက် တစ်ခွက်ပင်
သောက်နှင့်နေပြီ။
ဗိုက်ထဲအစာမရှိ၍ အများကြီးမသောက်ရဲ...
ကျတော်မူးပြီး မှောက်သွားလိမ့်မည်။ကျတော်
ချန်းလောက်လည်း မသောက်နိုင်ဘူး။
တစ်ငုံသောက်ပြီး စပျစ်သီးတစ်လုံးကောက်ယူ
တော့ ခပ်ပြုံးပြုံးနဲ့ ကြည့်နေသေး၏။
ဧည့်ခန်းတွင်းပြန့်လွင့်နေသော Summer
wineသီချင်းကြောင့် မသောက်ရသေးခင်
လူလည်း ရီဝေချင်ချင်နဲ့...
"သားများ ခရီးထွက်မယ်ဆိုတာနဲ့ ငါတို့ကို ဖုန်း
တောင် မဆက်တော့ဘူး"
ကျတော့်အကြည့်ကို ရှောင်ရင်း ခေါင်းငုံ့လျက်
သားကို တမ်းတနေသော ငပိုင်။ တခါတလေ
ကိုယ့်သားကို မနာလိုရသည်အထိ သူက သားကို
ချစ်သည်။
"ရန်ကုန်ရောက်တော့ ခရီးပန်းပြီး အိပ်နေတာ
နေမှာပေါ့။ မား က မင်းကို ဖုန်းမဆက်ဘူးလား?"
"မင်း ကို မဆက်ဘူးလား?"
"သူ့ချစ်သားကြီး မင်းကို တောင် မဆက်မှတော့
ငါ့ကို အဖက်လုပ်ပြီးဆက်နေမလား ငပိုင်ရ"
"မဟုတ်တာ တချန်းရာ..."
စပျစ်သီးအခွံကို စိတ်ရှည်လက်ရှည်ခွာနေသော
ငပိုင်။ ငပိုင်က အခုလိုမျိုးဆို အကောင်ပေါက်
လေးတွေ နဲ့တူတယ်။ ဘာအသီးစားစား အခွံ
ခွာပြီးမှ စားတတ်တာ သူ့အကျင့်...
ခွာနေရင်းမှ...
"သားကို အနွေးထည် ထည့်ပေးလိုက်တာ
လောက်ပါ့မလား မသိဘူး။ တောင်ကြီးက ခုချိန်
ဆို အေးနေအုံးမှာ...အနွေးထည် ဘယ်နှစ်ထည်
ပါသွားပါလိမ့်"
"ပိုင်...ငါ့ဆိုရင်ရော မင်းအဲ့လောက် စိတ်ပူလား"
ကုလားထိုင် လက်ရန်းပေါ် တင်လွှဲထိုင်ရင်း
ကျတော့်အား ခပ်တည်တည်မျက်နှာပေးဖြင့်
မေးလာသော ချန်း...
အနည်းငယ် မြင့်နေသည်မို့ ပြန်မော့ကြည့်ရင်း
သင့်တော်သော အဖြေတစ်ခုပေးဖို့စဉ်းစားနေဆဲ
"မဖြေနဲ့တော့..."
"မင်း ကို လည်း...အွတ်"
စကားမဆုံးလိုက် ပူနွေးနူးညံ့သော နှုတ်ခမ်းပါး
တစ်စုံသည် ကျတော့်ကို နှုတ်ပိတ်၏။
ဝိုင်နံ့သင်းသင်းကြားမှ တစ်ချက်တစ်ချက်ထွက်
လာသော Close up သွားတိုက်ဆေးအနံ့...
လတ်ဆက်မှုနဲ့ ရီဝေမူးယစ်စေမှု အချိုးကျကျ
ပေါင်းစပ်လျက် ကျွမ်းကျွမ်းကျင်ကျင်နမ်းရှိုက်
နေသော အနမ်းကြား ကျတော်ပါ ပျော်ဝင်လာ
သည်။
နမ်းပြီဆို နမ်းတာက လွဲပြီး ဘာမှမလုပ်တတ်
တော့သော ချန်းကို ကျတော်ကပင် အိပ်ခန်းထဲ
သို့ ဦးဆောင်ခေါ်ရသည်။ အခန်းတံခါးဖွင့်
ကုတင်ပေါ်ရောက်သည့်တိုင် ဘာဆိုဘာမှ အာရုံ
မထားပဲ ကျတော့်ကို နမ်းနေသည်ကသာ သူ့
တစ်ကမ္ဘာပဲ။
အိပ်ရာခင်းစောင်တွေထဲ နစ်ဝင်နေသောချန်းကို
ငုံ့မိုးရင်း ဒီတစ်ခါ ကျတော်ကပင် အနမ်းရှည်ကို
ဦးဆောင်ရတော့သည်။ သူ့အသက်ရှုနှုန်းကိုနား
ထောင်ရင်း လိုအပ်သလို ထိန်းညှိရသည်။
T shirtအပါးလေးကို ပင့်တင်လိုက်သည်နှင့်
သွေးရောင်ပြေးနေသော ပန်းနုရောင် အတွင်းသားတွေ။ နေ့စဉ်တွေ့နေကျမြင်ကွင်းပေ
မယ့် သားရှေ့တွင် သတိလက်လွတ်မငေးမိအောင်
ချုပ်ထိန်းခဲ့ရသမျှ...
တချန်း ဆိုတာ ကျတော်အပိုင်နိုင်ဆုံး ဘာသာ
ရပ်တစ်ခုပဲ။ ထိတွေ့သမျှတိုင်းတွင် သာယာမှု
တွေ ဆောင်ကြဉ်းခေါ်ပေးနိုင်သည်။ အိပ်ရာခင်း
တွေကို ဆုပ်ကိုင်ထားသော လက်ဖြူဖြူလေး
တွေ လည်ပင်းပေါ်ရောက်လာပြီးမှ တဖြည်းဖြည်း
နိမ့်ဆင်းပြိုကျလာသော အနမ်းတွေကြား ကျတော့်ဆံပင်တွေထဲ လက်ချောင်းသွယ်တွေ ရောက်လာသည်။
အဆီပိုမရှိ ပြားချပ်ဖြူဖွေးနေသော ဗိုက်သားတွေ
နား အနမ်းတွေ ရစ်ဝဲနေဆဲ...ချန်းထံမှ အသံတိုး
ညှင်းညှင်းအရင်ထွက်လာသည်။ ထိုအသံကို
မကြားရတာ ဘယ်လောက်ကြာနေပြီလဲ??
ထိလိုက်တိုင်း လူပျိုလေးတစ်ယောက်လိုခံစားမှု
လွန်နေသော တချန်းကို သာယာမှုတွေ အဆုံးစွန်
ထိပေးချင်တယ်။ ပေးဖို့ကြိုးးးစားနေဆဲ
ဂွီ...
မျက်လုံးများမှိတ်ကာ ကျတော့်ထိတွေ့မှုတွေ
ကို ခံစားနေရာမှ ခေါင်းကိုမတ်ကာ သူ့ဗိုက်သားပေါ်မှ ကျတော့်အား
ငုံ့ကြည့်သည်။ ဘာမှမဖြစ်ခဲ့သလို ရှေ့ဆက်ဖို့
ပြင်နေစဉ် နောက်ထပ်အသံကစိတ်ထိန်းမဲ့စွာ
ထွက်လာပြန်သည်။
"ဗိုက်ဆာလို့လား ပိုင်"
"ဘာမှမစားထားလို့..."
လျစ်ခနဲ ပြုံးလိုက်သော အပြုံးနောက် ကျတော်
ကြောင်အသွားစဉ်... လျင်မြန်သော လှုပ်ရှားမှု
နဲ့အတူ ကျတော်သည် ကုတင်နဲ့ သူရင်ခွင်
ကြားညပ်သွားရတော့သည်။
ပါးချိုင့်ခွက်ထဲ အနမ်းတစ်ခုသက်ဆင်းရင်း
ကျတော့်နား နား တိုးကပ်လျက်...
"ငါ အစီအစဉ်ပြောင်းလိုက်ပြီနော် ငပိုင်"
အဓိပ္ပါယ်ပါသော အပြုံးနောက် နားရွက်ဖျားပေါ်
ရောက်လာသော အနမ်းတစ်ခုနဲ့ အတူ ကျတော့်
တစ်ကိုယ်လုံးကြက်သီးတို့ ပြန်ကျကုန်တော့၏။
To be continue...
မိန်းကလေးတစ်ယောက် အတိုင်းအတာနဲ့ သိသလောက်ရေးထားတာဖြစ်လို့ အမှားပါရင် Readernimတွေက ပြင်ပေးပါနော်။
Thank you all
Bạn đang đọc truyện trên: ZingTruyen.Xyz