ZingTruyen.Xyz

EX-pect

Epi-27

HsuChiKo365

ေစ်းခ်ိဳကေန တကူးတကရွာဝယ္ခဲ့ေသာ
လည္ကတံုး အျဖဴစြပ္စြပ္၊
နက္ျပာေရာင္ပုဆိုးနဲ႔ပနံသင့္လ်က္ရွင္းကာ
သန္႔ေနေသာ တခ်န္းသည္ မနက္အေစာအိပ္ရာ
ထထားရေသာ္လည္း ႀကည္ႀကည္လင္လင္။
နက္ျပာရင့္ေရာင္ ပုဆိုးေအာက္ကေန ေျခလွမ္း
လွမ္းလိုက္တိုင္း လ်စ္ကနဲေပၚလာေသာ ေျခခံု
ေဖြးေဖြးနဲ႔အျပိဳင္ႀကည္လင္ေနေသာေျခသည္းေတြ
မ်က္မွန္ဝိုင္းနဲ႔မို႔ မည္းနက္နက္မ်က္ဆံအိမ္ေတြကို
အျပည့္အဝမျမင္ရသည့္တိုင္ မ်က္လံုးခ်င္းဆံု
ေအာင္ႀကည့္ရင္းစကားမဆိုျဖစ္။မဆိုရဲျဖစ္ေန
တာဆိုပိုမွန္မည္။
အလွေတြမႈန္ေနေအာင္ျပင္ဆင္ျခယ္သထားတဲ့
မိန္းမလွေလးမဟုတ္ပဲ...မ်က္ႏွာေျပာင္ ထက္
မ်က္မွန္ဝိုင္းႀကီးတပ္ထားတဲ့ေကာင္ေလးက
က်ေတာ့္ကို အိုးတိုးအမ္းတန္းျဖစ္ေနေစတာ
ရယ္စရာေတာ့ေကာင္းသား~~

""ငပိုင္...မင္းေခါင္းႀကီးလည္း ေျမႀကီးထဲဝင္
ေတာ့မယ္။"

စိတ္လက္မရွည္စြာထြက္လာေသာ စကားသံ
ေႀကာင့္ ေငးစိုက္ႀကည့္ေနမိေသာ ေျခသည္း
ႀကည္ႀကည္တို႔ကို ႏွေမ်ာတသျဖစ္စြာခြဲခြါရင္း
အသံလားရာသို႔ျပန္ေမာ့ႀကည့္ေတာ့

"ပုဆိုးနဲ႔ ဆိုင္ကယ္လ္စီးလို႔ အဆင္ေျပပါ့မလား"

"အင္ အင္း ျဖစ္တယ္။မင္း ျပီးျပီမလား?သြား
မယ္ေလ"

"ငါ ပုဆိုးနဲ႔ေတာ့ ဒုကၡပဲ..."

ျငီးျငဴလ်က္ ဆိုင္ကယ္ေပၚအင္းအဲနဲ႔တက္၏။
မနက္ခင္းအလင္းေရာင္ပင္ မပီျပင္ေသးသည့္
အခ်ိန္...ေႏြလယ္ျမဴတို႔ တိတ္ဆိတ္ျခင္းနဲ႔
အကတိုက္ရင္းေပ်ာ္ေမြ႕ေနခ်ိန္
သေဘာမေနာေကာင္းလွေသာေလနတ္္သား၏
အပံ့အပိုးေကာင္းမႈေႀကာင့္ တခ်န္းကိုယ္မွာစြဲေန
ေသးေသာ သစ္သီးေရခ်ိဳးဆပ္ျပာနံ႕သင္း
သင္းကိုရသည္။

ေနသူရိန္ပင္ အေရွ႔ဌာနီနန္းေျမေတာ္ထဲ ဗိုလ္ရႈသဘင္မစီရင္ေသးခင္ မဟာျမတ္မုနိရုပ္ရွင္
ေတာ္ ျမတ္စြာဘုရားထံ ေရသပၸါယ္ျခင္းကုသိုလ္
ေတာ္ကို ရယူေနႀကျပီ။
ဘုရားရွင္ေရွ႔ေမွာက္ မဂၢင္လမ္းကို လွမ္းေမွ်ာ္ကာ
ရြတ္ဖတ္ေနေသာ ပ႒ာန္းေဒသနာေတာ္သည္
တန္ေဆာင္းဝင္းထဲ တည္ျငိမ္ေအးခ်မ္းစြာပ်ံ႕လြင့္
ေန၏။
နံ႕သာျဖဴအနံ႔လႈိုင္ေနေအာင္ အားႀကိဳးမာန္တက္
ပ်ံတက္ေနေသာ အေမႊးတိုင္ေငြ႕ျဖဴလြလြေတြ။
ေရစက္ေတြခိုသီးေနဆဲျဖစ္ေသာ ဂႏၶမာ ေဇာ္မႊား
စံပယ္ပန္းကံုးျဖဴျဖဴေတြ။
ေအးခ်မ္းမႈနဲ႔ခမ္းနားျခင္းေပါင္းစပ္ထားေသာ
ဤရပ္ဝန္းတြင္သာကီႏြယ္ဝင္ဗုဒၶဘာသာဝင္တို႕၏
ဘာသာတရားကိုင္းရႈိုင္းျခင္းအေငြ႔အသက္ေတြ
ႀကား တအံ့တႀသ မင္သက္ေငးေမာေနေသာ တခ်န္း။

""တခ်န္း ေရာ့ ေရႊသကၤန္း။လာ""

ခ်စ္ရသူ၏ ဘုရားဆုပန္ခြင့္ရဘဝျဖစ္တည္မႈမွ
ေန၍ ရယူေနေသာ ကုသိုလ္ထူးကို က်ေတ္ာ
ပီတိျဖစ္စြာ ပါရမီျဖည့္ေပးမိသည္။
ေရႊဆိုင္းေတြကို အဆင္သင့္ခြာေပးကာ ကမ္းေပး
ရင္း တတြတ္တြတ္ဆုေတာင္းလ်က္ သကၤန္းကပ္လွဴေနေသာ တခ်န္းဆီမွာ ကုသိုလ္တရားကိုသာဓုအႀကိမ္ႀကိမ္ေခၚကာ မွ်ေဝမိသည္။

ဤကဲ့သို႔ အတူတူကပ္လွဴခြင့္ရခဲ့ျခင္းတြင္
သူ႔ကုသိုလ္ထူးအတြက္ ဂုဏ္ယူမိသကဲ့သို႔
က်ေတာ္ခ်စ္မိသူဟာ ေယာက်ာ္းတစ္ေယာက္ဆို
သည့္အမွန္တရားသည္လည္း ပိုမိုစစ္မွန္လာ၏။

ုဘုရားရွီခိုးျပီးခ်ိန္တြင္ေတာ့
ရခိုင္ကေန သယ္ယူလာေသာ
ေႀကးသြန္းရုပ္ထုႀကီးေတြ ေမာင္းေတြဖက္ လိုက္
ျပရသည္။အင္ဂ်င္နီယာေလာင္းလ်ာသည္ ေႀကး
ပိသာခ်ိန္ကို တီးေခါက္မွတ္သားသည္။
သယ္ယူလာခဲ့ပံုကို စိတ္ဝင္စားသည္။တိုက္စား
မႈေတြရဲ႕ အစကို ေတြးေခၚသည္။သူစိတ္တိုင္းက်
ေလ့လာျပီးမွ ထြက္ေပၚလာေသာေနမင္းနဲ႔
အတူ ဆာေလာင္လာေသာ သူ႔ဝမ္းအတြက္
တစ္ေန႔တာ၏ ပထမဆံုးခ်ိဳးေဖာက္မႈအတြက္
မုဒ္ဦးေရွ႔လ်င္လ်င္ျမန္ျမန္ထြက္ကာ ဝမ္းျဖည့္၏

"ေကာင္းလား တခ်န္း။မားလုပ္တာနဲ႔ ဘယ္ဟာ
ပိုေကာင္းလဲ""

ဆန္ေစးတစ္ပြဲမွာေကြ်းျပီး သူ႔အရသာခံအာရံုကို
စူးစမ္းစစ္ႀကည့္မိသည္။

"ေကာင္းပါတယ္။တစ္ေယာက္တစ္မ်ိဳးေပါ့။
ဒါနဲ႔ ငါလက္ဖက္ရည္ေသာက္ခ်င္ေသးတယ္"

"စားျပီးေသာက္မယ္ေလ။ျပီးရင္ မင္းကို
တစ္ေနရာကိုေခၚသြားမလို႕ လိုက္ခဲ့မယ္မလား?"

"ဘယ္လဲ?"

"ေရာက္ရင္ သိမွာေပါ့။မင္း သိခ်င္ေနတဲ့ေနရာ
ျဖစ္ေနရင္ ျဖစ္ေနမွာ"

"အေရးထဲ...မင္းသြားတဲ့ေနရာ မလိုက္လည္း
ငါသြားစရာေနရာမွမရွိတာ"

"ဟားဟား ဒီပံုစံနဲ႔ဆို မင္းကိုလူကုန္ကူးလို႔ရျပီ"

"ဘုရားရိပ္ထဲက မထြက္ေသးတာေတာင္ မင္းက
အကုသိုလ္မ်ားေနျပီ ငပိုင္"

တတီတီျမည္လာေသာဖုန္းေႀကာင့္ စကားျပတ္
သြားျပီး က်ေတာ့္ကိုစူးစမ္းသလိုႀကည့္လ်က္

"မားလား"ဟူေသာအေမးကို အသံတိတ္ေမးေန
သျဖင့္

"နႏၵဆက္တာ။သူလည္း လိုက္ခ်င္တယ္လို႔ဟိုေန႕
တည္းက ေျပာေနတာ"

"မကိုင္နဲ႔"

ဘာေႀကာင့္မွန္းမသိေသးခင္ အနီေရာင္လင္းေန
ေသာ ခလုတ္ကို လက္က အလိုလိုႏွိပ္ျပီးသား
ျဖစ္သြားျပီးမွ...

"ဘာလို႔လဲ??သူလိုက္ေတာ့ သံုးေယာက္မပ်င္းရ
ေတာ့ဘူးေပါ့ တခ်န္းရ"
ဟူ၍ ျပန္ေမးခြန္းထုတ္ျဖစ္သည့္ အျဖစ္...

နႏၵဦးေမာ္ မင္း ငါ့သူငယ္ခ်ငး္ျဖစ္တာကိုက
ေရွးကုသိုလ္ကံမေကာင္းတာ။

"ေခၚအံုးမလို႔လား?ဒီေကာင္ ျပင္ဦးလြင္ျပန္မယ္
ေျပာတာ ငါစေရာက္တဲ့ေန႔တည္းက ခုထိမျပန္
ေသးပဲ ငါတို႔နဲ႔လိုက္ျပီး ဗရုတ္က်ေနတာ"

"နႏၵက ငါတို႔နဲ႔မို႔ အဲ့လိုေနတာ။အႏြယ္ေတာ္အဆက္ေတြဆိုေတာ့ သူတို႔အိမ္မွာ
ဆို အဲ့လိုအေျပာင္အပ်က္မလုပ္ရဘူး။သူလည္း
မင္းကို ခင္လို႔ ဒီလိုေတြေနတာပါ။တျခားလူေတြ
ေရွ႔ဆို တည္တည္တံ့တံ့နဲ႔..."

"ေယာက္ဖေခၚခံေနရတာေတာင္ မင္းအဲ့ေကာင္
ဖက္က ေရွ႔ေနလိုက္ေနတုန္း။မင္း ေကာင္းဆက္စံကို သစၥာမေဖာက္နဲ႔ေနာ္။အငယ္
ကို အဲ့ေကာင္လက္ထဲထည့္ႀကည့္ မင္းေသျပီ"

"ဟားဟား ငါ့မွာပဲ ညီမရွိတာမွမဟုတ္တာ တခ်န္း
ရ။နႏၵဦးေမာ္မွာလည္း သူ႔အမႊာ အမရာဦးေမာ္
ရွိေနတာပဲ...ဟား"

စေနာက္မႈေနာက္ တခ်န္းျငိမ္သက္သြားသည္ကို
သတိထားေပမယ့္ ဒါကမေသခ်ာ...လက္က်န္
ဆန္းေစးကို ရွမ္းခ်ဥ္နဲ႔အကုန္နယ္ကာ ငံု႔စား
ျပီးသည္ႏွင့္ ခ်က္ခ်င္းထရပ္သည္။

"သြားမယ္။မင္း ဘယ္လိုက္ပို႔မလဲ"

"လက္ဖက္ရည္ေသာက္မယ္ေလ။ေသာက္ျပီးမွ
သြားရေအာင္"

"မေသာက္ဘူး။ေနပူလာေတာ့မယ္။ငါေနပူဒဏ္
မခံႏိုင္ဘူး"

ဘာေျပာႏိုင္မွာလဲ??ဒီငယ္ကြ်န္ႀကီး ငပိုင္ေျပာ
ရမွာက တစ္ခုတည္း...
အမိန္႕ေတာ္သင့္ျမတ္လွေႀကာင္းပါ ဘုရားေပါ့။

ေက်ာင္းဝင္းထဲဆိုင္ကယ္လ္စီးမဝင္။ေက်ာင္းေရွ႔
က ဇရပ္မွာအင္ဆိုင္ကယ္လ္ဝင္အပ္ကာ ေက်ာင္း
ထဲ ဖိနပ္ခြ်တ္ကာဝင္ရသည္။

တမာေအးရိပ္ မန္က်ဥ္းရိပ္ရိပ္နဲ႔ စာအံသံသည္
ေအးေအးခ်မ္းခ်မ္းျပန္႔လြင္ေနသည္။
စုလစ္ထုခ်ြန္တင္ ေရွးမူလက္ရာေဟာင္းက်န္ေန
ေသးေသာ သစ္ေစးသုတ္ေက်ာင္းႀကီးအိုအို။
အေဆာင္သစ္အုတ္ျဖဴျဖဴနဲ႔ ေသသပ္ေနေသာ RCအေဆာက္အအံုေတြသည္ျမန္မာဆန္ေသာ
ေက်ာင္းႀကီးအို၏ ခန္႕ညားမႈကို အံမတုႏိုင္။

"ငါ ေႏြရာသီအိမ္ျပန္လာတိုင္း ကိုရင္လာဝတ္ေန
က်ေက်ာင္းေပါ့"

ေက်ာင္းပတ္လည္ကို ေဝ့ဝဲလွည့္ပတ္
ႀကည့္ေနေသာ ငပိုင့္ မ်က္လံုးတို႔ထဲေအးရိပ္တို႕
ေနေပ်ာ္ေနသည္။
ခပ္ေထြးေထြးေအာက္ႏႈတ္ခမ္းသားတို႔ တြန္႔ေကြး
ရံုသာေကြးေနေပမယ့္ ပါးကပါးခ်ိဳင့္က နစ္ဝင္
ေနေသးသည္။

ျမန္မာဆန္ေသာ ဤေျမေပၚက ငပိုင္သည္လည္း
ပတ္ဝန္းက်င္နဲ႔ လိုက္ဖက္ညီစြာ ျမန္မာဆန္ကာ
အသက္အရြယ္ႏွင့္ဟက္စပ္ကိုက္ညီေသာ
ခန္႕ညားမႈတစ္ခ်ိဳ႕ထဲ ေအးခ်မ္းျခင္းကပါ အတူ
ယွဥ္တဲြ ပံ့ပိုးေပးေနသည္

"ခ်န္း...ေက်ာင္းေပၚတက္မယ္။ေက်ာင္းေဆာင္
ေပၚမွာ ကိုယ္ေတာ္ရွင္ဆႏၵရွိမယ္ထင္တယ္"

ကိုယ္ေတာ္ရွင္ဆႏၵ...ငပိုင့္ရဲ႕ လမ္းျပပုဂိၢဳလ္
ငပိုင္ အားက်ေနေသာ ဘဝပိုင္ရွင္။

ဘာလို႔လည္းမသိ က်ေတာ့္စိတ္ေတြလႈပ္ရွားလာ
သည္။

အသက္၃၀ ဝါေတာ္ ၁၀ႏွစ္ ရွိေနျပီျဖစ္ေသာ
ကိုယ္ေတာ္သည္ အရြယ္နဲ႔မလိုက္ေအာင္
တည္ျငိမ္ေသာဟန္ပန္ရွိသည္။
ရွီခိုးဦးခ်ေသာ ငပိုင့္ထံမွာ ရွိေနေသာကိုယ့္ေတာ့္
အႀကည့္ေတြတြင္ ဝမ္းေျမာက္ျခင္းတို႔ပါဝင္ေန
၏။

"ဒကာေလး ေရာက္ေနတယ္လို႔ ကိုယ္ေတာ္
ႀကားတယ္။နန္းေရွ႔ဖက္လည္း မႀကြျဖစ္တာနဲ႔
ဒီရက္ပိုင္းဒကာေလးလာမယ္လို႕ေတာ့ စိတ္က
ထင္ေနသား"

"သူငယ္ခ်င္းကို လိုက္ပို႔ေပးေနတာနဲ႔ တပည့္ေတာ္လည္း ေက်ာင္းဘက္မေရာက္ျဖစ္
တာ ပါဘုရား"

"ခ်န္းလား?"

ငပိုင့္ေဘးနား ထိုင္ေနေသာ က်ေတာ့္ကိုႀကည့္
ကာဆိုေတာ့ ရုတ္တရက္ က်ေတာ္ဘာျပန္
ေျဖရမွန္မသိ။လိုတာထက္ပိုကအေယာင္ေယာင္
အမွားမွားနဲ႔

"ဟုတ္...အဲ တင္ တင္ပါ့ဘုရား"

ေရႊကိုင္းတပ္မ်က္မွန္ဝိုင္းေလးကို တစ္ခ်က္ပင့္ကာ
က်ေတာ့္ကို တစ္လွည့္ငပိုင့္ကို တစ္လွည့္ႀကည့္ျပီး
သက္ျပင္းခပ္ဖြဖြခ်လိုက္တာက...
ဘာမွန္းမသိ စိတ္ထဲဝမ္းနည္းသလိုလိုပဲ

ဒီေန႔တစ္ေန႔ခင္းလံုးက်ေတာ္ဘာျဖစ္ေနတာလဲ
ေလ။

"ခု ဆယ္တန္းေျဖျပီးသြားျပီေပါ့။ေျဖႏိုင္တယ္
မလား"

"တင္ပါ့ဘုရား"

"ဒကာေလး ပိုင္သုတေရာ...ေဆးလိုင္းမွီမွာ
ေသခ်ာလား"

"တင္ပါ့ ယံုႀကည္ပါတယ္ဘုရား"

"ဒကာေလး ခ်န္းကေရာ?ေဆးပဲတက္မွာလား"

"မ...အဲ မဟုတ္ပါဘူးဘုရား။GTCပဲတက္မွာပါ"

"ဒါေပါ့ အခ်ိန္တန္ရင္ ကိုယ့္လမ္းကိုယ္ေလွ်ာက္
ႀကရမွာပဲေလ။ဒကာေလးေရာ မႏၱေလးျပန္လာ
ေနမွာလား"

ဒီအေျဖကို က်ေတာ္လည္းသိခ်င္တယ္

"မေသခ်ာေသးဘူး ဘုရား"

"ဟုတ္ေတာ့လည္းဟုတ္တာပါပဲ။ဒီက ေမြးရပ္
ဇာတိေပမယ့္ ဟိုမွာက သူငယ္ခ်င္းေတြရွိေန
တာပဲ...ဒီသႀကၤန္ေကာ မန္းေလးမွာပဲ သဃာၤန္း
စီးမွာလား??"

"တင္ပါ့။အဘိဓမၼာဆက္သင္ခ်င္ေသးလို႔"

"စိတ္ရွိေနတုန္း သင္ေတာ့တတ္လြယ္တယ္။
အဘ္ဓမၼာသင္ရင္ ဥာဏ္ရည္ျမင့္လာတယ္။
အရင္က မသိတာေတြကို အဘိဓမၼာတတ္သြားရင္
နင္နက္နဲနဲသိလာလိမ့္မယ္။ဒါဆိုရင္ ဒါကာေလး
ပိုင္သုတ လိုခ်င္ေနတဲ့ ေအးခ်မ္းမႈကို ရမွာပါ။
ကဲ ကိုယ္ေတာ္ စာသင္တိုက္ဖက္ႀကြရအံုးမယ္"

မန္က်ဥ္းရိပ္သည္ တျခားအပင္ရိပ္ထက္ေအး
သည္ဟု ႀကားဖူးေပမယ့္ က်ေတာ္ကေတာ့
ဘာမွမထူးျခားသလိုပင္။
ေက်ာင္းဝင္းတြင္း မန္က်ဥ္းရိပ္ေအာက္က ကြပ္ပ်စ္ေပၚထိုင္ရင္း ေနပူထဲက ေက်ာင္းမုဒ္ဦး
ျဖဴျဖဴကိုအေႀကာင္းမဲ့ေငးေနမိသည္။
က်ေတာ္မႏၱေလးမွာဆက္မေနခ်င္ေတာ့တာ
ေနပူလြန္းလို႔ျဖစ္မွာပါ

"မင္းသႀကၤန္ ကိုရင္ဝတ္မယ္ဆိုေတာ့ ငါနက္ျဖန္
ရန္ကုန္ျပန္ေတာ့မယ္ ငပိုင္"

စာအံေနေသာ ကိုရင္ေလးေတြကိုေငးေနရင္းမွ
ဆက္ခနဲက်ေတာ့္ဖက္လွည့္ႀကည့္သည္။
အံ့ႀသသြားတာလား ဘာျဖစ္သြားတာလဲ
က်ေတာ္အတိအက်မေျပာတတ္ ငပိုင့္ထံမွ
သက္ျပင္းခ်သံႀကားရသည္။

"မားကို လြမ္းေနလို႔လား တခ်န္း။ငါကေတာ့
ေရာက္တုန္းေရာက္ခိုက္ ေနာက္သံုးေလးရက္
ေလာက္ေနေစခ်င္ေသးတယ္"

"မေနခ်င္ေတာ့ဘူး ငပိုင္။ပူတဲ့ဒဏ္ငါမခံစားႏိုင္
ေတာ့ဘူး"

"ျပန္ခ်င္လည္း ငါျပန္လိုက္ပို႕ပါ့မယ္။ဒါဆိုညေန
လက္ေဆာင္ေတြသြားဝယ္မလား ရန္ကုန္ကလူ
ေတြအတြက္...ႏွင္းႏုအတြက္ေကာ ဘာဝယ္ေပး
သြားမလဲ"

"ဦးပိန္သြားတုန္းက ဝယ္ထားတဲ့ ပန္းခ်ီကားပဲ
ေပးလိုက္ေတာ့မယ္။သူဘာႀကိဳက္လဲေသခ်ာမသိ
ေသးေတာ့..."

"ျပန္လိုက္ပါ။စာေမးပြဲျပီးတည္းက ငါနဲ႔ပဲမင္းအခ်ိန္
ကုန္ေနတာ ႏွင္းႏုနဲ႔ အခ်ိန္ယူႀကည့္ေပါ့"

"ႏွင္းႏုက...လက္ထပ္သင့္တဲ့ မိန္းကေလးလို႔
မင္းထင္လား ငပိုင္"

ေလအေဝွ႔တစ္ခ်က္ေႀကာင့္ က်ေတာ္တို႕ေပၚ
မန္က်ဥ္းရြက္ေျခာက္ေသးေသးေလးေတြေႀကြ
က်လာတာသိေပမယ့္ ႏွစ္ေယာက္လံုးမဖယ္ျဖစ္
ငပိုင္ေျဖမယ့္ အေျဖစကားကိုသာေစာင့္ေနတာက
လြဲ၍ ဘာမွလုပ္ဖို႔သတိမရသလိုပဲ

"ႏွင္းႏုက မင္းန႔ဲလိုက္ပါတယ္။မားလည္းကန္႔ကြက္မယ္လို႔ေတာ့ မထင္ဘူး။
သူတို႔မိသားစုက ျပည့္စံုေနတာေတာ့
မဟုတ္ေပမယ့္ ႏွင္းႏုက မင္းေနာက္လိုက္မယ့္ မိန္းကေလးမ်ိဳးေတာ့မဟုတ္ဘူး။မင္းနဲ႔ တန္းတူ
ေလွ်ာက္မယ့္ ပံုစံမ်ိဳး။အဲ့လိုပံုစံမ်ိဳးကို မင္းသေဘာ
က်တာမလား?"

"ဆိုပါေတာ့...ငါျပန္ရင္ မင္းျပန္မလိုက္လာနဲ႔
ေတာ့ငပိုင္"

"ဘာျဖစ္လို႔လဲ?လာခဲ့တုန္းကအတူတူကို
မင္း တစ္ေယာက္တည္းျပန္လႊတ္လိုက္လို႔ျဖစ္
မလား?"

"ရတယ္။မင္းလည္း ဒီမွာတစ္ေယာက္ေယာက္
ေတာ့ ရွာထားသင့္တယ္မဟုတ္ဘူးလား?
ဘုရားေရွ႔မွာေျပာတဲ့ အမရာဦးေမာ္ပဲျဖစ္ျဖစ္"

"ဟားးးခ်န္းရာ...မင္းရည္းစားထားတိုင္းငါ့ကိုပါ
အေဖာ္အတင္းလိုက္ဆက္ေနတယ္။အမရာက
ဒီမွာ မရွိဘူးကြ။ငယ္ငယ္တည္းက သူ႔အေဖနဲ႔
နယူးဇီလန္မွာေနတာ...ငါမေျပာနဲ႔ နႏၵေတာင္
သူ႔အျမႊာကို တစ္ႏွစ္တစ္ေခါက္ေတာင္ေသခ်ာ
မေတြ႔ရတာ။ငါ အဲ့ဒါေတြစိတ္ကူးမရွိေသးပါဘူး
တခ်န္းရာ။ငါ့မွာငါေစာင့္ေရွာက္ရမယ့္ အငယ္
ရွိေသးတယ္။အငယ့္ကို အိမ္ေထာင္ရက္သား
ေကာင္းေကာင္းခ်ေပးျပီးမွ..."

"အဲ့ခ်ိန္မွ မင္းယူမယ္ေပါ့"

"ငါမိန္းမမယူပါဘူးဆိုကြာ"

"မိန္းမ မယူရင္မင္းဘာလုပ္မလဲ?"

"ဘုန္းႀကီးဝတ္မယ္ကြာ။အငယ္လည္းအိမ္ေထာင္
က်...ျပီးရင္ မင္​း အိမ္​​ေထာင္​ျပဳတာနဲ႔ ငါသာသနာ့
​ေဘာင္​ထဲ ဝင္​မွာ"

ငပိုင္ေနာက္ေနတာမဟုတ္။တည္တည္ျငိမ္ျငိမ္နဲ႔
ဒီစကားေတြေျပာေနေသာ ငပိုင္သည္ က်ေတာ့္
ကိုလည္းႀကည့္ေနတာမ်ိဳးမဟုတ္...
ေက်ာင္းတိုက္ထဲက စာအံေနေသာကိုရင္ေလး
ေတြကို ႀကည့္ရင္းေျပာေနတာ။
ဘုရားရိပ္ေက်ာင္းရိပ္ထဲရွိေနတာေတာင္က်ေတာ့္
ရင္ထဲ ဘာလို႔မ်ားမျငိမ္းခ်မ္းႏိုင္ရပါသလဲ??

ဘာရယ္မဟုတ္ ေက်ာင္းေပၚေမာ့ႀကည့္ေတာ့
ရွင္ဆႏၵသည္ စာခ်ေနရင္း က်ေတာ့္တို႔ရွိရာ
လွမ္းႀကည့္ရင္း သက္ျပင္းခ်ေနတာကိုေတြ႔လိုက္
ရသည္

Thank You All

(Unicode)

/

/

/

ဈေးချိုကနေ တကူးတကရှာဝယ်ခဲ့သော
လည်ကတုံး အဖြူစွပ်စွပ်၊
နက်ပြာရောင်ပုဆိုးနဲ့ပနံသင့်လျက်ရှင်းကာ
သန့်နေသော တချန်းသည် မနက်အစောအိပ်ရာ
ထထားရသော်လည်း ကြည်ကြည်လင်လင်။
နက်ပြာရင့်ရောင် ပုဆိုးအောက်ကနေ ခြေလှမ်း
လှမ်းလိုက်တိုင်း လျစ်ကနဲပေါ်လာသော ခြေခုံ
ဖွေးဖွေးနဲ့အပြိုင်ကြည်လင်နေသောခြေသည်းတွေ
မျက်မှန်ဝိုင်းနဲ့မို့ မည်းနက်နက်မျက်ဆံအိမ်တွေကို
အပြည့်အဝမမြင်ရသည့်တိုင် မျက်လုံးချင်းဆုံ
အောင်ကြည့်ရင်းစကားမဆိုဖြစ်။မဆိုရဲဖြစ်နေ
တာဆိုပိုမှန်မည်။
အလှတွေမှုန်နေအောင်ပြင်ဆင်ခြယ်သထားတဲ့
မိန်းမလှလေးမဟုတ်ပဲ...မျက်နှာပြောင် ထက်
မျက်မှန်ဝိုင်းကြီးတပ်ထားတဲ့ကောင်လေးက
ကျတော့်ကို အိုးတိုးအမ်းတန်းဖြစ်နေစေတာ
ရယ်စရာတော့ကောင်းသား~~

""ငပိုင်...မင်းခေါင်းကြီးလည်း မြေကြီးထဲဝင်
တော့မယ်။"

စိတ်လက်မရှည်စွာထွက်လာသော စကားသံ
ကြောင့် ငေးစိုက်ကြည့်နေမိသော ခြေသည်း
ကြည်ကြည်တို့ကို နှမျောတသဖြစ်စွာခွဲခွါရင်း
အသံလားရာသို့ပြန်မော့ကြည့်တော့

"ပုဆိုးနဲ့ ဆိုင်ကယ်လ်စီးလို့ အဆင်ပြေပါ့မလား"

"အင် အင်း ဖြစ်တယ်။မင်း ပြီးပြီမလား?သွား
မယ်လေ"

"ငါ ပုဆိုးနဲ့တော့ ဒုက္ခပဲ..."

ငြီးငြူလျက် ဆိုင်ကယ်ပေါ်အင်းအဲနဲ့တက်၏။
မနက်ခင်းအလင်းရောင်ပင် မပီပြင်သေးသည့်
အချိန်...နွေလယ်မြူတို့ တိတ်ဆိတ်ခြင်းနဲ့
အကတိုက်ရင်းပျော်မွေ့နေချိန်
သဘောမနောကောင်းလှသောလေနတ်သား၏
အပံ့အပိုးကောင်းမှုကြောင့် တချန်းကိုယ်မှာစွဲနေ
သေးသော သစ်သီးရေချိုးဆပ်ပြာနံ့သင်း
သင်းကိုရသည်။

နေသူရိန်ပင် အရှေ့ဌာနီနန်းမြေတော်ထဲ ဗိုလ်ရှုသဘင်မစီရင်သေးခင် မဟာမြတ်မုနိရုပ်ရှင်
တော် မြတ်စွာဘုရားထံ ရေသပ္ပါယ်ခြင်းကုသိုလ်
တော်ကို ရယူနေကြပြီ။
ဘုရားရှင်ရှေ့မှောက် မဂ္ဂင်လမ်းကို လှမ်းမျှော်ကာ
ရွတ်ဖတ်နေသော ပဋ္ဌာန်းဒေသနာတော်သည်
တန်ဆောင်းဝင်းထဲ တည်ငြိမ်အေးချမ်းစွာပျံ့လွင့်
နေ၏။
နံ့သာဖြူအနံ့လှိုင်နေအောင် အားကြိုးမာန်တက်
ပျံတက်နေသော အမွှေးတိုင်ငွေ့ဖြူလွလွတွေ။
ရေစက်တွေခိုသီးနေဆဲဖြစ်သော ဂန္ဓမာ ဇော်မွှား
စံပယ်ပန်းကုံးဖြူဖြူတွေ။
အေးချမ်းမှုနဲ့ခမ်းနားခြင်းပေါင်းစပ်ထားသော
ဤရပ်ဝန်းတွင်သာကီနွယ်ဝင်ဗုဒ္ဓဘာသာဝင်တို့၏
ဘာသာတရားကိုင်းရှိုင်းခြင်းအငွေ့အသက်တွေ
ကြား တအံ့တသြ မင်သက်ငေးမောနေသော တချန်း။

""တချန်း ရော့ ရွှေသင်္ကန်း။လာ""

ချစ်ရသူ၏ ဘုရားဆုပန်ခွင့်ရဘဝဖြစ်တည်မှုမှ
နေ၍ ရယူနေသော ကုသိုလ်ထူးကို ကျတေ်ာ
ပီတိဖြစ်စွာ ပါရမီဖြည့်ပေးမိသည်။
ရွှေဆိုင်းတွေကို အဆင်သင့်ခွာပေးကာ ကမ်းပေး
ရင်း တတွတ်တွတ်ဆုတောင်းလျက် သင်္ကန်းကပ်လှူနေသော တချန်းဆီမှာ ကုသိုလ်တရားကိုသာဓုအကြိမ်ကြိမ်ခေါ်ကာ မျှဝေမိသည်။

ဤကဲ့သို့ အတူတူကပ်လှူခွင့်ရခဲ့ခြင်းတွင်
သူ့ကုသိုလ်ထူးအတွက် ဂုဏ်ယူမိသကဲ့သို့
ကျတော်ချစ်မိသူဟာ ယောကျာ်းတစ်ယောက်ဆို
သည့်အမှန်တရားသည်လည်း ပိုမိုစစ်မှန်လာ၏။

ုဘုရားရှီခိုးပြီးချိန်တွင်တော့
ရခိုင်ကနေ သယ်ယူလာသော
ကြေးသွန်းရုပ်ထုကြီးတွေ မောင်းတွေဖက် လိုက်
ပြရသည်။အင်ဂျင်နီယာလောင်းလျာသည် ကြေး
ပိသာချိန်ကို တီးခေါက်မှတ်သားသည်။
သယ်ယူလာခဲ့ပုံကို စိတ်ဝင်စားသည်။တိုက်စား
မှုတွေရဲ့ အစကို တွေးခေါ်သည်။သူစိတ်တိုင်းကျ
လေ့လာပြီးမှ ထွက်ပေါ်လာသောနေမင်းနဲ့
အတူ ဆာလောင်လာသော သူ့ဝမ်းအတွက်
တစ်နေ့တာ၏ ပထမဆုံးချိုးဖောက်မှုအတွက်
မုဒ်ဦးရှေ့လျင်လျင်မြန်မြန်ထွက်ကာ ဝမ်းဖြည့်၏

"ကောင်းလား တချန်း။မားလုပ်တာနဲ့ ဘယ်ဟာ
ပိုကောင်းလဲ""

ဆန်စေးတစ်ပွဲမှာကျွေးပြီး သူ့အရသာခံအာရုံကို
စူးစမ်းစစ်ကြည့်မိသည်။

"ကောင်းပါတယ်။တစ်ယောက်တစ်မျိုးပေါ့။
ဒါနဲ့ ငါလက်ဖက်ရည်သောက်ချင်သေးတယ်"

"စားပြီးသောက်မယ်လေ။ပြီးရင် မင်းကို
တစ်နေရာကိုခေါ်သွားမလို့ လိုက်ခဲ့မယ်မလား?"

"ဘယ်လဲ?"

"ရောက်ရင် သိမှာပေါ့။မင်း သိချင်နေတဲ့နေရာ
ဖြစ်နေရင် ဖြစ်နေမှာ"

"အရေးထဲ...မင်းသွားတဲ့နေရာ မလိုက်လည်း
ငါသွားစရာနေရာမှမရှိတာ"

"ဟားဟား ဒီပုံစံနဲ့ဆို မင်းကိုလူကုန်ကူးလို့ရပြီ"

"ဘုရားရိပ်ထဲက မထွက်သေးတာတောင် မင်းက
အကုသိုလ်များနေပြီ ငပိုင်"

တတီတီမြည်လာသောဖုန်းကြောင့် စကားပြတ်
သွားပြီး ကျတော့်ကိုစူးစမ်းသလိုကြည့်လျက်

"မားလား"ဟူသောအမေးကို အသံတိတ်မေးနေ
သဖြင့်

"နန္ဒဆက်တာ။သူလည်း လိုက်ချင်တယ်လို့ဟိုနေ့
တည်းက ပြောနေတာ"

"မကိုင်နဲ့"

ဘာကြောင့်မှန်းမသိသေးခင် အနီရောင်လင်းနေ
သော ခလုတ်ကို လက်က အလိုလိုနှိပ်ပြီးသား
ဖြစ်သွားပြီးမှ...

"ဘာလို့လဲ??သူလိုက်တော့ သုံးယောက်မပျင်းရ
တော့ဘူးပေါ့ တချန်းရ"
ဟူ၍ ပြန်မေးခွန်းထုတ်ဖြစ်သည့် အဖြစ်...

နန္ဒဦးမော် မင်း ငါ့သူငယ်ချင်းဖြစ်တာကိုက
ရှေးကုသိုလ်ကံမကောင်းတာ။

"ခေါ်အုံးမလို့လား?ဒီကောင် ပြင်ဦးလွင်ပြန်မယ်
ပြောတာ ငါစရောက်တဲ့နေ့တည်းက ခုထိမပြန်
သေးပဲ ငါတို့နဲ့လိုက်ပြီး ဗရုတ်ကျနေတာ"

"နန္ဒက ငါတို့နဲ့မို့ အဲ့လိုနေတာ။အနွယ်တော်အဆက်တွေဆိုတော့ သူတို့အိမ်မှာ
ဆို အဲ့လိုအပြောင်အပျက်မလုပ်ရဘူး။သူလည်း
မင်းကို ခင်လို့ ဒီလိုတွေနေတာပါ။တခြားလူတွေ
ရှေ့ဆို တည်တည်တံ့တံ့နဲ့..."

"ယောက်ဖခေါ်ခံနေရတာတောင် မင်းအဲ့ကောင်
ဖက်က ရှေ့နေလိုက်နေတုန်း။မင်း ကောင်းဆက်စံကို သစ္စာမဖောက်နဲ့နော်။အငယ်
ကို အဲ့ကောင်လက်ထဲထည့်ကြည့် မင်းသေပြီ"

"ဟားဟား ငါ့မှာပဲ ညီမရှိတာမှမဟုတ်တာ တချန်း
ရ။နန္ဒဦးမော်မှာလည်း သူ့အမွှာ အမရာဦးမော်
ရှိနေတာပဲ...ဟား"

စနောက်မှုနောက် တချန်းငြိမ်သက်သွားသည်ကို
သတိထားပေမယ့် ဒါကမသေချာ...လက်ကျန်
ဆန်းစေးကို ရှမ်းချဉ်နဲ့အကုန်နယ်ကာ ငုံ့စား
ပြီးသည်နှင့် ချက်ချင်းထရပ်သည်။

"သွားမယ်။မင်း ဘယ်လိုက်ပို့မလဲ"

"လက်ဖက်ရည်သောက်မယ်လေ။သောက်ပြီးမှ
သွားရအောင်"

"မသောက်ဘူး။နေပူလာတော့မယ်။ငါနေပူဒဏ်
မခံနိုင်ဘူး"

ဘာပြောနိုင်မှာလဲ??ဒီငယ်ကျွန်ကြီး ငပိုင်ပြော
ရမှာက တစ်ခုတည်း...
အမိန့်တော်သင့်မြတ်လှကြောင်းပါ ဘုရားပေါ့။

ကျောင်းဝင်းထဲဆိုင်ကယ်လ်စီးမဝင်။ကျောင်းရှေ့
က ဇရပ်မှာအင်ဆိုင်ကယ်လ်ဝင်အပ်ကာ ကျောင်း
ထဲ ဖိနပ်ချွတ်ကာဝင်ရသည်။

တမာအေးရိပ် မန်ကျဉ်းရိပ်ရိပ်နဲ့ စာအံသံသည်
အေးအေးချမ်းချမ်းပြန့်လွင်နေသည်။
စုလစ်ထုချွန်တင် ရှေးမူလက်ရာဟောင်းကျန်နေ
သေးသော သစ်စေးသုတ်ကျောင်းကြီးအိုအို။
အဆောင်သစ်အုတ်ဖြူဖြူနဲ့ သေသပ်နေသော RCအဆောက်အအုံတွေသည်မြန်မာဆန်သော
ကျောင်းကြီးအို၏ ခန့်ညားမှုကို အံမတုနိုင်။

"ငါ နွေရာသီအိမ်ပြန်လာတိုင်း ကိုရင်လာဝတ်နေ
ကျကျောင်းပေါ့"

ကျောင်းပတ်လည်ကို ဝေ့ဝဲလှည့်ပတ်
ကြည့်နေသော ငပိုင့် မျက်လုံးတို့ထဲအေးရိပ်တို့
နေပျော်နေသည်။
ခပ်ထွေးထွေးအောက်နှုတ်ခမ်းသားတို့ တွန့်ကွေး
ရုံသာကွေးနေပေမယ့် ပါးကပါးချိုင့်က နစ်ဝင်
နေသေးသည်။

မြန်မာဆန်သော ဤမြေပေါ်က ငပိုင်သည်လည်း
ပတ်ဝန်းကျင်နဲ့ လိုက်ဖက်ညီစွာ မြန်မာဆန်ကာ
အသက်အရွယ်နှင့်ဟက်စပ်ကိုက်ညီသော
ခန့်ညားမှုတစ်ချို့ထဲ အေးချမ်းခြင်းကပါ အတူ
ယှဉ်တွဲ ပံ့ပိုးပေးနေသည်

"ချန်း...ကျောင်းပေါ်တက်မယ်။ကျောင်းဆောင်
ပေါ်မှာ ကိုယ်တော်ရှင်ဆန္ဒရှိမယ်ထင်တယ်"

ကိုယ်တော်ရှင်ဆန္ဒ...ငပိုင့်ရဲ့ လမ်းပြပုဂ္ဂိုလ်
ငပိုင် အားကျနေသော ဘဝပိုင်ရှင်။

ဘာလို့လည်းမသိ ကျတော့်စိတ်တွေလှုပ်ရှားလာ
သည်။

အသက်၃၀ ဝါတော် ၁၀နှစ် ရှိနေပြီဖြစ်သော
ကိုယ်တော်သည် အရွယ်နဲ့မလိုက်အောင်
တည်ငြိမ်သောဟန်ပန်ရှိသည်။
ရှီခိုးဦးချသော ငပိုင့်ထံမှာ ရှိနေသောကိုယ့်တော့်
အကြည့်တွေတွင် ဝမ်းမြောက်ခြင်းတို့ပါဝင်နေ
၏။

"ဒကာလေး ရောက်နေတယ်လို့ ကိုယ်တော်
ကြားတယ်။နန်းရှေ့ဖက်လည်း မကြွဖြစ်တာနဲ့
ဒီရက်ပိုင်းဒကာလေးလာမယ်လို့တော့ စိတ်က
ထင်နေသား"

"သူငယ်ချင်းကို လိုက်ပို့ပေးနေတာနဲ့ တပည့်တော်လည်း ကျောင်းဘက်မရောက်ဖြစ်
တာ ပါဘုရား"

"ချန်းလား?"

ငပိုင့်ဘေးနား ထိုင်နေသော ကျတော့်ကိုကြည့်
ကာဆိုတော့ ရုတ်တရက် ကျတော်ဘာပြန်
ဖြေရမှန်မသိ။လိုတာထက်ပိုကအယောင်ယောင်
အမှားမှားနဲ့

"ဟုတ်...အဲ တင် တင်ပါ့ဘုရား"

ရွှေကိုင်းတပ်မျက်မှန်ဝိုင်းလေးကို တစ်ချက်ပင့်ကာ
ကျတော့်ကို တစ်လှည့်ငပိုင့်ကို တစ်လှည့်ကြည့်ပြီး
သက်ပြင်းခပ်ဖွဖွချလိုက်တာက...
ဘာမှန်းမသိ စိတ်ထဲဝမ်းနည်းသလိုလိုပဲ

ဒီနေ့တစ်နေ့ခင်းလုံးကျတော်ဘာဖြစ်နေတာလဲ
လေ။

"ခု ဆယ်တန်းဖြေပြီးသွားပြီပေါ့။ဖြေနိုင်တယ်
မလား"

"တင်ပါ့ဘုရား"

"ဒကာလေး ပိုင်သုတရော...ဆေးလိုင်းမှီမှာ
သေချာလား"

"တင်ပါ့ ယုံကြည်ပါတယ်ဘုရား"

"ဒကာလေး ချန်းကရော?ဆေးပဲတက်မှာလား"

"မ...အဲ မဟုတ်ပါဘူးဘုရား။GTCပဲတက်မှာပါ"

"ဒါပေါ့ အချိန်တန်ရင် ကိုယ့်လမ်းကိုယ်လျှောက်
ကြရမှာပဲလေ။ဒကာလေးရော မန္တလေးပြန်လာ
နေမှာလား"

ဒီအဖြေကို ကျတော်လည်းသိချင်တယ်

"မသေချာသေးဘူး ဘုရား"

"ဟုတ်တော့လည်းဟုတ်တာပါပဲ။ဒီက မွေးရပ်
ဇာတိပေမယ့် ဟိုမှာက သူငယ်ချင်းတွေရှိနေ
တာပဲ...ဒီသင်္ကြန်ကော မန်းလေးမှာပဲ သဃာၤန်း
စီးမှာလား??"

"တင်ပါ့။အဘိဓမ္မာဆက်သင်ချင်သေးလို့"

"စိတ်ရှိနေတုန်း သင်တော့တတ်လွယ်တယ်။
အဘ်ဓမ္မာသင်ရင် ဉာဏ်ရည်မြင့်လာတယ်။
အရင်က မသိတာတွေကို အဘိဓမ္မာတတ်သွားရင်
နင်နက်နဲနဲသိလာလိမ့်မယ်။ဒါဆိုရင် ဒါကာလေး
ပိုင်သုတ လိုချင်နေတဲ့ အေးချမ်းမှုကို ရမှာပါ။
ကဲ ကိုယ်တော် စာသင်တိုက်ဖက်ကြွရအုံးမယ်"

မန်ကျဉ်းရိပ်သည် တခြားအပင်ရိပ်ထက်အေး
သည်ဟု ကြားဖူးပေမယ့် ကျတော်ကတော့
ဘာမှမထူးခြားသလိုပင်။
ကျောင်းဝင်းတွင်း မန်ကျဉ်းရိပ်အောက်က ကွပ်ပျစ်ပေါ်ထိုင်ရင်း နေပူထဲက ကျောင်းမုဒ်ဦး
ဖြူဖြူကိုအကြောင်းမဲ့ငေးနေမိသည်။
ကျတော်မန္တလေးမှာဆက်မနေချင်တော့တာ
နေပူလွန်းလို့ဖြစ်မှာပါ

"မင်းသင်္ကြန် ကိုရင်ဝတ်မယ်ဆိုတော့ ငါနက်ဖြန်
ရန်ကုန်ပြန်တော့မယ် ငပိုင်"

စာအံနေသော ကိုရင်လေးတွေကိုငေးနေရင်းမှ
ဆက်ခနဲကျတော့်ဖက်လှည့်ကြည့်သည်။
အံ့သြသွားတာလား ဘာဖြစ်သွားတာလဲ
ကျတော်အတိအကျမပြောတတ် ငပိုင့်ထံမှ
သက်ပြင်းချသံကြားရသည်။

"မားကို လွမ်းနေလို့လား တချန်း။ငါကတော့
ရောက်တုန်းရောက်ခိုက် နောက်သုံးလေးရက်
လောက်နေစေချင်သေးတယ်"

"မနေချင်တော့ဘူး ငပိုင်။ပူတဲ့ဒဏ်ငါမခံစားနိုင်
တော့ဘူး"

"ပြန်ချင်လည်း ငါပြန်လိုက်ပို့ပါ့မယ်။ဒါဆိုညနေ
လက်ဆောင်တွေသွားဝယ်မလား ရန်ကုန်ကလူ
တွေအတွက်...နှင်းနုအတွက်ကော ဘာဝယ်ပေး
သွားမလဲ"

"ဦးပိန်သွားတုန်းက ဝယ်ထားတဲ့ ပန်းချီကားပဲ
ပေးလိုက်တော့မယ်။သူဘာကြိုက်လဲသေချာမသိ
သေးတော့..."

"ပြန်လိုက်ပါ။စာမေးပွဲပြီးတည်းက ငါနဲ့ပဲမင်းအချိန်
ကုန်နေတာ နှင်းနုနဲ့ အချိန်ယူကြည့်ပေါ့"

"နှင်းနုက...လက်ထပ်သင့်တဲ့ မိန်းကလေးလို့
မင်းထင်လား ငပိုင်"

လေအဝှေ့တစ်ချက်ကြောင့် ကျတော်တို့ပေါ်
မန်ကျဉ်းရွက်ခြောက်သေးသေးလေးတွေကြွေ
ကျလာတာသိပေမယ့် နှစ်ယောက်လုံးမဖယ်ဖြစ်
ငပိုင်ဖြေမယ့် အဖြေစကားကိုသာစောင့်နေတာက
လွဲ၍ ဘာမှလုပ်ဖို့သတိမရသလိုပဲ

"နှင်းနုက မင်းနဲ့လိုက်ပါတယ်။မားလည်းကန့်ကွက်မယ်လို့တော့ မထင်ဘူး။
သူတို့မိသားစုက ပြည့်စုံနေတာတော့
မဟုတ်ပေမယ့် နှင်းနုက မင်းနောက်လိုက်မယ့် မိန်းကလေးမျိုးတော့မဟုတ်ဘူး။မင်းနဲ့ တန်းတူ
လျှောက်မယ့် ပုံစံမျိုး။အဲ့လိုပုံစံမျိုးကို မင်းသဘော
ကျတာမလား?"

"ဆိုပါတော့...ငါပြန်ရင် မင်းပြန်မလိုက်လာနဲ့
တော့ငပိုင်"

"ဘာဖြစ်လို့လဲ?လာခဲ့တုန်းကအတူတူကို
မင်း တစ်ယောက်တည်းပြန်လွှတ်လိုက်လို့ဖြစ်
မလား?"

"ရတယ်။မင်းလည်း ဒီမှာတစ်ယောက်ယောက်
တော့ ရှာထားသင့်တယ်မဟုတ်ဘူးလား?
ဘုရားရှေ့မှာပြောတဲ့ အမရာဦးမော်ပဲဖြစ်ဖြစ်"

"ဟားးးချန်းရာ...မင်းရည်းစားထားတိုင်းငါ့ကိုပါ
အဖော်အတင်းလိုက်ဆက်နေတယ်။အမရာက
ဒီမှာ မရှိဘူးကွ။ငယ်ငယ်တည်းက သူ့အဖေနဲ့
နယူးဇီလန်မှာနေတာ...ငါမပြောနဲ့ နန္ဒတောင်
သူ့အမြွှာကို တစ်နှစ်တစ်ခေါက်တောင်သေချာ
မတွေ့ရတာ။ငါ အဲ့ဒါတွေစိတ်ကူးမရှိသေးပါဘူး
တချန်းရာ။ငါ့မှာငါစောင့်ရှောက်ရမယ့် အငယ်
ရှိသေးတယ်။အငယ့်ကို အိမ်ထောင်ရက်သား
ကောင်းကောင်းချပေးပြီးမှ..."

"အဲ့ချိန်မှ မင်းယူမယ်ပေါ့"

"ငါမိန်းမမယူပါဘူးဆိုကွာ"

"မိန်းမ မယူရင်မင်းဘာလုပ်မလဲ?"

"ဘုန်းကြီးဝတ်မယ်ကွာ။အငယ်လည်းအိမ်ထောင်
ကျ...ပြီးရင် မင်း အိမ်ထောင်ပြုတာနဲ့ ငါသာသနာ့
ဘောင်ထဲ ဝင်မှာ"

ငပိုင်နောက်နေတာမဟုတ်။တည်တည်ငြိမ်ငြိမ်နဲ့
ဒီစကားတွေပြောနေသော ငပိုင်သည် ကျတော့်
ကိုလည်းကြည့်နေတာမျိုးမဟုတ်...
ကျောင်းတိုက်ထဲက စာအံနေသောကိုရင်လေး
တွေကို ကြည့်ရင်းပြောနေတာ။
ဘုရားရိပ်ကျောင်းရိပ်ထဲရှိနေတာတောင်ကျတော့်
ရင်ထဲ ဘာလို့များမငြိမ်းချမ်းနိုင်ရပါသလဲ??

ဘာရယ်မဟုတ် ကျောင်းပေါ်မော့ကြည့်တော့
ရှင်ဆန္ဒသည် စာချနေရင်း ကျတော့်တို့ရှိရာ
လှမ်းကြည့်ရင်း သက်ပြင်းချနေတာကိုတွေ့လိုက်
ရသည်

Thank You All

Bạn đang đọc truyện trên: ZingTruyen.Xyz