ZingTruyen.Xyz

EX-pect

Epi-20

HsuChiKo365

ဆံပင္ညွပ္ဆိုင္ေခၚသြားတယ္။သူအိပ္ေပ်ာ္ေနခ်ိန္
တိုင္း က်ေတာ္ဖြဖြေလးခိုးကိုင္ခဲ့ရေသာ ဆံပင္
ထူအုပ္အုပ္မ်ားကို အကုန္ညွပ္ပစ္ေန၏။ဘယ္
တုန္းကမွ မထားခဲ့ဖူးေသာ စစ္ဗိုလ္ေကနဲ႔။
ေနာက္ဖက္ျခမ္းတစ္ခုလံုးခပ္ရိပ္ရိပ္သာ က်န္ေန
ေသာ ဆံပင္တိုတုိမ်ားေအာက္မွ
ဂုတ္သားေဖြးေဖြးတို႔အား ေငးေမာႀကည့္ေနခဲ့မိ
သည္။တခ်န္းဘယ္ေတာ့မွခြင့္ျပဳမွာမဟုတ္ေပမယ့္လို႔
သူကာလရွည္ႀကာဖံုးကြယ္ခဲ့တဲ့အလွတရားတစ္ခုကိုအတန္းထဲက ေကာင္ေတြ...
တစ္မ်ိဳးတမည္စိတ္နဲ႔ တခ်န္းအသား
ေတြကို ႀကည့္ႀကမွာ ကိုင္တြယ္ႀကမွာ ဖြင့္မေျပာေပမယ့္လို႔ က်ေတာ္ေရာ သူပါ ေႀကာက္ေနမိတယ္။

တခ်န္းဆိုတဲ့ ထိုလူသားကို ႀကည့္ေနရံုနဲ႔တင္
ႏွေမ်ာတသႀကီးေနမိတာမ်ိဳး။

ရွင္းလင္းသြားေသာ မ်က္ႏွာကို တစ္ခ်က္ပြတ္
သတ္ရင္း

""ဘယ္လိုလဲ??ငါနဲ႔ လိုက္လား?""

ေမးေနသူကို အျမဲစိတ္ခ်မ္းသာေစခ်င္ေနတာက
ဘဝအဆက္ဆက္ ျဖည့္တင္းေနလာရတဲ့ ပါရမီလိုပဲ။

""ေခါင္းရွင္းတာေပါ့ကြာ""

""ေအး ေတာ္ေတာ္ေတာ့ ေပါ့သြားတယ္။ေခါင္း
ေလွ်ာ္ရလည္း လြယ္တယ္။ငပိုင္ မင္းလည္းညွပ္
ပါလား...ငါ့လို""

"ok"

ႏွစ္ခါစဥ္းစားမေန။အိတ္ကပ္ထဲက တစ္ေထာင္တန္ ၂ရြက္ကို ထုတ္ျပီး က်ေတာ္ပါသူ႔
လိုလိုက္ညွပ္ျဖစ္တယ္။

တူညီျခင္းက ျခားနားေနေစတယ္ဆိုရင္ေတာင္
အဲ့တူညီျခင္းေတြကိုပဲတန္ဖိုးထားဖန္တီးေနခ်င္ေနမိတာ...

ေကာင္း ေက်ာင္းေျပာင္းသြားတည္းက တခ်န္းလည္းေျပာင္းလဲသြားခဲ့တယ္။အရင္ကထက္ပိုျပီးစကားနည္းလာတယ္။ဘယ္သူ႔ကိုမဆို ခပ္စူးစူးႀကည့္တတ္ေသာ သူ႔ကို အနည္းနဲ႔အမ်ားေတာ့ရွိန္ႀက၍ ဘယ္သူမွေတာ့
မစရဲ။ဒါေပမယ့္ ေသြးထိုးစမ္းခ်င္ေနတဲ့ ေကာင္
ေတြကလည္း အေရအတြက္မေလ်ာ့ေသး။
ဟိုတစ္ေန႔က က်ဴရွင္မွာပုခံုးလာဖက္ရံုသာမက
ေက်ာကိုလာပြတ္တဲ့ေကာင္လက္ကို ေထာက္ခြ်န္နဲ႔ထိုးမယ္လုပ္လို႔အားလံုးဝိုင္းဆြဲရ
ေသး၏။ဆရာမလာေသး၍
Guideေတြက ဝိုင္းျဖန္ေျဖလိုက္လို႔သာ ျငိမ္သြား
ေပမယ့္ အဲ့ေန႔ည အိမ္ျပန္ေရာက္တဲ့ထိ ထမင္းေတာင္မစားႏိုင္ပဲတစ္ညလံုးေဒါသေတြ
ထြက္ေနခဲ့တဲ့ တခ်န္းကို ထိုင္ႀကည့္ရင္း မနက္မိုးလင္းခဲ့ရတယ္။

တစ္သက္လံုး အေျခာက္ေလးလို႔ ကြယ္ရာအတင္း
ေျပာခံေနခဲ့ရတာ...သူစိတ္နာသင့္တယ္။

တစ္မနက္လံုးမတင္မက်ျဖစ္ေနေသာ ကိစၥကို
တခ်န္းကိုေျပာသင့္မေျပာသင့္ခ်ိန္ဆေနျပီး
စိတ္ထဲ ထင့္ေနတာနဲ႔ ဖြင့္ေမးရေတာ့၏

""တခ်န္း!!""

""အင္ ဟင္""
​သခ်ာၤတြက္​​ေနရင္​းမွေမးဆက္ကာ
ျပန္ေမးပံုကိုက စတိုင္က်ေနတာ။ခုတေလာ တခ်န္း ပိုေခ်ာလာသလိုပဲ။အရင္ကထက္ ပိုကာ
သူ႔ကိုယ္သာ ဂရုစိုက္တတ္ေနျပီ။

အိမ္ေရွ႔တြင္ မားအိပ္ေနလား ဆိုတာေသခ်ာ
ေအာင္ နားစြင့္ျပီးမွ ပံုမွန္ထက္နိမ့္ေသာေလသံ
နဲ႔ေမးရေတာ့၏

""ႏွင္းႏုက မေန႔က ငါ့ကိုေမးတယ္""

""ငါ ဘာလုပ္ေနလဲေမးတာမလား??ဟက္""

သေဘာတက်တစ္ခ်က္ရယ္ရင္းမွ ျပံဳးရင္းက်ေတာ့္ကိုျပန္ႀကည့္လာသည္။
အေက်နပ္ႀကီးေက်နပ္သြားဟန္
ကို အျပံဳးေတြထဲ အျပည့္အသိပ္ထည့္ထား၏

""မင္း နဲ႔ သူဘာျဖစ္ထားလို႔လဲ??""

""ဘာမွ မျဖစ္ပါဘူး။ငါေမးတာ မေျဖလို႔ နမ္းလိုက္
ရံုေလးပါ""

""ဘာ!!""

""ဘာလို႔ေအာ္ေနတာလဲ?မားႏိုးသြားအံုးမယ္""

တခ်န္းက ခပ္ျပံဳးျပံဳးမ်က္ႏွာထားနဲ႔ ေအးေဆးစြာ
ေျပာေနေပမယ့္ က်ေတာ့္မွာက ဗေလာင္ဆူေန
တာ။တခ်န္းကို ႀကည့္တာနဲ႔ ဘာျဖစ္ေနလဲဆိုတာ
သိေနရ၍လည္းပါသည္

""မင္း...မင္း ႏွင္းႏုကို ဘာလုပ္လိုက္တယ္""

""ငါက အေျဖေတာင္းတယ္ကြာ။အဲ့ဒါကို ေဝ့ေနတာနဲ႔ ဖက္နမ္းေပးလိုက္တယ္""

""ဘာလို႔အဲ့လို လုပ္ရတာလဲ တခ်န္း။သူက မိန္း
ကေလးေလ။မင္း မွာ အစ္မႏွွမ မရွိတိုင္း""

""ခ်စ္လို႔ေပါ့ကြ""

တခ်န္းကို ေသခ်ာစူးစိုက္ႀကည့္ေတာ့ ခပ္သဲ့သဲ့
ရယ္ျပေနသည္။

""မင္း တကယ္ေကာ ခ်စ္တာမွ ဟုတ္ရဲ႕လား?""

""အင္း ခ်စ္တယ္ေလ""

""စိတ္ထဲက မပါပဲမေျပာနဲ႔ကြာ""

""မင္းကို ေျပာတာမွ မဟုတ္တာ။မင္းက ႀကားထဲက ဘာဝင္နာေနတာလဲ?လာ အိပ္ခ်င္
ေနျပီ။ျခင္ေထာင္ခ်ေပး။""

ကုတင္ေပၚေျပးတက္ကာ အိပ္လိုက္ေသာတခ်န္း
ကိုေငးကာသာႀကည့္ေနမိသည္။
မိန္းကေလးတစ္ေယာက္ကို လြယ္လြယ္ပဲနမ္းလိုက္တယ္တဲ့လား??
ႏွေမ်ာတယ္ တခ်န္းရာ...
-
-
-
ညသန္းေခါင္ယံေဆာင္းညလယ္ထဲ ေခြ်းေတြျပန္
ကာႏိုးထလာရေသာ ဒီညတြင္ က်ေတာ္
္ရုတ္တရက္ ကုတင္ေပၚက ထေျပးခ်င္ေပမယ့္
ထမရ။
တခ်န္းကိုယ္တစ္ဝက္ေလာက္က က်ေတာ့္ကိုယ္
ေပၚမွာ။
ဒီခံစားခ်က္ႀကီးက ပူလိုက္တာ။အရြယ္ေရာက္
ျခင္း၏တစ္စိတ္တစ္ပိုင္းသည္ သူနဲ႕အတူတူရွိ
ေနခ်ိန္မွ ျဖစ္ရတယ္လို႔

အားပါးတရခြဖက္ထားေသာ ခ်န္းကို ျဖည္းျဖည္း
ခ်င္းဆြဲခြာကာ ေရခ်ိဳးခန္းရွိရာသို႕ ေျပးထြက္ခဲ့
ရတယ္။

သေဘာတက်ဖက္ထားခဲ့ေသာ ခႏၶာကိုယ္ေႏြးေႏြး
လ်စ္လ်ပ္သြားသည္ႏွင့္ က်ေတာ့္မသိစိတ္ကခ်က္
ခ်င္းသိတယ္။
သိစိတ္နဲ႔ တြဲဆက္လိုက္တာနဲ႔ ေရခ်ိဳးခန္းဆီမွ
ေရက်သံ...ညႀကီးသန္းေခါင္ ေရထခ်ိဳးေနတယ္

အိပ္ခ်င္စိတ္က ဒီေကာင္ခ်ိဳးခ်ေနေသာေရထဲ
ပါသြားသလိုပဲ

""ဘာေတြလုပ္ေနတာလဲ ေလျဖတ္ေနမွ။မ်ိဳးကန္း
ေနအံုးမယ္""

အျပင္ဖက္မွ တဒုန္းဒုန္းထုေနကာ ေအာ္ဟစ္ေန
ေသာ တခ်န္းေႀကာင့္ ဘာလုပ္ရမွန္းမသိေတာ့
ခုေျခေနႀကီးနဲ႔လည္း ခ်န္းကို မ်က္ႏွာခ်င္းမဆုိင္
ခ်င္။ပထမဆံုး ျဖစ္တဲ့အခ်ိန္မွာ...ဒါဟာ က်ေတာ့္
အတြက္ က်ေတာ္မသိဘူး

""ငပိုင္ အဲ့လိုေနရတာ မဟုတ္ဘူး ေဟ့ေကာင္""

ဒုကၡေတာထဲမွ ဘုရားထပ္ကာ တမိသည္။
က်ေတာ့္အေျခအေနကို ခ်န္း သိတယ္လား??
က်ေတာ္ ဘာျဖစ္ေနမွန္း သိေနတာ...

""မ...မေအာ္နဲ႔ တခ်န္း။မား ႏိုးသြားမယ္""

""ဒါဆို မင္းထြက္ခဲ့ ငပိုင္။ေလျဖတ္မယ္""

""ငါ...ငါ""

""စိတ္ေလ်ာ့ခ်လိုက္။တစ္ေယာက္ေယာက္ကို
စိတ္ကူးယဥ္ျပီးစိတ္ေလ်ာ့ခ်လိုက္""

တံခါးတစ္ဖက္တစ္ခ်က္တြင္ေက်ာေပးထိုင္ေနႀက
ေသာ ေကာင္ေလးႏွစ္ေယာက္။ေရသံကလြဲ၍
အေမွာင္ထုႀကား အသံေတြဆိတ္ျငိမ္ေပးထားႀက
သည္။

""ထြက္ခဲ့ေတာ့ ငပိုင္။ေအးေနတာ""

ျဖည္းျဖည္းခ်င္းပြင့္လာေသာ တံခါးေနာက္ ေမွာင္
ေနေသာ ေရခ်ိဳးခန္းတြင္း ရႊဲရႊဲစိုကာ တုန္ခိုက္ေန
ေသာ ပိုင္သုတ။
ဒီေကာင္ကြာ... လူေကာင္နဲ႔မွမလိုက္

""လာခဲ့""

မား ႏိုးမလာတာပဲကံေကာင္းတယ္ေျပာရမယ္။
မီးဖိုခန္း ေမွာင္ေမွာင္ထဲ ငပိုင့္ကို ေရေတြသုတ္
ေပးေနရတယ္။

""ေစာင္ျခံဳ။အိပ္ေတာ့""

မ်က္ႏွာလႊဲကာ ခႏာၶကိုယ္ကို တတ္ႏိုင္သေလာက္
က်ံဳေကြးထားေသာ ငပိုင့္ေနာက္ေက်ာကိုႀကည့္
ျ႔ပီး က်ေတာ္နားမလည္ေသာ ခံစားမႈႀကီးက
ဘာလဲေလ??
အဲ့ဒါကို ေသခ်ာမသိေပမယ့္ အနီးစပ္ဆံုးေျပာရ
ရင္ မားမားခ်ဥ္စပ္ထဲက ပုစြန္မႈန္႔ကိုသက္သက္လြတ္
ထင္ျပီး စားခဲ့တုန္းက သနားခဲ့ဖူးသလို ငပိုင့္ကို
သနားေနမိတာ။

""ငပိုင္~~အဆင္ေျပလား??ငါဘာလုပ္ေပးရ
မလဲ""

"ဘာမွ မေျပာပဲေနေပး""

""ဒါရွက္စရာမဟုတ္တာကြာ။ေဟ့ေကာင္ဒီဖက္
လွည့္အံုး""

အတင္းဆြဲလွည့္ေတာ့ က်ေတာ့္ကို ျပန္ႀကည့္လာ
ေသာ ငပိုင့္မ်က္လံုးေတြကအေမွာင္ထဲ လဲ့ေန
သလိုပဲ။ငါကြာ...

""မင္းေရာ...ျဖစ္ဖူးလား?""

""အင္း။ဒါ အရြယ္ေရာက္တဲ့လူတိုင္းျဖစ္လာတာ
ပဲ။ဆရာဝန္လုပ္မယ္ေျပာျပီး မင္းက...အဲ့လိုျဖစ္
လာရင္ ေနာက္တစ္ခါျဖစ္ရင္ အဲ့လိုေရထေလာင္း
တာေတြ ဘာေတြမလုပ္ပါနဲ႔ကြာ။ခုေရာ""

""ငါ ငါအဆင္ေျပတယ္။ေဝးေဝးေနစမ္းပါ တခ်န္း
ရာ""

ခု ငပိုင္ျဖစ္ေနပံု။ဒီေကာင္ရွက္ေနတာ ရွက္ေနတဲ့
ပံုကို ႀကည့္ျပီး အသည္းယားလာတာ။
ဘာလဲကြာ ခႏၶာကိုယ္နဲ႔မွ မလိုက္။ေနရာတကာ
ဆရာႀကီးလုပ္ျပီး ခုက်ေတာ့...

တစ္ကိုယ္လံုးကို သိမ္းက်ံဳးဖက္လိုက္မိတယ္။
ေရေတြေလာင္းခ်ိဳးထားတာေတာင္ ဒီေကာင့္ကို
က ေႏြးေနတုန္း

""ဖယ္ တခ်န္း။ငါ ""

""အဆင္မေျပေသးရင္ Porn Storyတစ္ခု
ေလာက္နားေထာင္မလား??ခြိခြိ""

""တခ်န္း!!""

""ဒီလိုပဲကြ ေယာက်္ားေလးေတြဆိုတာ။မိန္းကေလးေတြပဲ တိုးတိုးေဖာ္ရွိရတာ မဟုတ္ဘူး
ေယာက်ာ္းေလးေတြလည္း အခ်င္းခ်င္းဆရာတင္
ရတဲ့ အခါေတြရွိတယ္။ဒါေတာင္ မသိဘူးလား
မင္းက""

မ်က္ႏွာငယ္နဲ႔ ျပန္ႀကည့္လာေသာ ငပိုင္သည္
ခုမွ က်ေတာ္ေျပာသမ်ွယံုတဲ့ ၁၂ႏွစ္သားေလးလိုပဲ
ေယာက်ာ္းေလးေက်ာင္းတက္ေနတာေတာင္
ဒီေကာင္က ရိုးအတုန္း

""ဒါ ဘာမွ ရွက္စရာကိစၥမဟုတ္ဘူးကြသိလား
မင္းက ဝါေတာ္၆၀ရ ႀကီး တဏွာပယ္ဖ်က္ျပီးတဲ့
အရိယာလည္းမဟုတ္ဘူး။ေနာက္တစ္ခါ ထပ္ျဖစ္
ရင္ အဲ့လိုေတြမလုပ္နဲ႔ ေလျဖတ္သြားမယ္။
ႀကားလား??""

နားနားတိုးတိုးကပ္သင္ေနတာေတာင္ ေက်ာက္
ရုပ္ႀကီးလို တစ္ခ်က္မလႈပ္။ေတာ္ေတာ္ေလးႀကာ
မွ

""မင္း ဆိုရင္ေရာ ဘယ္သူ႔ကိုစိတ္ကူးယဥ္လဲ?""

""ဘာကို""

""မင္းခုနကေျပာတယ္ေလ စိတ္ကူးယဥ္ျပီး
စိတ္ေလ်ာ့ဆို မင္းဘယ္သူ႔ကို စိတ္ကူးယဥ္လဲ""

""ဒါေတာ့ ေျပာလို႔မရဘူး ငပိုင္။ဒါေသတာေတာင္
ေျပာလို႔မရဘူး။အိပ္ေတာ့ မင္းထမသြားနဲ႔ ငါပါ
နိုးလာလိမ့္မယ့္""

အေမွာင္ထုထဲ အိပ္ေမာက်ေနေသာ
တစ္စံုတစ္ေယာက္ကို ေငးရင္း တစ္ေယာက္ေသာ
သူပါးေပၚ မ်က္ရည္တစ္စလိမ့္ဆင္းကာက်၏

ဘယ္စိတ္ကူးယဥ္ရက္ပါ့မလဲ တခ်န္းရယ္~~

Thank You All

(Unicode)

/

/

/

ဆံပင်ညှပ်ဆိုင်ခေါ်သွားတယ်။သူအိပ်ပျော်နေချိန်
တိုင်း ကျတော်ဖွဖွလေးခိုးကိုင်ခဲ့ရသော ဆံပင်
ထူအုပ်အုပ်များကို အကုန်ညှပ်ပစ်နေ၏။ဘယ်
တုန်းကမှ မထားခဲ့ဖူးသော စစ်ဗိုလ်ကေနဲ့။
နောက်ဖက်ခြမ်းတစ်ခုလုံးခပ်ရိပ်ရိပ်သာ ကျန်နေ
သော ဆံပင်တိုတိုများအောက်မှ
ဂုတ်သားဖွေးဖွေးတို့အား ငေးမောကြည့်နေခဲ့မိ
သည်။တချန်းဘယ်တော့မှခွင့်ပြုမှာမဟုတ်ပေမယ့်လို့
သူကာလရှည်ကြာဖုံးကွယ်ခဲ့တဲ့အလှတရားတစ်ခုကိုအတန်းထဲက ကောင်တွေ...
တစ်မျိုးတမည်စိတ်နဲ့ တချန်းအသား
တွေကို ကြည့်ကြမှာ ကိုင်တွယ်ကြမှာ ဖွင့်မပြောပေမယ့်လို့ ကျတော်ရော သူပါ ကြောက်နေမိတယ်။

တချန်းဆိုတဲ့ ထိုလူသားကို ကြည့်နေရုံနဲ့တင်
နှမျောတသကြီးနေမိတာမျိုး။

ရှင်းလင်းသွားသော မျက်နှာကို တစ်ချက်ပွတ်
သတ်ရင်း

""ဘယ်လိုလဲ??ငါနဲ့ လိုက်လား?""

မေးနေသူကို အမြဲစိတ်ချမ်းသာစေချင်နေတာက
ဘဝအဆက်ဆက် ဖြည့်တင်းနေလာရတဲ့ ပါရမီလိုပဲ။

""ခေါင်းရှင်းတာပေါ့ကွာ""

""အေး တော်တော်တော့ ပေါ့သွားတယ်။ခေါင်း
လျှော်ရလည်း လွယ်တယ်။ငပိုင် မင်းလည်းညှပ်
ပါလား...ငါ့လို""

"ok"

နှစ်ခါစဉ်းစားမနေ။အိတ်ကပ်ထဲက တစ်ထောင်တန် ၂ရွက်ကို ထုတ်ပြီး ကျတော်ပါသူ့
လိုလိုက်ညှပ်ဖြစ်တယ်။

တူညီခြင်းက ခြားနားနေစေတယ်ဆိုရင်တောင်
အဲ့တူညီခြင်းတွေကိုပဲတန်ဖိုးထားဖန်တီးနေချင်နေမိတာ...

ကောင်း ကျောင်းပြောင်းသွားတည်းက တချန်းလည်းပြောင်းလဲသွားခဲ့တယ်။အရင်ကထက်ပိုပြီးစကားနည်းလာတယ်။ဘယ်သူ့ကိုမဆို ခပ်စူးစူးကြည့်တတ်သော သူ့ကို အနည်းနဲ့အများတော့ရှိန်ကြ၍ ဘယ်သူမှတော့
မစရဲ။ဒါပေမယ့် သွေးထိုးစမ်းချင်နေတဲ့ ကောင်
တွေကလည်း အရေအတွက်မလျော့သေး။
ဟိုတစ်နေ့က ကျူရှင်မှာပုခုံးလာဖက်ရုံသာမက
ကျောကိုလာပွတ်တဲ့ကောင်လက်ကို ထောက်ချွန်နဲ့ထိုးမယ်လုပ်လို့အားလုံးဝိုင်းဆွဲရ
သေး၏။ဆရာမလာသေး၍
Guideတွေက ဝိုင်းဖြန်ဖြေလိုက်လို့သာ ငြိမ်သွား
ပေမယ့် အဲ့နေ့ည အိမ်ပြန်ရောက်တဲ့ထိ ထမင်းတောင်မစားနိုင်ပဲတစ်ညလုံးဒေါသတွေ
ထွက်နေခဲ့တဲ့ တချန်းကို ထိုင်ကြည့်ရင်း မနက်မိုးလင်းခဲ့ရတယ်။

တစ်သက်လုံး အခြောက်လေးလို့ ကွယ်ရာအတင်း
ပြောခံနေခဲ့ရတာ...သူစိတ်နာသင့်တယ်။

တစ်မနက်လုံးမတင်မကျဖြစ်နေသော ကိစ္စကို
တချန်းကိုပြောသင့်မပြောသင့်ချိန်ဆနေပြီး
စိတ်ထဲ ထင့်နေတာနဲ့ ဖွင့်မေးရတော့၏

""တချန်း!!""

""အင် ဟင်""
သချာၤတွက်နေရင်းမှမေးဆက်ကာ
ပြန်မေးပုံကိုက စတိုင်ကျနေတာ။ခုတလော တချန်း ပိုချောလာသလိုပဲ။အရင်ကထက် ပိုကာ
သူ့ကိုယ်သာ ဂရုစိုက်တတ်နေပြီ။

အိမ်ရှေ့တွင် မားအိပ်နေလား ဆိုတာသေချာ
အောင် နားစွင့်ပြီးမှ ပုံမှန်ထက်နိမ့်သောလေသံ
နဲ့မေးရတော့၏

""နှင်းနုက မနေ့က ငါ့ကိုမေးတယ်""

""ငါ ဘာလုပ်နေလဲမေးတာမလား??ဟက်""

သဘောတကျတစ်ချက်ရယ်ရင်းမှ ပြုံးရင်းကျတော့်ကိုပြန်ကြည့်လာသည်။
အကျေနပ်ကြီးကျေနပ်သွားဟန်
ကို အပြုံးတွေထဲ အပြည့်အသိပ်ထည့်ထား၏

""မင်း နဲ့ သူဘာဖြစ်ထားလို့လဲ??""

""ဘာမှ မဖြစ်ပါဘူး။ငါမေးတာ မဖြေလို့ နမ်းလိုက်
ရုံလေးပါ""

""ဘာ!!""

""ဘာလို့အော်နေတာလဲ?မားနိုးသွားအုံးမယ်""

တချန်းက ခပ်ပြုံးပြုံးမျက်နှာထားနဲ့ အေးဆေးစွာ
ပြောနေပေမယ့် ကျတော့်မှာက ဗလောင်ဆူနေ
တာ။တချန်းကို ကြည့်တာနဲ့ ဘာဖြစ်နေလဲဆိုတာ
သိနေရ၍လည်းပါသည်

""မင်း...မင်း နှင်းနုကို ဘာလုပ်လိုက်တယ်""

""ငါက အဖြေတောင်းတယ်ကွာ။အဲ့ဒါကို ဝေ့နေတာနဲ့ ဖက်နမ်းပေးလိုက်တယ်""

""ဘာလို့အဲ့လို လုပ်ရတာလဲ တချန်း။သူက မိန်း
ကလေးလေ။မင်း မှာ အစ်မနှမ မရှိတိုင်း""

""ချစ်လို့ပေါ့ကွ""

တချန်းကို သေချာစူးစိုက်ကြည့်တော့ ခပ်သဲ့သဲ့
ရယ်ပြနေသည်။

""မင်း တကယ်ကော ချစ်တာမှ ဟုတ်ရဲ့လား?""

""အင်း ချစ်တယ်လေ""

""စိတ်ထဲက မပါပဲမပြောနဲ့ကွာ""

""မင်းကို ပြောတာမှ မဟုတ်တာ။မင်းက ကြားထဲက ဘာဝင်နာနေတာလဲ?လာ အိပ်ချင်
နေပြီ။ခြင်ထောင်ချပေး။""

ကုတင်ပေါ်ပြေးတက်ကာ အိပ်လိုက်သောတချန်း
ကိုငေးကာသာကြည့်နေမိသည်။
မိန်းကလေးတစ်ယောက်ကို လွယ်လွယ်ပဲနမ်းလိုက်တယ်တဲ့လား??
နှမျောတယ် တချန်းရာ...
-
-
-
ညသန်းခေါင်ယံဆောင်းညလယ်ထဲ ချွေးတွေပြန်
ကာနိုးထလာရသော ဒီညတွင် ကျတော်
်ရုတ်တရက် ကုတင်ပေါ်က ထပြေးချင်ပေမယ့်
ထမရ။
တချန်းကိုယ်တစ်ဝက်လောက်က ကျတော့်ကိုယ်
ပေါ်မှာ။
ဒီခံစားချက်ကြီးက ပူလိုက်တာ။အရွယ်ရောက်
ခြင်း၏တစ်စိတ်တစ်ပိုင်းသည် သူနဲ့အတူတူရှိ
နေချိန်မှ ဖြစ်ရတယ်လို့

အားပါးတရခွဖက်ထားသော ချန်းကို ဖြည်းဖြည်း
ချင်းဆွဲခွာကာ ရေချိုးခန်းရှိရာသို့ ပြေးထွက်ခဲ့
ရတယ်။

သဘောတကျဖက်ထားခဲ့သော ခန္ဓာကိုယ်နွေးနွေး
လျစ်လျပ်သွားသည်နှင့် ကျတော့်မသိစိတ်ကချက်
ချင်းသိတယ်။
သိစိတ်နဲ့ တွဲဆက်လိုက်တာနဲ့ ရေချိုးခန်းဆီမှ
ရေကျသံ...ညကြီးသန်းခေါင် ရေထချိုးနေတယ်

အိပ်ချင်စိတ်က ဒီကောင်ချိုးချနေသောရေထဲ
ပါသွားသလိုပဲ

""ဘာတွေလုပ်နေတာလဲ လေဖြတ်နေမှ။မျိုးကန်း
နေအုံးမယ်""

အပြင်ဖက်မှ တဒုန်းဒုန်းထုနေကာ အော်ဟစ်နေ
သော တချန်းကြောင့် ဘာလုပ်ရမှန်းမသိတော့
ခုခြေနေကြီးနဲ့လည်း ချန်းကို မျက်နှာချင်းမဆိုင်
ချင်။ပထမဆုံး ဖြစ်တဲ့အချိန်မှာ...ဒါဟာ ကျတော့်
အတွက် ကျတော်မသိဘူး

""ငပိုင် အဲ့လိုနေရတာ မဟုတ်ဘူး ဟေ့ကောင်""

ဒုက္ခတောထဲမှ ဘုရားထပ်ကာ တမိသည်။
ကျတော့်အခြေအနေကို ချန်း သိတယ်လား??
ကျတော် ဘာဖြစ်နေမှန်း သိနေတာ...

""မ...မအော်နဲ့ တချန်း။မား နိုးသွားမယ်""

""ဒါဆို မင်းထွက်ခဲ့ ငပိုင်။လေဖြတ်မယ်""

""ငါ...ငါ""

""စိတ်လျော့ချလိုက်။တစ်ယောက်ယောက်ကို
စိတ်ကူးယဉ်ပြီးစိတ်လျော့ချလိုက်""

တံခါးတစ်ဖက်တစ်ချက်တွင်ကျောပေးထိုင်နေကြ
သော ကောင်လေးနှစ်ယောက်။ရေသံကလွဲ၍
အမှောင်ထုကြား အသံတွေဆိတ်ငြိမ်ပေးထားကြ
သည်။

""ထွက်ခဲ့တော့ ငပိုင်။အေးနေတာ""

ဖြည်းဖြည်းချင်းပွင့်လာသော တံခါးနောက် မှောင်
နေသော ရေချိုးခန်းတွင်း ရွှဲရွှဲစိုကာ တုန်ခိုက်နေ
သော ပိုင်သုတ။
ဒီကောင်ကွာ... လူကောင်နဲ့မှမလိုက်

""လာခဲ့""

မား နိုးမလာတာပဲကံကောင်းတယ်ပြောရမယ်။
မီးဖိုခန်း မှောင်မှောင်ထဲ ငပိုင့်ကို ရေတွေသုတ်
ပေးနေရတယ်။

""စောင်ခြုံ။အိပ်တော့""

မျက်နှာလွှဲကာ ခန္ဓာကိုယ်ကို တတ်နိုင်သလောက်
ကျုံကွေးထားသော ငပိုင့်နောက်ကျောကိုကြည့်
ြ့ပီး ကျတော်နားမလည်သော ခံစားမှုကြီးက
ဘာလဲလေ??
အဲ့ဒါကို သေချာမသိပေမယ့် အနီးစပ်ဆုံးပြောရ
ရင် မားမားချဉ်စပ်ထဲက ပုစွန်မှုန့်ကိုသက်သက်လွတ်
ထင်ပြီး စားခဲ့တုန်းက သနားခဲ့ဖူးသလို ငပိုင့်ကို
သနားနေမိတာ။

""ငပိုင်~~အဆင်ပြေလား??ငါဘာလုပ်ပေးရ
မလဲ""

"ဘာမှ မပြောပဲနေပေး""

""ဒါရှက်စရာမဟုတ်တာကွာ။ဟေ့ကောင်ဒီဖက်
လှည့်အုံး""

အတင်းဆွဲလှည့်တော့ ကျတော့်ကို ပြန်ကြည့်လာ
သော ငပိုင့်မျက်လုံးတွေကအမှောင်ထဲ လဲ့နေ
သလိုပဲ။ငါကွာ...

""မင်းရော...ဖြစ်ဖူးလား?""

""အင်း။ဒါ အရွယ်ရောက်တဲ့လူတိုင်းဖြစ်လာတာ
ပဲ။ဆရာဝန်လုပ်မယ်ပြောပြီး မင်းက...အဲ့လိုဖြစ်
လာရင် နောက်တစ်ခါဖြစ်ရင် အဲ့လိုရေထလောင်း
တာတွေ ဘာတွေမလုပ်ပါနဲ့ကွာ။ခုရော""

""ငါ ငါအဆင်ပြေတယ်။ဝေးဝေးနေစမ်းပါ တချန်း
ရာ""

ခု ငပိုင်ဖြစ်နေပုံ။ဒီကောင်ရှက်နေတာ ရှက်နေတဲ့
ပုံကို ကြည့်ပြီး အသည်းယားလာတာ။
ဘာလဲကွာ ခန္ဓာကိုယ်နဲ့မှ မလိုက်။နေရာတကာ
ဆရာကြီးလုပ်ပြီး ခုကျတော့...

တစ်ကိုယ်လုံးကို သိမ်းကျုံးဖက်လိုက်မိတယ်။
ရေတွေလောင်းချိုးထားတာတောင် ဒီကောင့်ကို
က နွေးနေတုန်း

""ဖယ် တချန်း။ငါ ""

""အဆင်မပြေသေးရင် Porn Storyတစ်ခု
လောက်နားထောင်မလား??ခွိခွိ""

""တချန်း!!""

""ဒီလိုပဲကွ ယောကျ်ားလေးတွေဆိုတာ။မိန်းကလေးတွေပဲ တိုးတိုးဖော်ရှိရတာ မဟုတ်ဘူး
ယောကျာ်းလေးတွေလည်း အချင်းချင်းဆရာတင်
ရတဲ့ အခါတွေရှိတယ်။ဒါတောင် မသိဘူးလား
မင်းက""

မျက်နှာငယ်နဲ့ ပြန်ကြည့်လာသော ငပိုင်သည်
ခုမှ ကျတော်ပြောသမျှယုံတဲ့ ၁၂နှစ်သားလေးလိုပဲ
ယောကျာ်းလေးကျောင်းတက်နေတာတောင်
ဒီကောင်က ရိုးအတုန်း

""ဒါ ဘာမှ ရှက်စရာကိစ္စမဟုတ်ဘူးကွသိလား
မင်းက ဝါတော်၆၀ရ ကြီး တဏှာပယ်ဖျက်ပြီးတဲ့
အရိယာလည်းမဟုတ်ဘူး။နောက်တစ်ခါ ထပ်ဖြစ်
ရင် အဲ့လိုတွေမလုပ်နဲ့ လေဖြတ်သွားမယ်။
ကြားလား??""

နားနားတိုးတိုးကပ်သင်နေတာတောင် ကျောက်
ရုပ်ကြီးလို တစ်ချက်မလှုပ်။တော်တော်လေးကြာ
မှ

""မင်း ဆိုရင်ရော ဘယ်သူ့ကိုစိတ်ကူးယဉ်လဲ?""

""ဘာကို""

""မင်းခုနကပြောတယ်လေ စိတ်ကူးယဉ်ပြီး
စိတ်လျော့ဆို မင်းဘယ်သူ့ကို စိတ်ကူးယဉ်လဲ""

""ဒါတော့ ပြောလို့မရဘူး ငပိုင်။ဒါသေတာတောင်
ပြောလို့မရဘူး။အိပ်တော့ မင်းထမသွားနဲ့ ငါပါ
နိုးလာလိမ့်မယ့်""

အမှောင်ထုထဲ အိပ်မောကျနေသော
တစ်စုံတစ်ယောက်ကို ငေးရင်း တစ်ယောက်သော
သူပါးပေါ် မျက်ရည်တစ်စလိမ့်ဆင်းကာကျ၏

ဘယ်စိတ်ကူးယဉ်ရက်ပါ့မလဲ တချန်းရယ်~~

Thank You All

Bạn đang đọc truyện trên: ZingTruyen.Xyz