Epi 18-2
""ဘာလဲ ပိုင္ လာမႀကိဳဘူးလား?""
ေလွကားထစ္ကဆင္းသည္ႏွင့္ ႏွင္းႏုက ျပံဳးလ်က္
ေမးလာသည္။
""မလာဘူး။က်ဴရွင္သြားမလို႔မလား?
လာေလ အတူတူသြားမယ္""
""ငါက လမ္းေလွ်ာက္မွာေနာ္ ခ်န္း""
""ေလ်ွာက္ေလ။ဘာျဖစ္လို႕လဲ??""
""ႀသ~~နင္က ပိုင္နင္းတဲ့စက္ဘီးေနာက္ကေန
အခန္႔သား လိုက္ေနက်လူဆိုေတာ့...""
ခနဲ႔တဲ့တဲ့ေျပာတတ္တဲ့အက်င့္က ပိုင္ေရွ႔ေရာက္မွ
ေပ်ာက္သြားတတ္တာမ်ိဳး။
သူေျပာတာလည္းမွန္ေန၍ဘာမွေတာ့ျပန္မေျပာ
ျဖစ္။
""ပိုင့္ကို မေန႔ကတည္းက မေတြ႔ျဖစ္တာေနာ္
တစ္ေန႔လံုး က်ဴရွင္မလာဘူး""
""အင္းးသူ႔အေဖနဲ႔ မႏၱေလးလိုက္သြားလို႔။သူ႔ေမေမေလး အေမဆံုးလို႔တဲ့""
""ေအာ္~~~ဒါနဲ႔ ပိုင့္ အေမရင္းက သူငယ္ငယ္
တည္းက ဆံုးသြားတာလား??""
""ဟုတ္တယ္""
""ပိုင့္ကိုတကယ္သနားတယ္။ငယ္ငယ္တည္းကအေမရင္းနဲ႔မေနရပဲ မိေထြးမ်က္ႏွာႀကည့္ေနခဲ့ရတာ... ""
က်ေတာ့္ကိုေျပာဆိုေနက်ေလသံနဲ႔ဆန္႔က်င္စြာ
ဂရုဏာအမႈအျပည့္အသိပ္ထည့္ထားေသာေလသံ ဟန္...
""ႀကည့္စရာမလိုဘူး။ငါ့အိမ္ေခၚထားတာပဲ"
""နင္ေခၚထားျပီး ပိုင့္ကို အႏိုင္က်င့္တာလည္း
ထည့္ေျပာေလ။""
ႏွင္းႏုေဖြးကို တစ္ခ်က္ဘုႀကည့္ႀကည့္ေပးလိုက္
ေတာ့ သူကလည္္းမေခ
"ငါေျပာတာ မမွန္လို႕လား""
မ်က္ႏွာပင့္နဲ႔ ျပန္ေမးေနေသာ ႏွင္းႏုသည္ ႏႈတ္ခမ္းကလည္း အလိုလိုဆူထြက္လာေသး
သည္။
ငယ္ငယ္တုန္းကလို ေပတူးမေနပဲ အနားကပ္တာ
နဲ႔ ေမႊးပ်ံပ်ံသနပ္ခါးနံ႔ရေနတတ္ေသာႏွင္းႏုေဖြး
သည္ အမ်ားႀကီးလွေနေတာ့၏
""ငပိုင္က ငါ့သူငယ္ခ်င္း။သူငယ္ခ်င္းႀကားမွာ
အႏုိင္က်င့္တယ္ဆိုတာေတြမရွိဘူး။သူေတာင္
ငါ့ကိုဘာမွမေျပာတာနင္ကဘာဝင္နာေနတာလဲ""
""နာတာေပါ့...ပိုင္လည္း ငါ့သူငယ္ခ်င္းပဲ...""
""ငယ္တည္းကသိေနတဲ့ ငါ့ဖက္ကက်ေတာ့
မပါပဲ...ပိုင္သုတ ဖက္ကေတာ့ပါတယ္ေနာ္""
""ပါတယ္ ပိုင့္ဖက္ကေန ခဲမဆြဲပဲနဲ႔ကိုအေလး
က သာေနျပီးသား။ရွင္းတယ္ေနာ္ ေမာင္ခ်န္း""
ေျခစံုရပ္လ်က္ ႏွင္းႏုကို စိုက္ႀကည့္မိသည္။ႏွင္းႏု
သည္လည္း ကုေဋတစ္သန္းမရလည္းေန
ဆိုသည့္ပံုစံနဲ႔ လွမ္းလက္စ ေျခတစ္လွမ္းလွလွကို တိခနဲရပ္တန္႔ပစ္လိုက္ျပီး သူ႔ထက္အနည္းငယ္ အရပ္ရွည္ေနေသာ က်ေတာ့္အားေမာ့ႀကည့္သည္
""ဘာျဖစ္တာလဲ ခ်န္း??""
""စိတ္ဆင္းရဲေအာင္ ေျပာတတ္လြြန္းတယ္""
""ဘာကို??""
နားမလည္သလိုေမာ့ႀကည့္လာသူအား အျပံဳးပါး
ပါးတစ္ခု ျပံဳးျပႏိုင္ေအာင္ ႀကိဳးစားမိတယ္။
"က်ဴရွင္ကိုနင့္ဘာသာနင္ပဲသြားလိုက္ေတာ့ဟာ"
""အယ္ရုတ္တရက္ႀကီး""
""ေအး သြားလိုက္ေတာ့။ငါေကာင္းဆက္စံကို
ဝင္ေခၚလိုက္ေတာ့မယ္""
""လမ္းလည္းမသင့္ပဲနဲ႔""
""ရတယ္။သြားေတာ့""
အူေႀကာင္ေႀကာင္နဲ႔ ဟူေသာအႀကည့္တစ္ခု
က်ေတာ့္မ်က္မွန္ေတြေအာက္ထည့္သြင္းျပီး
က်ေတာ့္ကို ေက်ာခိုင္းထြက္သြားေတာ့...
ေက်ာမခိုင္းႏႈတ္မဆက္ပဲ အနားကေနႏွစ္ရက္
ေလာက္ေပ်ာက္သြားသူကို တိတ္တိတ္က်ိန္ဆဲမိ
တယ္။
ညေနခင္း လက္က်န္ေနေရာင္ျခည္သည္ မႈိုင္းညိဳ႕လာေသာ မိုးတိမ္ထူူထု၏ ရင္ခြင္ေအာက္ ေမွးစက္သြားခဲ့ျပီ။
က်ေတာ့္စိတ္ေတြလည္း မႈိုင္းကာထိုင္းကာ...
အိပ္မေပ်ာ္တဲ့ ရက္ေတြဆက္ေနတာမ်ားေနလို႕
လားေလ...
-
-
-
ေက်ာင္းမတက္ျဖစ္တာ တစ္ပတ္နည္းပါးပဲ
ေယာကၡမစ်ာပန သမက္စီစဥ္ေပးရတာမွန္ေပမယ့္
က်ေတာ္က ေျမးအရင္းလည္းမဟုတ္ပါပဲ
လိုက္သြားရတယ္။
ခ်န္းကိုေတာင္ေသခ်ာမေျပာျဖစ္ခဲ့။နာေရးအိမ္ျဖစ္
ေန၍ အလိုက္မသိဖုန္းတဂြမ္ဂြမ္ဆက္ရန္မသင့္
ေတာ္သည္မို႔ေရာက္ေရာက္ခ်င္းေန႔ပဲ မား ကိုဖုန္းဆက္ျပီး အက်ိဳးအေႀကာင္းေျပာျပခဲ့တာ
တခ်န္းတစ္ေယာက္ဘယ္လိုေနမလဲမသိ။လမ္း
မေလွ်ာက္ခ်င္တာနဲ႔ပဲေက်ာင္းမတက္ဘူးလားမသိ
အိမ္ထဲဝင္သည္ႏွင့္ အထုပ္တန္းခ်ျပီး ေက်ာင္း
သြားဖို႔ ျပင္ေနေသာ က်ေတာ့္ကို ေဖေဖမေန
ႏိုင္စြာတားေတာ့၏
""ငါ့သားရ...ခုမွျပန္ေရာက္တာ။နားလိုက္ပါလား
ဒီေန႔ေတာ့""
""ေအးေလ ပိုင္ရယ္။ဒီအခ်ိန္သြားေနာက္က်ေန
ေရာေပါ့""
အပူမျငိမ္းႏိုင္ေသးေသာ ေမေမေလးသည္ ထပ္ဆင့္ပူကာ တားပါေသာ္လည္း က်ေတာ့္မွာ
လည္း က်ေတာ့္အပူနဲ႔ က်ေတာ္ရွိတယ္။
"ရတယ္ ေမေမေလး။ဒီတစ္ပတ္စာေမးပြဲရွိေနလို႔"
စာေမးပြဲရွိလို႔ ေက်ာင္းသြားရမယ္သာေျပာတယ္။
အိတ္ထဲအရင္ေကာက္ထည့္တာ Time Table
ထဲပါတဲ့ စာအုပ္ေတြမဟုတ္။
ခ်န္း ႀကိဳက္တယ္ေျပာဖူးေသာ ျမင့္ျမင့္ခင္လမုန္႔
နဲ႔ အာလူးပူတင္းဗူးကို အျပည့္ရေအာင္ထည့္ေန
ေသာ က်ေတာ့္ကို အခန္းအျပင္ကေနျပီး
ႀကည့္ေနေသာ ေဖေဖသည္
""ငါ့သား အိတ္ယူအံုးမလား?""
ဟူ၍လွမ္းေနာက္တာလားရႊဲ႕ေနတာလား
မသိေတာ့ဘူး။ဒီအခ်ိန္အရိပ္အကဲဆိုတာေတြလည္းဖမ္းႀကည့္မ
ေနခ်င္ေတာ့။
မ်က္ေမွာင္က်ံဳျပီးႀကည့္ေသာေဖေဖ့ကိုသာတစ္
ခ်က္ျပံဳးျပျပီးသာ ေျပးဆင္းလာလိုက္ေတာ့သည္။
""ျဖည္းျဖည္းသြားပါ ပိုင္ရယ္""
Sofa ေပၚတြင္ႏြမ္းလ်စြာထိုင္ေနေသာ
ေမေမေလးသည္ပင္ လွမ္းတားရသည္အထိ
က်ေတာ္ ပ်ာယာခတ္ေနလားေလ??
ေက်ာင္းေရာက္ေတာ့ ယူလာေပးတဲ့မုန္႔ေတြ
အတြက္ ဝမ္းသာအားရႀကိဳေနမယ့္သူမရွိ။
သံုးေယာက္ထိုင္ခဲ့ေသာ ခံုတန္းတြင္ က်ေတာ္
တစ္ေယာက္တည္းသာ။
""ခ်န္းနဲ႔ ေကာင္းဆက္စံေရာ??""
ပထမအခ်ိန္ျပီး ဆရာမထြက္သြားသည္ႏွင့္
အေမာတေကာ ေနာက္လွည့္ေမးေသာက်ေတာ့္
ကို အေနာက္တန္းမွ တစ္စုသည္ျဂိဳလ္သားတစ္
ေကာင္သူတို႔ေရွ႕ေရာက္လာသလိုျပဴးႀကည့္လ်က္
""မင္း မသိဘူးလား??""
အသံထြက္ပါက ဒဏ္ေႀကးငါးဆယ္ေပးရမယ္
ဆိုျပီး နာမည္မွတ္ေနတာလည္း မဟုတ္ပါပဲ
ေနာက္တန္းကတစ္စုသည္ တိုးတိုး,တိုးတိုးနဲ႔
ျဖစ္ေနေတာ့၏
က်ေတာ္ရင္ေတြပူလာတယ္။က်ေတာ္မရွိတုန္း
ခ်န္း ဘာေတြျဖစ္ခဲ့တာလဲ??ခုက သူတစ္
ေယာက္တည္းလည္းမဟုတ္။ေကာင္းဆက္စံပါ
ပါေနတာ။
""ခ်န္း ဘာျဖစ္လို႕လဲ?ေနမေကာင္းတာလား?""
""ေနမေကာင္းတာထက္ ဆိုးတယ္ကြ။ေဟ့ေကာင္ မင္းMP4 ပါလား?ထုတ္ျပလိုက္ေလ"""
ခ်န္းနဲ႔ MP4 ဘာဆိုင္လို႔လဲ??ေတြးမရခင္
တစ္ေယာက္က လြယ္အိတ္ထဲမွ MP4ကိုခိုး
ေခ်ာင္ခိုးဝွက္ထုတ္ကာ ျပေတာ့၏
ဟင္!!ဒါ ေက်ာင္းအိမ္သာခန္းထဲမွာ...ဓာတ္ပံုက
မႈန္ဝါးဝါးေပမယ့္ ခ်န္း နဲ႔ ေကာင္းဆက္စံကို
ေတြ႔ဖူးသူေတြဆိုပါက ႀကည့္လိုက္တာနဲ႕သူ
တို႕၂ေယာက္မွန္း တန္းသိတယ္။က်ေတာ္မသိတာသူတို႔ ဘာလုပ္ေနပါသလဲ??
အလြန္နီးကပ္ေနေသာ အေနအထားနဲ႔
ေကာင္ဆက္စံသည္ ခ်န္းမ်က္ႏွာကို ကိုင္ထားတာ
""အဲ့ဒါ ဘာလုပ္ေနတာလဲ??""
တံုးရန္ေကာ ဟူေသာအႀကည့္ေနာက္
""ႀကည့္တာနဲ႔ မသိဘူးလား??အိမ္သာထဲမွာ ၂
ေကာင္သား Kissingဆြဲေနႀကတာေလ""
""ဘာ!!""
""ဟုတ္တယ္ အဲ့ဒါ ရိုက္ထားတဲ့ေကာင္ကိုယ္
တိုင္ေျပာတာ""
""ဘယ္သူလဲ??ဘယ္ေကာင္ရိုက္ထားလဲ""
"အဲ့ဒါေတာ့ ေသခ်ာမသိဘူး။ဒါေတာ္ေတာ္ေတာ့
ျပန္႔ေနျပီ။ငါတို႔တစ္တန္းလံုးသိေနႀကျပီ"
""မျဖစ္ႏိုင္ဘူး။ခ်န္းက အဲ့လိုလူမ်ိဳးမဟုတ္ဘူး""
အသက္ရႈရပ္ေတာ့မလို တင္းႀကပ္ဆို႔နင့္လာသည္
""ဒါ ဘယ္ေလာက္ႀကာျပီလဲ??""
""သံုးရက္ေလာက္ရွိေနျပီ။အဲ့ဓာတ္ပံုထြက္ျပီးညေနတည္းက ခ်န္း ေရာ ေကာင္းဆက္စံေကာေက်ာင္းမလာေတာ့တာ။ဒါ မွန္ေနလို႔ေပါ့ကြ။မဟုတ္ဘူးလား??"
""မဟုတ္ဘူးး။ခ်န္းက အဲ့လိုလူမ်ိဳးမဟုတ္ဘူး""
က်ေတာ့္အသံဟိန္းထြက္သြား၍ တစ္တန္းလံုးက
မ်က္လံုးအစံုစံုတို႔ က်ေတာ္ဆီသို႕ဆိုက္ေရာက္
လာႀကသည္။
က်ေတာ္မ်က္လံုးေတြစပ္လာသည္။က်ေတာ္ငို
ခ်င္ေနတာလား??အိပ္မေပ်ာ္တဲ့ ညေတြမ်ားခဲ့
လို႕လား??
ခုေန ခ်န္းဘယ္လိုေနေနမလဲ...ခ်န္းမွကြာ။
ခ်န္းမွ ဘာလ္ို႔ ဒီလိုအျဖစ္မ်ိဳး...
ျဖစ္ႏိုင္ရင္ ခ်န္းကို အခုပဲေျပးသြားေတြ႔ခ်င္မိေတာ့
သည္။
က်ေတာ္မရွိလို႔ျဖစ္ရတာဟူေသာ ယုရံုးမရစိတ္နဲ႔ရင္ထဲ ဗေလာင္ဆူတယ္။
""ခ်န္း!!""
""သား!!""
ေသာကရိပ္ေတြေႀကာင့္ႏြမ္းလ်ေနေသာ မားသည္
က်ေတာ့္ကို ျမင္သည္ႏွင့္ အားတက္သြားဟန္
""ခ်န္းေရာ??မား""
""အိပ္ေနတယ္ သား...ခ်န္း ဖ်ားေနတာ သံုးရက္
ရွိျပီ...""
ခပ္တိုးတိုးဆိုလ်က္ ေလ်ာ့ရဲစြာထိုင္ေနေသာ မား
နား ထိုင္ခ်ရင္း ကုတင္ေပၚတြင္ အဖ်ားရွိန္ေတြ
နဲ႔ ေမွးေနေသာခ်န္းကို ေငးႀကည့္ေနမိရံုနဲ႔တင္
မ်က္ႀကည္သားတို႔ က်ိန္းစပ္နာက်င္လာျပန္သည္
ဟိုကိစၥႀကီး မားေရာ သိျပီးျပီလား??က်ေတာ္
သိလည္းသိေနေပမယ့္ ထုတ္မေမးရက္
""ဘယ္လိုကေန ဖ်ားသြားတာလဲ?""
""သား မႏၱေလးျပန္ျပီးမႀကာဘူးသူလည္းဖ်ားတာ
အဲ့ေန႔ ညေနက မိုးမိလာပံုပဲ။မားလည္းဒီရက္ပိုင္း
ဆိုင္ႏွစ္ဆိုင္ေျပးေနရတာနဲ႔ သူ႔ကိုသိပ္ဂရုမစိုက္
မိသလိုျဖစ္သြားတာ...ဆိုင္ကလည္း အလုပ္သမားေလးေတြနဲ႔ပဲ ထားခဲ့လို႔မွမျဖစ္ပဲ""
မားေနပံုအရ ခ်န္းကို ရိုးရိုးတန္းတန္းဖ်ားတယ္
ဟူပင္ ထင္ေနပံုပင္။ေက်ာင္းက ကိစၥကို
တကယ္ပဲ မားမသိေသးတာလား??
""မားဆိုင္သြားစရာရွိ သြားေလ။က်ေတာ္ပဲေစာင့္
ေနေပးလိုက္မယ္။ႏိုးလာရင္ ေသာက္ဖို႔ေဆးေတြ
ျပထားခဲ့ေလ""
က်ေတာ့္ကို ေသခ်ာျပန္ႀကည့္လာေသာမားသည္
အဓိပၸါယ္ေဖာ္ရခက္ေသာ အျပံဳးမ်ိဳးျပံဳးျပလ်က္
""ခ်န္းအနား သားရွိေနေပးလို႔သာေပါ့~~ေနခဲ့
ေလ ဒါဆိုလည္း။ဒီေန႔ေက်ာင္းသြားေတာ့ ျဖစ္
ခဲ့တဲ့ ကိစၥေတြလည္း သားသိျပီးေလာက္ေရာ
ေပါ့""
""အဲ့ဒါ ခ်န္းအမွားမဟုတ္ဘူး မား!""
မား ကိုေတာင္ ေလာကေဇာတိုက္ကာေအာ္
သလိုပင္ျဖစ္သြားသည္အထိ ခ်န္းကို တစ္မ်ိဳး
ထင္ေနျခင္းအေပၚ က်ေတာ္စိတ္ထဲေတာ္ေတာ္
ခံျပင္းေနမိေနျပီ။
""မားယံုပါတယ္။မားလည္း မေမး
ရက္ေတာ့ သားတို႔ခ်င္းေသခ်ာေမးႀကည့္ျပီး
သားကပဲ အားေပးႀကည့္ပါ""
""မား ဘယ္လိုသိတာလဲ?""
ခ်န္းႀကားသြားျပီဆိုး၍ က်ေတာ္နဲ႔မားႏွစ္ေယာက္
လံုးသည္ တိုင္ပင္မထားပဲ ႀကားႏိုင္ရံုေလာက္သာ
ေျပာေနမိႀကသည္။
""ေကာင္းေကာင္း အေမ မားဆီလာသြားတယ္""
""ဘယ္သူေတြဘာေျပာေျပာ ခ်န္းကိုပဲယံုလိုက္
ပါ။သူတို႔ ဘာမွမဟုတ္တာ...""
""အင္း မားသိတယ္။ေစာင့္ေနေပးေနာ္ သား။
မား ဆိုင္ခဏသြားႀကည့္ျပီး ျပန္လာခဲ့မယ္""
ကုတင္ေပၚ အဖ်ားေသြးရဲကာ မွိန္းေနေသာခ်န္း
ဘယ္ေလာက္စိတ္ေတြဆင္းရဲခဲ့ရရွာမလဲ??
ႏွဖူးေပၚလက္တင္စမ္းႀကည့္ေတာ့ အပူေငြ႔သည္
လက္ဖဝါးမွတစ္ဆင့္ ရင္ထဲထိစီးကူးသြား၍
ေနာက္ မဆန္႔ေတာ့သည့္အဆံုး တစ္မနက္လံုး
ထိန္းခ်ဳပ္ထားရေသာ ပူပန္ေသာကနဲ႔ေပါင္းကာ
္မ်က္လံုးထဲမွွေန၍အပူရည္အျဖစ္ထြက္ကာစီးက်
လာေတာ့၏။ဒီနည္းနဲ႔သာမင္းကိုယ္ထဲကအပူေတြအားလံုး စီးကူးလို႔ရ ရင္...ေယာက်ာ္းတန္မဲ့
ရႈိက္ႀကီးတငင္ငိုဖို႔လည္းငါရွက္ေနမိမွာမဟုတ္ဘူး
"တစ္ေယာက္တည္း...အထင္လြဲခံေနရင္း
ဒီရက္ပိုင္းအတြင္း အရမ္းပင္ပန္းမွာပဲ..."
"ငပိုင္~~"
ႀကားသြားတာလား??ပါးျပင္ေပၚမွအရည္ပူ
ေတြကို သုတ္ဖယ္ပစ္ခ်ရင္း ကုတင္ေအာက္
ဒူးေထာက္လ်က္ ခ်န္းကိုႀကည့္ေတာ့ သူသည္လည္း လဲေနရာမွ ေန၍ က်ေတာ့္ကို
ျပန္ႀကည့္လာသည္။
အဖ်ားေသြးမ်ားေနတဲ့ အရွိန္နဲ႔ သူ႔သတိ သူ႔အသိ
တြဲဆက္သြားေအာင္ သူ႔လက္ကိုကိုင္ေတာ့...
ဖယ္ခြါခ်ရင္း က်ေတာ့္ကိုျပန္ႀကည့္လာေသာ
မ်က္လံုးတို႔သည္ အဖ်ားရွိန္ေႀကာင့္လား??
ေဒါသေသြးေႀကာင့္လားမသိ နီရဲေနသည္
က်ေတာ့္ကိုယ္မွ ေက်ာင္းဝတ္စံုကို သတိထားမိသြားေတာ့
""မလာနဲ႔။သြား!!မင္းလည္း ေက်ာင္းကေကာင္
ေတြလိုပဲ ငါ့ကို ထင္ေနတာမလား??""
""မ--မဟုတ္ဘူး တခ်န္း""
""လိမ္မေနနဲ႔။မင္းတို႔ေတြ အားလံုးအတူတူပဲ။
သြား ထြက္သြား။ငါ့ေရွ႔ကေန။သြား!!""
""တခ်န္း~~""
""မေခၚနဲ႔ အဲ့နာမည္။ငါ့ကို အဲ့လိုမေခၚနဲ႔""
""တခ်န္း...ငါ ေျပာတာနားေထာင္...""
""သြားလို႔ေျပာေနတာမင္းကို""
ရွက္စိတ္ေတြ ခံျပင္းစိတ္ေတြ ေနာက္ျပီးဘယ္
္တုန္းကမွ မျဖစ္ခဲ့ဖူးေသာ သိမ္ငယ္စိတ္...
အားလံုးအားလံုးတို႕သည္ ေဘးနားရွိေနေသာ
ပရုတ္ဆီပုလင္းမွတစ္ဆင့္ ပိုင္သုတဆီသို႔
က်ေတာ္ေရွ႔ကေန ဒီေကာင္ျမန္ျမန္ထြက္သြား
ဖို႔ပဲလိုတာ
သူဘာနဲ႔ေကာက္ေပါက္လိုက္မွန္းသိသိႀကီးနဲ႔
ဘယ္ကိုထိေလာက္လဲဆိုတာ သိရက္နဲ႔ မေရွာင္
ျဖစ္။
မ်က္ခံုးစြန္းကို ထိမွန္သြားသည္ႏွင့္ ပူေႏြးေႏြးနဲ႔
ျဖည္းျဖည္းခ်င္းက်ဆင္းလာေသာ ေသြးတစ္ခ်ိဳ႔
နာေပမယ့္ အခုက်ေတာ့္ထက္ပိုနာက်ဥ္ေနမယ့္
လူသည္ ေသြးဆိုသည္ကို ရြံ႕ရွာေႀကာက္ရြံ႕
တတ္သည္မို႔ သုတ္ဖယ္ပစ္ဖို႔ႀကိဳးစားေပမယ့္
မမွီေတာ့
နီရဲစြာစီးက်လာေသာေသြးစီးေႀကာင္းကိုႀကည့္ရင္း ေပ်ာ့ေခြကာက်သြားသူကို အျမန္ေပြ႔လိုက္လို႔သာ ကုတင္ေပၚက ျပဳတ္မက်တာ
""တခ်န္း!!တခ်န္း!!""
သတိျပန္မလည္လာသည့္အျပင္ တစ္ကိုယ္လံုး
ပူျခစ္ေနတာ ဖက္လိုက္မွ ပိုသိသာလာတာ
ဘာမွ မစဥ္းစားႏိုင္ေတာ့။
သူ႕ေက်ာေပၚသာ တင္ရင္း ႏွစ္လမ္းေက်ာ္က
ေဆးခန္းရွိရာသို႕ အားကုန္ေျပးလာမိသည္။
ဖိနပ္မပါတာ သိတယ္။ပုလင္းန႔ဲထိျပီးေပါက္သြား
တဲ့ေနရာကေန ေသြးတို႔ တိတ္မသြားေသးတာ
သိတယ္။လူေတြဝိုင္းႀကည့္ေနတာ သိတယ္။
ေနာက္ဆံုး က်ေတာ္ သိတာတစ္ခုက
က်ေတာ္ ခ်န္းကို ဘယ္ေလာက္ခ်စ္ေနမိျပီ ဆိုတာ
ဲ့ေမွ်ာ္လင့္ခ်က္ေလးေတာင္ထားလို႔မရေအာင္
ငါနဲ႔ မင္းႀကား တူညီျခင္းက ႀကီးမားစြာစည္း
ျခားတားထားတယ္EX-pect
Thank You All
(unicode)
/
/
/
""ဘာလဲ ပိုင် လာမကြိုဘူးလား?""
လှေကားထစ်ကဆင်းသည်နှင့် နှင်းနုက ပြုံးလျက်
မေးလာသည်။
""မလာဘူး။ကျူရှင်သွားမလို့မလား?
လာလေ အတူတူသွားမယ်""
""ငါက လမ်းလျှောက်မှာနော် ချန်း""
""လျှောက်လေ။ဘာဖြစ်လို့လဲ??""
""သြ~~နင်က ပိုင်နင်းတဲ့စက်ဘီးနောက်ကနေ
အခန့်သား လိုက်နေကျလူဆိုတော့...""
ခနဲ့တဲ့တဲ့ပြောတတ်တဲ့အကျင့်က ပိုင်ရှေ့ရောက်မှ
ပျောက်သွားတတ်တာမျိုး။
သူပြောတာလည်းမှန်နေ၍ဘာမှတော့ပြန်မပြော
ဖြစ်။
""ပိုင့်ကို မနေ့ကတည်းက မတွေ့ဖြစ်တာနော်
တစ်နေ့လုံး ကျူရှင်မလာဘူး""
""အင်းးသူ့အဖေနဲ့ မန္တလေးလိုက်သွားလို့။သူ့မေမေလေး အမေဆုံးလို့တဲ့""
""အော်~~~ဒါနဲ့ ပိုင့် အမေရင်းက သူငယ်ငယ်
တည်းက ဆုံးသွားတာလား??""
""ဟုတ်တယ်""
""ပိုင့်ကိုတကယ်သနားတယ်။ငယ်ငယ်တည်းကအမေရင်းနဲ့မနေရပဲ မိထွေးမျက်နှာကြည့်နေခဲ့ရတာ... ""
ကျတော့်ကိုပြောဆိုနေကျလေသံနဲ့ဆန့်ကျင်စွာ
ဂရုဏာအမှုအပြည့်အသိပ်ထည့်ထားသောလေသံ ဟန်...
""ကြည့်စရာမလိုဘူး။ငါ့အိမ်ခေါ်ထားတာပဲ"
""နင်ခေါ်ထားပြီး ပိုင့်ကို အနိုင်ကျင့်တာလည်း
ထည့်ပြောလေ။""
နှင်းနုဖွေးကို တစ်ချက်ဘုကြည့်ကြည့်ပေးလိုက်
တော့ သူကလည်းမခေ
"ငါပြောတာ မမှန်လို့လား""
မျက်နှာပင့်နဲ့ ပြန်မေးနေသော နှင်းနုသည် နှုတ်ခမ်းကလည်း အလိုလိုဆူထွက်လာသေး
သည်။
ငယ်ငယ်တုန်းကလို ပေတူးမနေပဲ အနားကပ်တာ
နဲ့ မွှေးပျံပျံသနပ်ခါးနံ့ရနေတတ်သောနှင်းနုဖွေး
သည် အများကြီးလှနေတော့၏
""ငပိုင်က ငါ့သူငယ်ချင်း။သူငယ်ချင်းကြားမှာ
အနိုင်ကျင့်တယ်ဆိုတာတွေမရှိဘူး။သူတောင်
ငါ့ကိုဘာမှမပြောတာနင်ကဘာဝင်နာနေတာလဲ""
""နာတာပေါ့...ပိုင်လည်း ငါ့သူငယ်ချင်းပဲ...""
""ငယ်တည်းကသိနေတဲ့ ငါ့ဖက်ကကျတော့
မပါပဲ...ပိုင်သုတ ဖက်ကတော့ပါတယ်နော်""
""ပါတယ် ပိုင့်ဖက်ကနေ ခဲမဆွဲပဲနဲ့ကိုအလေး
က သာနေပြီးသား။ရှင်းတယ်နော် မောင်ချန်း""
ခြေစုံရပ်လျက် နှင်းနုကို စိုက်ကြည့်မိသည်။နှင်းနု
သည်လည်း ကုဋေတစ်သန်းမရလည်းနေ
ဆိုသည့်ပုံစံနဲ့ လှမ်းလက်စ ခြေတစ်လှမ်းလှလှကို တိခနဲရပ်တန့်ပစ်လိုက်ပြီး သူ့ထက်အနည်းငယ် အရပ်ရှည်နေသော ကျတော့်အားမော့ကြည့်သည်
""ဘာဖြစ်တာလဲ ချန်း??""
""စိတ်ဆင်းရဲအောင် ပြောတတ်လွန်းတယ်""
""ဘာကို??""
နားမလည်သလိုမော့ကြည့်လာသူအား အပြုံးပါး
ပါးတစ်ခု ပြုံးပြနိုင်အောင် ကြိုးစားမိတယ်။
"ကျူရှင်ကိုနင့်ဘာသာနင်ပဲသွားလိုက်တော့ဟာ"
""အယ်ရုတ်တရက်ကြီး""
""အေး သွားလိုက်တော့။ငါကောင်းဆက်စံကို
ဝင်ခေါ်လိုက်တော့မယ်""
""လမ်းလည်းမသင့်ပဲနဲ့""
""ရတယ်။သွားတော့""
အူကြောင်ကြောင်နဲ့ ဟူသောအကြည့်တစ်ခု
ကျတော့်မျက်မှန်တွေအောက်ထည့်သွင်းပြီး
ကျတော့်ကို ကျောခိုင်းထွက်သွားတော့...
ကျောမခိုင်းနှုတ်မဆက်ပဲ အနားကနေနှစ်ရက်
လောက်ပျောက်သွားသူကို တိတ်တိတ်ကျိန်ဆဲမိ
တယ်။
ညနေခင်း လက်ကျန်နေရောင်ခြည်သည် မှိုင်းညို့လာသော မိုးတိမ်ထူူထု၏ ရင်ခွင်အောက် မှေးစက်သွားခဲ့ပြီ။
ကျတော့်စိတ်တွေလည်း မှိုင်းကာထိုင်းကာ...
အိပ်မပျော်တဲ့ ရက်တွေဆက်နေတာများနေလို့
လားလေ...
-
-
-
ကျောင်းမတက်ဖြစ်တာ တစ်ပတ်နည်းပါးပဲ
ယောက္ခမဈာပန သမက်စီစဉ်ပေးရတာမှန်ပေမယ့်
ကျတော်က မြေးအရင်းလည်းမဟုတ်ပါပဲ
လိုက်သွားရတယ်။
ချန်းကိုတောင်သေချာမပြောဖြစ်ခဲ့။နာရေးအိမ်ဖြစ်
နေ၍ အလိုက်မသိဖုန်းတဂွမ်ဂွမ်ဆက်ရန်မသင့်
တော်သည်မို့ရောက်ရောက်ချင်းနေ့ပဲ မား ကိုဖုန်းဆက်ပြီး အကျိုးအကြောင်းပြောပြခဲ့တာ
တချန်းတစ်ယောက်ဘယ်လိုနေမလဲမသိ။လမ်း
မလျှောက်ချင်တာနဲ့ပဲကျောင်းမတက်ဘူးလားမသိ
အိမ်ထဲဝင်သည်နှင့် အထုပ်တန်းချပြီး ကျောင်း
သွားဖို့ ပြင်နေသော ကျတော့်ကို ဖေဖေမနေ
နိုင်စွာတားတော့၏
""ငါ့သားရ...ခုမှပြန်ရောက်တာ။နားလိုက်ပါလား
ဒီနေ့တော့""
""အေးလေ ပိုင်ရယ်။ဒီအချိန်သွားနောက်ကျနေ
ရောပေါ့""
အပူမငြိမ်းနိုင်သေးသော မေမေလေးသည် ထပ်ဆင့်ပူကာ တားပါသော်လည်း ကျတော့်မှာ
လည်း ကျတော့်အပူနဲ့ ကျတော်ရှိတယ်။
"ရတယ် မေမေလေး။ဒီတစ်ပတ်စာမေးပွဲရှိနေလို့"
စာမေးပွဲရှိလို့ ကျောင်းသွားရမယ်သာပြောတယ်။
အိတ်ထဲအရင်ကောက်ထည့်တာ Time Table
ထဲပါတဲ့ စာအုပ်တွေမဟုတ်။
ချန်း ကြိုက်တယ်ပြောဖူးသော မြင့်မြင့်ခင်လမုန့်
နဲ့ အာလူးပူတင်းဗူးကို အပြည့်ရအောင်ထည့်နေ
သော ကျတော့်ကို အခန်းအပြင်ကနေပြီး
ကြည့်နေသော ဖေဖေသည်
""ငါ့သား အိတ်ယူအုံးမလား?""
ဟူ၍လှမ်းနောက်တာလားရွှဲ့နေတာလား
မသိတော့ဘူး။ဒီအချိန်အရိပ်အကဲဆိုတာတွေလည်းဖမ်းကြည့်မ
နေချင်တော့။
မျက်မှောင်ကျုံပြီးကြည့်သောဖေဖေ့ကိုသာတစ်
ချက်ပြုံးပြပြီးသာ ပြေးဆင်းလာလိုက်တော့သည်။
""ဖြည်းဖြည်းသွားပါ ပိုင်ရယ်""
Sofa ပေါ်တွင်နွမ်းလျစွာထိုင်နေသော
မေမေလေးသည်ပင် လှမ်းတားရသည်အထိ
ကျတော် ပျာယာခတ်နေလားလေ??
ကျောင်းရောက်တော့ ယူလာပေးတဲ့မုန့်တွေ
အတွက် ဝမ်းသာအားရကြိုနေမယ့်သူမရှိ။
သုံးယောက်ထိုင်ခဲ့သော ခုံတန်းတွင် ကျတော်
တစ်ယောက်တည်းသာ။
""ချန်းနဲ့ ကောင်းဆက်စံရော??""
ပထမအချိန်ပြီး ဆရာမထွက်သွားသည်နှင့်
အမောတကော နောက်လှည့်မေးသောကျတော့်
ကို အနောက်တန်းမှ တစ်စုသည်ဂြိုလ်သားတစ်
ကောင်သူတို့ရှေ့ရောက်လာသလိုပြူးကြည့်လျက်
""မင်း မသိဘူးလား??""
အသံထွက်ပါက ဒဏ်ကြေးငါးဆယ်ပေးရမယ်
ဆိုပြီး နာမည်မှတ်နေတာလည်း မဟုတ်ပါပဲ
နောက်တန်းကတစ်စုသည် တိုးတိုး,တိုးတိုးနဲ့
ဖြစ်နေတော့၏
ကျတော်ရင်တွေပူလာတယ်။ကျတော်မရှိတုန်း
ချန်း ဘာတွေဖြစ်ခဲ့တာလဲ??ခုက သူတစ်
ယောက်တည်းလည်းမဟုတ်။ကောင်းဆက်စံပါ
ပါနေတာ။
""ချန်း ဘာဖြစ်လို့လဲ?နေမကောင်းတာလား?""
""နေမကောင်းတာထက် ဆိုးတယ်ကွ။ဟေ့ကောင် မင်းMP4 ပါလား?ထုတ်ပြလိုက်လေ"""
ချန်းနဲ့ MP4 ဘာဆိုင်လို့လဲ??တွေးမရခင်
တစ်ယောက်က လွယ်အိတ်ထဲမှ MP4ကိုခိုး
ချောင်ခိုးဝှက်ထုတ်ကာ ပြတော့၏
ဟင်!!ဒါ ကျောင်းအိမ်သာခန်းထဲမှာ...ဓာတ်ပုံက
မှုန်ဝါးဝါးပေမယ့် ချန်း နဲ့ ကောင်းဆက်စံကို
တွေ့ဖူးသူတွေဆိုပါက ကြည့်လိုက်တာနဲ့သူ
တို့၂ယောက်မှန်း တန်းသိတယ်။ကျတော်မသိတာသူတို့ ဘာလုပ်နေပါသလဲ??
အလွန်နီးကပ်နေသော အနေအထားနဲ့
ကောင်ဆက်စံသည် ချန်းမျက်နှာကို ကိုင်ထားတာ
""အဲ့ဒါ ဘာလုပ်နေတာလဲ??""
တုံးရန်ကော ဟူသောအကြည့်နောက်
""ကြည့်တာနဲ့ မသိဘူးလား??အိမ်သာထဲမှာ ၂
ကောင်သား Kissingဆွဲနေကြတာလေ""
""ဘာ!!""
""ဟုတ်တယ် အဲ့ဒါ ရိုက်ထားတဲ့ကောင်ကိုယ်
တိုင်ပြောတာ""
""ဘယ်သူလဲ??ဘယ်ကောင်ရိုက်ထားလဲ""
"အဲ့ဒါတော့ သေချာမသိဘူး။ဒါတော်တော်တော့
ပြန့်နေပြီ။ငါတို့တစ်တန်းလုံးသိနေကြပြီ"
""မဖြစ်နိုင်ဘူး။ချန်းက အဲ့လိုလူမျိုးမဟုတ်ဘူး""
အသက်ရှုရပ်တော့မလို တင်းကြပ်ဆို့နင့်လာသည်
""ဒါ ဘယ်လောက်ကြာပြီလဲ??""
""သုံးရက်လောက်ရှိနေပြီ။အဲ့ဓာတ်ပုံထွက်ပြီးညနေတည်းက ချန်း ရော ကောင်းဆက်စံကောကျောင်းမလာတော့တာ။ဒါ မှန်နေလို့ပေါ့ကွ။မဟုတ်ဘူးလား??"
""မဟုတ်ဘူးး။ချန်းက အဲ့လိုလူမျိုးမဟုတ်ဘူး""
ကျတော့်အသံဟိန်းထွက်သွား၍ တစ်တန်းလုံးက
မျက်လုံးအစုံစုံတို့ ကျတော်ဆီသို့ဆိုက်ရောက်
လာကြသည်။
ကျတော်မျက်လုံးတွေစပ်လာသည်။ကျတော်ငို
ချင်နေတာလား??အိပ်မပျော်တဲ့ ညတွေများခဲ့
လို့လား??
ခုနေ ချန်းဘယ်လိုနေနေမလဲ...ချန်းမှကွာ။
ချန်းမှ ဘာလို့ ဒီလိုအဖြစ်မျိုး...
ဖြစ်နိုင်ရင် ချန်းကို အခုပဲပြေးသွားတွေ့ချင်မိတော့
သည်။
ကျတော်မရှိလို့ဖြစ်ရတာဟူသော ယုရုံးမရစိတ်နဲ့ရင်ထဲ ဗလောင်ဆူတယ်။
""ချန်း!!""
""သား!!""
သောကရိပ်တွေကြောင့်နွမ်းလျနေသော မားသည်
ကျတော့်ကို မြင်သည်နှင့် အားတက်သွားဟန်
""ချန်းရော??မား""
""အိပ်နေတယ် သား...ချန်း ဖျားနေတာ သုံးရက်
ရှိပြီ...""
ခပ်တိုးတိုးဆိုလျက် လျော့ရဲစွာထိုင်နေသော မား
နား ထိုင်ချရင်း ကုတင်ပေါ်တွင် အဖျားရှိန်တွေ
နဲ့ မှေးနေသောချန်းကို ငေးကြည့်နေမိရုံနဲ့တင်
မျက်ကြည်သားတို့ ကျိန်းစပ်နာကျင်လာပြန်သည်
ဟိုကိစ္စကြီး မားရော သိပြီးပြီလား??ကျတော်
သိလည်းသိနေပေမယ့် ထုတ်မမေးရက်
""ဘယ်လိုကနေ ဖျားသွားတာလဲ?""
""သား မန္တလေးပြန်ပြီးမကြာဘူးသူလည်းဖျားတာ
အဲ့နေ့ ညနေက မိုးမိလာပုံပဲ။မားလည်းဒီရက်ပိုင်း
ဆိုင်နှစ်ဆိုင်ပြေးနေရတာနဲ့ သူ့ကိုသိပ်ဂရုမစိုက်
မိသလိုဖြစ်သွားတာ...ဆိုင်ကလည်း အလုပ်သမားလေးတွေနဲ့ပဲ ထားခဲ့လို့မှမဖြစ်ပဲ""
မားနေပုံအရ ချန်းကို ရိုးရိုးတန်းတန်းဖျားတယ်
ဟူပင် ထင်နေပုံပင်။ကျောင်းက ကိစ္စကို
တကယ်ပဲ မားမသိသေးတာလား??
""မားဆိုင်သွားစရာရှိ သွားလေ။ကျတော်ပဲစောင့်
နေပေးလိုက်မယ်။နိုးလာရင် သောက်ဖို့ဆေးတွေ
ပြထားခဲ့လေ""
ကျတော့်ကို သေချာပြန်ကြည့်လာသောမားသည်
အဓိပ္ပါယ်ဖော်ရခက်သော အပြုံးမျိုးပြုံးပြလျက်
""ချန်းအနား သားရှိနေပေးလို့သာပေါ့~~နေခဲ့
လေ ဒါဆိုလည်း။ဒီနေ့ကျောင်းသွားတော့ ဖြစ်
ခဲ့တဲ့ ကိစ္စတွေလည်း သားသိပြီးလောက်ရော
ပေါ့""
""အဲ့ဒါ ချန်းအမှားမဟုတ်ဘူး မား!""
မား ကိုတောင် လောကဇောတိုက်ကာအော်
သလိုပင်ဖြစ်သွားသည်အထိ ချန်းကို တစ်မျိုး
ထင်နေခြင်းအပေါ် ကျတော်စိတ်ထဲတော်တော်
ခံပြင်းနေမိနေပြီ။
""မားယုံပါတယ်။မားလည်း မမေး
ရက်တော့ သားတို့ချင်းသေချာမေးကြည့်ပြီး
သားကပဲ အားပေးကြည့်ပါ""
""မား ဘယ်လိုသိတာလဲ?""
ချန်းကြားသွားပြီဆိုး၍ ကျတော်နဲ့မားနှစ်ယောက်
လုံးသည် တိုင်ပင်မထားပဲ ကြားနိုင်ရုံလောက်သာ
ပြောနေမိကြသည်။
""ကောင်းကောင်း အမေ မားဆီလာသွားတယ်""
""ဘယ်သူတွေဘာပြောပြော ချန်းကိုပဲယုံလိုက်
ပါ။သူတို့ ဘာမှမဟုတ်တာ...""
""အင်း မားသိတယ်။စောင့်နေပေးနော် သား။
မား ဆိုင်ခဏသွားကြည့်ပြီး ပြန်လာခဲ့မယ်""
ကုတင်ပေါ် အဖျားသွေးရဲကာ မှိန်းနေသောချန်း
ဘယ်လောက်စိတ်တွေဆင်းရဲခဲ့ရရှာမလဲ??
နှဖူးပေါ်လက်တင်စမ်းကြည့်တော့ အပူငွေ့သည်
လက်ဖဝါးမှတစ်ဆင့် ရင်ထဲထိစီးကူးသွား၍
နောက် မဆန့်တော့သည့်အဆုံး တစ်မနက်လုံး
ထိန်းချုပ်ထားရသော ပူပန်သောကနဲ့ပေါင်းကာ
်မျက်လုံးထဲမှနေ၍အပူရည်အဖြစ်ထွက်ကာစီးကျ
လာတော့၏။ဒီနည်းနဲ့သာမင်းကိုယ်ထဲကအပူတွေအားလုံး စီးကူးလို့ရ ရင်...ယောကျာ်းတန်မဲ့
ရှိုက်ကြီးတငင်ငိုဖို့လည်းငါရှက်နေမိမှာမဟုတ်ဘူး
"တစ်ယောက်တည်း...အထင်လွဲခံနေရင်း
ဒီရက်ပိုင်းအတွင်း အရမ်းပင်ပန်းမှာပဲ..."
"ငပိုင်~~"
ကြားသွားတာလား??ပါးပြင်ပေါ်မှအရည်ပူ
တွေကို သုတ်ဖယ်ပစ်ချရင်း ကုတင်အောက်
ဒူးထောက်လျက် ချန်းကိုကြည့်တော့ သူသည်လည်း လဲနေရာမှ နေ၍ ကျတော့်ကို
ပြန်ကြည့်လာသည်။
အဖျားသွေးများနေတဲ့ အရှိန်နဲ့ သူ့သတိ သူ့အသိ
တွဲဆက်သွားအောင် သူ့လက်ကိုကိုင်တော့...
ဖယ်ခွါချရင်း ကျတော့်ကိုပြန်ကြည့်လာသော
မျက်လုံးတို့သည် အဖျားရှိန်ကြောင့်လား??
ဒေါသသွေးကြောင့်လားမသိ နီရဲနေသည်
ကျတော့်ကိုယ်မှ ကျောင်းဝတ်စုံကို သတိထားမိသွားတော့
""မလာနဲ့။သွား!!မင်းလည်း ကျောင်းကကောင်
တွေလိုပဲ ငါ့ကို ထင်နေတာမလား??""
""မ--မဟုတ်ဘူး တချန်း""
""လိမ်မနေနဲ့။မင်းတို့တွေ အားလုံးအတူတူပဲ။
သွား ထွက်သွား။ငါ့ရှေ့ကနေ။သွား!!""
""တချန်း~~""
""မခေါ်နဲ့ အဲ့နာမည်။ငါ့ကို အဲ့လိုမခေါ်နဲ့""
""တချန်း...ငါ ပြောတာနားထောင်...""
""သွားလို့ပြောနေတာမင်းကို""
ရှက်စိတ်တွေ ခံပြင်းစိတ်တွေ နောက်ပြီးဘယ်
်တုန်းကမှ မဖြစ်ခဲ့ဖူးသော သိမ်ငယ်စိတ်...
အားလုံးအားလုံးတို့သည် ဘေးနားရှိနေသော
ပရုတ်ဆီပုလင်းမှတစ်ဆင့် ပိုင်သုတဆီသို့
ကျတော်ရှေ့ကနေ ဒီကောင်မြန်မြန်ထွက်သွား
ဖို့ပဲလိုတာ
သူဘာနဲ့ကောက်ပေါက်လိုက်မှန်းသိသိကြီးနဲ့
ဘယ်ကိုထိလောက်လဲဆိုတာ သိရက်နဲ့ မရှောင်
ဖြစ်။
မျက်ခုံးစွန်းကို ထိမှန်သွားသည်နှင့် ပူနွေးနွေးနဲ့
ဖြည်းဖြည်းချင်းကျဆင်းလာသော သွေးတစ်ချို့
နာပေမယ့် အခုကျတော့်ထက်ပိုနာကျဉ်နေမယ့်
လူသည် သွေးဆိုသည်ကို ရွံ့ရှာကြောက်ရွံ့
တတ်သည်မို့ သုတ်ဖယ်ပစ်ဖို့ကြိုးစားပေမယ့်
မမှီတော့
နီရဲစွာစီးကျလာသောသွေးစီးကြောင်းကိုကြည့်ရင်း ပျော့ခွေကာကျသွားသူကို အမြန်ပွေ့လိုက်လို့သာ ကုတင်ပေါ်က ပြုတ်မကျတာ
""တချန်း!!တချန်း!!""
သတိပြန်မလည်လာသည့်အပြင် တစ်ကိုယ်လုံး
ပူခြစ်နေတာ ဖက်လိုက်မှ ပိုသိသာလာတာ
ဘာမှ မစဉ်းစားနိုင်တော့။
သူ့ကျောပေါ်သာ တင်ရင်း နှစ်လမ်းကျော်က
ဆေးခန်းရှိရာသို့ အားကုန်ပြေးလာမိသည်။
ဖိနပ်မပါတာ သိတယ်။ပုလင်းနဲ့ထိပြီးပေါက်သွား
တဲ့နေရာကနေ သွေးတို့ တိတ်မသွားသေးတာ
သိတယ်။လူတွေဝိုင်းကြည့်နေတာ သိတယ်။
နောက်ဆုံး ကျတော် သိတာတစ်ခုက
ကျတော် ချန်းကို ဘယ်လောက်ချစ်နေမိပြီ ဆိုတာ
ဲ့မျှော်လင့်ချက်လေးတောင်ထားလို့မရအောင်
ငါနဲ့ မင်းကြား တူညီခြင်းက ကြီးမားစွာစည်း
ခြားတားထားတယ်EX-pect
Thank You All
Bạn đang đọc truyện trên: ZingTruyen.Xyz