Epi-16
"အိပ္ေနတဲ့ အခ်ိန္ပဲေကာင္းတယ္..."
Bio ဖတ္စာအုပ္ကိုင္လ်က္ အိပ္ေပ်ာ္သြားေသာ
တခ်န္းအား ႀကည့္ရင္းျပံဳးမိသည္။
ညဥ့္လယ္ပိုင္းမို႕ အိမ္ေရွ႔ခန္းမွ မား၏ ေဟာက္သံ
သည္လည္း တိုက္ခန္းက်ဥ္းထဲ မင္းမူေနလ်က္။
သံုးေလႏွစ္အတြင္းမားလည္း ေလးဆယ္ေက်ာ္
အေဒၚႀကီးျဖစ္ေနခဲ့ျပီ။
ဆယ္တန္းတက္ေနရတာ ဟူေသာ အေႀကာင္းနဲ႔ က်ေတာ္တို႔ႏွစ္ေယာက္ကို သူတို႕မဂၤလာ
ကုတင္အားအပိုင္စားေပးကာ အိမ္ေရွ႔ထြက္
အိပ္ေပးရွာတဲ့ထိ မားက သူ႔သားနဂ်ီေကာင္ကို အလိုလိုက္ေပးတယ္။
တခ်န္းဆိုတာကလည္း ကိုးတန္းစာေမးပြဲျပီး
တည္းက တစ္သက္လံုးမရခဲ့တဲ့ အခြင့္အေရးေတြ
ကို ဆယ္တန္းဆိုတာနဲ႔ကို ကိုင္ေပါက္ျပီးေတာင္း
ဆိုတာ။သူအျမဲမ်က္ေစာင္းထိုးေနေသာ မိဘေတြ
ကုတင္ကိုပင္ ေမာင္ပိုင္စီးတဲ့အထိပင္။မားအျမတ္တႏိုးတန္ဖိုးထားေသာမဂၤလာဦး
ကုတင္ေပၚတြင္ ခုေတာ့ျဖင့္ေရာင္စံု
အထူးထုတ္စာအုပ္ေတြျပန္႕က်ဲလ်က္။အတြက္အခ်က္ပါရဂူသည္ က်က္စာဆို ပ်င္းဖို႔ေကာင္းသည္ဟူေသာအေႀကာင္းျပခ်က္
ျဖင့္ကုတင္ေပၚတြင္သာ က်က္ေလ့ရွိ၏။ခုလည္း
Bioက်က္ရင္း အိပ္သြားတာ...
"မ်က္ကပ္မွန္ မျဖဳတ္ရေသးဘူး..."
ကုတင္ေပၚကုန္းကဲတက္လာတာေတာင္မႏိုးဘူး
"တခ်န္း ေဟ့ေကာင္ ထအံုး။မင္း မ်က္ကပ္မွန္မ
ျဖဳတ္ရေသးဘူး။ထ"
ေခါင္းအံုးထဲမ်က္ႏွာပိုတိုးလို႔ဝင္ကာ တြန္႔ေကြး
ေနေတာ့၏
"တခ်န္း ထကြာ..."
အတင္းဆြဲထူတာေတာင္ မ်က္လံုးကမဖြင့္။
မ်က္ကပ္မွန္တပ္ခ်င္တာလည္း တစ္ပိုင္းေသ
တပ္ရျဖဳတ္ရမွာကိုလည္း ေသမတတ္ေႀကာက္
တာလည္း ဒီေကာင္ပဲ။
"ဖြင့္ေလ မ်က္လံုး"
"အိပ္ပါရေစကြာ..."
ေလးေလးပင္ပင္ေျပာေနေသာ သူ႔မ်က္ႏွာကိုဆြဲ
ညွစ္ေတာ့မွ...
"အားးးေသမလိုပဲကြာ။တစ္ညတေလကို"
ဟူ၍ညည္းညည္းညဴညဴဆိုေလ၏
"အဲ့ဒါေႀကာင့္ မင္းကိုမ်က္မွန္ပဲတပ္ပါေျပာတာ
ဖြင့္ မင္းမ်က္လံုး"
မ်က္မွန္ကပ္တပ္ခ်င္တယ္လို႔ စေျပာတာ ကိုးတန္း။
အစက ႀကိဳက္လွပါတယ္ဆိုတဲ့မ်က္မွန္ဝိုင္းႀကီး
ကိုမတပ္ေတာ့တာ...ဘာေႀကာင့္လဲ
အေႀကာင္းျပခ်က္ေမးမရေပမယ့္ သူ႔ရႈပ္လွစြာေသာမ်က္ကပ္မွန္ကို ဆရာဝန္ေရွ႔မွာ တစ္ခါတပ္ျပျပီးတည္းက ေနာင္အျဖဳတ္အတပ္
္လုပ္ငန္းကက်ေတာ့္တာဝန္ျဖစ္လာခဲ့သည္။
ခိုင္းပံုက သင္းတယ္။
"မင္းကငါ့ထက္ လက္ရဲဇာက္ရဲရွိတယ္ေလ"တဲ့
ခုလည္းသမိုင္းေပးတာဝန္ေက်ပြန္ဖို႔ မ်က္လံုးကို
အတင္းျဖဲျပီး သူ႔မွန္ကပ္ကိုဂရုတစိုက္ထုတ္ေပး
ေနရ၏။
"ရျပီ။အိပ္ေတာ့"
"နည္္နည္းမႈတ္ေပးအံုး"
"မင္းက တကယ္ရွည္တဲ့အေကာင္"
မ်က္လံုးထဲ ေလတဖူးဖူးမႈတ္ထည့္ေပးျပီးေတာ့မွ
အင္း အဲနဲ႔ ျပန္လွဲအိပ္သည္။
သူ႔တီေကာင္လိုရွည္လ်ေမ်ာကိုယ္ကိုျခင္ေထာင္ထဲ ဝင္ေအာင္ထည့္ေပးရတာနဲ႔ ျခင္ထိုးမွာစိုး၍
ေဘးဖက္ကိုေစာင္ေတြခုေပးရတာနဲ႔ ဧျပီေႏြည
သန္းေခါင္က်ေတာ္ေခြ်းဆို႕တယ္။သူကေတာ့ အခန္႕သားေနရာပင္မေရြ႔အားလံုးအဆင္သင့္
အေနအထားနဲ႔ အိပ္တာမ်ားသိုးေနေရာ။ေပါင္ရင္းထိလိပ္တက္ေနေသာေဘာလံုး ေဘာင္းဘီတိုကိုျပန္ဆြဲခ်ေပးျပီးျခင္ေထာင္ထဲမွ ထြက္ကာ ပန္ကာကိုသူ႔ဖက္လွည့္ေပးထား
လိုက္သည္။
စာေရးစားပြဲေပၚျပန္ထိုင္ျပီးတာေတာင္ စာမႀကည့္
ႏိုင္ေသးပဲ တခ်န္းဘက္ေလရရဲ႕လားလို႔ ေသခ်ာ
ျပန္ႀကည့္ျဖစ္ေသး။က်ေတာ့္ထက္ သံုးလေလာက္ႀကီးတဲ့သူ႔ကို အငယ္တစ္ေယာက္
လိုဂရုစိုက္ေနေပးမိတာႏုနည္လြန္းေနေသာသူ႔ပံုစံေႀကာင့္ရယ္လား??က်ေတာ္ကပဲဗီဇကိုက ဂရုစိုက္ေပးေနတတ္လားေသခ်ာမသိေတာ့။ ဇာျခင္ေတာင္အျပာႏုႏုထဲတြင္အိပ္ေမာက်ေသာတခ်န္း။
ရုပ္ပိုင္းဆိုင္ရာတြင္အရပ္ပိုရွည္လာတာကလြဲလို႔ ဘာမွမေျပာင္းလဲေပမယ့္... ဒီႏွစ္ပိုင္းေတြထဲစိတ္ပိုင္းဆိုင္ရာေတာ္ေတာ္မ်ားမ်ားေျပာင္းလဲသြားခဲ့ျပီ။စေတြ႔စကတည္းက အငိုသန္ေသာခ်န္းသည္ ခုခါတြင္ေတာ့
မ်က္ရည္မရွိေတာ့သလိုပဲ။ေတာ္ရံုဆို မငိုေတာ့ဘူး။မ်က္ရည္က်ရမွာ ရွက္တတ္လာျပီ။သနပ္ခါးေတြျပည့္ေနေအာင္လိမ္းတတ္ေသာလူက ၈တန္းေလာက္တြင္သူ၏ျဖဴေဖြးေဖြးမ်က္ႏွာကို ဒီအတုိင္းထားခဲ့သည္။
အဆိုးဆံုးတစ္ခုက ေသမေလာက္ေယာက်ာ္းဆန္
ခ်င္ေနတာ။သူ ေယာက်ာ္းပီသခ်င္တာ အေရးမ
ဟုတ္ဘူး။က်ေတာ္ကႀကားေခ်ာင္ဒုကၡေရာက္တာ။
မႏွစ္က စံုညီပြဲေတာ္။ကိုးတန္းက
တစ္ခုတာဝန္ယူေပးရမယ္ဆိုျပီး ေက်ာင္းအုပ္ႀကီး
ကေျပာလာတဲ့ထိ က်ေတ္ာတို႔ႏွစ္ေယာက္စိတ္
မဝင္စားေသး။အဲ့ေန႔ညေန က်ဴရွင္ဆင္းခ်ိန္မွ
ဇာတ္လမ္းစတာ။
ထံုးစံအတိုင္းသူနဲ႔က်ေတာ္ျငင္းခုန္ရင္း
က်ေတာ္ကရန္ကုန္သားေတြအႀကြားကခပ္ထူထူလို႔တစ္ခြန္းေျပာမိတာ။အဲ့မွာကေန ခ်က္ခ်င္းထ
ေသာင္းက်န္းေရာ။သူနဲ႔က်ေတာ္ စံုညီပြဲေတာ္မွာ
ရန္ကုန္သားနဲ႔ မႏၱေလးသူ ေတးသရုပ္ေဖာ္ကမယ္
ဆိုျပီး။စစတုန္းကေနာက္ေနတယ္ထင္တာ။
ေနာက္တကယ့္အတည္ႀကီးေတြထလုပ္ေရာ
သီခ်င္းနာမည္ႀကားတည္းက က်ေတာ္ကမိန္းမ
ေနရာက ျဖစ္ေနျပီမို႔ မလုပ္ရေအာင္လို႔တားေပ
မယ့္ မရေတာ့ဘူး။ေက်ာင္းအုပ္ႀကီးကအစအားတတ္သေရာဝင္
ကူညီေတာ့...
ေနာက္ဆံုးေခါင္းေပၚဘီးစပတ္ဆံထံုးအတုႀကီး
တင္ျပီး မႏၱေလးသူျဖစ္ရေတာ့သည္။
စင္ေပၚေရာက္ေတာ့လည္း တိုက္ထားတုန္းက
ျဖဳတ္ခိုင္းထားတဲ့ အကြက္ေတြထည့္ကတာ။
ပါးဆြဲ ခါးဖက္နဲ႔။ေအာက္ကေကာင္ေတြကလည္း
ေအာ္။ဆရာမေတြကလည္းရယ္။ပြဲဆိုတာ အုန္း
အုန္းႀကြက္ႀကြက္ပဲ။က်ေတာ္လည္း လူေကာင္နဲ႔
မလိုက္မိန္းမပံုႀကီးလုပ္ရတာ။စင္ေအာက္ေရာက္
ေတာ့လည္း ဟိုေကာင္ေတြကျငိမ္ျငိမ္မေန ထည့္
ထားတဲ့ ဘာတုညာတုေတြကို လာကိုင္ေတာ့မွ
"မင္းတို႔က ဘာလဲညာလဲ??ငပိုင့္ကိုမထိနဲ႔ "
ဆိုျပီး အသားလြတ္Heroဝင္လုပ္ေသးတယ္။
သူအဲ့အကြက္ေတြထုတ္သံုးခ်င္လို႔ က်ေတာ့္ကို
ဓားစာခံလုပ္တာ။မ်က္ႏွာကို ေျပးေျပးျပီးထိုးခ်င္
တာဆိုတာ။တခ်န္းျဖစ္ေနလို႔ဒီေကာင္ခံသာေနတာ။
ခုခ်ိန္ထိအဲ့တုန္းကဓာတ္ပံုႀကီးထုတ္ထုတ္ႀကည့္ျပီး ခြီေကာင္းတုန္း။ငယ္တုန္းတစ္မ်ိဳးဆိုးတယ္။
နားလည္တဲ့အရြယ္ေရာက္လာရင္ေကာင္းလာ
မယ္ထင္တာ ဒီအတိုင္းကဒီအတိုင္းပဲ။ေပါင္းစရာက သူတစ္ေယာက္တည္းရွိတာမဟုတ္
ေပမယ့္ သူ႔ကိုပဲ ခုရြယ္ထိေပါင္းသင္းေနမိတဲ့
က်ေတာ့္ကိုက်ေတာ္္ပဲ အျပစ္တင္ရမလားပဲ...
သူ႔သခ်ာၤစာအုပ္ကိုလွန္ႀကည့္ေတာ့ အိမ္စာေတြ
ျပီးေနျပီ။စာစီစာကံုးကေတာ့ေခါင္းစဥ္ပဲ မတပ္ရေသးထံုးစံအတိုင္းက်ေတာ္ပဲေရးေပးရအံုးမယ္။ဒါ တခ်န္းကို ဖ်က္ဆီးသလိုျဖစ္ေနေပမယ့္
ပိသာေလးနဲ႔ပစ္သလို နင့္သီးစြာေျပာတတ္တဲ့
ျမန္မာစာဆရာရဲ႕ အဆူအေျပာေအာက္ တခ်န္းကို
မ်က္ႏွာမငယ္ခ်င္။တခ်န္းက စာမလုပ္ခ်င္တဲ့
ငပ်င္းမဟုတ္တာ က်ေတာ္သိတယ္။
တခ်န္းကတြက္စာဆို သူတကယ္စိတ္ပါေတာ့
တကယ္လုပ္တယ္။အဲ့ဖက္ပိုင္းေတာ္လည္းေတာ္
တယ္။သူျပႆနာအျမဲတက္တာကက်က္စာဆရာေတြနဲ႔ပဲ။ဘယ္သူကထုတ္တဲ့ Theoryလဲေတာ့မသိ
ဘူး။
""က်က္စာက မိန္းကေလးေတြပဲ အေသအလဲ
က်က္တာ။ေယာက်ာ္းေလးဆိုတာကတြက္စာ
ေတာ္ရမယ္""
""ဘာဆိုင္လဲကြ။စာက မိန္းကေလးလုပ္ရမယ့္
စာ...ေယာက်ာ္းေလးလုပ္ရမယ့္စာဆိုျပီးခြဲထား
လို႔လား??""
ဟူ၍ျပန္ေမးေတာ့
""ေတာ္ပါ...ငါက GTCမွီရင္ရျပီ။မင္းသာေဆး
လိုင္းမွီေအာင္ စာေတြကုန္းက်က္...""
""တခ်န္းရ ရင္ေလာက္တင္မွဒူးေလာက္က်...""
""ငါ့မွာမွ ရင္မရွိတာ...ဟိဟိ""
အဲ့လိုေပါက္ကရအေတြးေတြလည္း ေတြးတတ္တဲ့
နဂ်ီေကာင္ကို အသည္းယားလာတာနဲ႔
လည္ပင္းကို လက္ေမာင္းႀကားညွပ္မိကာ
သူ႕ျပားခ်ပ္ခ်ပ္ေပၚကဟာကိုဆြဲလိမ္ျပီး
""ဒါ ဘာလဲ??""ဟူ၍ပဲေမးမိတာ။
လႊတ္ေပးလိုက္တာနဲ႔ က်ေတာ့္ေက်ာလည္း
စုတ္ေရာ။
တခ်န္းကလူေရွ႔ဆိုေရွ႔မွာသာ ရုပ္တည္နဲ႔ လူရွိန္ေအာင္ေနတာ...က်ေတာ္နဲ႔ႏွစ္ေယာက္တည္းရွိေနခ်ိန္ဆို
ရင္ေတာ့ တခ်န္းက အရွိကိုအရွိတိုင္း
သ႔ူစိတ္ထဲရွိရာ အကုန္ေျပာျပတတ္တာ။တျခား
လူေရွ႔သာ ဟန္ေဆာင္ခ်င္ေဆာင္မယ္ ခါတေလ
မားကိုေတာင္ မေျပာတဲ့ကိစၥေတြ က်ေတာ့္ကိုဆို
မျခြင္းမခ်န္ရင္ဖြင့္တတ္တယ္။
ဒါေတြေႀကာင့္ပဲလားမသိ က်ေတာ္ တခ်န္းနဲ႔ေန
ရတာ ဘယ္လိုအေျခအေနမ်ိဳးမွာပဲျဖစ္ျဖစ္ ေနေပ်ာ္တယ္။လြတ္လပ္တယ္။အိမ္ကိုေတာင္
တစ္ပတ္ေနလို႔တစ္ခါမျပန္ျဖစ္ေတာ့ေလာက္တဲ့ထိ
ခ်န္းတို႔အိမ္ကို ခင္တြယ္ေနမိျပီ။
Thank You All
အႀကာႀကီးေစာင့္ခိုင္းခဲ့မိတဲ့အတြက္ ေတာင္းပန္
ပါတယ္ေနာ္။ခုရက္ပိုင္း အလုပ္မွာတအားပင္ပန္း
ေနလို႔ပါ။
Happy Holidays
(Unicode)
/
/
/
"အိပ်နေတဲ့ အချိန်ပဲကောင်းတယ်..."
Bio ဖတ်စာအုပ်ကိုင်လျက် အိပ်ပျော်သွားသော
တချန်းအား ကြည့်ရင်းပြုံးမိသည်။
ညဉ့်လယ်ပိုင်းမို့ အိမ်ရှေ့ခန်းမှ မား၏ ဟောက်သံ
သည်လည်း တိုက်ခန်းကျဉ်းထဲ မင်းမူနေလျက်။
သုံးလေနှစ်အတွင်းမားလည်း လေးဆယ်ကျော်
အဒေါ်ကြီးဖြစ်နေခဲ့ပြီ။
ဆယ်တန်းတက်နေရတာ ဟူသော အကြောင်းနဲ့ ကျတော်တို့နှစ်ယောက်ကို သူတို့မင်္ဂလာ
ကုတင်အားအပိုင်စားပေးကာ အိမ်ရှေ့ထွက်
အိပ်ပေးရှာတဲ့ထိ မားက သူ့သားနဂျီကောင်ကို အလိုလိုက်ပေးတယ်။
တချန်းဆိုတာကလည်း ကိုးတန်းစာမေးပွဲပြီး
တည်းက တစ်သက်လုံးမရခဲ့တဲ့ အခွင့်အရေးတွေ
ကို ဆယ်တန်းဆိုတာနဲ့ကို ကိုင်ပေါက်ပြီးတောင်း
ဆိုတာ။သူအမြဲမျက်စောင်းထိုးနေသော မိဘတွေ
ကုတင်ကိုပင် မောင်ပိုင်စီးတဲ့အထိပင်။မားအမြတ်တနိုးတန်ဖိုးထားသောမင်္ဂလာဦး
ကုတင်ပေါ်တွင် ခုတော့ဖြင့်ရောင်စုံ
အထူးထုတ်စာအုပ်တွေပြန့်ကျဲလျက်။အတွက်အချက်ပါရဂူသည် ကျက်စာဆို ပျင်းဖို့ကောင်းသည်ဟူသောအကြောင်းပြချက်
ဖြင့်ကုတင်ပေါ်တွင်သာ ကျက်လေ့ရှိ၏။ခုလည်း
Bioကျက်ရင်း အိပ်သွားတာ...
"မျက်ကပ်မှန် မဖြုတ်ရသေးဘူး..."
ကုတင်ပေါ်ကုန်းကဲတက်လာတာတောင်မနိုးဘူး
"တချန်း ဟေ့ကောင် ထအုံး။မင်း မျက်ကပ်မှန်မ
ဖြုတ်ရသေးဘူး။ထ"
ခေါင်းအုံးထဲမျက်နှာပိုတိုးလို့ဝင်ကာ တွန့်ကွေး
နေတော့၏
"တချန်း ထကွာ..."
အတင်းဆွဲထူတာတောင် မျက်လုံးကမဖွင့်။
မျက်ကပ်မှန်တပ်ချင်တာလည်း တစ်ပိုင်းသေ
တပ်ရဖြုတ်ရမှာကိုလည်း သေမတတ်ကြောက်
တာလည်း ဒီကောင်ပဲ။
"ဖွင့်လေ မျက်လုံး"
"အိပ်ပါရစေကွာ..."
လေးလေးပင်ပင်ပြောနေသော သူ့မျက်နှာကိုဆွဲ
ညှစ်တော့မှ...
"အားးးသေမလိုပဲကွာ။တစ်ညတလေကို"
ဟူ၍ညည်းညည်းညူညူဆိုလေ၏
"အဲ့ဒါကြောင့် မင်းကိုမျက်မှန်ပဲတပ်ပါပြောတာ
ဖွင့် မင်းမျက်လုံး"
မျက်မှန်ကပ်တပ်ချင်တယ်လို့ စပြောတာ ကိုးတန်း။
အစက ကြိုက်လှပါတယ်ဆိုတဲ့မျက်မှန်ဝိုင်းကြီး
ကိုမတပ်တော့တာ...ဘာကြောင့်လဲ
အကြောင်းပြချက်မေးမရပေမယ့် သူ့ရှုပ်လှစွာသောမျက်ကပ်မှန်ကို ဆရာဝန်ရှေ့မှာ တစ်ခါတပ်ပြပြီးတည်းက နောင်အဖြုတ်အတပ်
်လုပ်ငန်းကကျတော့်တာဝန်ဖြစ်လာခဲ့သည်။
ခိုင်းပုံက သင်းတယ်။
"မင်းကငါ့ထက် လက်ရဲဇာက်ရဲရှိတယ်လေ"တဲ့
ခုလည်းသမိုင်းပေးတာဝန်ကျေပွန်ဖို့ မျက်လုံးကို
အတင်းဖြဲပြီး သူ့မှန်ကပ်ကိုဂရုတစိုက်ထုတ်ပေး
နေရ၏။
"ရပြီ။အိပ်တော့"
"နည်နည်းမှုတ်ပေးအုံး"
"မင်းက တကယ်ရှည်တဲ့အကောင်"
မျက်လုံးထဲ လေတဖူးဖူးမှုတ်ထည့်ပေးပြီးတော့မှ
အင်း အဲနဲ့ ပြန်လှဲအိပ်သည်။
သူ့တီကောင်လိုရှည်လျမျောကိုယ်ကိုခြင်ထောင်ထဲ ဝင်အောင်ထည့်ပေးရတာနဲ့ ခြင်ထိုးမှာစိုး၍
ဘေးဖက်ကိုစောင်တွေခုပေးရတာနဲ့ ဧပြီနွေည
သန်းခေါင်ကျတော်ချွေးဆို့တယ်။သူကတော့ အခန့်သားနေရာပင်မရွေ့အားလုံးအဆင်သင့်
အနေအထားနဲ့ အိပ်တာများသိုးနေရော။ပေါင်ရင်းထိလိပ်တက်နေသောဘောလုံး ဘောင်းဘီတိုကိုပြန်ဆွဲချပေးပြီးခြင်ထောင်ထဲမှ ထွက်ကာ ပန်ကာကိုသူ့ဖက်လှည့်ပေးထား
လိုက်သည်။
စာရေးစားပွဲပေါ်ပြန်ထိုင်ပြီးတာတောင် စာမကြည့်
နိုင်သေးပဲ တချန်းဘက်လေရရဲ့လားလို့ သေချာ
ပြန်ကြည့်ဖြစ်သေး။ကျတော့်ထက် သုံးလလောက်ကြီးတဲ့သူ့ကို အငယ်တစ်ယောက်
လိုဂရုစိုက်နေပေးမိတာနုနည်လွန်းနေသောသူ့ပုံစံကြောင့်ရယ်လား??ကျတော်ကပဲဗီဇကိုက ဂရုစိုက်ပေးနေတတ်လားသေချာမသိတော့။ ဇာခြင်တောင်အပြာနုနုထဲတွင်အိပ်မောကျသောတချန်း။
ရုပ်ပိုင်းဆိုင်ရာတွင်အရပ်ပိုရှည်လာတာကလွဲလို့ ဘာမှမပြောင်းလဲပေမယ့်... ဒီနှစ်ပိုင်းတွေထဲစိတ်ပိုင်းဆိုင်ရာတော်တော်များများပြောင်းလဲသွားခဲ့ပြီ။စတွေ့စကတည်းက အငိုသန်သောချန်းသည် ခုခါတွင်တော့
မျက်ရည်မရှိတော့သလိုပဲ။တော်ရုံဆို မငိုတော့ဘူး။မျက်ရည်ကျရမှာ ရှက်တတ်လာပြီ။သနပ်ခါးတွေပြည့်နေအောင်လိမ်းတတ်သောလူက ၈တန်းလောက်တွင်သူ၏ဖြူဖွေးဖွေးမျက်နှာကို ဒီအတိုင်းထားခဲ့သည်။
အဆိုးဆုံးတစ်ခုက သေမလောက်ယောကျာ်းဆန်
ချင်နေတာ။သူ ယောကျာ်းပီသချင်တာ အရေးမ
ဟုတ်ဘူး။ကျတော်ကကြားချောင်ဒုက္ခရောက်တာ။
မနှစ်က စုံညီပွဲတော်။ကိုးတန်းက
တစ်ခုတာဝန်ယူပေးရမယ်ဆိုပြီး ကျောင်းအုပ်ကြီး
ကပြောလာတဲ့ထိ ကျတေ်ာတို့နှစ်ယောက်စိတ်
မဝင်စားသေး။အဲ့နေ့ညနေ ကျူရှင်ဆင်းချိန်မှ
ဇာတ်လမ်းစတာ။
ထုံးစံအတိုင်းသူနဲ့ကျတော်ငြင်းခုန်ရင်း
ကျတော်ကရန်ကုန်သားတွေအကြွားကခပ်ထူထူလို့တစ်ခွန်းပြောမိတာ။အဲ့မှာကနေ ချက်ချင်းထ
သောင်းကျန်းရော။သူနဲ့ကျတော် စုံညီပွဲတော်မှာ
ရန်ကုန်သားနဲ့ မန္တလေးသူ တေးသရုပ်ဖော်ကမယ်
ဆိုပြီး။စစတုန်းကနောက်နေတယ်ထင်တာ။
နောက်တကယ့်အတည်ကြီးတွေထလုပ်ရော
သီချင်းနာမည်ကြားတည်းက ကျတော်ကမိန်းမ
နေရာက ဖြစ်နေပြီမို့ မလုပ်ရအောင်လို့တားပေ
မယ့် မရတော့ဘူး။ကျောင်းအုပ်ကြီးကအစအားတတ်သရောဝင်
ကူညီတော့...
နောက်ဆုံးခေါင်းပေါ်ဘီးစပတ်ဆံထုံးအတုကြီး
တင်ပြီး မန္တလေးသူဖြစ်ရတော့သည်။
စင်ပေါ်ရောက်တော့လည်း တိုက်ထားတုန်းက
ဖြုတ်ခိုင်းထားတဲ့ အကွက်တွေထည့်ကတာ။
ပါးဆွဲ ခါးဖက်နဲ့။အောက်ကကောင်တွေကလည်း
အော်။ဆရာမတွေကလည်းရယ်။ပွဲဆိုတာ အုန်း
အုန်းကြွက်ကြွက်ပဲ။ကျတော်လည်း လူကောင်နဲ့
မလိုက်မိန်းမပုံကြီးလုပ်ရတာ။စင်အောက်ရောက်
တော့လည်း ဟိုကောင်တွေကငြိမ်ငြိမ်မနေ ထည့်
ထားတဲ့ ဘာတုညာတုတွေကို လာကိုင်တော့မှ
"မင်းတို့က ဘာလဲညာလဲ??ငပိုင့်ကိုမထိနဲ့ "
ဆိုပြီး အသားလွတ်Heroဝင်လုပ်သေးတယ်။
သူအဲ့အကွက်တွေထုတ်သုံးချင်လို့ ကျတော့်ကို
ဓားစာခံလုပ်တာ။မျက်နှာကို ပြေးပြေးပြီးထိုးချင်
တာဆိုတာ။တချန်းဖြစ်နေလို့ဒီကောင်ခံသာနေတာ။
ခုချိန်ထိအဲ့တုန်းကဓာတ်ပုံကြီးထုတ်ထုတ်ကြည့်ပြီး ခွီကောင်းတုန်း။ငယ်တုန်းတစ်မျိုးဆိုးတယ်။
နားလည်တဲ့အရွယ်ရောက်လာရင်ကောင်းလာ
မယ်ထင်တာ ဒီအတိုင်းကဒီအတိုင်းပဲ။ပေါင်းစရာက သူတစ်ယောက်တည်းရှိတာမဟုတ်
ပေမယ့် သူ့ကိုပဲ ခုရွယ်ထိပေါင်းသင်းနေမိတဲ့
ကျတော့်ကိုကျတော်ပဲ အပြစ်တင်ရမလားပဲ...
သူ့သချာၤစာအုပ်ကိုလှန်ကြည့်တော့ အိမ်စာတွေ
ပြီးနေပြီ။စာစီစာကုံးကတော့ခေါင်းစဉ်ပဲ မတပ်ရသေးထုံးစံအတိုင်းကျတော်ပဲရေးပေးရအုံးမယ်။ဒါ တချန်းကို ဖျက်ဆီးသလိုဖြစ်နေပေမယ့်
ပိသာလေးနဲ့ပစ်သလို နင့်သီးစွာပြောတတ်တဲ့
မြန်မာစာဆရာရဲ့ အဆူအပြောအောက် တချန်းကို
မျက်နှာမငယ်ချင်။တချန်းက စာမလုပ်ချင်တဲ့
ငပျင်းမဟုတ်တာ ကျတော်သိတယ်။
တချန်းကတွက်စာဆို သူတကယ်စိတ်ပါတော့
တကယ်လုပ်တယ်။အဲ့ဖက်ပိုင်းတော်လည်းတော်
တယ်။သူပြဿနာအမြဲတက်တာကကျက်စာဆရာတွေနဲ့ပဲ။ဘယ်သူကထုတ်တဲ့ Theoryလဲတော့မသိ
ဘူး။
""ကျက်စာက မိန်းကလေးတွေပဲ အသေအလဲ
ကျက်တာ။ယောကျာ်းလေးဆိုတာကတွက်စာ
တော်ရမယ်""
""ဘာဆိုင်လဲကွ။စာက မိန်းကလေးလုပ်ရမယ့်
စာ...ယောကျာ်းလေးလုပ်ရမယ့်စာဆိုပြီးခွဲထား
လို့လား??""
ဟူ၍ပြန်မေးတော့
""တော်ပါ...ငါက GTCမှီရင်ရပြီ။မင်းသာဆေး
လိုင်းမှီအောင် စာတွေကုန်းကျက်...""
""တချန်းရ ရင်လောက်တင်မှဒူးလောက်ကျ...""
""ငါ့မှာမှ ရင်မရှိတာ...ဟိဟိ""
အဲ့လိုပေါက်ကရအတွေးတွေလည်း တွေးတတ်တဲ့
နဂျီကောင်ကို အသည်းယားလာတာနဲ့
လည်ပင်းကို လက်မောင်းကြားညှပ်မိကာ
သူ့ပြားချပ်ချပ်ပေါ်ကဟာကိုဆွဲလိမ်ပြီး
""ဒါ ဘာလဲ??""ဟူ၍ပဲမေးမိတာ။
လွှတ်ပေးလိုက်တာနဲ့ ကျတော့်ကျောလည်း
စုတ်ရော။
တချန်းကလူရှေ့ဆိုရှေ့မှာသာ ရုပ်တည်နဲ့ လူရှိန်အောင်နေတာ...ကျတော်နဲ့နှစ်ယောက်တည်းရှိနေချိန်ဆို
ရင်တော့ တချန်းက အရှိကိုအရှိတိုင်း
သ့ူစိတ်ထဲရှိရာ အကုန်ပြောပြတတ်တာ။တခြား
လူရှေ့သာ ဟန်ဆောင်ချင်ဆောင်မယ် ခါတလေ
မားကိုတောင် မပြောတဲ့ကိစ္စတွေ ကျတော့်ကိုဆို
မခြွင်းမချန်ရင်ဖွင့်တတ်တယ်။
ဒါတွေကြောင့်ပဲလားမသိ ကျတော် တချန်းနဲ့နေ
ရတာ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် နေပျော်တယ်။လွတ်လပ်တယ်။အိမ်ကိုတောင်
တစ်ပတ်နေလို့တစ်ခါမပြန်ဖြစ်တော့လောက်တဲ့ထိ
ချန်းတို့အိမ်ကို ခင်တွယ်နေမိပြီ။
Thank You All
အကြာကြီးစောင့်ခိုင်းခဲ့မိတဲ့အတွက် တောင်းပန်
ပါတယ်နော်။ခုရက်ပိုင်း အလုပ်မှာတအားပင်ပန်း
နေလို့ပါ။
Happy Holidays
Bạn đang đọc truyện trên: ZingTruyen.Xyz