ZingTruyen.Xyz

EX-pect

Epi-13

HsuChiKo365

ခ်န္းဖိနပ္ကို အခန္းေနာက္ရွိအမႈိုက္ပံုးထဲမွျပန္
ေတြ႔၏။ဒါေတာင္ အသင္းအလွည့္က်တဲ့ ႏွစ္ေကာင္က မနက္ခင္း အမႈိုက္ပံုးသြားသြန္မွ
သူ႔ဖိနပ္ႀကီး ပံုးထဲကထြက္က်လာတာကိုေတြ႔တာ

""ဖိနပ္ျပန္ရျပီဆိုေတာ့ ပိုင္ဝယ္ေပးထားတဲ့
ဖိနပ္အသစ္ကႏွေျမာစရာႀကီး""

Scollဖိနပ္သစ္ႏွစ္ရံနဲ႔ အႀကပ္ရိုက္ေနေသာခ်န္း
သည္ ေကာင္းဆက္စံကိုျပန္ေျပာသလိုနဲ႔ က်ေတာ့္
အား ဒဲ့ႀကီးဖဲ့၏

""အဲ့ေသာက္ရူးေကာင္က ဘာမေျပာညာမေျပာ
နဲ႔ ဝယ္ခ်လာတာကို...ခုေတာ့ ပိုက္ဆံကကုန္ျပီ""

သို႔ေပမယ့္ ခ်န္းအား စိတ္ဆိုးဖို႔ပင္ ေမ့ေလာက္
သည္အထိ ခ်န္းအေျပာဆိုးဆိုးတို႔အား နားယဥ္
ေနျပီ

""ရပါတယ္ ခ်န္းရ။ငါဝယ္ေပးတဲ့ ဖိနပ္ကိုသိမ္း
ထားေပါ့...မင္းဖိနပ္ပ်က္ေတာ့ ငါ့ဟာထုတ္စီးေပါ့"

""Scollဆိုတာပ်က္ေလ့မရွိဘူးကြ။ငါဆိုမႏွစ္
မိုးတြင္းက ဝယ္ထားတဲ့ဟာ ခုထိရွိတုန္း။စုတ္လို႔
သာမစီးေတာ့တာ...""

ေကာင္းဆက္စံသည္ သူ႔ဝစီအတိုင္းေအးေအး
သက္သာရွင္းျပေသာ္လည္း က်ေတာ့္ဆိုအေကာင္းေျပာေလ့မရွိေသာ ခ်န္း
ကေတာ့...

""မစီးဖူးတာ သိသာတယ္...""ဟူေသာစကား
အား မတိုးမက်ယ္နဲ႔ က်ေတာ္ႀကားေအာင္ေျပာ၏

အရင္ကဆို ဘာေျပာတာလဲကြ ဟူ၍ ထထပ္ထိုး
မိမည္ ျဖစ္ေသာ္လည္း ခုခါတြင္ေတာ့...ခ်န္း
စကားေျပာပံုကို ႀကည့္ျပီး ရယ္စရာမေကာင္းပါပဲ
တဟီးဟီးနဲ႔ ရယ္ေနျဖစ္သည္။ခ်န္းအဲ့လို မတိုး
မက်ယ္ ပြစိပြစိေျပာေနရင္ ႀကီးေမနဲ႔တူတယ္ ဟိ

က်ေတာ္တဟီးဟီးရယ္ေနသည္ကို ႀကည့္ျပီး

""ဝမ္းတြင္းရူးေကာင္"" ဟုဆူပြပြနဲ႔ ထပ္ေျပာျပန္
သည္။

ဒီပံုစံကလည္း ရယ္ရတာပဲ။ခ်န္းက စလို႔ေကာင္း
တယ္။ခါတေလ သူစိတ္ဆိုးေနတာကိုက တစ္မ်ိဳး
ေလးပဲ...ဘာလဲေတာ့ က်ေတာ္လည္းမသိဘူး
က်ေတာ့္မန္းေလးက သူငယ္ခ်င္းေကာင္ေတြစိတ္
ဆိုးတာနဲ႔ မတူဘူး။တကယ္​တစ္​မ်ိဳး​ပဲ...
​ေဖ​ေဖျပန္​လာသျဖင္​့ မုန္​႔ဖိုး​ေတြ​ေပါ​ေန​ေသာ
က်​ေတာ္​သည္​ စ​ေန​ေန႔​တြင္​ ခ်န္​းႀကိဳက္​သည္​ဆို
​ေသာ ကူဖီးလ္​မလိုင္​အား ဝယ္​​ေကြၽးျဖစ္​သည္​။
​ မအူးကုန္​းလမ္​းက်ယ္​သို႔ခ်န္​းနဲ႔အတူ ပထမဆံုးအႀကိမ္​​ေရာက္​လာရျခင္​းတြင္​
ခ်န္​း၏ လက္​ကိုက်စ္​က်စ္​ပါ​ေအာင္​ကိုင္​ထားရျခင္​း
ျဖင္​့ က်​ေတာ္​ဟာခုမွရန္​ကုန္​​ေရာက္​ဖူးသူမွန္​းသိ
သာ​ေစသည္​။
ဘီးလံုး​ေတြသာ​ေပါမ်​ား​ေသာ က်​ေတာ္​တို႔မႏၱ​ေလး
နဲ႔ ျခားနားစြာ Busကားျကီးမ်ားသည္​လည္​း
တဝူးဝူးနဲ႔။ဝန္​မခံခ်င္​​ေပမယ္​့ ကား႐ႈပ္​လွ​ေသာ
ရန္​ကုန္​လမ္​း​ေတြ​ေပၚ က်​ေတာ္​ကားလမ္​းမကူးရဲ
ဒီ​ေနရာမွာ​ေတာ့ ၅ႏွစ္​သား​ေလာက္​တည္​းကရန္​ကုန္​​ေရာက္​​ေန​ေသာ ႐ွမ္​း-ဗမာကျပား​ေလး ​
ေမာင္​ခ်န္​းက​ေတာ့ ဆရာက်တယ္​။က်​ေတာ္​့လက္​
ကိုကိုင္​ၿပီး "​ေဟ့​ေကာင္​ကူးကူး"ဆိုၿပီးကားလမ္​း
ကူးတာမ်ား လွစ္​ခနဲလွစ္​ခနဲပဲ။
သူစားခ်င္​တဲ့ ကူဖီးလ္​မလိုင္​ဆိုတာကလည္​း
သူႀကိဳက္​​ေလာက္​စရာပါ။ခ်ိဳခ်ိဳ​ေအး​ေအးနဲ႔ မလိုင္​
နံကလည္​း​ေမႊး​ေသး။​ေစ်းကလည္​းႀကီးတယ္​။
​ေသး​ေသး​ေလးကို​ေတာင္​ ၇၀၀တဲ့။ဒါကိုခ်န္​းက
ထပ္​စားခ်င္​​ေနတာ က်​ေတာ္​့ကိုအားနာလို႔ ၂ခုနဲ႔
ရပ္​လိုက္​တယ္​ ဆိုပဲ။
​ေက်ာင္​းတက္​ရက္​​ေတြအတြင္​း က်စ္​က်စ္​ပါ​ေအာင္​စုထားတဲ့ ပိုက္​ဆံ၅ေထာင္ကို အိတ္​ကပ္​
ထဲထည္​့ကာ ခ်န္​း စားခ်င္​တာ​ေတြလိုက္​ဝယ္​​ေကြၽး
ရတာ ​ေပ်ာ္​ဖို႔​ေတာ့​ေကာင္​းတယ္​။ခ်န္​းႀကိဳက္​တဲ့
ဆိတ္​သားမုန္​႔ဆိုင္​​ေနရာကိုလည္​း​ေသခ်ာမွတ္​ထားလိုက္​တယ္​။​ေနာင္​တစ္​ခါလာဝယ္​လို႔ရ​ေအာင္​
​ေန႔တိုင္​းခ်န္​းထည္​့လာ​ေပးတဲ့ထမင္​းခ်ိဳင္​့ကိုကပ္​
စား​ေနရတာ ခ်န္​းကိုအခုလို သူစားခ်င္​တာ​ေတြ
ဝယ္​​ေကြၽးခြင္​့ရျခင္​းအတြက္​ ကုန္​တယ္​ပိုတယ္​
ဟူ၍ က်​ေတာိ့စိတ္​ထဲအလ်င္​း႐ွိမ​ေန။ခ်န္​းစားခ်င္​
တာ​ေတြအကုန္​ဝယ္​​ေကြၽးႏိုင္​ဖို႔ ပိုက္​ဆံမ​ေလာက္​
မွာသာစိုးတာ...
ခ်န္​း​ေခၚသြားလို႔ ယုဇနပလာဇာဆိုတာႀကီးထဲဝင္​
ၾကည္​့ျဖစ္​သည္​။အ​ေပါက္​​ေပါင္​းမ်ားစြာ--ဆိုင္​ခန္​း
​ေပါင္​းမ်ားစြာၾကားထဲ ခ်န္​းတစ္​​ေယာက္​ကလည္​
လည္​ဝယ္​ဝယ္​႐ွိလွသည္​။
မႏၱ​ေလး​ေစ်းခ်ိဳကို​ေတာင္​ ​ေသခ်ာမပတ္​ဖူးတဲ့
က်​ေတာ္​့အတြက္​ ဒီပလာဇာက​ ဝကၤပါလိုပဲ။အရာ
ရာတိုင္​းကလည္​ဆန္​းသစ္​​ေနသည္​။ခ်န္​းသည္​
လည္​း ဟိုဟာဒီဟာနဲ႔ လက္​ညႇိဳးတထိုးထိုးနဲ႔ကို
႐ွင္​းျပ၏။က်​ေတာ္​က ျမင္​သမ်ွလိုက္​မွတ္​​ေန
​ေသာ္​လည္​း လူကြဲကာ​ေပ်ာက္​မည္​ဆိုးသျဖင္​့
႐ွက္​​ေပမယ္​့လည္​း ခ်န္​း လက္​ကို မလႊတ္​ရဲ။ပုခံုး
ဖက္​ထားမယ္​ဆို​ေတာ့လည္​း သူအရပ္​ပုလို႔
လာ​ေၾကာတာလားဆိုၿပီး ရန္​​ေထာင္​ထား​ေသာ
အႏွီ​ေမာင္​ခ်န္​း​ေၾကာင္​့ လက္​​ေတြ​ေခြၽး​ေစးျပန္​​ေန
တာ​ေတာင္​ မလႊတ္​ျဖစ္​ခဲ့။က်​ေတာ္​ဘယ္​​ေလာက္​
ဟန္​႔​ကိုယ္​ဖို႔ပါ​ေစ ခ်န္​းကရိပ္​မိစြာ...

"မင္​းကို ဒီ​ေနရာမွာထားခဲ့ရင္​ မင္​းဘာလုပ္​မလဲ"
ဟူ၍ မၾကာခဏစတတ္​​ေသး၏။

ဘာမွလည္​းမဝယ္​ပဲနဲ႔  ဓာတ္​​ေလွကား စက္​​ေလွကား ၂ခုလံုးစီးကာပတ္​ရင္​း​ေနာက္​ဆံုး​ေမာ
သြားမွ TVမွာ​ေၾကာ္​ျငာ​ေသာ MY MILK
ဆိုတဲ့ဆိုင္​ထဲဝင္​​ေတာ္​မူ​ေလ၏။
TVထဲ​ေတာင္​​ေၾကာ္​ျငာထား​ေသာဆိုင္​ျဖစ္​၍ပိုက္​
ဆံမ​ေလာက္​မွာ ​ေတြးပူ​ေန​ေသာ က်​ေတာ္​့အား
ႏိုး​ေအးတစ္​ခြက္​ဝယ္​တိုက္​၏။
ၿပီး​ေတာ့​ေျပာ​ေသးတယ္။

"​ေသာက္​ဖူးတယ္​႐ွိ​ေအာင္​​ေသာက္​ထား။မင္​းတို႔
ဆီမွာ မ႐ွိ​ေသးဘူးမလား"

ႏို႔​ေအးတို႔အား ႁပြတ္​ခနဲျမည္​​ေအာင္​ တစ္​ခ်က္​စုပ္​
​ေသာက္​ရင္​း မ်က္​ႏွာပင္​့ႏွင္​့​ေျပာ​ေလ၏။
မလိုင္​ခဲ​ေန​ေသာ ျခံထြက္​ႏြားႏို႔စစ္​စစ္​ကို မနက္​
တိုင္​း​ေသာက္​ခဲ့ရ​ေၾကာင္​းက်​ေတာ္​မ​ေျပာျပျဖစ္​
​ေတာ့။

ေနာက္ေပါင္မုန္႔ကို အႏွစ္ေတြဆမ္းထားေတြစား
ခ်င္တယ္ေျပာလို႔ ဝယ္ေကြ်းျဖစ္ေသး၏။လက္ထဲ
က ဆိတ္သားမုန္႔ထုပ္ကိုေတာ့ ေန႔ဖို႔ညစာခ်န္ထား
၍ ေတာ္ေသးသည္ေျပာရမည္။လူပိန္သေလာက္
ေတာ္ေတာ္လည္းစားႏိုင္တဲ့ေကာင္

"Asia Lightသြားရ​ေအာင္​"

​ခ်န္းသေဝထိုးခ်က္ကို္​ လက္လန္ေနျပီ။တ​ေတာက္​​ေတာက္​နဲ႔ သြား​ေနတာ။ခုထိလည္​းမ​ေမာ​ေသးဘူး။
စက္​ဘီးစီး​ေနက်ျဖစ္​တဲ့ ​ေျမမနင္​းသားက်​ေတာ္​
ႀကာေတာ့မခံႏိုင္​။ပလာဇာပတ္​ရံုျဖင္​့ပင္​ ​ေျခ​ေထာက္​​ေတြ​ေညာင္​းကိုက္​​ေနၿပီကို

"​ေဝးလား"

"တစ္​မွတ္​တိုင္​​ေလာက္​ပဲ အဟီး"

""စက္ဘီး မယူလာခဲ့မိတာ ေနာင္တအရဆံုးပဲ""

""ဘာလဲ ေညာင္းေနတာလား??မင္းကေယာက်ာ္းျဖစ္ျပီး...အဟက္""

ဟူးးးမတတ္ႏိုင္။စေနေန႔ မင္းႀကိဳက္တာစားငါဝယ္
ေကြ်းမယ္လို႔ ေျပာမိတဲ့ က်ေတာ္ကိုက မွားတာ
သူေျပာတဲ့ Asia Lightဆိုတာ ပလာဇာေလာက္ရွိမယ္ထင္တာ။မဟုတ္ဘူးဗ်
Air conေလနဲ႔ ေအးေအးေဆးေဆးေလး။
မိုက္သား။

""ငါဒီလာခ်င္တာ ႀကာျပီ။မား ကလိုက္မပို႔လို႔။
လာ...စာေရးကိရိယာဖက္ျခမ္း သြားရေအာင္""

စာေရးကိရိယာအသစ္အဆန္းမ်ားကို သေဘာတက်ႀကည့္ေနေသာ ခ်န္းသည္ က်ေတာ့္
ကိုေမ့ေလ်ာ့ေနဟန္။က်ေတာ္လည္း သူႀကည့္
တာေတြလိုက္ႀကည့္ေနရသည္။သူ႔ထားခဲ့ျပီးတျခားလည္းေလွ်ာက္မႀကည့္ရဲ။သူ...က်ေတာ့္ကို ထားခဲ့မွာေႀကာက္တယ္။

""ဝါးးးး ဒီစာအုပ္ ငါလိုခ်င္ေနတာ...""

Harry Potter ေဆးေရာင္ျခယ္စာအုပ္ကို
သေဘာတက်ႀကည့္ေနေသာ ခ်န္းသည္ အေနာက္တြင္ကပ္ထားေသာ ေစ်းႏႈန္းကိုေတြ႔
ေတာ့ ႏႈတ္ခမ္းဆူကာ...

""ေစ်းႀကီးလိုက္တာ""ဟူ၍မတိုးမက်ယ္ေျပာ
လ်က္ျပန္ခ်၏။ခ်န္းလိုခ်င္ေနတာသိေတာ့က်ေတာ္ဝယ္ေပးခ်င္
လာသည္။

""ဘယ္ေလာက္တဲ့လဲ ခ်န္း""

""၁၂၀၀ေတာင္...""

အိတ္ကပ္ထဲမသိမသာ ဟႀကည့္ေတာ့၁၅၀၀
က်န္ေနေသး၏။မနက္ျဖန္ ေဖေဖျပန္မွာမို႔ ေမေမ
ေလးဆီက မုန္႔ဖိုးရမရမေသခ်ာ။သို႔ေပမယ့္
စာအုပ္အား မ်က္မွန္ဝိုင္းႀကီးမ်ားေအာက္မွေန၍
မက္မက္ေမာေမာႀကည့္ေနေသာ ခ်န္းမ်က္လံုးတို႔
ကိ္ုျမင္လိုက္ရခ်ိန္က်ေတာ့္၏ခ်ီတံုခ်တံုျဖစ္ေနေသာ
စိတ္သည္ထူးဆန္းစြာႀကက္ေပ်ာက္ငွက္ေပ်ာက္။

""လိုခ်င္ယူလိုက္ ခ်န္း။ငါဝယ္ေပးမယ္""

""ဟာ မလိုခ်င္ပါဘူး။မင္းဒီေန႔ ဝယ္ေကြ်းတာ
ေတြမ်ားေနျပီ။ငါ Harry potterကို
ေတာ့တကယ္ႀကိဳက္တာကြ။သိလား??""

သူေျပာတဲ့ Harry Potterဆိုတာကို က်ေတာ္
တစ္ေခါက္ႀကည့္ဖူးတယ္။ခ်န္းက အဲ့လိုထူးထူး
ဆန္းဆန္းေတြႀကိဳက္တာလား??က်ေတာ္နဲ႔မတူ
လိုက္တာ က်ေတာ္က ဂ်က္ကီခ်န္းပဲႀကိဳက္တာ

""မင္းနဲ႔ တူတယ္။မ်က္မွန္ဝိုင္းႀကီးနဲ႔...""

""ေအး ဟုတ္တယ္ အဟီးးး""

သြားတန္းအျပည့္ေပၚေအာင္ ရယ္လ်က္အေက်
နပ္ႀကီး ေက်နပ္ေနေတာ့၏။ေနပါေစ မ်က္မွန္ပဲ
တူတာကိုေတာ့ ထပ္မေျပာျဖစ္ေတာ့။

တစ္လမ္းလံုး စာအုပ္ကို လွန္ႀကည့္လိုက္။စာအုပ္
အဖံုးကို လက္နဲ႔ပြတ္ႀကည့္လိုက္နဲ႔ သေဘာေတာ္
ေတာ္က်ေနတာပဲ

""ႀသ ဒါနဲ႔ ငါတို႔ ေလွ်ာက္လည္တဲ့ ကိစၥ ဟိုေကာင္ ေကာင္းဆက္စံကို မေျပာနဲ႔ေနာ္။""

""အင္းပါ။သူငယ္ခ်င္းသံုးေယာက္ရွိတာ သူ႔မေခၚ
ပဲ ငါတို႔ခ်ဥ္းလည္တာ သိရင္ သူလည္းဘယ္စိတ္
ေကာင္းမလဲ??""

""မင္းက လူႀကီးဒီဇိုင္းသိပ္ကိုဖမ္းလြန္းတယ္""

""မဟုတ္ပါဘူး ခ်န္းရာ။ငါက ဒီအတုိင္းေျပာျပ
တာ။သူနဲ႔ ငါက အရင္ခင္တာေလ။ေနာက္မွ
မင္းနဲ႔ ခင္သြားျပီး ခုလိုမင္းနဲ႔ပဲေလွ်ာက္သြားတာ
သိေတာ့စိတ္မေကာင္းျဖစ္မွာေပါ့""

"" စိတ္မေကာင္းလည္း မတတ္ႏိုင္ဘူး
ေဟ့ေကာင္။သူက မင္းကို ဘာလုပ္ေပးလဲေျပာ...ငါ့ေလာက္ မင္းအေရး သူစိတ္ဝင္စားလား??သူ႔
အေမႀကီးကို တုန္ေနေအာင္ေႀကာက္ေနရတာနဲ႔
မင္းကို ထမင္းတကူးတက ထည့္လာေပးလား??
ငါကသာ မင္းေႀကာင့္သက္သက္လြတ္
္ေန႔တိုင္းစားေပးေနရတာ...စာရွင္းျပတာလည္း
ဘယ္ေလာက္ပင္ပန္းတယ္ထင္လဲ??""

""ေတာ္ပါျပီ ခ်န္းရာ ငါသိပါတယ္။ေမာရတဲ့အထဲ"

""ေသာက္ရူးေကာင္ ရွင္းျပေနရတဲ့ငါ့ေလာက္ပဲ
ေမာမလား""

ဗုန္းးးး

ေက်ာေတာင္ေကာ့တယ္။အသံဘယ္ေလာက္
က်ယ္လဲဆို ေဘးနားက ျဖတ္သြားတဲ့အန္တီႀကီး
ေတြေတာင္ျပဴးႀကည့္ရတယ္။

""ဟီးးးနာသြားလား ငပိုင္""

စပ္ျဖီးျဖီးနဲ႔ ေက်ာကိုျပန္သပ္ေပးေနေတာ့ စိတ္တို
တိုနဲ႔ ျပန္ေအာ္မယ့္ စကားေတာင္ဘယ္ေရာက္
သြားမွန္းမသိ။

စိတ္ညစ္ညစ္နဲ႔ ေခါင္းေတြသာ တျဖင္းျဖင္းျမည္
ေအာင္ကုတ္လိုက္ေတာ့သည္။
လမ္းေလွ်ာက္ရလို႔ ေမာတာတစ္မ်ိဳး ေျခေထာက္ေညာင္းတာအျပင္ ေက်ာေကာ့ေအာင္ပင္အထုခံလိုက္ရေတာ့
သူ႔လက္လည္းမဆြဲေတာ့ပဲခပ္တည္တည္နဲ႔ ေလွ်ာက္ေတာ့မွ က်ေတာ့္ပုခံုးကို မမွီမကမ္းနဲ႔
လွမ္းဖက္ရင္း သူ႔သြားမညီမညာေတြေပၚေအာင္
တဟီးဟီးနဲ႔ ရယ္ျပေနေသး၏။

သိပ္အႏိုင္က်င့္လြန္းတဲ့ ခ်န္းကို မေတြ႔ရေတာ့ပဲ
မႏၱေလးမွာ အရင္လိုလူတကာရွိန္ရတဲ့ ပိုင္သုတ
အျဖစ္ျပန္ေနရ ရင္ ပ်င္းစရာေတာ့ေကာင္းေန
မလားေလ??

ပလာဇာေနာက္ဖက္လမ္းတစ္ေလွ်ာက္ ေခါင္း
ႀကီးငိုက္စိုက္နဲ႔ အေတြးပြါးေနေသာေကာင္ေလး
အား
စိတ္ဆိုးသြားလို႔ စကားမေျပာေတာ့တာလားဟူ
ေသာအေတြးနဲ႔  မမွီမကမ္းကို ေျခဖ်ားေထာက္
ကာ ပုခံုးအတင္းလိုက္ဖက္ရင္း တဟီးဟီးရယ္ျပ
ကာ မ်က္ႏွာခ်ိဳျပန္ေသြးေနေသာေကာင္ေလးရယ္
ေႀကာင့္ျမိဳ႕ျပညေနခ်မ္းေလးက တစ္မ်ိဳးေလးလွ
ေနေတာ့၏

Thank You All

(Unicode)

/

/

/

ချန်းဖိနပ်ကို အခန်းနောက်ရှိအမှိုက်ပုံးထဲမှပြန်
တွေ့၏။ဒါတောင် အသင်းအလှည့်ကျတဲ့ နှစ်ကောင်က မနက်ခင်း အမှိုက်ပုံးသွားသွန်မှ
သူ့ဖိနပ်ကြီး ပုံးထဲကထွက်ကျလာတာကိုတွေ့တာ

""ဖိနပ်ပြန်ရပြီဆိုတော့ ပိုင်ဝယ်ပေးထားတဲ့
ဖိနပ်အသစ်ကနှမြောစရာကြီး""

Scollဖိနပ်သစ်နှစ်ရံနဲ့ အကြပ်ရိုက်နေသောချန်း
သည် ကောင်းဆက်စံကိုပြန်ပြောသလိုနဲ့ ကျတော့်
အား ဒဲ့ကြီးဖဲ့၏

""အဲ့သောက်ရူးကောင်က ဘာမပြောညာမပြော
နဲ့ ဝယ်ချလာတာကို...ခုတော့ ပိုက်ဆံကကုန်ပြီ""

သို့ပေမယ့် ချန်းအား စိတ်ဆိုးဖို့ပင် မေ့လောက်
သည်အထိ ချန်းအပြောဆိုးဆိုးတို့အား နားယဉ်
နေပြီ

""ရပါတယ် ချန်းရ။ငါဝယ်ပေးတဲ့ ဖိနပ်ကိုသိမ်း
ထားပေါ့...မင်းဖိနပ်ပျက်တော့ ငါ့ဟာထုတ်စီးပေါ့"

""Scollဆိုတာပျက်လေ့မရှိဘူးကွ။ငါဆိုမနှစ်
မိုးတွင်းက ဝယ်ထားတဲ့ဟာ ခုထိရှိတုန်း။စုတ်လို့
သာမစီးတော့တာ...""

ကောင်းဆက်စံသည် သူ့ဝစီအတိုင်းအေးအေး
သက်သာရှင်းပြသော်လည်း ကျတော့်ဆိုအကောင်းပြောလေ့မရှိသော ချန်း
ကတော့...

""မစီးဖူးတာ သိသာတယ်...""ဟူသောစကား
အား မတိုးမကျယ်နဲ့ ကျတော်ကြားအောင်ပြော၏

အရင်ကဆို ဘာပြောတာလဲကွ ဟူ၍ ထထပ်ထိုး
မိမည် ဖြစ်သော်လည်း ခုခါတွင်တော့...ချန်း
စကားပြောပုံကို ကြည့်ပြီး ရယ်စရာမကောင်းပါပဲ
တဟီးဟီးနဲ့ ရယ်နေဖြစ်သည်။ချန်းအဲ့လို မတိုး
မကျယ် ပွစိပွစိပြောနေရင် ကြီးမေနဲ့တူတယ် ဟိ

ကျတော်တဟီးဟီးရယ်နေသည်ကို ကြည့်ပြီး

""ဝမ်းတွင်းရူးကောင်"" ဟုဆူပွပွနဲ့ ထပ်ပြောပြန်
သည်။

ဒီပုံစံကလည်း ရယ်ရတာပဲ။ချန်းက စလို့ကောင်း
တယ်။ခါတလေ သူစိတ်ဆိုးနေတာကိုက တစ်မျိုး
လေးပဲ...ဘာလဲတော့ ကျတော်လည်းမသိဘူး
ကျတော့်မန်းလေးက သူငယ်ချင်းကောင်တွေစိတ်
ဆိုးတာနဲ့ မတူဘူး။တကယ်တစ်မျိုးပဲ...
ဖေဖေပြန်လာသဖြင့် မုန့်ဖိုးတွေပေါနေသော
ကျတော်သည် စနေနေ့တွင် ချန်းကြိုက်သည်ဆို
သော ကူဖီးလ်မလိုင်အား ဝယ်ကျွေးဖြစ်သည်။
မအူးကုန်းလမ်းကျယ်သို့ချန်းနဲ့အတူ ပထမဆုံးအကြိမ်ရောက်လာရခြင်းတွင်
ချန်း၏ လက်ကိုကျစ်ကျစ်ပါအောင်ကိုင်ထားရခြင်း
ဖြင့် ကျတော်ဟာခုမှရန်ကုန်ရောက်ဖူးသူမှန်းသိ
သာစေသည်။
ဘီးလုံးတွေသာပေါများသော ကျတော်တို့မန္တလေး
နဲ့ ခြားနားစွာ Busကားကြီးများသည်လည်း
တဝူးဝူးနဲ့။ဝန်မခံချင်ပေမယ့် ကားရှုပ်လှသော
ရန်ကုန်လမ်းတွေပေါ် ကျတော်ကားလမ်းမကူးရဲ
ဒီနေရာမှာတော့ ၅နှစ်သားလောက်တည်းကရန်ကုန်ရောက်နေသော ရှမ်း-ဗမာကပြားလေး
မောင်ချန်းကတော့ ဆရာကျတယ်။ကျတော့်လက်
ကိုကိုင်ပြီး "ဟေ့ကောင်ကူးကူး"ဆိုပြီးကားလမ်း
ကူးတာများ လှစ်ခနဲလှစ်ခနဲပဲ။
သူစားချင်တဲ့ ကူဖီးလ်မလိုင်ဆိုတာကလည်း
သူကြိုက်လောက်စရာပါ။ချိုချိုအေးအေးနဲ့ မလိုင်
နံကလည်းမွှေးသေး။ဈေးကလည်းကြီးတယ်။
သေးသေးလေးကိုတောင် ၇၀၀တဲ့။ဒါကိုချန်းက
ထပ်စားချင်နေတာ ကျတော့်ကိုအားနာလို့ ၂ခုနဲ့
ရပ်လိုက်တယ် ဆိုပဲ။
ကျောင်းတက်ရက်တွေအတွင်း ကျစ်ကျစ်ပါအောင်စုထားတဲ့ ပိုက်ဆံ၅ထောင်ကို အိတ်ကပ်
ထဲထည့်ကာ ချန်း စားချင်တာတွေလိုက်ဝယ်ကျွေး
ရတာ ပျော်ဖို့တော့ကောင်းတယ်။ချန်းကြိုက်တဲ့
ဆိတ်သားမုန့်ဆိုင်နေရာကိုလည်းသေချာမှတ်ထားလိုက်တယ်။နောင်တစ်ခါလာဝယ်လို့ရအောင်
နေ့တိုင်းချန်းထည့်လာပေးတဲ့ထမင်းချိုင့်ကိုကပ်
စားနေရတာ ချန်းကိုအခုလို သူစားချင်တာတွေ
ဝယ်ကျွေးခွင့်ရခြင်းအတွက် ကုန်တယ်ပိုတယ်
ဟူ၍ ကျတောိ့စိတ်ထဲအလျင်းရှိမနေ။ချန်းစားချင်
တာတွေအကုန်ဝယ်ကျွေးနိုင်ဖို့ ပိုက်ဆံမလောက်
မှာသာစိုးတာ...
ချန်းခေါ်သွားလို့ ယုဇနပလာဇာဆိုတာကြီးထဲဝင်
ကြည့်ဖြစ်သည်။အပေါက်ပေါင်းများစွာ--ဆိုင်ခန်း
ပေါင်းများစွာကြားထဲ ချန်းတစ်ယောက်ကလည်
လည်ဝယ်ဝယ်ရှိလှသည်။
မန္တလေးဈေးချိုကိုတောင် သေချာမပတ်ဖူးတဲ့
ကျတော့်အတွက် ဒီပလာဇာက ဝင်္ကပါလိုပဲ။အရာ
ရာတိုင်းကလည်ဆန်းသစ်နေသည်။ချန်းသည်
လည်း ဟိုဟာဒီဟာနဲ့ လက်ညှိုးတထိုးထိုးနဲ့ကို
ရှင်းပြ၏။ကျတော်က မြင်သမျှလိုက်မှတ်နေ
သော်လည်း လူကွဲကာပျောက်မည်ဆိုးသဖြင့်
ရှက်ပေမယ့်လည်း ချန်း လက်ကို မလွှတ်ရဲ။ပုခုံး
ဖက်ထားမယ်ဆိုတော့လည်း သူအရပ်ပုလို့
လာကြောတာလားဆိုပြီး ရန်ထောင်ထားသော
အနှီမောင်ချန်းကြောင့် လက်တွေချွေးစေးပြန်နေ
တာတောင် မလွှတ်ဖြစ်ခဲ့။ကျတော်ဘယ်လောက်
ဟန့်ကိုယ်ဖို့ပါစေ ချန်းကရိပ်မိစွာ...

"မင်းကို ဒီနေရာမှာထားခဲ့ရင် မင်းဘာလုပ်မလဲ"
ဟူ၍ မကြာခဏစတတ်သေး၏။

ဘာမှလည်းမဝယ်ပဲနဲ့ ဓာတ်လှေကား စက်လှေကား ၂ခုလုံးစီးကာပတ်ရင်းနောက်ဆုံးမော
သွားမှ TVမှာကြော်ငြာသော MY MILK
ဆိုတဲ့ဆိုင်ထဲဝင်တော်မူလေ၏။
TVထဲတောင်ကြော်ငြာထားသောဆိုင်ဖြစ်၍ပိုက်
ဆံမလောက်မှာ တွေးပူနေသော ကျတော့်အား
နိုးအေးတစ်ခွက်ဝယ်တိုက်၏။
ပြီးတော့ပြောသေးတယ်။

"သောက်ဖူးတယ်ရှိအောင်သောက်ထား။မင်းတို့
ဆီမှာ မရှိသေးဘူးမလား"

နို့အေးတို့အား ပြွတ်ခနဲမြည်အောင် တစ်ချက်စုပ်
သောက်ရင်း မျက်နှာပင့်နှင့်ပြောလေ၏။
မလိုင်ခဲနေသော ခြံထွက်နွားနို့စစ်စစ်ကို မနက်
တိုင်းသောက်ခဲ့ရကြောင်းကျတော်မပြောပြဖြစ်
တော့။

နောက်ပေါင်မုန့်ကို အနှစ်တွေဆမ်းထားတွေစား
ချင်တယ်ပြောလို့ ဝယ်ကျွေးဖြစ်သေး၏။လက်ထဲ
က ဆိတ်သားမုန့်ထုပ်ကိုတော့ နေ့ဖို့ညစာချန်ထား
၍ တော်သေးသည်ပြောရမည်။လူပိန်သလောက်
တော်တော်လည်းစားနိုင်တဲ့ကောင်

"Asia Lightသွားရအောင်"

ချန်းသဝေထိုးချက်ကို လက်လန်နေပြီ။တတောက်တောက်နဲ့ သွားနေတာ။ခုထိလည်းမမောသေးဘူး။
စက်ဘီးစီးနေကျဖြစ်တဲ့ မြေမနင်းသားကျတော်
ကြာတော့မခံနိုင်။ပလာဇာပတ်ရုံဖြင့်ပင် ခြေထောက်တွေညောင်းကိုက်နေပြီကို

"ဝေးလား"

"တစ်မှတ်တိုင်လောက်ပဲ အဟီး"

""စက်ဘီး မယူလာခဲ့မိတာ နောင်တအရဆုံးပဲ""

""ဘာလဲ ညောင်းနေတာလား??မင်းကယောကျာ်းဖြစ်ပြီး...အဟက်""

ဟူးးးမတတ်နိုင်။စနေနေ့ မင်းကြိုက်တာစားငါဝယ်
ကျွေးမယ်လို့ ပြောမိတဲ့ ကျတော်ကိုက မှားတာ
သူပြောတဲ့ Asia Lightဆိုတာ ပလာဇာလောက်ရှိမယ်ထင်တာ။မဟုတ်ဘူးဗျ
Air conလေနဲ့ အေးအေးဆေးဆေးလေး။
မိုက်သား။

""ငါဒီလာချင်တာ ကြာပြီ။မား ကလိုက်မပို့လို့။
လာ...စာရေးကိရိယာဖက်ခြမ်း သွားရအောင်""

စာရေးကိရိယာအသစ်အဆန်းများကို သဘောတကျကြည့်နေသော ချန်းသည် ကျတော့်
ကိုမေ့လျော့နေဟန်။ကျတော်လည်း သူကြည့်
တာတွေလိုက်ကြည့်နေရသည်။သူ့ထားခဲ့ပြီးတခြားလည်းလျှောက်မကြည့်ရဲ။သူ...ကျတော့်ကို ထားခဲ့မှာကြောက်တယ်။

""ဝါးးးး ဒီစာအုပ် ငါလိုချင်နေတာ...""

Harry Potter ဆေးရောင်ခြယ်စာအုပ်ကို
သဘောတကျကြည့်နေသော ချန်းသည် အနောက်တွင်ကပ်ထားသော ဈေးနှုန်းကိုတွေ့
တော့ နှုတ်ခမ်းဆူကာ...

""ဈေးကြီးလိုက်တာ""ဟူ၍မတိုးမကျယ်ပြော
လျက်ပြန်ချ၏။ချန်းလိုချင်နေတာသိတော့ကျတော်ဝယ်ပေးချင်
လာသည်။

""ဘယ်လောက်တဲ့လဲ ချန်း""

""၁၂၀၀တောင်...""

အိတ်ကပ်ထဲမသိမသာ ဟကြည့်တော့၁၅၀၀
ကျန်နေသေး၏။မနက်ဖြန် ဖေဖေပြန်မှာမို့ မေမေ
လေးဆီက မုန့်ဖိုးရမရမသေချာ။သို့ပေမယ့်
စာအုပ်အား မျက်မှန်ဝိုင်းကြီးများအောက်မှနေ၍
မက်မက်မောမောကြည့်နေသော ချန်းမျက်လုံးတို့
ကိုမြင်လိုက်ရချိန်ကျတော့်၏ချီတုံချတုံဖြစ်နေသော
စိတ်သည်ထူးဆန်းစွာကြက်ပျောက်ငှက်ပျောက်။

""လိုချင်ယူလိုက် ချန်း။ငါဝယ်ပေးမယ်""

""ဟာ မလိုချင်ပါဘူး။မင်းဒီနေ့ ဝယ်ကျွေးတာ
တွေများနေပြီ။ငါ Harry potterကို
တော့တကယ်ကြိုက်တာကွ။သိလား??""

သူပြောတဲ့ Harry Potterဆိုတာကို ကျတော်
တစ်ခေါက်ကြည့်ဖူးတယ်။ချန်းက အဲ့လိုထူးထူး
ဆန်းဆန်းတွေကြိုက်တာလား??ကျတော်နဲ့မတူ
လိုက်တာ ကျတော်က ဂျက်ကီချန်းပဲကြိုက်တာ

""မင်းနဲ့ တူတယ်။မျက်မှန်ဝိုင်းကြီးနဲ့...""

""အေး ဟုတ်တယ် အဟီးးး""

သွားတန်းအပြည့်ပေါ်အောင် ရယ်လျက်အကျေ
နပ်ကြီး ကျေနပ်နေတော့၏။နေပါစေ မျက်မှန်ပဲ
တူတာကိုတော့ ထပ်မပြောဖြစ်တော့။

တစ်လမ်းလုံး စာအုပ်ကို လှန်ကြည့်လိုက်။စာအုပ်
အဖုံးကို လက်နဲ့ပွတ်ကြည့်လိုက်နဲ့ သဘောတော်
တော်ကျနေတာပဲ

""သြ ဒါနဲ့ ငါတို့ လျှောက်လည်တဲ့ ကိစ္စ ဟိုကောင် ကောင်းဆက်စံကို မပြောနဲ့နော်။""

""အင်းပါ။သူငယ်ချင်းသုံးယောက်ရှိတာ သူ့မခေါ်
ပဲ ငါတို့ချဉ်းလည်တာ သိရင် သူလည်းဘယ်စိတ်
ကောင်းမလဲ??""

""မင်းက လူကြီးဒီဇိုင်းသိပ်ကိုဖမ်းလွန်းတယ်""

""မဟုတ်ပါဘူး ချန်းရာ။ငါက ဒီအတိုင်းပြောပြ
တာ။သူနဲ့ ငါက အရင်ခင်တာလေ။နောက်မှ
မင်းနဲ့ ခင်သွားပြီး ခုလိုမင်းနဲ့ပဲလျှောက်သွားတာ
သိတော့စိတ်မကောင်းဖြစ်မှာပေါ့""

"" စိတ်မကောင်းလည်း မတတ်နိုင်ဘူး
ဟေ့ကောင်။သူက မင်းကို ဘာလုပ်ပေးလဲပြော...ငါ့လောက် မင်းအရေး သူစိတ်ဝင်စားလား??သူ့
အမေကြီးကို တုန်နေအောင်ကြောက်နေရတာနဲ့
မင်းကို ထမင်းတကူးတက ထည့်လာပေးလား??
ငါကသာ မင်းကြောင့်သက်သက်လွတ်
်နေ့တိုင်းစားပေးနေရတာ...စာရှင်းပြတာလည်း
ဘယ်လောက်ပင်ပန်းတယ်ထင်လဲ??""

""တော်ပါပြီ ချန်းရာ ငါသိပါတယ်။မောရတဲ့အထဲ"

""သောက်ရူးကောင် ရှင်းပြနေရတဲ့ငါ့လောက်ပဲ
မောမလား""

ဗုန်းးးး

ကျောတောင်ကော့တယ်။အသံဘယ်လောက်
ကျယ်လဲဆို ဘေးနားက ဖြတ်သွားတဲ့အန်တီကြီး
တွေတောင်ပြူးကြည့်ရတယ်။

""ဟီးးးနာသွားလား ငပိုင်""

စပ်ဖြီးဖြီးနဲ့ ကျောကိုပြန်သပ်ပေးနေတော့ စိတ်တို
တိုနဲ့ ပြန်အော်မယ့် စကားတောင်ဘယ်ရောက်
သွားမှန်းမသိ။

စိတ်ညစ်ညစ်နဲ့ ခေါင်းတွေသာ တဖြင်းဖြင်းမြည်
အောင်ကုတ်လိုက်တော့သည်။
လမ်းလျှောက်ရလို့ မောတာတစ်မျိုး ခြေထောက်ညောင်းတာအပြင် ကျောကော့အောင်ပင်အထုခံလိုက်ရတော့
သူ့လက်လည်းမဆွဲတော့ပဲခပ်တည်တည်နဲ့ လျှောက်တော့မှ ကျတော့်ပုခုံးကို မမှီမကမ်းနဲ့
လှမ်းဖက်ရင်း သူ့သွားမညီမညာတွေပေါ်အောင်
တဟီးဟီးနဲ့ ရယ်ပြနေသေး၏။

သိပ်အနိုင်ကျင့်လွန်းတဲ့ ချန်းကို မတွေ့ရတော့ပဲ
မန္တလေးမှာ အရင်လိုလူတကာရှိန်ရတဲ့ ပိုင်သုတ
အဖြစ်ပြန်နေရ ရင် ပျင်းစရာတော့ကောင်းနေ
မလားလေ??

ပလာဇာနောက်ဖက်လမ်းတစ်လျှောက် ခေါင်း
ကြီးငိုက်စိုက်နဲ့ အတွေးပွါးနေသောကောင်လေး
အား
စိတ်ဆိုးသွားလို့ စကားမပြောတော့တာလားဟူ
သောအတွေးနဲ့ မမှီမကမ်းကို ခြေဖျားထောက်
ကာ ပုခုံးအတင်းလိုက်ဖက်ရင်း တဟီးဟီးရယ်ပြ
ကာ မျက်နှာချိုပြန်သွေးနေသောကောင်လေးရယ်
ကြောင့်မြို့ပြညနေချမ်းလေးက တစ်မျိုးလေးလှ
နေတော့၏

Thank You All

Bạn đang đọc truyện trên: ZingTruyen.Xyz