ZingTruyen.Xyz

Dear, Relationship

Chapter (15)

Minileilei69



" Shoot! "

အခြားတစ်ဖက်ဂိုးတိုင်ကနေအချက်ပြပြီး မြှောက်ပစ်လိုက်တဲ့ ဘတ်စကတ်ဘောလုံးကို Merv ဟာကျွမ်းကျင်စွာ အရှိန်သတ်ဖမ်းယူလိုက်သည်။ ပြိုင်ဘက်အသင်းသားရှေ့မှာ ဘယ်ညာဝှေ့ဝှိုက်ကာဘောလုံးကိုတစ်ချက်နှစ်ချက်ပုတ်ပြီးတာနဲ့ အငိုက်မှာလစ်ထွက်သည်။ နောက်ထပ်တစ်ခါ ဂိုးပေါက်တိုင်ကိုအားနဲ့ကိုင်ကာ ဘောလုံးကိုအားနဲ့ပဲဆောင့်ထည့်ပစ်ချလိုက်သည်။

သောက်ရမ်းလန်းသည်။ သောက်ရမ်းရဲ့အမေပါလန်းသည်။

အပျော်တမ်းကစားသမားလေးတွေဖြစ်တာကြောင့် တစ်ခါဂိုးတိုင်း ပရိသတ်ရဲ့လက်ခုပ်လက်ဝါးသံတွေမရှိပေမဲ့လို့ ကစားသူအချင်းချင်းတော့ အားပေးကြသည်။ ကျွန်တော်က သံဇကာတိုင်ကြီးကိုသာ တဗန်းဗန်းနဲ့ရိုက်ပြီးအားပေးနေရသည်။

Merv ဟာမေပယ်ရွက်ခြောက်ရောင်အနွေးထည်ပါးလေးကို မြင်နေကြအစင်းကြောင်းနှစ်ခုပါသည့် အမည်းရောင်အားကစားဘောင်းဘီနဲ့တွဲဖက်ဝတ်ထားသည်။ စာအုပ်တွေဖတ်တဲ့အခါ ကျွန်တော်တို့ နှလုံးသားရေးရာဆုံဆည်းရမဲ့သူတွေဟာ မျက်လုံးထဲထင်းခနဲလင်းခနဲ ဖြစ်နိုင်တဲ့ ဝတ်စားဆင်ယင်မှုတွေရှိကြမယ်လို့ ယုံကြည်ခဲ့ဖူးသည်။ နောက်ဆုံးမှာ စာအုပ်တွေကစာအုပ်တွေပါပဲ၊ ရုပ်ရှင်တွေက ရုပ်ရှင်တွေပါပဲလို့ ကျွန်တော်တို့ သက်ပြင်းချကြမယ်။

ကစားပွဲပြီးလို့ လွယ်အိတ်လေးသိုင်းလွယ်ကာလက်ပြရင်း ကျွန်တော့်ဆီ Merv ပြေးလာသည်။

" Cyril ! မင်းအိပ်ရာနိုးတယ်ပေါ့ "

" နှိုးစက်ကိုဆယ့်ခြောက်ခေါက်လောက် ပေးထားတာ "

ဆောင်းတွင်းမနက်ခင်းဟာ ခုန်ပေါက်ပြီးအားကစားလုပ်နေတဲ့ Merv အတွက်အနွေးထည်ပါးလေးနဲ့ အိုကေစိုပြေပေမဲ့ ကျွန်တော်ကတော့ ကုတ်အရှည်ကြီးအပြင် မာဖလာတွေရော လက်အိတ်တွေနဲ့ပါ ရှုပ်ယှက်ခတ်နေသည်။

" ငါ ကော်ဖီဖျော်လာတယ် "

ကျွန်တော်အိမ်ကသယ်လာတဲ့အပူခံဘူးထဲက ကော်ဖီကိုခွက်ထဲငှဲ့ထည့်ပြီး Merv ကိုပေးလိုက်သည်။ သူ့ဖုန်းပျက်နေတဲ့အတွက် ကျွန်တော်တို့မေးလ်တွေလဲပြီး အဆက်အသွယ်လုပ်ဖြစ်ကြသည်။ နောက်ဆုံးရသတင်းအရ အဂါၤနေ့မနက်ခင်းတွေ သူဘတ်စကတ်ဘောကစားတတ်ပြီး ဘယ်မှာကစားတယ်မပြောတော့ ကျွန်တော့်ဘာသာနေရာရှာပြီး လိုက်ရသည်။

" ကျေး— "

အငွေ့တထောင်းထောင်းနဲ့ကော်ဖီကို မှုတ်ရင်း သူပြောလတ်စ စကားလုံးကို ဆက်မပြောဘဲ ကျွန်တော့်ကို မျက်ခုံးပင့်ကြည့်သည်။ ကျွန်တော် အရဲစွန့်ပြီး "မွ" ခနဲသူ့နဖူးကိုလျှပ်တစ်ပြက်နမ်းလိုက်သည်။

ပြီးမှဘေးမှာဖြတ်သွားဖြတ်လာတွေရှိနေမလား ကုပ်ချောင်းချောင်းနဲ့ပြန်ကြည့်ရသည်။ Merv နဲ့အတူကစားဖက်တွေက ကျွန်တော်တို့ဘက်ကိုကျောပေးပြီး တခြားဘက်ကိုလမ်းလျှောက်သွားနေကြပြီး ကျွန်တော်တို့ရပ်နေသည့် သံဇကာနားမှာလည်းဘယ်သူမှလမ်းလာမလျှောက်နေ။ ခွေးတစ်ကောင်တောင်မရှိတဲ့အတွက် စိတ်ချသွားရသည်။

" ဘာလို့လဲ လူမြင်မှာစိုးလို့လား? "

ကျွန်တော်မလုံမလဲဖြစ်နေတာကို ရိပ်မိသွားပုံပေါ်သည်။

" ငါ့ဘာငါတောင် ဘာကိုစိုးရိမ်နေလဲ မသိဘူး "

ကျွန်တော် ကြုံခဲ့တဲ့ဖြစ်ရပ်တွေကြောင့်ဖြစ်မည်။ မိန်းကလေးတစ်ယောက်နဲ့ယောကျာ်းလေးတစ်ယောက် လူမြင်ကွင်းတစ်နေရာမှာ ပွေ့ဖက်နမ်းရှုံ့တဲ့အခါ အားလုံးကဖြစ်နေကြ ကိစ္စရပ်လိုကျော်သွားကြပေမဲ့ ယောကျာ်းနှစ်ယောက်ကိုမြင်တဲ့အခါ တချို့တလေမျက်နှာပျက်တာတို့၊ အဆဲစကားလုံးလေးတွေ စွန့်ကြဲတာတို့လုပ်တတ်ကြသည်။ ဒါဟာ အနမ်းကြောင့်မဟုတ်ဘူး။ ကျွန်တော်တို့တည်ရှိမှုကို မျက်နှာပျက်ကြတာပါ။

ဂေးယောကျာ်းလေးတစ်ယောက်နဲ့ တခြားယောကျာ်းလေးတွေဟာ အဝတ်လဲခန်းအတူမသုံးချင်ကြဘူး။ ရေချိုးခန်းအတူမသုံးချင်ကြဘူး။ ဘာလို့လဲဆိုတော့ သူတို့ကိုကြည့်ပြီး သရေယိုနေမယ်ဆိုတဲ့အထင်တွေနဲ့ လှောင်ကြတယ်။ ပြောင်ကြတယ်။

လူတိုင်းလူတိုင်းမှာ ကိုယ်ကြိုက်တဲ့ပုံစံဆိုတာရှိပြီး ဂေးယောကျာ်းလေးတစ်ယောက်မှာလည်း သူကြိုက်တဲ့ပုံစံဆိုတာရှိကြောင်း နားလည်ပေးရင်ကောင်းမယ်။

အဖြောင့်ကောင်တွေကရော မျက်စိရှေ့မြင်မြင်သမျှမိန်းမတိုင်းကိုသရေယိုစရာလို့မြင်နေခဲ့လို့လား?

အထက်တန်းတုန်းက ကျွန်တော်တို့ကျောင်းမှာလုံးဝကိုဂေးတစ်ယောက်ဖြစ်ကြောင်းအတိအလင်းကြေညာပြီးနေတဲ့ ကောင်လေးတွေရှိတယ်။ ဘယ်လိုကောင်လေးတွေလဲဆိုတော့ သူတို့ကမိန်းမတွေလိုနေချင်တဲ့ဂေးမျိုးပေါ့။ သူတို့ဟာအမြဲတမ်း ယောကျာ်းလေးတွေရဲ့ အစနောက်ခံဖြစ်တာများပြီး တစ်စုံတစ်ယောက်ကများ ဂေးတွေဘက်ကရပ်တည်လိုက်ရင် အော်တိုသမီးရည်းစားတွေအဖြစ် သမှုတ်ခံရတယ်။

မိဘတွေကဂေးဖြစ်နေတဲ့အခါ ဂေးမိသားစုလို့နာမည်တပ်ခံရတယ်။ ကျွန်တော်တို့ အဖြောင့်မိသားစုလို့နာမည်တပ်တာမျိုးမှမရှိခဲ့တာ။ မိသားစုက မိသားစုပဲလေ။

ဒီတော့ကျွန်တော့်စိတ်ထဲမှာ လူမြင်ကွင်းမှာ ဂေးတစ်ယောက်ဖြစ်ကြောင်းဖွင့်ဟပြရမှာနဲ့ပတ်သတ်ပြီး စိုးရိမ်စိတ်လေးတွေကိန်းအောင်းနေတယ်ဆိုကြပါစို့။ Merv ရှေ့မှာကျွန်တော်က ပိုပြီးပြတ်ပြတ်သားသားနဲ့ မားမားမတ်မတ်ဖြစ်နေရမှာဆိုပေမဲ့ ဒီလိုသိမ်ငယ်တဲ့အပြုအမူကြောင့် ကိုယ့်ဘာကိုယ်ရှက်မိသည်။

" အသက်ရှူသွင်းရင်းတစ်ပြိုင်ထဲပြုံးလို့မရဘူးဆိုတာ မင်းသိလား Cyril ? "

" ဟမ်? "

ကျွန်တော် ပါးစပ်စိပြုံးရင်း အသက်ရှူသွင်းကြည့်သည်။ အသက်ရှူလို့ရလွန်းလို့ အေးစက်နေတဲ့လေတွေနှာအဖျားဝကနေ အတွင်းထဲတောင်စိမ့်ဝင်သွားသည်။

" စတာ…, ငါမင်းပြုံးအောင်လုပ်ကြည့်တာ Cyril "

ကျွန်တော် သဘောကျစွာ နောက်တစ်ခေါက်ထပ်ပြုံးရင်းပြန်ပြောလိုက်သည်။

" ကျေး— "

Merv နီးကပ်လာပြီး ကျွန်တော့်နှုတ်ခမ်းတွေကို တယုတယထိတွေ့သည်။ ဒီအနမ်းဟာ မီးလင်းဖိုကလာဟပ်တဲ့ အနွေးငွေ့လေးနဲ့တူပြီး ကျွန်တော့်သက်တမ်းမှာ ကျန်ရှိတဲ့အောက်စီဂျင်တွေကိုဒီယောကျာ်းနဲ့ ဖြုန်းချင်လိုက်တာဆို တွေးမိသည်။

.

.

.

.

ကျွန်တော့်အတွက်တော့ ပထမဆုံးဒိတ်ဖြစ်တဲ့အတွက် Merv နဲ့ဘာပဲလုပ်ရလုပ်ရအမှတ်တရ ဖြစ်မှာမှန်ပေမဲ့ Merv ရဲ့အဆက်ဟောင်းနဲ့ပထမဆုံးဒိတ်အကြောင်းက ကျွန်တော့်အတွက်စိတ်ထဲခိုးလို့ခုလုဖြစ်စေသည်။ "မနာလိုသော၊သဝန်တိုသော၊မကြည်ဖြူသော" စတဲ့နာမဝိသေသနထဲက တခုခုကြောင့်မဟုတ်ဘဲ Merv ကိုစိတ်ပူနေတာပါ။ ပထမဆုံးအနမ်းမှာတောင် သူ့အဆက်ဟောင်းအကြောင်းတွေပြောနေခဲ့သေးတာ။

မှတ်စုထုတ်တုန်းကတောင် ကြုံရာကျပန်းကုလားလက်ချာတွေပဲနားထောင်တဲ့ကျွန်တော်က အခုတော့ Search Bar မှာ 'ပြိုင်ဘက်ကင်းဒိတ်လုပ်သည့်နည်းလမ်းကောင်းများ' ၊ 'တုပ၍မရသောဒိတ်လုပ်သည့်အိုင်ဒီယာများ' ၊ 'သူမတူသည့်ချိန်းတွေ့ခြင်းအကြောင်းတစေ့တစောင်း' အစရှိတဲ့ ပေါက်ပေါက်ရှာရှာစာလုံးတွေရိုက်ထည့်ပြီး ရှာဖွေရေးဆင်းသည်။

(၁) Justin Bieber ရဲ့ One less lonely girl သီချင်းထဲကလို ချစ်သူကိုစာရွက်လေးတွေကပ်ပြီး လိုရာမျှားခေါ်ပါ။ ပြီးရင်သူ့အတွက်ရည်ရွယ်ပြီး ဂစ်တာတီးသီချင်းဆိုပြပါ…။
ကြောက်ခမန်းလိလိ။ သူအဝတ်လျှော်တဲ့ထဲက အဝတ်တခုခုကိုစောင့်ခိုးကာ ဟိုလာပါ! ဒီလာဦး! ခြိမ်းခြောက်စာတွေတစ်ခုပြီးတစ်ခုကပ်ခေါ်ရမယ်တဲ့လား။ ဒီကြားထဲ ဂစ်တာတီးကသင်ရဦးမယ်။ Vocal training ကလည်းဆင်းရဦးမယ်။ ဒီပုံစံနဲ့ဆိုတစ်ခါဒိတ်ဖို့ 6 လလောက်ပြင်ဆင်ရမှာ။

(၂) Titanic ထဲကရိုစ့်နဲ့ဂျက်လို လည်ဆွဲတစ်ခုထဲဝတ်ဆင်ထားသော်လည်းမြတ်နိုးစွာဖြင့် ဖြူစင်စွာပန်းချီဆွဲပေးပါ…။
ဆွဲတာမဆွဲတတ်တာအသာထား၊ လည်ဆွဲလေးတစ်ခုပဲဝတ်ထားသည်ဆိုသည့်အပိုင်းက ရင်ခုန်လှိုက်မောစရာဆိုတော့ လည်ဆွဲတန်ဖိုးကိုတစ်ချက်ရှာကြည့်လိုက်သည်။ လည်ဆွဲတန်ဖိုးက ကျွန်တော့်အသက်တန်ဖိုးထက်မြင့်မားနေတာမြင်ရတော့ ဒီပျက်ရှင်အတောင့်လိုက်ဝင်သွားသည်။

" ငါတို့ဘာလုပ်ကြမှာလဲ Cyril "

ကျွန်တော့်နံပါတ်တွေ အစုံအလင်နောက်ကြောင်းပြန်လို့ မပြီးသေးခင် Merv ကကြားဖြတ်မေးသည်။

" ငါ့မှာပြစရာရှိတယ်… "

" ဘာလဲ!? ပြ "

" ဒီမှာမဟုတ်ဘူး… အိမ်မှာ "

" အိမ်မှာပြစရာရှိတာလား? "

" အင်း… မင်းမမြင်ဖူးတာမျိုး "

" အခုငါ့ကို မင်းအိမ်မှာ မမြင်ဖူးတာမျိုးပြမယ် ဟုတ်လား? "

" အခုမဟုတ်ဘူး… ညမှ Merv "

" ဝိုးး "

Merv လည်းအလုပ်သွားစရာရှိသလို ကျွန်တော်လည်းကျောင်းသွားရဦးမှာမို့ ဘတ်စကတ်ဘောကွင်းကနေ တိုက်တန်းလျားတွေဆီ တူတူလျှောက်ပြန်သည်။ ကျွန်တော်တို့လမ်းလျှောက်နေတဲ့အချိန် နေလုံးကြီးဟာလည်းတစ်ခြားဘက်ကလမ်းလျှောက်လာသဖွယ်တဖြေးဖြေး ရုပ်လုံးပေါ်လာပြီး နေရောင်ခြည်နွေးနွေးလေးကိုခံစားရသည်။

မက်ဆီကန်ရိုးရာအစားအသောက်တွေအကြောင်း ပြောတယ်။ အုတ်နံရံတွေမှာဆွဲထားတဲ့ မှုတ်ဆေးပန်းချီတွေအကြောင်းပြောတယ်။ သမုဒ္ဒရာထဲက လမ်းသွားတဲ့အပင်တွေအကြောင်းပြောတယ်။ ကျောက်စရစ်ခဲတွေအကြောင်းပြောတဲ့အခါ အိမ်ကိုပြန်ရောက်နေပြီဖြစ်ပြီး ကိုယ်စီကိုယ်စီသွားစရာရှိတာသွားရသည်။

အတန်းထဲမှာ သင်ခန်းစာတွေဟာအရင်လိုစိတ်ဝင်စားစရာမကောင်းဆဲဖြစ်ပြီး Niel ကတော့ ၅ မိနစ်ခြားတစ်ခါ You tube ကခွေးဗီဒီယိုတွေဖွင့်ဖွင့်ကြည့်နေသည်။ Niel ဘယ်အချိန်ကစပြီးခွေးတွေကို မောင်ရင်းနှမလို ချစ်ခင်မြတ်နိုးခဲ့တာလဲ နောက်ကြောင်းပြန်စဉ်းစားသည်။

အထက်တန်းအရွယ်တုန်းက ကျွန်တော်နဲ့ Niel အတူတူကျောင်းကိုစက်ဘီးစီးသွားလေ့ရှိပြီး ခွေးပေါသာလမ်းကြားတစ်ခုကို ဖြတ်ရသည်။ အဲလမ်းကြားထဲရောက်ရင် Niel ကိုမနည်းဆွဲထုတ်ရသည်။ ခွေးတွေကလည်းသူတို့ကိုချစ်တဲ့သူလား၊ မချစ်တဲ့သူလား၊ ဥပဓိရုပ်ကြည့်တတ်ပုံပေါ်သည်။ ကျွန်တော်နဲ့ Niel နှစ်ယောက်တူတူလာတာတောင် Niel နားမှာပဲဝိုင်းဝိုင်းလည် ကြိတ်ကြိတ်တိုးနေသည်။

အဲမတိုင်ခင်အလယ်တန်းအရွယ်မှာ Niel နဲ့ ကျွန်တော်ခွေးတစ်ကောင်ကြောင့် အကြီးအကျယ်အဆူခံရဖူးသည်။ မြစ်ရေစီးနဲ့မျှောသွားတဲ့ ခွေးပေါက်ကို ကျွန်တော်တို့နှစ်ယောက်လိုက်ဆယ်ရင်း ရေမွန်းကာသေလုနီးပါးဖြစ်ဖူးသည်။ မြစ်နားမှာငါးမျှားရင်းဘီယာမော့နေကြတဲ့ လူကြီးတစ်သိုက်နဲ့တိုးလို့သာ ကျွန်တော်တို့ စာသင်ခန်းမှာထိုင်ပျင်းနေတဲ့သူနဲ့ You tube ကြည့်နေတဲ့သူဖြစ်လာတာ။

လစ်ဇာကတော့ နောက်ဆုံးတန်းမှာခြေချိတ်ထိုင်နေပြီး သူမစကတ်အောက်ကိုစိတ်ဝင်စားကြတဲ့အကောင်တွေဟာ ဘောပင်ပြုတ်ကျသလို၊ခဲတံပြုတ်ကျသလိုလုပ်ပြီး ခဏခဏကုန်းကောက်ရင်း ချောင်းကြည့်နေကြသည်။ ကျွန်တော်နဲ့အကြည့်ချင်းဆုံတဲ့အခါ လက်ခလည်ကိုမာန်ပါပါထောင်ပြလိုက်သည်။

အချိန်ရဲ့သဘောသဘာဝဟာဒီလိုရှိသည်။ ကျွန်တော် Merv နဲ့တွေ့ဖို့ညမြန်မြန်ရောက်ချင်ပေမဲ့ တစ်မိနစ်ကိုလိပ်နှုန်းနဲ့တစ်ဖဝါးချင်းရွေ့နေပြီး မနက်ကလိုလမ်းတစ်ခုလုံးအပိုင်စားရထားတဲ့ နှစ်ပါးသွားအချိန်အခါမျိုးကျ ရေထဲကလိပ်ကိုမော်တာတပ်ပေးတဲ့နူန်းနဲ့ ကုန်သွားသည်။

.

.

.

FROM : [email protected]
TO     : [email protected]
DATE : Nov 30 at 2:30 PM
Subject : အချိန်ရဲ့တည်ရှိမှုဟာဆန်းကြယ်သည်

စုန်းထီးလေး Merv,

မင်းတို့ကဝေလောကမှာ အချိန်ဆိုတဲ့အရာဟာဘယ်လိုများကုန်ဆုံးပါလဲ? ကိုယ်တို့လောကမှာတော့ အချိန်ဟာစောင့်ဆိုင်းရတဲ့အခါ နှောင့်နှေးလေးကန်စွာကုန်ဆုံးပြီး နောက်ကျတဲ့အခါ မြန်ဆန်စွာကုန်ဆုံးတယ်။ ကိုယ်တို့ရဲ့ပျော်ရွှင်စရာအချိန်တွေဟာ တိုတောင်းပြီး နာကျင်စရာအချိန်တွေဟာ ရှည်ကြန့်ကြာတယ်။ ပျင်းရိရိဖြစ်နေတဲ့အခါမျိုးကြရင်တော့ အချိန်ကဆုံးခန်းမတိုင်သလိုပဲ။

အချိန်တွေဟာနာရီလက်တံတွေကြောင့်လို့ထင်ခဲ့တဲ့ကိုယ်ဟာ မင်းကြောင့်အချိန်တွေရဲ့တည်ရှိမှုဆန်းကြယ်ကြောင်းရှာဖွေတွေ့ရှိလာရပြီ။ လွမ်းတယ်

— Dear Future Relationship (•ิ_•ิ)?

အတန်းချိန်တွေပြီးဆုံးသွားမှ Merv ဆီကပြန်စာဝင်လာသည်။

FROM : [email protected]
TO     : [email protected]
DATE : Nov 30 at 5:00 PM
Subject : RE : အချိန်ရဲ့တည်ရှိမှုဟာဆန်းကြယ်သည်။

ဒိုဘီကောင်လေး Cyril,

ကိုယ်ကတော့စောင့်ဆိုင်းရင်းမေ့တယ်။ နောက်ကျရင်းမေ့တယ်။ ပျော်ရွှင်လည်းမေ့တယ်။ နာကျင်လည်းမေ့တယ်။ ပျင်းရိပျင်းတွဲနဲ့လည်းမေ့တယ်။ အချိန်တွေရှိနေမှန်းတောင်မေ့နေမိတယ်။ ဒါပေမဲ့ ခုတော့ မှတ်မိချင်တဲ့အချိန်တွေရှိလာပြီထင်တယ်။

— ယနေ့ကစ၍ကျေးဇူးကန်းတော့မည့် Merv (✯◡✯)

Merv ပြန်ပို့တဲ့မေးလ်ကို သူ့မျက်နှာအမူအယာရယ် စာကြောင်းတွေရယ်တွဲဖက်ရင်း ကျွန်တော်အိမ်မှာတစ်ယောက်ထဲ အရူးလိုတဟီးဟီးရယ်နေမိသည်။ ကျွန်တော် ညကြရင်ပြဖို့အတွက်ပြင်ဆင်နေသည့်အရာမှ အနံ့လှိုင်လှိုင်ထွက်လာသည့်အတွက် မီးဖိုခန်းထဲကိုအပြေးအလွှား မှောက်လဲမတတ်ပြေးရသည်။

Troye Sivan ရဲ့စတော်ဘယ်ရီနဲ့စီးကရက်တော့ မဟုတ်ပါ။ စတော်ဘယ်ရီနဲ့ချောကလက်ပြင်ဆင်နေတာပါ။ ချောကလတ်အရည်ကျိုတဲ့အခါ အနွေးဓာတ်လည်းပါ ပြစ်ပြစ်နှစ်နှစ်အရသာလည်းပါအောင် သေချာကျိုရသည်။ လုံးဝအရည်ဖြစ်တဲ့အထိဆို စတော်ဘယ်ရီနဲ့တို့စားတဲ့အခါ အစက်တွေကျကာပေပွကုန်သည်။

နောက်ပြီး ဒီနေ့အမေညဂျူတီရှိနေတော့ ရာသီဥတုကိုယ့်ဘက်ပါသောနေ့တစ်နေ့ဟုသတ်မှတ်ရမည်။ အခန်းထဲမှာပြင်ဆင်စရာရှိတာတွေ လွတ်လွတ်လပ်လပ်ပြင်ဆင်လို့ရသည်လေ။

ဟင်း…ဟင်း…။

.....................................................



" Shoot! "

အျခားတစ္ဖက္ဂိုးတိုင္ကေနအခ်က္ျပၿပီး ေျမႇာက္ပစ္လိုက္တဲ့ ဘတ္စကတ္ေဘာလံုးကို Merv ဟာကၽြမ္းက်င္စြာ အရွိန္သတ္ဖမ္းယူလိုက္သည္။ ၿပိဳင္ဘက္အသင္းသားေရွ႕မွာ ဘယ္ညာေဝွ႕ဝႈိက္ကာေဘာလံုးကိုတစ္ခ်က္ႏွစ္ခ်က္ပုတ္ၿပီးတာနဲ႔ အငိုက္မွာလစ္ထြက္သည္။ ေနာက္ထပ္တစ္ခါ ဂိုးေပါက္တိုင္ကိုအားနဲ႔ကိုင္ကာ ေဘာလံုးကိုအားနဲ႔ပဲေဆာင့္ထည့္ပစ္ခ်လိုက္သည္။

ေသာက္ရမ္းလန္းသည္။ ေသာက္ရမ္းရဲ႕အေမပါလန္းသည္။

အေပ်ာ္တမ္းကစားသမားေလးေတြျဖစ္တာေၾကာင့္ တစ္ခါဂိုးတိုင္း ပရိသတ္ရဲ႕လက္ခုပ္လက္ဝါးသံေတြမရွိေပမဲ့လို႔ ကစားသူအခ်င္းခ်င္းေတာ့ အားေပးၾကသည္။ ကၽြန္ေတာ္က သံဇကာတိုင္ႀကီးကိုသာ တဗန္းဗန္းနဲ႔႐ိုက္ၿပီးအားေပးေနရသည္။

Merv ဟာေမပယ္ရြက္ေျခာက္ေရာင္အေႏြးထည္ပါးေလးကို ျမင္ေနၾကအစင္းေၾကာင္းႏွစ္ခုပါသည့္ အမည္းေရာင္အားကစားေဘာင္းဘီနဲ႔တြဲဖက္ဝတ္ထားသည္။ စာအုပ္ေတြဖတ္တဲ့အခါ ကၽြန္ေတာ္တို႔ ႏွလံုးသားေရးရာဆံုဆည္းရမဲ့သူေတြဟာ မ်က္လံုးထဲထင္းခနဲလင္းခနဲ ျဖစ္ႏိုင္တဲ့ ဝတ္စားဆင္ယင္မႈေတြရွိၾကမယ္လို႔ ယံုၾကည္ခဲ့ဖူးသည္။ ေနာက္ဆံုးမွာ စာအုပ္ေတြကစာအုပ္ေတြပါပဲ၊ ႐ုပ္ရွင္ေတြက ႐ုပ္ရွင္ေတြပါပဲလို႔ ကၽြန္ေတာ္တို႔ သက္ျပင္းခ်ၾကမယ္။

ကစားပြဲၿပီးလို႔ လြယ္အိတ္ေလးသိုင္းလြယ္ကာလက္ျပရင္း ကၽြန္ေတာ့္ဆီ Merv ေျပးလာသည္။

" Cyril ! မင္းအိပ္ရာႏိုးတယ္ေပါ့ "

" ႏႈိးစက္ကိုဆယ့္ေျခာက္ေခါက္ေလာက္ ေပးထားတာ "

ေဆာင္းတြင္းမနက္ခင္းဟာ ခုန္ေပါက္ၿပီးအားကစားလုပ္ေနတဲ့ Merv အတြက္အေႏြးထည္ပါးေလးနဲ႔ အိုေကစိုေျပေပမဲ့ ကၽြန္ေတာ္ကေတာ့ ကုတ္အရွည္ႀကီးအျပင္ မာဖလာေတြေရာ လက္အိတ္ေတြနဲ႔ပါ ရႈပ္ယွက္ခတ္ေနသည္။

" ငါ ေကာ္ဖီေဖ်ာ္လာတယ္ "

ကၽြန္ေတာ္အိမ္ကသယ္လာတဲ့အပူခံဘူးထဲက ေကာ္ဖီကိုခြက္ထဲငွဲ႕ထည့္ၿပီး Merv ကိုေပးလိုက္သည္။ သူ႔ဖုန္းပ်က္ေနတဲ့အတြက္ ကၽြန္ေတာ္တို႔ေမးလ္ေတြလဲၿပီး အဆက္အသြယ္လုပ္ျဖစ္ၾကသည္။ ေနာက္ဆံုးရသတင္းအရ အဂါၤေန႔မနက္ခင္းေတြ သူဘတ္စကတ္ေဘာကစားတတ္ၿပီး ဘယ္မွာကစားတယ္မေျပာေတာ့ ကၽြန္ေတာ့္ဘာသာေနရာရွာၿပီး လိုက္ရသည္။

" ေက်း— "

အေငြ႕တေထာင္းေထာင္းနဲ႔ေကာ္ဖီကို မႈတ္ရင္း သူေျပာလတ္စ စကားလံုးကို ဆက္မေျပာဘဲ ကၽြန္ေတာ့္ကို မ်က္ခံုးပင့္ၾကည့္သည္။ ကၽြန္ေတာ္ အရဲစြန္႔ၿပီး "မြ" ခနဲသူ႔နဖူးကိုလွ်ပ္တစ္ျပက္နမ္းလိုက္သည္။

ျပီးမွေဘးမွာျဖတ္သြားျဖတ္လာေတြရွိေနမလား ကုပ္ေခ်ာင္းေခ်ာင္းနဲ႔ျပန္ၾကည့္ရသည္။ Merv နဲ႔အတူကစားဖက္ေတြက ကၽြန္ေတာ္တို႔ဘက္ကိုေက်ာေပးၿပီး တျခားဘက္ကိုလမ္းေလွ်ာက္သြားေနၾကၿပီး ကၽြန္ေတာ္တို႔ရပ္ေနသည့္ သံဇကာနားမွာလည္းဘယ္သူမွလမ္းလာမေလွ်ာက္ေန။ ေခြးတစ္ေကာင္ေတာင္မရွိတဲ့အတြက္ စိတ္ခ်သြားရသည္။

" ဘာလို႔လဲ လူျမင္မွာစိုးလို႔လား? "

ကၽြန္ေတာ္မလံုမလဲျဖစ္ေနတာကို ရိပ္မိသြားပံုေပၚသည္။

" ငါ့ဘာငါေတာင္ ဘာကိုစိုးရိမ္ေနလဲ မသိဘူး "

ကၽြန္ေတာ္ ၾကံဳခဲ့တဲ့ျဖစ္ရပ္ေတြေၾကာင့္ျဖစ္မည္။ မိန္းကေလးတစ္ေယာက္နဲ႔ေယာက်ာ္းေလးတစ္ေယာက္ လူျမင္ကြင္းတစ္ေနရာမွာ ေပြ႕ဖက္နမ္း႐ႈံ႕တဲ့အခါ အားလံုးကျဖစ္ေနၾက ကိစၥရပ္လိုေက်ာ္သြားၾကေပမဲ့ ေယာက်ာ္းႏွစ္ေယာက္ကိုျမင္တဲ့အခါ တခ်ိဳ႕တေလမ်က္ႏွာပ်က္တာတို႔၊ အဆဲစကားလံုးေလးေတြ စြန္႔ႀကဲတာတို႔လုပ္တတ္ၾကသည္။ ဒါဟာ အနမ္းေၾကာင့္မဟုတ္ဘူး။ ကၽြန္ေတာ္တို႔တည္ရွိမႈကို မ်က္ႏွာပ်က္ၾကတာပါ။

ေဂးေယာက်ာ္းေလးတစ္ေယာက္နဲ႔ တျခားေယာက်ာ္းေလးေတြဟာ အဝတ္လဲခန္းအတူမသံုးခ်င္ၾကဘူး။ ေရခ်ိဳးခန္းအတူမသံုးခ်င္ၾကဘူး။ ဘာလို႔လဲဆိုေတာ့ သူတို႔ကိုၾကည့္ၿပီး သေရယိုေနမယ္ဆိုတဲ့အထင္ေတြနဲ႔ ေလွာင္ၾကတယ္။ ေျပာင္ၾကတယ္။

လူတိုင္းလူတိုင္းမွာ ကိုယ္ႀကိဳက္တဲ့ပံုစံဆိုတာရွိၿပီး ေဂးေယာက်ာ္းေလးတစ္ေယာက္မွာလည္း သူႀကိဳက္တဲ့ပံုစံဆိုတာရွိေၾကာင္း နားလည္ေပးရင္ေကာင္းမယ္။

အေျဖာင့္ေကာင္ေတြကေရာ မ်က္စိေရွ႕ျမင္ျမင္သမွ်မိန္းမတိုင္းကိုသေရယိုစရာလို႔ျမင္ေနခဲ့လို႔လား?

အထက္တန္းတုန္းက ကၽြန္ေတာ္တို႔ေက်ာင္းမွာလံုးဝကိုေဂးတစ္ေယာက္ျဖစ္ေၾကာင္းအတိအလင္းေၾကညာၿပီးေနတဲ့ ေကာင္ေလးေတြရွိတယ္။ ဘယ္လိုေကာင္ေလးေတြလဲဆိုေတာ့ သူတို႔ကမိန္းမေတြလိုေနခ်င္တဲ့ေဂးမ်ိဳးေပါ့။ သူတို႔ဟာအၿမဲတမ္း ေယာက်ာ္းေလးေတြရဲ႕ အစေနာက္ခံျဖစ္တာမ်ားၿပီး တစ္စံုတစ္ေယာက္ကမ်ား ေဂးေတြဘက္ကရပ္တည္လိုက္ရင္ ေအာ္တိုသမီးရည္းစားေတြအျဖစ္ သမႈတ္ခံရတယ္။

မိဘေတြကေဂးျဖစ္ေနတဲ့အခါ ေဂးမိသားစုလို႔နာမည္တပ္ခံရတယ္။ ကၽြန္ေတာ္တို႔ အေျဖာင့္မိသားစုလို႔နာမည္တပ္တာမ်ိဳးမွမရွိခဲ့တာ။ မိသားစုက မိသားစုပဲေလ။

ဒီေတာ့ကၽြန္ေတာ့္စိတ္ထဲမွာ လူျမင္ကြင္းမွာ ေဂးတစ္ေယာက္ျဖစ္ေၾကာင္းဖြင့္ဟျပရမွာနဲ႔ပတ္သတ္ႀပီး စိုးရိမ္စိတ္ေလးေတြကိန္းေအာင္းေနတယ္ဆိုၾကပါစို႔။ Merv ေရွ႕မွာကၽြန္ေတာ္က ပိုၿပီးျပတ္ျပတ္သားသားနဲ႔ မားမားမတ္မတ္ျဖစ္ေနရမွာဆိုေပမဲ့ ဒီလိုသိမ္ငယ္တဲ့အျပဳအမူေၾကာင့္ ကိုယ့္ဘာကိုယ္ရွက္မိသည္။

" အသက္ရွဴသြင္းရင္းတစ္ၿပိဳင္ထဲျပံဳးလို႔မရဘူးဆိုတာ မင္းသိလား Cyril ? "

" ဟမ္? "

ကၽြန္ေတာ္ ပါးစပ္စိျပံဳးရင္း အသက္ရွဴသြင္းၾကည့္သည္။ အသက္ရွဴလို႔ရလြန္းလို႔ ေအးစက္ေနတဲ့ေလေတြႏွာအဖ်ားဝကေန အတြင္းထဲေတာင္စိမ့္ဝင္သြားသည္။

" စတာ…, ငါမင္းျပံဳးေအာင္လုပ္ၾကည့္တာ Cyril "

ကၽြန္ေတာ္ သေဘာက်စြာ ေနာက္တစ္ေခါက္ထပ္ျပံဳးရင္းျပန္ေျပာလိုက္သည္။

" ေက်း— "

Merv နီးကပ္လာၿပီး ကၽြန္ေတာ့္ႏႈတ္ခမ္းေတြကို တယုတယထိေတြ႕သည္။ ဒီအနမ္းဟာ မီးလင္းဖိုကလာဟပ္တဲ့ အေႏြးေငြ႕ေလးနဲ႔တူၿပီး ကၽြန္ေတာ့္သက္တမ္းမွာ က်န္ရွိတဲ့ေအာက္စီဂ်င္ေတြကိုဒီေယာက်ာ္းနဲ႔ ျဖဳန္းခ်င္လိုက္တာဆို ေတြးမိသည္။

.

.

.

.

ကၽြန္ေတာ့္အတြက္ေတာ့ ပထမဆံုးဒိတ္ျဖစ္တဲ့အတြက္ Merv နဲ႔ဘာပဲလုပ္ရလုပ္ရအမွတ္တရ ျဖစ္မွာမွန္ေပမဲ့ Merv ရဲ႕အဆက္ေဟာင္းနဲ႔ပထမဆံုးဒိတ္အေၾကာင္းက ကၽြန္ေတာ့္အတြက္စိတ္ထဲခိုးလို႔ခုလုျဖစ္ေစသည္။ "မနာလိုေသာ၊သဝန္တိုေသာ၊မၾကည္ျဖဴေသာ" စတဲ့နာမဝိေသသနထဲက တခုခုေၾကာင့္မဟုတ္ဘဲ Merv ကိုစိတ္ပူေနတာပါ။ ပထမဆံုးအနမ္းမွာေတာင္ သူ႔အဆက္ေဟာင္းအေၾကာင္းေတြေျပာေနခဲ့ေသးတာ။

မွတ္စုထုတ္တုန္းကေတာင္ ၾကံဳရာက်ပန္းကုလားလက္ခ်ာေတြပဲနားေထာင္တဲ့ကၽြန္ေတာ္က အခုေတာ့ Search Bar မွာ 'ၿပိဳင္ဘက္ကင္းဒိတ္လုပ္သည့္နည္းလမ္းေကာင္းမ်ား' ၊ 'တုပ၍မရေသာဒိတ္လုပ္သည့္အိုင္ဒီယာမ်ား' ၊ 'သူမတူသည့္ခ်ိန္းေတြ႕ျခင္းအေၾကာင္းတေစ့တေစာင္း' အစရွိတဲ့ ေပါက္ေပါက္ရွာရွာစာလံုးေတြ႐ိုက္ထည့္ၿပီး ရွာေဖြေရးဆင္းသည္။

(၁) Justin Bieber ရဲ႕ One less lonely girl သီခ်င္းထဲကလို ခ်စ္သူကိုစာရြက္ေလးေတြကပ္ၿပီး လိုရာမွ်ားေခၚပါ။ ၿပီးရင္သူ႔အတြက္ရည္ရြယ္ၿပီး ဂစ္တာတီးသီခ်င္းဆိုျပပါ…။
ေၾကာက္ခမန္းလိလိ။ သူအဝတ္ေလွ်ာ္တဲ့ထဲက အဝတ္တခုခုကိုေစာင့္ခိုးကာ ဟိုလာပါ! ဒီလာဦး! ၿခိမ္းေျခာက္စာေတြတစ္ခုၿပီးတစ္ခုကပ္ေခၚရမယ္တဲ့လား။ ဒီၾကားထဲ ဂစ္တာတီးကသင္ရဦးမယ္။ Vocal training ကလည္းဆင္းရဦးမယ္။ ဒီပံုစံနဲ႔ဆိုတစ္ခါဒိတ္ဖို႔ 6 လေလာက္ျပင္ဆင္ရမွာ။

(၂) Titanic ထဲက႐ိုစ့္နဲ႔ဂ်က္လို လည္ဆြဲတစ္ခုထဲဝတ္ဆင္ထားေသာ္လည္းျမတ္ႏိုးစြာျဖင့္ ျဖဴစင္စြာပန္းခ်ီဆြဲေပးပါ…။
ဆြဲတာမဆြဲတတ္တာအသာထား၊ လည္ဆြဲေလးတစ္ခုပဲဝတ္ထားသည္ဆိုသည့္အပိုင္းက ရင္ခုန္လႈိက္ေမာစရာဆိုေတာ့ လည္ဆြဲတန္ဖိုးကိုတစ္ခ်က္ရွာၾကည့္လိုက္သည္။ လည္ဆြဲတန္ဖိုးက ကၽြန္ေတာ့္အသက္တန္ဖိုးထက္ျမင့္မားေနတာျမင္ရေတာ့ ဒီပ်က္ရွင္အေတာင့္လိုက္ဝင္သြားသည္။

" ငါတို႔ဘာလုပ္ၾကမွာလဲ Cyril "

ကၽြန္ေတာ့္နံပါတ္ေတြ အစံုအလင္ေနာက္ေၾကာင္းျပန္လို႔ မၿပီးေသးခင္ Merv ကၾကားျဖတ္ေမးသည္။

" ငါ့မွာျပစရာရွိတယ္… "

" ဘာလဲ!? ျပ "

" ဒီမွာမဟုတ္ဘူး… အိမ္မွာ "

" အိမ္မွာျပစရာရွိတာလား? "

" အင္း… မင္းမျမင္ဖူးတာမ်ိဳး "

" အခုငါ့ကို မင္းအိမ္မွာ မျမင္ဖူးတာမ်ိဳးျပမယ္ ဟုတ္လား? "

" အခုမဟုတ္ဘူး… ညမွ Merv "

" ဝိုးး "

Merv လည္းအလုပ္သြားစရာရွိသလို ကၽြန္ေတာ္လည္းေက်ာင္းသြားရဦးမွာမို႔ ဘတ္စကတ္ေဘာကြင္းကေန တိုက္တန္းလ်ားေတြဆီ တူတူေလွ်ာက္ျပန္သည္။ ကၽြန္ေတာ္တို႔လမ္းေလွ်ာက္ေနတဲ့အခ်ိန္ ေနလံုးႀကီးဟာလည္းတစ္ျခားဘက္ကလမ္းေလွ်ာက္လာသဖြယ္တေျဖးေျဖး ႐ုပ္လံုးေပၚလာၿပီး ေနေရာင္ျခည္ေႏြးေႏြးေလးကိုခံစားရသည္။

မက္ဆီကန္႐ိုးရာအစားအေသာက္ေတြအေၾကာင္း ေျပာတယ္။ အုတ္နံရံေတြမွာဆြဲထားတဲ့ မႈတ္ေဆးပန္းခ်ီေတြအေၾကာင္းေျပာတယ္။ သမုဒၵရာထဲက လမ္းသြားတဲ့အပင္ေတြအေၾကာင္းေျပာတယ္။ ေက်ာက္စရစ္ခဲေတြအေၾကာင္းေျပာတဲ့အခါ အိမ္ကိုျပန္ေရာက္ေနၿပီျဖစ္ၿပီး ကိုယ္စီကိုယ္စီသြားစရာရွိတာသြားရသည္။

အတန္းထဲမွာ သင္ခန္းစာေတြဟာအရင္လိုစိတ္ဝင္စားစရာမေကာင္းဆဲျဖစ္ၿပီး Niel ကေတာ့ ၅ မိနစ္ျခားတစ္ခါ You tube ကေခြးဗီဒီယိုေတြဖြင့္ဖြင့္ၾကည့္ေနသည္။ Niel ဘယ္အခ်ိန္ကစၿပီးေခြးေတြကို ေမာင္ရင္းႏွမလို ခ်စ္ခင္ျမတ္ႏိုးခဲ့တာလဲ ေနာက္ေၾကာင္းျပန္စဥ္းစားသည္။

အထက္တန္းအရြယ္တုန္းက ကၽြန္ေတာ္နဲ႔ Niel အတူတူေက်ာင္းကိုစက္ဘီးစီးသြားေလ့ရွိၿပီး ေခြးေပါသာလမ္းၾကားတစ္ခုကို ျဖတ္ရသည္။ အဲလမ္းၾကားထဲေရာက္ရင္ Niel ကိုမနည္းဆြဲထုတ္ရသည္။ ေခြးေတြကလည္းသူတို႔ကိုခ်စ္တဲ့သူလား၊ မခ်စ္တဲ့သူလား၊ ဥပဓိ႐ုပ္ၾကည့္တတ္ပံုေပၚသည္။ ကၽြန္ေတာ္နဲ႔ Niel ႏွစ္ေယာက္တူတူလာတာေတာင္ Niel နားမွာပဲဝိုင္းဝိုင္းလည္ ႀကိတ္ႀကိတ္တိုးေနသည္။

အဲမတိုင္ခင္အလယ္တန္းအရြယ္မွာ Niel နဲ့ ကၽြန္ေတာ္ေခြးတစ္ေကာင္ေၾကာင့္ အႀကီးအက်ယ္အဆူခံရဖူးသည္။ ျမစ္ေရစီးနဲ႔ေမွ်ာသြားတဲ့ ေခြးေပါက္ကို ကၽြန္ေတာ္တို႔ႏွစ္ေယာက္လိုက္ဆယ္ရင္း ေရမြန္းကာေသလုနီးပါးျဖစ္ဖူးသည္။ ျမစ္နားမွာငါးမွ်ားရင္းဘီယာေမာ့ေနၾကတဲ့ လူႀကီးတစ္သိုက္နဲ႔တိုးလို႔သာ ကၽြန္ေတာ္တို႔ စာသင္ခန္းမွာထိုင္ပ်င္းေနတဲ့သူနဲ႔ You tube ၾကည့္ေနတဲ့သူျဖစ္လာတာ။

လစ္ဇာကေတာ့ ေနာက္ဆံုးတန္းမွာေျခခ်ိတ္ထိုင္ေနၿပီး သူမစကတ္ေအာက္ကိုစိတ္ဝင္စားၾကတဲ့အေကာင္ေတြဟာ ေဘာပင္ျပဳတ္က်သလို၊ခဲတံျပဳတ္က်သလိုလုပ္ၿပီး ခဏခဏကုန္းေကာက္ရင္း ေခ်ာင္းၾကည့္ေနၾကသည္။ ကၽြန္ေတာ္နဲ႔အၾကည့္ခ်င္းဆံုတဲ့အခါ လက္ခလည္ကိုမာန္ပါပါေထာင္ျပလိုက္သည္။

အခ်ိန္ရဲ႕သေဘာသဘာဝဟာဒီလိုရွိသည္။ ကၽြန္ေတာ္ Merv နဲ႔ေတြ႕ဖို႔ညျမန္ျမန္ေရာက္ခ်င္ေပမဲ့ တစ္မိနစ္ကိုလိပ္ႏႈန္းနဲ႔တစ္ဖဝါးခ်င္းေရြ႕ေနၿပီး မနက္ကလိုလမ္းတစ္ခုလံုးအပိုင္စားရထားတဲ့ ႏွစ္ပါးသြားအခ်ိန္အခါမ်ိဳးက် ေရထဲကလိပ္ကိုေမာ္တာတပ္ေပးတဲ့ႏူန္းနဲ႔ ကုန္သြားသည္။

.

.

.

FROM : [email protected]
TO     : [email protected]
DATE : Nov 30 at 2:30 PM
Subject : အခ်ိန္ရဲ႕တည္ရွိမႈဟာဆန္းၾကယ္သည္

စုန္းထီးေလး Merv,

မင္းတို႔ကေဝေလာကမွာ အခ်ိန္ဆိုတဲ့အရာဟာဘယ္လိုမ်ားကုန္ဆံုးပါလဲ? ကိုယ္တို႔ေလာကမွာေတာ့ အခ်ိန္ဟာေစာင့္ဆိုင္းရတဲ့အခါ ေႏွာင့္ေႏွးေလးကန္စြာကုန္ဆံုးၿပီး ေနာက္က်တဲ့အခါ ျမန္ဆန္စြာကုန္ဆံုးတယ္။ ကိုယ္တို႔ရဲ႕ေပ်ာ္ရႊင္စရာအခ်ိန္ေတြဟာ တိုေတာင္းၿပီး နာက်င္စရာအခ်ိန္ေတြဟာ ရွည္ၾကန္႔ၾကာတယ္။ ပ်င္းရိရိျဖစ္ေနတဲ့အခါမ်ိဳးၾကရင္ေတာ့ အခ်ိန္ကဆံုးခန္းမတိုင္သလိုပဲ။

အခ်ိန္ေတြဟာနာရီလက္တံေတြေၾကာင့္လို႔ထင္ခဲ့တဲ့ကိုယ္ဟာ မင္းေၾကာင့္အခ်ိန္ေတြရဲ႕တည္ရွိမႈဆန္းၾကယ္ေၾကာင္းရွာေဖြေတြ႕ရွိလာရၿပီ။ လြမ္းတယ္

— Dear Future Relationship (•ิ_•ิ)?

အတန္းခ်ိန္ေတြၿပီးဆံုးသြားမွ Merv ဆီကျပန္စာဝင္လာသည္။

FROM : [email protected]
TO     : [email protected]
DATE : Nov 30 at 5:00 PM
Subject : RE : အခ်ိန္ရဲ႕တည္ရွိမႈဟာဆန္းၾကယ္သည္။

ဒိုဘီေကာင္ေလး Cyril,

ကိုယ္ကေတာ့ေစာင့္ဆိုင္းရင္းေမ့တယ္။ ေနာက္က်ရင္းေမ့တယ္။ ေပ်ာ္ရႊင္လည္းေမ့တယ္။ နာက်င္လည္းေမ့တယ္။ ပ်င္းရိပ်င္းတြဲနဲ႔လည္းေမ့တယ္။ အခ်ိန္ေတြရွိေနမွန္းေတာင္ေမ့ေနမိတယ္။ ဒါေပမဲ့ ခုေတာ့ မွတ္မိခ်င္တဲ့အခ်ိန္ေတြရွိလာၿပီထင္တယ္။

— ယေန႔ကစ၍ေက်းဇူးကန္းေတာ့မည့္ Merv (✯◡✯)

Merv ျပန္ပို႔တဲ့ေမးလ္ကို သူ႔မ်က္ႏွာအမူအယာရယ္ စာေၾကာင္းေတြရယ္တြဲဖက္ရင္း ကၽြန္ေတာ္အိမ္မွာတစ္ေယာက္ထဲ အ႐ူးလိုတဟီးဟီးရယ္ေနမိသည္။ ကၽြန္ေတာ္ ညၾကရင္ျပဖို႔အတြက္ျပင္ဆင္ေနသည့္အရာမွ အနံ႔လႈိင္လႈိင္ထြက္လာသည့္အတြက္ မီးဖိုခန္းထဲကိုအေျပးအလႊား ေမွာက္လဲမတတ္ေျပးရသည္။

Troye Sivan ရဲ႕စေတာ္ဘယ္ရီနဲ႔စီးကရက္ေတာ့ မဟုတ္ပါ။ စေတာ္ဘယ္ရီနဲ႔ေခ်ာကလက္ျပင္ဆင္ေနတာပါ။ ေခ်ာကလတ္အရည္က်ိဳတဲ့အခါ အေႏြးဓာတ္လည္းပါ ျပစ္ျပစ္ႏွစ္ႏွစ္အရသာလည္းပါေအာင္ ေသခ်ာက်ိဳရသည္။ လံုးဝအရည္ျဖစ္တဲ့အထိဆို စေတာ္ဘယ္ရီနဲ႔တို႔စားတဲ့အခါ အစက္ေတြက်ကာေပပြကုန္သည္။

ေနာက္ျပီး ဒီေန႔အေမညဂ်ဴတီရွိေနေတာ့ ရာသီဥတုကိုယ့္ဘက္ပါေသာေန႔တစ္ေန႔ဟုသတ္မွတ္ရမည္။ အခန္းထဲမွာျပင္ဆင္စရာရွိတာေတြ လြတ္လြတ္လပ္လပ္ျပင္ဆင္လို႔ရသည္ေလ။

ဟင္း…ဟင္း…။

.....................................................

Bạn đang đọc truyện trên: ZingTruyen.Xyz