ZingTruyen.Xyz

Dear, Relationship

Chapter (12)

Minileilei69


Note ! I luv you guys for many feedbacks and votes. This every strength I received turns into beautiful stories and words.

Btw I pass the exam with High Quality Destinations. Yahoooo! Yahooo!

.....................................................


" ဖာခ့် ! ဖာခ့်ကင်း ! မင်းမြင်လိုက်လား "

" မြင်တယ်… မြင်တယ်… လုံးခဲနေတာပဲ "

" ငါပြောနေတာ ရော့ဘတ်ဘောလုံးဆက်တိုက်ဖမ်းနိုင်တာကိုနော် Cyril "

" အဲဒါလည်းမြင်တယ် "

ကျွန်တော်ရော Niel ပါ အားကစားလိုင်းအတွက် ဘေလ်မဆောင်နိုင်အောင်မွဲပြာကျနေတာကြောင့် ကုန်တိုက်က တီဗွီပြခန်းကို ကိုယ့်အိမ်ကိုယ်ယာလို သဘောထားပြီး အားကစားလိုင်းတွေတစ်ခုပြီးတစ်ခုပြောင်းကြည့်နေတာဖြစ်သည်။ Niel ကတော့ ရော့ဘတ်ရဲ့ တည်ငြိမ်တဲ့ကစားဟန်တွေမှာ လက်ခုပ်လက်ဝါးတီးပြီးအားပေးနေပေမဲ့ ကျွန်တော်က ကိုယ်ကျပ်ဘောင်းဘီထဲမှာ ဟိုဘက်ယိမ်းလိုက် ဒီဘက်ယိမ်းလိုက် ယိမ်းက,ကနေတဲ့ ရော့ဘတ်လေးကိုသာ အားပေးနေသည်။

ကျွန်တော်တို့အားရပါးရထိုင်ကြည့်နေတဲ့ တီဗွီဆိုတာက နံရံအပြည့် ကြီးမားကျယ်ပြန့်တဲ့မျက်နှာပြင်၊ ပါးလျတဲ့ဒီဇိုင်း၊ ကြွတက်တဲ့ရုပ်လုံး၊ စိုပြေတဲ့ကာလာတွေနဲ့ ပြီးပြည့်စုံနေတာမို့ ရည်းစားနဲ့နှစ်ယောက်ထဲအိမ်မှာ ဒီလိုတီဗွီမျိုးကြည့်ရရင် ရည်းစားကိုတောင်အဖက်လုပ်နိုင်မှာမဟုတ်၊ တီဗွီရဲ့ဆွဲဆောင်မှုအောက်မှာ ကျရှုံးနေမှာပါ။

" ဟိုကောင်လေးနှစ်ကောင် ငါဝယ်စရာရှိတာဝယ်ပြီးပြီ… ပိုက်ဆံရှင်းဖို့ပဲကျန်တော့တယ်။ သွားမယ် "

မင်္ဂလာစနေနေ့မှကြိုဆိုပါတယ်။ တနင်္ဂနွေဟာ ကျွန်တော့်ရက်သတ္တပတ်စာအဝတ်လျှော်တဲ့နေ့ဖြစ်ရင် စနေနေ့ကတော့ အမေရဲ့ရက်သတ္တပတ်စာဈေးဝယ်ထွက်တဲ့နေ့ဖြစ်တယ်။ အမေဟာ ပစ္စည်းဝယ်တွန်းလှည်းကြီးတစ်ခုလုံးမို့မောက်နေအောင် အသီးအနှံအစုံ၊ ရသာအစပ်အဟပ်ဆော့စ်ပုလင်းပုစိပေါင်းမြောက်များစွာ၊ ပါစတာခေါက်ဆွဲလိပ်၊ ခေါက်ဆွဲချောင်းတွေ နဲ့ ဂျုံမှုန့်ထုပ်တွေကိုဖြည့်ထားပြီး သူ့အစားအသောက်တွေကို ဓားပြလာတိုက်မည်စိုးလားမသိ ဒယ်အိုးဒန်ခွက်တွေနဲ့ပါအပေါ်ကနေ ဖုံးထားသည်။

အမေဟာများသောအားဖြင့် ဟင်းချက်လေ့မရှိ။ ချက်ပြီဆိုလည်း စစ်တိုက်ထွက်တဲ့စစ်သားလို စုံလင်နေအောင်လုပ်တတ်လေ့ရှိသည်။ အခုလည်းဘယ်အစားအသောက်ချန်နယ်က လက်ချာတွေနားထောင်လိုက်လဲမသိ…၊ ကြော်လှော်တဲ့ ဒယ်ပြား၊ ဒယ်လုံးဆိုဒ်မျိုးစုံကို ဝယ်ဖို့ကြိုးစားနေသည်။ ဒယ်အိုးတွေရဲ့အထူးအပါး အရွယ်အစားပေါ်မူတည်ပြီး ကြော်ချက်တဲ့အပူချိန်၊ စိမ့်ဝင်တဲ့အပူရှိန်ပြောင်းလဲပြီး ပြဌာန်းစာအုပ်ထဲကလို သပ်ရပ်တဲ့ဟင်းတစ်ခွက်ရရှိနိုင်တာဆိုပေမဲ့ လိုအပ်ပါသလား။

" လေဒီထရေစီ ဤလက်တွန်းလှည်းအတွင်းရှိ အရာများအား အဘယ်နေ့ဖျက်ဆီးမှာနည်း။ အကျွနု်ပ် ထိုနေ့အိမ်သို့မလာအံ့ "

" အစုတ်ပလုတ်လေး !!! "

Niel က အမေဆီက လက်တွန်းလှည်းကိုသွားကူဆွဲပေးရင်း နောက်ပြောင်တော့ အမေက သူ့ကိုဆူဆဲနေသည်။ ကျွန်တော်ကတော့ တီဗွီပြခန်းဆိုဖာပေါ်ကမထသေးပဲ ပေကပ်နေသည်။

" အမေရေ! ဒီတီဗွီလေးက ကျွန်တော်တို့အိမ်ကို လိုက်ချင်နေတဲ့ပုံပဲ "

" ဟဲ့ ခေါ်ချင်တိုင်းခေါ်ရအောင် ပြခန်းကတီဗွီကိုလမ်းဘေးခွေးများအောက်မေ့နေလား "

" တီဗွီလေးပေါ် အကြင်နာကင်းမဲ့လှပါလား လေဒီထရေစီ "

" နင်တိတ်တိတ်နေစမ်း Niel
လာ!! ပြန်မယ် Cyril "

" ချစ်ခြင်းကိုမခွဲပါနဲ့ အမေရယ် "

" မင်းကလည်း အချက်အပြုတ်ချန်နယ်လေး ပြောင်းပြလိုက်ပါလား ! "

Niel က တွန်းလှည်းကြီးကို ဆိုင်ဝန်ထမ်းလက်ထဲထိုးထည့်ပြီး အမေ့ကိုဆွဲလာကာ ဆိုဖာပေါ်အတင်းထိုင်းခိုင်းသည်။ ကျွန်တော်လည်း သူမဘုရားသခင်လိုကိုးကွယ်သည့် ဂေါ်ဒန်ရမ်ဆေးရဲ့မီးဖိုချောင်ကြီးပါသည့်လိုင်းကို အမြန်ပြောင်းလိုက်သည်။

" တွေ့လား! တွေ့လား! ငရုတ်ကောင်းတွေဖြူးလိုက်တာ ဒီကတောင်အနံ့တွေရနေသလိုပဲ အမေ "

" စိတ်ကူးမမှားနဲ့တော့ အန့်ထရေစီ… ဒီတီဗွီမှာပြတဲ့ ကာလာကိုခံစားကြည့် နံရိုးသားကလိုင်းတွေကို အရောင်ရှိတဲ့အတိုင်းမြင်ရတယ်။ အဲဒါတကယ်ချက်တဲ့အခါမှာ အထောက်ကူဖြစ်တယ်နော် "
ကျွန်တော်နဲ့ Niel အမေ့ကိုအလယ်မှာညှပ်ထိုင်ခိုင်းပြီး ဆိုင်ဝန်ထမ်းထက်တောင်အားတက်သရောနဲ့ အဆက်မပြတ်ပရိုမိုရှင်းဆင်းနေတော့သည်။

" အော် ဟုတ်လား!? ဝယ်ပေးမယ်လေ… "

" အမေ! တကယ် "

" ကြားရတဲ့သတင်းက ဝမ်းသာစရာပဲ လေဒီထရေစီ "

" အခုချက်ချင်းတောင်ဝယ်ပေးလိုက်ဦးမယ် နင်တို့ပိုက်ဆံပေးရင်ပြောပါတယ် "

ဒါမျိုးဆိုကျွန်တော်ကလက်မြန်သည်။ အမေ့စလင်းဘတ်အိတ်ကိုဆွဲဖွင့်ပြီး ကြွေးဝယ်ကတ်ကိုထုတ်သည်။ Niel က ကျွန်တော့်အမေကို ကောင်းကောင်းချုပ်ထားသည်။

" နင်တို့ တော်တော်အကျင့်မကောင်းတဲ့ဟာလေးတွေပါလား "

ကျွန်တော်တို့တတ်စွမ်းသမျှပညာသုံးကာ ပြခန်းထဲမှာပိတ်လှောင်ခံနေရတဲ့ သနားဖွယ်တီဗွီလေးကိုအိမ်ခေါ်ဖို့ကြိုးစားပေမဲ့ အမေရဲ့ကတ်နံပါတ်ဟာပြောင်းလဲထားပြီဖြစ်ပြီး စစ်ဆင်ရေး အရေးနိမ့်သွားသည်။ အမေ့ကားနောက်ခန်းမှာ ၇ခေါက်၊ ၈ခေါက် ချိုးတဲ့မျက်နှာတွေနဲ့ အိမ်ပြန်လိုက်လာတာကလွဲပြီး တော်လှန်ရေးကောင်းကောင်းမလုပ်လိုက်ရပါ။

" သားလေးတို့..., အရှေ့မှာ အလန်းလေးတွေရှိတယ် "

လှမ်းကြည့်လိုက်တော့ အထက်တန်းကျောင်းသူလေးတွေ ရန်ပုံငွေအတွက်ကားရေဆေးပေးတဲ့ ပရော့ဂျက်ပါ။ ကားဝပ်ရှော့ကြီးလို လုပ်ထုံးလုပ်နည်းအတိုင်းရေဆေးပေးတာမျိုးမဟုတ်။ Call me maybe သီချင်းထဲမှာ Carly Rae Jepsen ကားကိုဆပ်ပြာနဲ့တက်ပွတ်နေသလို ဝန်ဆောင်မှုပေးတာပါ။

" အလှူငွေအတွက်ကျေးဇူးပါ "

" နောက်က အန်တီ့သားလေးတွေအတွက် ဆပ်ပြာအပိုဆောင်းထည့်ပေးပါဦး "

ဒီလိုပရော့ဂျက်မျိုးမှာပါဝင်တဲ့ မိန်းကလေးတွေဆိုတာ ကျောင်းမှာပန်းပွားမယ်အဆင့်ရှိတဲ့ ရုပ်ရည်ရူပကာ၊ ကိုယ်လုံးကိုယ်ပေါက်တို့နဲ့ ပြည့်စုံပြီးသားဖြစ်တဲ့အတွက်ကြောင့် မျက်စိပဒေသာအတွက်တော့မပူပါနဲ့။

ကောင်မလေးတွေအကုန်လုံး စကတ်တိုတို၊ လည်ပင်းဟိုက်ဟိုက် ဆင်တူဝတ်စုံလေးများဝတ်ထားကြပြီး ရေပုံးကိုယ်စီ၊ ဆပ်ပြာမြှုပ်တုံးကိုယ်စီနဲ့ ကားကိုပတ်ပတ်လည်လည်ခြံရံကြသည်။ စပီကာကနေ 'Chihuahua' သီချင်းသံစထွက်လာပြီး ကောင်မလေးတွေသီချင်းသံနဲ့အညီ လှုပ်ကာရမ်းကာ ကားကိုဆပ်ပြာရည်တွေနဲ့ပက်ကြသည်။ တကယ့်ကို့ Chihuahua ပါပဲ။ Chihuahua ဆိုတာစပိန်စတိုင်ရှောခ့်ရနည်းပါ။

နောက်သူတို့တွေကားကို စပါယ်ရှယ်ပွတ်ကြပါသည်။ ကားခေါင်မိုးကိုပွတ်တဲ့အခါ သူတို့ရဲ့လတ်လတ်ဆတ်ဆတ်ရင်နှစ်မွှာဟာ ကားမှန်ပြတင်းမှာဖိကပ်ပြီးသားဖြစ်နေသည်။ ထိုရင်နှစ်မွှာဘေးမှာ ဆပ်ပြာမြှုပ်လေးတွေဝန်းရံနေတဲ့အတွက် ကျွန်တော့်လိုဂေးတောင် ညစ်ကြည့်ချင်စိတ်တွေတဖွားဖွာပေါ်လာသည်။ Niel ကတော့နှုတ်ခမ်းကို ခဏခဏသပ်နေသည်။

ကားနောက်ဖုံးကိုပွတ်နေတဲ့ကောင်မလေးဟာ ကားခေါင်မိုးပေါ်ကိုတက်ဖို့ပြင်သည်။ စကတ်နဲ့ဆိုတော့ ကျွန်တော်ရော Niel ပါမျက်တောင်မခတ်နောက်ကို အူယားဖားလျားလှည့်ကြည့်သည်။ စကတ်အနားသားလေးဟာတစ်ဖြေးဖြေး အထက်အရပ်ကိုလိပ်တက်သည်။ ထပ်၍လိပ်တက်သည်။ နောက်တစ်ခေါက်လိပ်တက်တဲ့အခါမှာ ကျွန်တော်တို့မျော်လင့်ထားတဲ့ အနားတွန့်လေးပါတဲ့သုံးနာညီတြိဂံအတွင်းခံဘောင်းဘီလေး မဟုတ်ဘဲ လေးနားညီထောင်မှန်စတုဂံ အမည်းရောင်ရေကူးဝတ်စုံဘောင်းဘီတိုဖြစ်နေသည်။

" အိုးး! နိုးး "

ကျွန်တော်နဲ့ Niel ကားဆိုဖာကို ရိုက်လိုက်ရင်းကျိန်ဆဲသည်။ အမေကတော့ ကျွန်တော်တို့နှစ်ယောက်ဖြစ်ပျက်နေတာကို ကားနောက်မှန်ကနေလှမ်းကြည့်ရင်း ရယ်မောနေသည်။ သဘောရိုးအားဖြင့်ပြောရမယ်ဆိုရင် ကျွန်တော်က Niel တစ်ယောက်ထဲနှာဘူးဖြစ်နေမှာစိုးလို့ ပံ့ပိုးသရုပ်ဆောင်ပေးတာပါ။ လွန်လေပြီးတဲ့စာမျက်နှာပေါင်းများစွာမှာကတည်းက ကောင်မလေးတွေရဲ့ပူစီတွေထက် ပုရိသတွေရဲ့ပေါင်ကြားထဲကဟာကိုပဲသစ္စာရှိစွာချစ်ခင်မြတ်နိုးခဲ့တာပါ။

Niel နဲ့အတူရှိရင်တော့ ကောင်မလေးတွေကို ကောင်းမွန်စွာ ငမ်းတတ်၊ အထှာပေးတတ်သည်။ ရံဖန်ရံခါ ကိုယ့်ဘာသာကိုယ်တောင် ငါလေးဖြောင့်များဖြောင့်နေလားလို့ အတွေးဝင်ပေမဲ့ အိပ်ယာပေါ်ရောက်တာနဲ့ ဖြောင့်တန်းနေသောယုံကြည်ချက် 180 ဒီဂရီဟာ တိတိကျကျ 360 ဒီဂရီကိုကွေးသွားသည်။

မိန်းကလေးတွေရဲ့ပူစီဟာကျွန်တော့်အတွက်မဟုတ်ရတဲ့အကြောင်းပြချက်တွေရှိပါတယ်။

(၁) အဲဒီဟာကသိပ်ကိုပျော့လွန်းတယ်။ အရေပြားမအုပ်ထားတဲ့အသားလွှာလေးတွေလိုပျော့ပြောင်းလွန်းတာကြောင့် တို့ကနဲဆိတ်ကနဲထိရကိုင်ရတဲ့အရသာကို ကျွန်တော်မကြိုက်ဘူး။ မာနေတာမျိုးမှ လက်ထဲမှာထိထိမိမိ ဆုပ်ကိုင်ရတာကောင်းတယ်လေ။

(၂) အဝင်အထွက်မှာ ရေပက်ခံရသလို ရွှဲရွှဲစိုနေတာမျိုးက အအေးမိလွယ်တဲ့ကျွန်တော့်အတွက် နှစ်သက်ဖို့ခဲယဉ်းတယ်။

(၃) တနည်းအားဖြင့် ဒီနေရာဟာ ကလေးငယ်တွေထွက်လာတဲ့တံခါးဝလေးဖြစ်တဲ့အတွက် ကျွန်တော်နဲ့အဝင်အထွက်လုပ်ဖို့ဆိုတာ မသက်ဆိုင်သလိုပဲ။

(၄) သွေးထွက်သံယိုတွေလည်း မခံစားနိုင်ပါ။ ကျွန်တော်ကအသည်းငယ်တယ်။

(၅) ကျွန်တော်အငန်မကြိုက်ဘူး။

မှတ်ချက်တစ်ခုထည့်ပါရစေ။ ပူစီမကြိုက်ရင် နောက်ကနေဆွဲလို့ရတာပဲဆိုအကြံပေးကြတဲ့ ဘရားသားများကိုပြန်ဖြေရရင် နောက်ကနေဆွဲဖို့ပဲ ကုန်းခိုင်းပြီးကာမှ အပေါ်ကအချက်ငါးချက်နဲ့ ညီညွတ်တဲ့ ပူစီကတ်ကြီးက စေ့စေ့ကြီး ကြည့်နေတာမျိုးက ပိုပြီးသွေးပျက်ဖို့ကောင်းပါတယ်။

ဘာဆိုဘာမှမရောတဲ့စစ်မှန်တဲ့ဂေးအရသာကြောင့် ကိုယ့်ဘာသာကိုယ်ဂုဏ်ယူကောင်းနေတုန်း လစ်ဇာရဲ့ စာအုပ်စောင်းနဲ့ခေါက်ချလိုက်မှ အသိပြန်ဝင်လာသည်။ အမေနဲ့ဈေးလိုက်ဝယ်ပေးပြီးတော့ ကျွန်တော်နဲ့ Niel ကိုလစ်ဇာက စာလုပ်ဖို့ခေါ်ထားတာကြောင့် Merv အအေးဆိုင်လိပ်စာကိုချိန်းလိုက်သော်လည်း ဒီနေ့ Merv အလုပ်မဆင်းတဲ့ရက်ဖြစ်ပုံရသည်။

အအေးကောင်တာမှာ အော်ဒါကိုတစ်ခုချင်းစီမှာပြီး သွားသွားချောင်းသော်လည်း မတွေ့..., မုန့်တွေပါတစ်ခုတစ်ခါမှာဖို့လုပ်နေပေမဲ့ အလုပ်မဆင်းတာမှန်ကန်သည်မို့ လက်လျော့လိုက်ပါသည်။

" နင်တို့ ပြီးခဲ့တဲ့ ပြဇာတ်အကြောင်းသိပြီးပြီလား "

" လိုချင်တဲ့ဆံပင်အရောင်မရတဲ့ပြဇာတ်လား? "

" သူတို့လိုတဲ့ဆံပင်က အင်္ဂလန်ဘုရင်မကြီးနေရာက သရုပ်ဆောင်အတွက်တဲ့ "

" မဟုတ်မှလွဲရော ဆံပင်အနီရောင်နဲ့ အင်္ဂလန်ဘုရင်မကြီးကိုစင်ပေါ်တင်လိုက်တာလား!! "

" အေးလေ…, အခု တက္ကသိုလ်ရဲ့ website မှာအဲသတင်းကနာမည်ကြီးနေပြီ။ ဒီတိုင်းပြဇာတ်ကလိုက်ရင်တောင်ဘယ်သူမှသိမှာမဟုတ်ဘူး။ နာမည်ကြီးဖို့က ပေါက်ကရတွေလုပ်တတ်မှထင်တယ် "

Niel နဲ့ လစ်ဇာကစာလုပ်ရင်းကိစ္စအဝဝကို ပြောဆိုနေကြသော်လည်း ကျွန်တော်ကအအေးထဲက ရေခဲတုံးကိုသာ အောက်ကိုထိုးချလိုက် ပြန်တက်လာရင် ထပ်ထိုးချလိုက်လုပ်နေသည်။

" Cyril နင်ဘာဖြစ်နေတာလဲ "

" Crush ပူမိနေတာနေမှာ "

ကျွန်တော် Niel ကိုတံတောင်နဲ့လှမ်းထိုးသော်လည်း အလျင်မမှီလိုက် လစ်ဇာက ပြူးကျယ်တဲ့မျက်လုံးတွေနဲ့ ကြည့်နေပြီ။

" အိုး မိုင် ဂေါ့…, ငါထင်တာမမှားရင် ဂျက်ရဲ့မွေးနေ့ပါတီကထွက်သွားပြီး အဲသူနဲ့အတူတူရှိနေတာမလား? ဘယ်သူလဲဆိုတာ နင်သိလား Niel ? "

" ငါ့ကို မပြောပြဘူး "

Niel ပုံစံက ငါ့ကိုမပြောပြတဲ့အတွက်ခံစမ်းဆိုပြီး အကြောတင်းပြနေသည်။

" Cyril ဆီကလည်း အခုတလောပြောဖြစ်တဲ့အကြောင်းအရာတွေမှာ စိတ်ဝင်စားတဲ့ကောင်မလေးအကြောင်းမကြားမိသလိုပဲ "

ကျွန်တော်လစ်ဇာကိုဂေးတစ်ယောက်ဖြစ်ကြောင်း ဖွင့်ဟဖို့ အခေါက်ခေါက်အခါခါစဉ်းစားခဲ့ပေမဲ့ အမြဲလိုလို စကားကထွက်မလာတာကြောင့်တပ်ခေါက်ပြီးပြန်သိမ်းခဲ့ရတာများသည်။ ကျွန်တော့်စိတ်အတွင်းက ဘယ်လိုပဲဂေးဖြစ်ရတာ ရှက်စိတ်ခံစားစရာမလိုဘူးဆို သတ်မှတ်ထားလည်း သူငယ်ချင်းတွေ၊ မိသားစုတွေ၊ အမျိုးတွေ သူတိုကြားမှာ ပြောင်းလဲသွားမယ့်အမြင်တစ်ခုခုကို မလိုလားဘူး။

" အဲဒါကောင်မလေးမဟုတ်ဘူး "

ကျွန်တော် လစ်ဇာရဲ့အကြည့်တွေကိုရှောင်လွှဲရင်း ဒီတစ်ခါတော့ရအောင် ပြောမည်လို့စိတ်ဆုံးဖြတ်ချလိုက်သည်။ အနားမှာ Niel လည်းရှိပြီးတော့ အဆင်ပြေမှာပါ။

" အိုးးးး Cyril, နင်ကအိမ်ထောင်ရှိတဲ့အမျိုးသမီးနဲ့ ငြိစွန်းနေတာလား ! "

" Cyril မင်း မင်း …, "

လစ်ဇာကမသိလို့ပြောချင်တာပြောတာထားဦး။ Niel ကပါ မဟားတရားအံသြနေတဲ့ပုံစံနဲ့ လာကြည့်နေသည်။

" လစ်ဇာ… ငါက ဂေး "

" မင်းမပြောလောက်သေးဘူးထင်လို့ ဝိုင်းသရုပ်ဆောင်ပေးနေတာကိုကွာ "

လစ်ဇာက တစ်ခုခုပြောဖို့ဟန်ပြင်ပြီးမှ ပြန်ပြီးနှုတ်ခမ်းတွေကိုစေ့လိုက်သည်။ နောက်သူမက ခေါင်းကိုအသာအယာငြိမ့်သည်။

"  အဲဒါကြောင့်နင်က ကျောင်းလေ့လာရေးခရီးထွက်တုန်းက ယောကျာ်းလေးတွေအတွက် 5 ယောက်အိပ်ခန်းတွေ ဘိုကင်လုပ်ပေးတာကို "

" ဟမ်! မဆိုင်တာ… ငါဖွင့်ပြောလိုက်တိုင်း အဲဒီဖြစ်ရပ်ကြီးက ဘာလို့ကပ်ပါနေရတာလဲ "

" ဒါပေမဲ့ ငါနင်တို့နှစ်ယောက်လုံးကို စိတ်ဆိုးတယ် "

စောစောကတင်ကောင်းကောင်းမွန်မွန် အခြေအနေရှိနေတဲ့ လစ်ဇာဟာ ချက်ချင်းမျက်ရည်တွေဝဲလာပြီး လက်ဖမိုးနဲ့ဖိသုတ်ကာ ဖယ်ရှားနေသည်။ ကျွန်တော်တို့နှစ်ယောက်လုံး လစ်ဇာကို တစ်ရှူးတွေထုတ်ပေးမဲ့ သူမက မယူဘဲလက်ပိုက်ကာ ကျွန်တော်တို့နဲ့ ဆန့်ကျင့်ဘက်အရပ်ကို မျက်နှာမူထားသည်။

" သေလိုက်ပါတော့။ သောက်မျက်ရည်တွေ ! "

" ဘာဖြစ်လို့လဲ လစ်ဇာ ငါ့ကိုကြည့်ပါဦး "

Niel ကလစ်ဇာဘေးမှာထိုင်တာဆိုတော့ သူမပုခုံးကိုဖြေးဖြေးချင်းထိကာနှစ်သိမ့်ပေးနေပြီး ကျွန်တော်က မျက်နှာချင်းဆိုင်ထိုင်ခုံကနေ လစ်ဇာရဲ့ မျက်ရည်တွေကို အတိုင်းသားမြင်နေရပြီး အဲဒါက ကျွန်တော့်ကိုပါ မျက်ရည်ဝဲစေသည်။

" ငါ နင်တို့နဲ့အမြဲရှိနေသလို ငါ့မှာလည်းနင်တို့ပဲရှိတယ်။ အမြဲတမ်း ငါတို့တူတူရယ်တယ်။ အမြဲတမ်းငါတို့ တူတူပေါက်ကရတွေလုပ်ကြတယ်။ အမြဲတမ်းငါတို့ကိစ္စအစုံဆွေးနွေးကြတယ်။

ဒါပေမဲ့ အမြဲတမ်း ငါအထီးကျန်ရတယ် Cyril ! Niel !

နင်တို့နှစ်ယောက်က ငါ့အခင်ဆုံး အချစ်ဆုံး သူငယ်ချင်းတွေဖြစ်ပေမဲ့ နင်တို့အတွက် ငါကမဟုတ်ဘူး။ ငါ ဒီအခိုက်အတန့်ကို မလွတ်ချင်ဘူး Cyril ။ နင် ဂေးဆိုတာ Niel ကိုဖွင့်ပြောတဲ့ အခိုက်အတန့်မှာ Niel နဲ့အတူငါလည်း နင့်ကိုနောက်ပြောင်မယ်။ နင့်ကိုအားပေးမယ်။

ထားပါ… ဒီကိစ္စမှမဟုတ်ဘူး။ တခြားကိစ္စတွေလည်းအများကြီးရှိသေးတယ်။ နင်တို့နှစ်ယောက်ပဲသိတဲ့ကိစ္စတွေပြောရင်း ငါမသိတဲ့အကြောင်းကို နောက်ပြောင်နေတာမျိုးတွေ။

သုံးယောက်ဖွဲ့တဲ့သူငယ်ချင်းတွေမှာ တစ်ယောက်ကလွတ်နေတယ်ဆိုတဲ့ စကားတွေကို ငါမယုံခဲ့ဘူး။ နင်တို့နှစ်ယောက်က ငယ်ငယ်ထဲကတူတူကြီးလာလို့ဘာတို့တွေထည့်စဉ်းစားပေမဲ့ ငါလည်နင်တို့ရဲ့ သူငယ်ချင်းတစ်ယောက်ပါပဲ "

လစ်ဇာကကျွန်တော့်လက်ထဲက တစ်ရှူးကိုဆောင့်ဆွဲယူလိုက်ပြီး ဆက်ပြောသည်။

" ငါအဲလိုပြောလိုက်လို့ ငါကအရမ်းတွက်ကပ်တဲ့ပုံ ပေါက်သွားလား? ငါကျောင်းမှာ ခံစားချက်တွေတက်ပြောတဲ့နေ့က နင်တို့ငါ့ကို ဘာလို့အထီးကျန်တယ်ခံစားရလဲ မေးခဲ့လား။

နင်တို့ ဘာလို့ငါ့ကိုဆို အားလုံးအဆင်ပြေတယ်လို့ မြင်နေတာလဲ။

နင်တို့ ဘာလို့ငါ့မှာမိန်းကလေးသူငယ်ချင်းတစ်ယောက်မှမရှိလဲ မစဉ်းစားမိဘူးလား?

နင်တို့သတိမထားမိပါဘူး။ ဘာလို့လဲဆိုတော့ နင်တို့လည်း သူများတွေမြင်သလို ငါကစောက်ရမ်းပြီးပြည့်စုံတဲ့ မိန်းကလေးတစ်ယောက်ဖြစ်နေလို့ "

ကျွန်တော် လစ်ဇာရဲ့လက်ကောက်ဝတ်ကိုဖွဖွလေးဆွဲကိုင်ရင်း သူမနဲ့အကြည့်ချင်းဆုံဖို့ ကြိုးစားသည်။ ကျွန်တော့်ခေါင်းထဲမှာ ဆင်ခြေတွေဘာမှမရှိဘဲ သူမကိုတောင်းပန်ချင်နေတာပဲ သိသည်။ အမှန်တော့ ကျွန်တော် လစ်ဇာနဲ့ပတ်သတ်ပြီး မိန်းကလေးအချင်းချင်းကြားက ကောလာဟလတွေလည်းကြားဖူးပါသည်။

အထက်တန်းကျောင်းမှာလည်း ယောကျာ်းလေးတွေကြားမှာရေပန်းစားတဲ့ မိန်းကလေးတွေဆိုတာ အမြဲတမ်းအပြောခံရလေ့ရှိတယ်။ သူတို့ဘယ်တုန်းကမှ မလုပ်ခဲ့တဲ့ကိစ္စတွေနဲ့ စွပ်စွဲခံရတယ်။ နာမည်ကြီးတဲ့သူတစ်စုံတစ်ယောက်ဘက်က ရပ်တည်ပြီးပြောပေးတဲ့အခါ ဖားတယ်ဆိုသမှုတ်ကြတဲ့အတွက် ဘယ်သူမှဂရုမစိုက်တာ သာမာန်လိုဖြစ်နေပြီ။

" လစ်ဇာ…, ငါ့ကိုကြည့်ပါဦး။ နင်အဲလိုခံစားနေရတာ ငါတကယ်စိတ်မကောင်းဘူး။

Niel ကလစ်ဇာပုခုံးပေါ်ဖိထားတဲ့လက်ကို ရုတ်သိမ်းလိုက်ပြီး ငြိမ်သက်နေသည်။ Niel ဘာလို့ငြိမ်သက်နေလဲ ကျွန်တော်ကောင်းကောင်းသိသည်။ လစ်ဇာပြောတဲ့ အခြားကိစ္စတွေဆိုတာကျွန်တော်ရော Niel ပါပြန်မမှတ်မိချင်တဲ့ အကြောင်းရာတွေလေ။

" Cyril ငါ့ကိုဖွင့်ပြောရတဲ့အကြောင်းရင်းက အဲလိုမျိုးနင့်ကို သပ်သပ်ဖယ်ထားတာမျိုးမဟုတ်ဘူး။ ငါတို့ နင့်ကိုတကယ်ချစ်တာပါ။ နင်ပြောသလို သူများတွေထင်သလို ငါတို့ထင်ခဲ့မိတဲ့အတွက်တော့ တောင်းပန်ပါတယ်။ "

" ဘာလဲ ငါက ဒရမ်မာကွင်းကြီးနဲ့ တူနေပြီလား "

" နိုး! ဒရမ်မာကွင်းဆိုတာမျိုးက ဘာကိစ္စပဲဖြစ်ဖြစ် အရင်ဆုံး တစ်ပတ်လောက်စကားမပြောဘဲနေဦးမှာ "

ကျွန်တော်ပြောလိုက်တဲ့စကားကို သူမနှစ်သက်ပုံရသည်။ မျက်ရည်တွေကြားက စပ်ဖြဲဖြဲထရယ်ရှာတယ်။

" Group Hug "

လစ်ဇာက သူမလက်နှစ်ဖက်ကိုဆန့်တန်းပြတော့ ကျွန်တော်တို့နှစ်ယောက်လုံး သူမကိုတင်းတင်းကျပ်ကျပ်ပွေ့ဖက်လိုက်သည်။ ပြီးတော့ ကျွန်တော်တို့ အအေးဆိုင်ကြီးမှာဘာလို့ ဒီလိုဒရမ်မာတွေလာခင်းနေတာလဲ တွေးမိတော့ကြိတ်ရယ်မိသည်။ တခြားဝိုင်းတွေက လူတွေက ကျွန်တော်တို့ကို သုံးဖက်ချွန်တွေလားဆို ကြည့်နေကြပေမဲ့ ကျွန်တော်သူများအမြင်တွေကို မစိုးရိမ်နိုင်တော့ဘူး။

ဘာလို့လဲဆိုတော့ ကျွန်တော်တို့ကြားမှာထားတဲ့ သူငယ်ချင်းအချင်းချင်းနှောင်ကြိုးချည်တဲ့အခိုက်အတန့်လေးက ဘေးလူတွေထက်အများကြီး အရေးပါလို့ပဲ။ သူများတွေအမြင်နဲ့ သူငယ်ချင်းတွေအပေါ် တောင်းပန်ရမှာတွေ၊ ချစ်ခင်ရမှာတွေ၊ ဂရုစိုက်ရမှာတွေကို ရှက်ကိုးရှက်ကန်းနိုင်နေမယ်ဆိုရင်တော့ ကျွန်တော်တို့တွေကြားကတန်ဖိုးထားစရာ အခိုက်အတန့်လေးကိုလွတ်သွားမှာပဲ။ 

....................................................

Note ! I luv you guys for many feedbacks and votes. This every strength I received turns into beautiful stories and words.

Btw I pass the exam with High Quality Destinations. Yahoooo! Yahooo!

.....................................................

" ဖာခ့္ ! ဖာခ့္ကင္း ! မင္းျမင္လိုက္လား "

" ျမင္တယ္… ျမင္တယ္… လံုးခဲေနတာပဲ "

" ငါေျပာေနတာ ေရာ့ဘတ္ေဘာလံုးဆက္တိုက္ဖမ္းႏိုင္တာကိုေနာ္ Cyril "

" အဲဒါလည္းျမင္တယ္ "

ကၽြန္ေတာ္ေရာ Niel ပါ အားကစားလိုင္းအတြက္ ေဘလ္မေဆာင္နုိင္ေအာင္မြဲျပာက်ေနတာေၾကာင့္ ကုန္တိုက္က တီဗြီျပခန္းကို ကိုယ့္အိမ္ကိုယ္ယာလို သေဘာထားျပီး အားကစားလိုင္းေတြတစ္ခုျပီးတစ္ခုေျပာင္းၾကည့္ေနတာျဖစ္သည္။ Niel ကေတာ့ ေရာ့ဘတ္ရဲ႕ တည္ၿငိမ္တဲ့ကစားဟန္ေတြမွာ လက္ခုပ္လက္ဝါးတီးၿပီးအားေပးေနေပမဲ့ ကၽြန္ေတာ္က ကိုယ္က်ပ္ေဘာင္းဘီထဲမွာ ဟိုဘက္ယိမ္းလိုက္ ဒီဘက္ယိမ္းလိုက္ ယိမ္းက,ကေနတဲ့ ေရာ့ဘတ္ေလးကိုသာ အားေပးေနသည္။

ကၽြန္ေတာ္တို႔အားရပါးရထိုင္ၾကည့္ေနတဲ့ တီဗြီဆိုတာက နံရံအျပည့္ ႀကီးမားက်ယ္ျပန္႔တဲ့မ်က္ႏွာျပင္၊ ပါးလ်တဲ့ဒီဇိုင္း၊ ႂကြတက္တဲ့႐ုပ္လံုး၊ စိုေျပတဲ့ကာလာေတြနဲ႔ ၿပီးျပည့္စံုေနတာမို႔ ရည္းစားနဲ႔နွစ္ေယာက္ထဲအိမ္မွာ ဒီလိုတီဗြီမ်ိဳးၾကည့္ရရင္ ရည္းစားကိုေတာင္အဖက္လုပ္နုိင္မွာမဟုတ္၊ တီဗြီရဲ႕ဆြဲေဆာင္မႈေအာက္မွာ က်ရႈံးေနမွာပါ။

" ဟိုေကာင္ေလးႏွစ္ေကာင္ ငါဝယ္စရာရွိတာဝယ္ၿပီးၿပီ… ပိုက္ဆံရွင္းဖို႔ပဲက်န္ေတာ့တယ္။ သြားမယ္ "

မဂၤလာစေနေန႔မွႀကိဳဆိုပါတယ္။ တနဂၤေႏြဟာ ကၽြန္ေတာ့္ရက္သတၱပတ္စာအဝတ္ေလွ်ာ္တဲ့ေန႔ျဖစ္ရင္ စေနေန႔ကေတာ့ အေမရဲ႕ရက္သတၱပတ္စာေစ်းဝယ္ထြက္တဲ့ေန႔ျဖစ္တယ္။ အေမဟာ ပစၥည္းဝယ္တြန္းလွည္းႀကီးတစ္ခုလံုးမို႔ေမာက္ေနေအာင္ အသီးအႏွံအစံု၊ ရသာအစပ္အဟပ္ေဆာ့စ္ပုလင္းပုစိေပါင္းေျမာက္မ်ားစြာ၊ ပါစတာေခါက္ဆြဲလိပ္၊ ေခါက္ဆြဲေခ်ာင္းေတြ နဲ႔ ဂ်ံဳမႈန္႔ထုပ္ေတြကိုျဖည့္ထားၿပီး သူ႔အစားအေသာက္ေတြကို ဓားျပလာတိုက္မည္စိုးလားမသိ ဒယ္အိုးဒန္ခြက္ေတြနဲ႔ပါအေပၚကေန ဖံုးထားသည္။

အေမဟာမ်ားေသာအားျဖင့္ ဟင္းခ်က္ေလ့မရွိ။ ခ်က္ၿပီဆိုလည္း စစ္တိုက္ထြက္တဲ့စစ္သားလို စံုလင္ေနေအာင္လုပ္တတ္ေလ့ရွိသည္။ အခုလည္းဘယ္အစားအေသာက္ခ်န္နယ္က လက္ခ်ာေတြနားေထာင္လိုက္လဲမသိ…၊ ေၾကာ္ေလွာ္တဲ့ ဒယ္ျပား၊ ဒယ္လံုးဆိုဒ္မ်ိဳးစံုကို ဝယ္ဖို႔ႀကိဳးစားေနသည္။ ဒယ္အိုးေတြရဲ႕အထူးအပါး အရြယ္အစားေပၚမူတည္ၿပီး ေၾကာ္ခ်က္တဲ့အပူခ်ိန္၊ စိမ့္ဝင္တဲ့အပူရွိန္ေျပာင္းလဲၿပီး ျပဌာန္းစာအုပ္ထဲကလို သပ္ရပ္တဲ့ဟင္းတစ္ခြက္ရရွိႏိုင္တာဆိုေပမဲ့ လိုအပ္ပါသလား။

" ေလဒီထေရစီ ဤလက္တြန္းလွည္းအတြင္းရွိ အရာမ်ားအား အဘယ္ေန႔ဖ်က္ဆီးမွာနည္း။ အကၽြႏု္ပ္ ထိုေန႔အိမ္သို႔မလာအံ့ "

" အစုတ္ပလုတ္ေလး !!! "

Niel က အေမဆီက လက္တြန္းလွည္းကိုသြားကူဆြဲေပးရင္း ေနာက္ေျပာင္ေတာ့ အေမက သူ႔ကိုဆူဆဲေနသည္။ ကၽြန္ေတာ္ကေတာ့ တီဗြီျပခန္းဆိုဖာေပၚကမထေသးပဲ ေပကပ္ေနသည္။

" အေမေရ! ဒီတီဗြီေလးက ကၽြန္ေတာ္တို႔အိမ္ကို လိုက္ခ်င္ေနတဲ့ပံုပဲ "

" ဟဲ့ ေခၚခ်င္တိုင္းေခၚရေအာင္ ျပခန္းကတီဗြီကိုလမ္းေဘးေခြးမ်ားေအာက္ေမ့ေနလား "

" တီဗြီေလးေပၚ အၾကင္နာကင္းမဲ့လွပါလား ေလဒီထေရစီ "

" နင္တိတ္တိတ္ေနစမ္း Niel
လာ!! ျပန္မယ္ Cyril "

" ခ်စ္ျခင္းကိုမခြဲပါနဲ႔ အေမရယ္ "

" မင္းကလည္း အခ်က္အျပဳတ္ခ်န္နယ္ေလး ေျပာင္းျပလိုက္ပါလား ! "

Niel က တြန္းလွည္းႀကီးကို ဆိုင္ဝန္ထမ္းလက္ထဲထိုးထည့္ၿပီး အေမ့ကိုဆြဲလာကာ ဆိုဖာေပၚအတင္းထိုင္းခိုင္းသည္။ ကၽြန္ေတာ္လည္း သူမဘုရားသခင္လိုကိုးကြယ္သည့္ ေဂၚဒန္ရမ္ေဆးရဲ့မီးဖိုေခ်ာင္ၾကီးပါသည့္လိုင္းကို အျမန္ေျပာင္းလိုက္သည္။

" ေတြ႕လား! ေတြ႕လား! င႐ုတ္ေကာင္းေတြျဖဴးလိုက္တာ ဒီကေတာင္အနံ႔ေတြရေနသလိုပဲ အေမ "

" စိတ္ကူးမမွားနဲ႔ေတာ့ အန္႔ထေရစီ… ဒီတီဗြီမွာျပတဲ့ ကာလာကိုခံစားၾကည့္ နံ႐ိုးသားကလိုင္းေတြကို အေရာင္ရွိတဲ့အတိုင္းျမင္ရတယ္။ အဲဒါတကယ္ခ်က္တဲ့အခါမွာ အေထာက္ကူျဖစ္တယ္ေနာ္ "
ကၽြန္ေတာ္နဲ႔ Niel အေမ့ကိုအလယ္မွာညႇပ္ထိုင္ခိုင္းၿပီး ဆိုင္ဝန္ထမ္းထက္ေတာင္အားတက္သေရာနဲ႔ အဆက္မျပတ္ပ႐ိုမိုရွင္းဆင္းေနေတာ့သည္။

" ေအာ္ ဟုတ္လား!? ဝယ္ေပးမယ္ေလ… "

" အေမ! တကယ္ "

" ၾကားရတဲ့သတင္းက ဝမ္းသာစရာပဲ ေလဒီထေရစီ "

" အခုခ်က္ခ်င္းေတာင္ဝယ္ေပးလိုက္ဦးမယ္ နင္တို႔ပိုက္ဆံေပးရင္ေျပာပါတယ္ "

ဒါမ်ိဳးဆိုကၽြန္ေတာ္ကလက္ျမန္သည္။ အေမ့စလင္းဘတ္အိတ္ကိုဆြဲဖြင့္ၿပီး ေႂကြးဝယ္ကတ္ကိုထုတ္သည္။ Niel က ကၽြန္ေတာ့္အေမကို ေကာင္းေကာင္းခ်ဳပ္ထားသည္။

" နင္တို႔ ေတာ္ေတာ္အက်င့္မေကာင္းတဲ့ဟာေလးေတြပါလား "

ကၽြန္ေတာ္တို႔တတ္စြမ္းသမွ်ပညာသံုးကာ ျပခန္းထဲမွာပိတ္ေလွာင္ခံေနရတဲ့ သနားဖြယ္တီဗြီေလးကိုအိမ္ေခၚဖို႔ႀကိဳးစားေပမဲ့ အေမရဲ႕ကတ္နံပါတ္ဟာေျပာင္းလဲထားၿပီျဖစ္ၿပီး စစ္ဆင္ေရး အေရးနိမ့္သြားသည္။ အေမ့ကားေနာက္ခန္းမွာ ၇ေခါက္၊ ၈ေခါက္ ခ်ိဳးတဲ့မ်က္ႏွာေတြနဲ႔ အိမ္ျပန္လိုက္လာတာကလြဲၿပီး ေတာ္လွန္ေရးေကာင္းေကာင္းမလုပ္လိုက္ရပါ။

" သားေလးတို႔..., အေရွ႕မွာ အလန္းေလးေတြရွိတယ္ "

လွမ္းၾကည့္လိုက္ေတာ့ အထက္တန္းေက်ာင္းသူေလးေတြ ရန္ပံုေငြအတြက္ကားေရေဆးေပးတဲ့ ပေရာ့ဂ်က္ပါ။ ကားဝပ္ေရွာ့ႀကီးလို လုပ္ထံုးလုပ္နည္းအတိုင္းေရေဆးေပးတာမ်ိဳးမဟုတ္။ Call me maybe သီခ်င္းထဲမွာ Carly Rae Jepsen ကားကိုဆပ္ျပာနဲ႔တက္ပြတ္ေနသလို ဝန္ေဆာင္မႈေပးတာပါ။

" အလွဴေငြအတြက္ေက်းဇူးပါ "

" ေနာက္က အန္တီ့သားေလးေတြအတြက္ ဆပ္ျပာအပိုေဆာင္းထည့္ေပးပါဦး "

ဒီလိုပေရာ့ဂ်က္မ်ိဳးမွာပါဝင္တဲ့ မိန္းကေလးေတြဆိုတာ ေက်ာင္းမွာပန္းပြားမယ္အဆင့္ရွိတဲ့ ႐ုပ္ရည္႐ူပကာ၊ ကိုယ္လံုးကိုယ္ေပါက္တို႔နဲ႔ ျပည့္စံုၿပီးသားျဖစ္တဲ့အတြက္ေၾကာင့္ မ်က္စိပေဒသာအတြက္ေတာ့မပူပါနဲ႔။

ေကာင္မေလးေတြအကုန္လံုး စကတ္တိုတို၊ လည္ပင္းဟိုက္ဟိုက္ ဆင္တူဝတ္စံုေလးမ်ားဝတ္ထားၾကၿပီး ေရပံုးကိုယ္စီ၊ ဆပ္ျပာျမႇဳပ္တံုးကိုယ္စီနဲ႔ ကားကိုပတ္ပတ္လည္လည္ျခံရံၾကသည္။ စပီကာကေန 'Chihuahua' သီခ်င္းသံစထြက္လာၿပီး ေကာင္မေလးေတြသီခ်င္းသံနဲ႔အညီ လႈပ္ကာရမ္းကာ ကားကိုဆပ္ျပာရည္ေတြနဲ႔ပက္ၾကသည္။ တကယ့္ကို႔ Chihuahua ပါပဲ။ Chihuahua ဆိုတာစပိန္စတိုင္ေရွာခ့္ရနည္းပါ။

ေနာက္သူတို႔ေတြကားကို စပါယ္ရွယ္ပြတ္ၾကပါသည္။ ကားေခါင္မိုးကိုပြတ္တဲ့အခါ သူတို႔ရဲ႕လတ္လတ္ဆတ္ဆတ္ရင္ႏွစ္မႊာဟာ ကားမွန္ျပတင္းမွာဖိကပ္ၿပီးသားျဖစ္ေနသည္။ ထိုရင္ႏွစ္မႊာေဘးမွာ ဆပ္ျပာျမႇဳပ္ေလးေတြဝန္းရံေနတဲ့အတြက္ ကၽြန္ေတာ့္လိုေဂးေတာင္ ညစ္ၾကည့္ခ်င္စိတ္ေတြတဖြားဖြာေပၚလာသည္။ Niel ကေတာ့ႏႈတ္ခမ္းကို ခဏခဏသပ္ေနသည္။

ကားေနာက္ဖံုးကိုပြတ္ေနတဲ့ေကာင္မေလးဟာ ကားေခါင္မိုးေပၚကိုတက္ဖို႔ျပင္သည္။ စကတ္နဲ႔ဆိုေတာ့ ကၽြန္ေတာ္ေရာ Niel ပါမ်က္ေတာင္မခတ္ေနာက္ကို အူယားဖားလ်ားလွည့္ၾကည့္သည္။ စကတ္အနားသားေလးဟာတစ္ေျဖးေျဖး အထက္အရပ္ကိုလိပ္တက္သည္။ ထပ္၍လိပ္တက္သည္။ ေနာက္တစ္ေခါက္လိပ္တက္တဲ့အခါမွာ ကၽြန္ေတာ္တို႔ေမ်ာ္လင့္ထားတဲ့ အနားတြန္႔ေလးပါတဲ့သံုးနာညီႀတိဂံအတြင္းခံေဘာင္းဘီေလး မဟုတ္ဘဲ ေလးနားညီေထာင္မွန္စတုဂံ အမည္းေရာင္ေရကူးဝတ္စံုေဘာင္းဘီတိုျဖစ္ေနသည္။

" အိုးး! ႏိုးး "

ကၽြန္ေတာ္နဲ႔ Niel ကားဆိုဖာကို ႐ိုက္လိုက္ရင္းက်ိန္ဆဲသည္။ အေမကေတာ့ ကၽြန္ေတာ္တို႔ႏွစ္ေယာက္ျဖစ္ပ်က္ေနတာကို ကားေနာက္မွန္ကေနလွမ္းၾကည့္ရင္း ရယ္ေမာေနသည္။ သေဘာရုိးအားျဖင့္ေျပာရမယ္ဆိုရင္ က်ြန္ေတာ္က Niel တစ္ေယာက္ထဲနွာဘူးျဖစ္ေနမွာစိုးလို႔ ပံ့ပိုးသရုပ္ေဆာင္ေပးတာပါ။ လြန္ေလၿပီးတဲ့စာမ်က္ႏွာေပါင္းမ်ားစြာမွာကတည္းက ေကာင္မေလးေတြရဲ႕ပူစီေတြထက္ ပုရိသေတြရဲ႕ေပါင္ၾကားထဲကဟာကိုပဲသစၥာရွိစြာခ်စ္ခင္ျမတ္နုိးခဲ့တာပါ။

Niel နဲ႔အတူရွိရင္ေတာ့ ေကာင္မေလးေတြကို ေကာင္းမြန္စြာ ငမ္းတတ္၊ အထွာေပးတတ္သည္။ ရံဖန္ရံခါ ကိုယ့္ဘာသာကိုယ္ေတာင္ ငါေလးေျဖာင့္မ်ားေျဖာင့္ေနလားလို႔ အေတြးဝင္ေပမဲ့ အိပ္ယာေပၚေရာက္တာနဲ႔ ေျဖာင့္တန္းေနေသာယံုၾကည္ခ်က္ 180 ဒီဂရီဟာ တိတိက်က် 360 ဒီဂရီကိုေကြးသြားသည္။

မိန္းကေလးေတြရဲ႕ပူစီဟာက်ြန္ေတာ့္အတြက္မဟုတ္ရတဲ့အေၾကာင္းျပခ်က္ေတြရွိပါတယ္။

(၁) အဲဒီဟာကသိပ္ကိုေပ်ာ့လြန္းတယ္။ အေရျပားမအုပ္ထားတဲ့အသားလႊာေလးေတြလိုေပ်ာ့ေျပာင္းလြန္းတာေၾကာင့္ တို႔ကနဲဆိတ္ကနဲထိရကိုင္ရတဲ့အရသာကို ကၽြန္ေတာ္မႀကိဳက္ဘူး။ မာေနတာမ်ိဳးမွ လက္ထဲမွာထိထိမိမိ ဆုပ္ကိုင္ရတာေကာင္းတယ္ေလ။

(၂) အဝင္အထြက္မွာ ေရပက္ခံရသလို ရႊဲရႊဲစိုေနတာမ်ိဳးက အေအးမိလြယ္တဲ့ကၽြန္ေတာ့္အတြက္ ႏွစ္သက္ဖို႔ခဲယဥ္းတယ္။

(၃) တနည္းအားျဖင့္ ဒီေနရာဟာ ကေလးငယ္ေတြထြက္လာတဲ့တံခါးဝေလးျဖစ္တဲ့အတြက္ ကၽြန္ေတာ္နဲ႔အဝင္အထြက္လုပ္ဖို႔ဆိုတာ မသက္ဆိုင္သလိုပဲ။

(၄) ေသြးထြက္သံယိုေတြလည္း မခံစားႏိုင္ပါ။ ကၽြန္ေတာ္ကအသည္းငယ္တယ္။

(၅) ကၽြန္ေတာ္အငန္မႀကိဳက္ဘူး။

မွတ္ခ်က္တစ္ခုထည့္ပါရေစ။ ပူစီမႀကိဳက္ရင္ ေနာက္ကေနဆြဲလို႔ရတာပဲဆိုအၾကံေပးၾကတဲ့ ဘရားသားမ်ားကိုျပန္ေျဖရရင္ ေနာက္ကေနဆြဲဖို႔ပဲ ကုန္းခိုင္းၿပီးကာမွ အေပၚကအခ်က္ငါးခ်က္နဲ႔ ညီၫြတ္တဲ့ ပူစီကတ္ႀကီးက ေစ့ေစ့ႀကီး ၾကည့္ေနတာမ်ိဳးက ပိုၿပီးေသြးပ်က္ဖို႔ေကာင္းပါတယ္။

ဘာဆိုဘာမွမေရာတဲ့စစ္မွန္တဲ့ေဂးအရသာေၾကာင့္ ကိုယ့္ဘာသာကိုယ္ဂုဏ္ယူေကာင္းေနတုန္း လစ္ဇာရဲ႕ စာအုပ္ေစာင္းနဲ႔ေခါက္ခ်လိုက္မွ အသိျပန္ဝင္လာသည္။ အေမနဲ႔ေစ်းလိုက္ဝယ္ေပးၿပီးေတာ့ ကၽြန္ေတာ္နဲ႔ Niel ကိုလစ္ဇာက စာလုပ္ဖို႔ေခၚထားတာေၾကာင့္ Merv အေအးဆိုင္လိပ္စာကိုခ်ိန္းလိုက္ေသာ္လည္း ဒီေန႔ Merv အလုပ္မဆင္းတဲ့ရက္ျဖစ္ပံုရသည္။

အေအးေကာင္တာမွာ ေအာ္ဒါကိုတစ္ခုခ်င္းစီမွာၿပီး သြားသြားေခ်ာင္းေသာ္လည္း မေတြ႕..., မုန္႔ေတြပါတစ္ခုတစ္ခါမွာဖို႔လုပ္ေနေပမဲ့ အလုပ္မဆင္းတာမွန္ကန္သည္မို႔ လက္ေလ်ာ့လိုက္ပါသည္။

" နင္တို႔ ၿပီးခဲ့တဲ့ ျပဇာတ္အေၾကာင္းသိၿပီးၿပီလား "

" လိုခ်င္တဲ့ဆံပင္အေရာင္မရတဲ့ျပဇာတ္လား? "

" သူတို႔လိုတဲ့ဆံပင္က အဂၤလန္ဘုရင္မႀကီးေနရာက သ႐ုပ္ေဆာင္အတြက္တဲ့ "

" မဟုတ္မွလြဲေရာ ဆံပင္အနီေရာင္နဲ႔ အဂၤလန္ဘုရင္မႀကီးကိုစင္ေပၚတင္လိုက္တာလား!! "

" ေအးေလ…, အခု တကၠသိုလ္ရဲ႕ website မွာအဲသတင္းကနာမည္ႀကီးေနၿပီ။ ဒီတိုင္းျပဇာတ္ကလိုက္ရင္ေတာင္ဘယ္သူမွသိမွာမဟုတ္ဘူး။ နာမည္ႀကီးဖို႔က ေပါက္ကရေတြလုပ္တတ္မွထင္တယ္ "

Niel နဲ႔ လစ္ဇာကစာလုပ္ရင္းကိစၥအဝဝကို ေျပာဆိုေနၾကေသာ္လည္း ကၽြန္ေတာ္ကအေအးထဲက ေရခဲတံုးကိုသာ ေအာက္ကိုထိုးခ်လိုက္ ျပန္တက္လာရင္ ထပ္ထိုးခ်လိုက္လုပ္ေနသည္။

" Cyril နင္ဘာျဖစ္ေနတာလဲ "

" Crush ပူမိေနတာေနမွာ "

ကၽြန္ေတာ္ Niel ကိုတံေတာင္နဲ႔လွမ္းထိုးေသာ္လည္း အလ်င္မမွီလိုက္ လစ္ဇာက ျပဴးက်ယ္တဲ့မ်က္လံုးေတြနဲ႔ ၾကည့္ေနၿပီ။

" အိုး မိုင္ ေဂါ့…, ငါထင္တာမမွားရင္ ဂ်က္ရဲ႕ေမြးေန႔ပါတီကထြက္သြားၿပီး အဲသူနဲ႔အတူတူရွိေနတာမလား? ဘယ္သူလဲဆိုတာ နင္သိလား Niel ? "

" ငါ့ကို မေျပာျပဘူး "

Niel ပံုစံက ငါ့ကိုမေျပာျပတဲ့အတြက္ခံစမ္းဆိုၿပီး အေၾကာတင္းျပေနသည္။

" Cyril ဆီကလည္း အခုတေလာေျပာျဖစ္တဲ့အေၾကာင္းအရာေတြမွာ စိတ္ဝင္စားတဲ့ေကာင္မေလးအေၾကာင္းမၾကားမိသလိုပဲ "

ကၽြန္ေတာ္လစ္ဇာကိုေဂးတစ္ေယာက္ျဖစ္ေၾကာင္း ဖြင့္ဟဖို႔ အေခါက္ေခါက္အခါခါစဥ္းစားခဲ့ေပမဲ့ အၿမဲလိုလို စကားကထြက္မလာတာေၾကာင့္တပ္ေခါက္ၿပီးျပန္သိမ္းခဲ့ရတာမ်ားသည္။ ကၽြန္ေတာ့္စိတ္အတြင္းက ဘယ္လိုပဲေဂးျဖစ္ရတာ ရွက္စိတ္ခံစားစရာမလိုဘူးဆို သတ္မွတ္ထားလည္း သူငယ္ခ်င္းေတြ၊ မိသားစုေတြ၊ အမ်ိဳးေတြ သူတိုၾကားမွာ ေျပာင္းလဲသြားမယ့္အျမင္တစ္ခုခုကို မလိုလားဘူး။

" အဲဒါေကာင္မေလးမဟုတ္ဘူး "

ကၽြန္ေတာ္ လစ္ဇာရဲ႕အၾကည့္ေတြကိုေရွာင္လႊဲရင္း ဒီတစ္ခါေတာ့ရေအာင္ ေျပာမည္လို႔စိတ္ဆံုးျဖတ္ခ်လိုက္သည္။ အနားမွာ Niel လည္းရွိၿပီးေတာ့ အဆင္ေျပမွာပါ။

" အိုးးးး Cyril, နင္ကအိမ္ေထာင္ရွိတဲ့အမ်ိဳးသမီးနဲ႔ ၿငိစြန္းေနတာလား ! "

" Cyril မင္း မင္း …, "

လစ္ဇာကမသိလို႔ေျပာခ်င္တာေျပာတာထားဦး။ Niel ကပါ မဟားတရားအံၾသေနတဲ့ပံုစံနဲ႔ လာၾကည့္ေနသည္။

" လစ္ဇာ… ငါက ေဂး "

" မင္းမေျပာေလာက္ေသးဘူးထင္လို႔ ဝိုင္းသ႐ုပ္ေဆာင္ေပးေနတာကိုကြာ "

လစ္ဇာက တစ္ခုခုေျပာဖို႔ဟန္ျပင္ၿပီးမွ ျပန္ၿပီးႏႈတ္ခမ္းေတြကိုေစ့လိုက္သည္။ ေနာက္သူမက ေခါင္းကိုအသာအယာၿငိမ့္သည္။

"  အဲဒါေၾကာင့္နင္က ေက်ာင္းေလ့လာေရးခရီးထြက္တုန္းက ေယာက်ာ္းေလးေတြအတြက္ 5 ေယာက္အိပ္ခန္းေတြ ဘိုကင္လုပ္ေပးတာကို "

" ဟမ္! မဆိုင္တာ… ငါဖြင့္ေျပာလိုက္တိုင္း အဲဒီျဖစ္ရပ္ႀကီးက ဘာလို႔ကပ္ပါေနရတာလဲ "

" ဒါေပမဲ့ ငါနင္တို႔ႏွစ္ေယာက္လံုးကို စိတ္ဆိုးတယ္ "

ေစာေစာကတင္ေကာင္းေကာင္းမြန္မြန္ အေျခအေနရွိေနတဲ့ လစ္ဇာဟာ ခ်က္ခ်င္းမ်က္ရည္ေတြဝဲလာၿပီး လက္ဖမိုးနဲ႔ဖိသုတ္ကာ ဖယ္ရွားေနသည္။ ကၽြန္ေတာ္တို႔ႏွစ္ေယာက္လံုး လစ္ဇာကို တစ္ရွဴးေတြထုတ္ေပးမဲ့ သူမက မယူဘဲလက္ပိုက္ကာ ကၽြန္ေတာ္တို႔နဲ႔ ဆန္႔က်င့္ဘက္အရပ္ကို မ်က္ႏွာမူထားသည္။

" ေသလိုက္ပါေတာ့။ ေသာက္မ်က္ရည္ေတြ ! "

" ဘာျဖစ္လို႔လဲ လစ္ဇာ ငါ့ကိုၾကည့္ပါဦး "

Niel ကလစ္ဇာေဘးမွာထိုင္တာဆိုေတာ့ သူမပုခံုးကိုေျဖးေျဖးခ်င္းထိကာႏွစ္သိမ့္ေပးေနၿပီး ကၽြန္ေတာ္က မ်က္ႏွာခ်င္းဆိုင္ထိုင္ခံုကေန လစ္ဇာရဲ႕ မ်က္ရည္ေတြကို အတိုင္းသားျမင္ေနရၿပီး အဲဒါက ကၽြန္ေတာ့္ကိုပါ မ်က္ရည္ဝဲေစသည္။

" ငါ နင္တို႔နဲ႔အၿမဲရွိေနသလို ငါ့မွာလည္းနင္တို႔ပဲရွိတယ္။ အၿမဲတမ္း ငါတို႔တူတူရယ္တယ္။ အၿမဲတမ္းငါတို႔ တူတူေပါက္ကရေတြလုပ္ၾကတယ္။ အၿမဲတမ္းငါတို႔ကိစၥအစံုေဆြးေႏြးၾကတယ္။

ဒါေပမဲ့ အၿမဲတမ္း ငါအထီးက်န္ရတယ္ Cyril ! Niel !

နင္တို႔ႏွစ္ေယာက္က ငါ့အခင္ဆံုး အခ်စ္ဆံုး သူငယ္ခ်င္းေတြျဖစ္ေပမဲ့ နင္တို႔အတြက္ ငါကမဟုတ္ဘူး။ ငါ ဒီအခိုက္အတန္႔ကို မလြတ္ခ်င္ဘူး Cyril ။ နင္ ေဂးဆိုတာ Niel ကိုဖြင့္ေျပာတဲ့ အခိုက္အတန္႔မွာ Niel နဲ႔အတူငါလည္း နင့္ကိုေနာက္ေျပာင္မယ္။ နင့္ကိုအားေပးမယ္။

ထားပါ… ဒီကိစၥမွမဟုတ္ဘူး။ တျခားကိစၥေတြလည္းအမ်ားႀကီးရွိေသးတယ္။ နင္တို႔ႏွစ္ေယာက္ပဲသိတဲ့ကိစၥေတြေျပာရင္း ငါမသိတဲ့အေၾကာင္းကို ေနာက္ေျပာင္ေနတာမ်ိဳးေတြ။

သံုးေယာက္ဖြဲ႕တဲ့သူငယ္ခ်င္းေတြမွာ တစ္ေယာက္ကလြတ္ေနတယ္ဆိုတဲ့ စကားေတြကို ငါမယံုခဲ့ဘူး။ နင္တို႔ႏွစ္ေယာက္က ငယ္ငယ္ထဲကတူတူႀကီးလာလို႔ဘာတို႔ေတြထည့္စဥ္းစားေပမဲ့ ငါလည္နင္တို႔ရဲ႕ သူငယ္ခ်င္းတစ္ေယာက္ပါပဲ "

လစ္ဇာကကၽြန္ေတာ့္လက္ထဲက တစ္ရွဴးကိုေဆာင့္ဆြဲယူလိုက္ၿပီး ဆက္ေျပာသည္။

" ငါအဲလိုေျပာလိုက္လို႔ ငါကအရမ္းတြက္ကပ္တဲ့ပံု ေပါက္သြားလား? ငါေက်ာင္းမွာ ခံစားခ်က္ေတြတက္ေျပာတဲ့ေန႔က နင္တို႔ငါ့ကို ဘာလို႔အထီးက်န္တယ္ခံစားရလဲ ေမးခဲ့လား။

နင္တို႔ ဘာလို႔ငါ့ကိုဆို အားလံုးအဆင္ေျပတယ္လို႔ ျမင္ေနတာလဲ။

နင္တို႔ ဘာလို႔ငါ့မွာမိန္းကေလးသူငယ္ခ်င္းတစ္ေယာက္မွမရွိလဲ မစဥ္းစားမိဘူးလား?

နင္တို႔သတိမထားမိပါဘူး။ ဘာလို႔လဲဆိုေတာ့ နင္တို႔လည္း သူမ်ားေတြျမင္သလို ငါကေစာက္ရမ္းၿပီးျပည့္စံုတဲ့ မိန္းကေလးတစ္ေယာက္ျဖစ္ေနလို႔ "

ကၽြန္ေတာ္ လစ္ဇာရဲ႕လက္ေကာက္ဝတ္ကိုဖြဖြေလးဆြဲကိုင္ရင္း သူမနဲ႔အၾကည့္ခ်င္းဆံုဖို႔ ႀကိဳးစားသည္။ ကၽြန္ေတာ့္ေခါင္းထဲမွာ ဆင္ေျခေတြဘာမွမရွိဘဲ သူမကိုေတာင္းပန္ခ်င္ေနတာပဲ သိသည္။ အမွန္ေတာ့ ကၽြန္ေတာ္ လစ္ဇာနဲ႔ပတ္သတ္ၿပီး မိန္းကေလးအခ်င္းခ်င္းၾကားက ေကာလာဟလေတြလည္းၾကားဖူးပါသည္။

အထက္တန္းေက်ာင္းမွာလည္း ေယာက်ာ္းေလးေတြၾကားမွာေရပန္းစားတဲ့ မိန္းကေလးေတြဆိုတာ အၿမဲတမ္းအေျပာခံရေလ့ရွိတယ္။ သူတို႔ဘယ္တုန္းကမွ မလုပ္ခဲ့တဲ့ကိစၥေတြနဲ႔ စြပ္စြဲခံရတယ္။ နာမည္ႀကီးတဲ့သူတစ္စံုတစ္ေယာက္ဘက္က ရပ္တည္ၿပီးေျပာေပးတဲ့အခါ ဖားတယ္ဆိုသမႈတ္ၾကတဲ့အတြက္ ဘယ္သူမွဂ႐ုမစိုက္တာ သာမာန္လိုျဖစ္ေနၿပီ။

" လစ္ဇာ…, ငါ့ကိုၾကည့္ပါဦး။ နင္အဲလိုခံစားေနရတာ ငါတကယ္စိတ္မေကာင္းဘူး။

Niel ကလစ္ဇာပုခံုးေပၚဖိထားတဲ့လက္ကို ႐ုတ္သိမ္းလိုက္ၿပီး ၿငိမ္သက္ေနသည္။ Niel ဘာလို႔ၿငိမ္သက္ေနလဲ ကၽြန္ေတာ္ေကာင္းေကာင္းသိသည္။ လစ္ဇာေျပာတဲ့ အျခားကိစၥေတြဆိုတာကၽြန္ေတာ္ေရာ Niel ပါျပန္မမွတ္မိခ်င္တဲ့ အေၾကာင္းရာေတြေလ။

" Cyril ငါ့ကိုဖြင့္ေျပာရတဲ့အေၾကာင္းရင္းက အဲလိုမ်ိဳးနင့္ကို သပ္သပ္ဖယ္ထားတာမ်ိဳးမဟုတ္ဘူး။ ငါတို႔ နင့္ကိုတကယ္ခ်စ္တာပါ။ နင္ေျပာသလို သူမ်ားေတြထင္သလို ငါတို႔ထင္ခဲ့မိတဲ့အတြက္ေတာ့ ေတာင္းပန္ပါတယ္။ "

" ဘာလဲ ငါက ဒရမ္မာကြင္းႀကီးနဲ႔ တူေနၿပီလား "

" ႏိုး! ဒရမ္မာကြင္းဆိုတာမ်ိဳးက ဘာကိစၥပဲျဖစ္ျဖစ္ အရင္ဆံုး တစ္ပတ္ေလာက္စကားမေျပာဘဲေနဦးမွာ "

ကၽြန္ေတာ္ေျပာလိုက္တဲ့စကားကို သူမႏွစ္သက္ပံုရသည္။ မ်က္ရည္ေတြၾကားက စပ္ၿဖဲၿဖဲထရယ္ရွာတယ္။

" Group Hug "

လစ္ဇာက သူမလက္နွစ္ဖက္ကိုဆန္႔တန္းျပေတာ့ ကၽြန္ေတာ္တို႔ႏွစ္ေယာက္လံုး သူမကိုတင္းတင္းက်ပ္က်ပ္ေပြ႕ဖက္လိုက္သည္။ ၿပီးေတာ့ ကၽြန္ေတာ္တို႔ အေအးဆိုင္ႀကီးမွာဘာလို႔ ဒီလိုဒရမ္မာေတြလာခင္းေနတာလဲ ေတြးမိေတာ့ႀကိတ္ရယ္မိသည္။ တျခားဝိုင္းေတြက လူေတြက ကၽြန္ေတာ္တို႔ကို သံုးဖက္ခၽြန္ေတြလားဆို ၾကည့္ေနၾကေပမဲ့ ကၽြန္ေတာ္သူမ်ားအျမင္ေတြကို မစိုးရိမ္ႏိုင္ေတာ့ဘူး။

ဘာလို႔လဲဆိုေတာ့ ကၽြန္ေတာ္တို႔ၾကားမွာထားတဲ့ သူငယ္ခ်င္းအခ်င္းခ်င္းေႏွာင္ႀကိဳးခ်ည္တဲ့အခိုက္အတန္႔ေလးက ေဘးလူေတြထက္အမ်ားႀကီး အေရးပါလို႔ပဲ။ သူမ်ားေတြအျမင္နဲ႔ သူငယ္ခ်င္းေတြအေပၚ ေတာင္းပန္ရမွာေတြ၊ ခ်စ္ခင္ရမွာေတြ၊ ဂ႐ုစိုက္ရမွာေတြကို ရွက္ကိုးရွက္ကန္းႏိုင္ေနမယ္ဆိုရင္ေတာ့ ကၽြန္ေတာ္တို႔ေတြၾကားကတန္ဖိုးထားစရာ အခိုက္အတန႔္ေလးကိုလြတ္သြားမွာပဲ။ 

Bạn đang đọc truyện trên: ZingTruyen.Xyz