ပိုးစုန်းကြူးလေးဖမ်းပေးပါ(Completed)
Intro
" ငစုံ .. ။ မင်းမှာ နောက်ဆုံးဆန္ဒရှိရင်ပြောခဲ့လို့ရတယ်"
ထောင်စောင့်သည် အချုပ်ခန်းတံခါး ရှေ့ထိုင်ကာ
ငစုံအားကြည့်၍ပြောလိုက်လေသည်။ ညသည်
အကျဥ်းေထာင်၏ အပြင်တွင် သာယာလှပစွာလင်းလဲ့နေပေမဲ့ ထောင်အတွင်းတွင်တော့ အမှောင်ဖျော့ဖျော့ သာ အုပ်ဆိုင်းနေခဲ့ပါ၏။
ထိုထောင်ခန်းအတွင်းမှာတော့ နောက်ဆုံးထွက်သက်သာ ရှိတော့သည့် လူမမာတစ်ယောက်လည်းရှိ၏ ။
တစ်နေကုန် ထောင်ဝန်ထမ်းတော်တော်များများ လာရောက်လူနာမေးလာခဲ့ကြပြီး သူ့အလှည့်ကတော့ ခုမှရောက်လာတာဖြစ်၏။
" မင်းနေသာရဲ့လား"
ထိုသံတိုင် ခပ်ဟောင်း၏နောက်မှာ ပိန်လှီဖျော့တော့နေသော
အမျိုးသားတစ်ယောက်သည် သူ့၏နောက်ဆုံးဆန္ဒအား ပြန်လည်တွေးတောနေသကဲ့သလို့ အင်္ဂတေတချို့ ကွာ ၍ပေါ်လာသော အုပ်ချပ်အနီရောင်ကို ငေးကြည့်နေခဲ့သည်။ထိုအချုပ်သားက နှစ်ရှည် ထောင်ကျနေတာမို့ ထောင်ဝန်ထမ်းတော်တော်များများရင်းနှီးနေကြသည်။
နောက်ပြီး ထောင်သား စုံသာမြိုင်သည် အတော်လေး
အနေအေးဆေးသူဖြစ်တာကြောင့်မို့လည်းပါသည်။
သနားစရာကောင်းတာက ထိုအပြစ်သားသည်
မိန်းမတစ်ယောက်ကြောင့် သူ့ဘဝ၏ ငယ်ရွယ်မူ့တွေကိုထောင်ထဲမှာသာ ကုန်ဆုံးစေခဲ့သူဖြစ်သည်။
ဟုတ်သည် ။ လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်ခန့်က
လေးလောင်းပြိုင် လူသတ်မူ့ကြီး၏ တရားခံကား
အဆိုပါ သေအံ့မူးမူး အရိုးပေါ်အရေတင် လူမမာဆိုတာ ယုံကြမည်မဟုတ်။
တရားခံစုံသာမြိုင်၏ အမူ့သည် ဟိုးလေးတကြော်ကြော် ဖြစ်ခဲ့တာမို့ ထောင်တစ်သက်တစ်ကျွန်းကျခဲ့ရခြင်းသာ။
ထို့ထက်ဆိုးဝါးသည်က စုံသာမြိုင် ကယ်ဆယ်ခဲ့သော ချစ်သူမိန်းကလေးသည် ထောင်တွင်းရောက်ရှိသည့်နေ့မှစ၍ တစ်ရက်တစ်လေ တောင်လာရောက်တွေ့စုံခြင်းမရှိခဲ့ခြင်းပေ။
" နောက်ဆုံးဆန္ဒ ဟုတ်လား? ။ ကျုပ်လို လူတစ်ယောက်က ဘာများ ပြောစရာရှိအုံးမှာလဲ ။
ဒါမှမဟုတ် စံပယ်ဖြူဆိုတဲ့မိန်းကလေး ဒီလရော
ကျုပ်ကိုတွေ့ဖို့ လာသေးလား ။ ဆိုပြီး မေးရမှာလား။
ဒါမှမဟုတ် လတိုင်းလနေကြ စာလွှာလေးများဒီလ ရောက်သေးရဲ့လားလို့မေးရမှာလား။ "
ခပ်လေးလေး စကားနောက်မှာ ထောင်စောင့်၏ သက်ပြင်းချသံက ခပ်သဲ့သဲ့ထွက်လာ၏။
လေးလောင်းပြိုင် လူသတ်မူ့နဲ့ နှစ်ရှည် အကျဉ်းကျခဲ့ရတဲ့ စုံသာမြိုင်ဆိုတဲ့ လူမိုက်ကြီးက သေခါနီးဆဲဆဲမှာ
မမြင်ရတာ ကြာပြီဖြစ်တဲ့စာတစ်စောင်ကို တမ်းတနေပါတယ်ပြောရင် ရယ်ကြအုံးမယ်ထင်ပါသည်။
" နောက်ဆုံးဆန္ဒပြောစရာမရှိရင် ငါသွားတော့မယ် "
ခဏကြာအောင်စောင့်ပြီးတဲ့နောက်မှာ
ထောင်စောင့်က ထွက်သွားဟန်ပြုလာခဲ့သည်။
ငစုံတစ်ယောက်တွေဝေငေးမောနေရာမှ တားမြစ်ဖို့သတိရလာခဲ့၏။ မသေခင်မှာ သူနောက်ဆုံးအကြိမ်ဖတ်ကြည့်ချင်သေးသည်မို့...
" ဒီလအတွက် အမျိုးသမီးတစ်ယောက်ဆီက စာလာသေးလား "
ပုံမှန်ဆို ထောင်သားတွေ အတွက် လစဉ် စာလာသည်ဆိုတာခပ်ရှားရှား။
ငစုံက နှစ်ရှည်ကျတဲ့ နှစ်ကြီးထောင်သားဖြစ်ပေမဲ့
လစဉ်မပြတ်တဲ့အကြော်အလှော်ဘူးလေးတွေနှင့်
စာစောင်တွေကတော့ နှစ်ပေါင်း ၃၀အတွင်း လတိုင်းမပြတ်ခဲ့ပေ။ ဒါ အထူးအဆန်းမဟုတ်။ ငစုံလို လူတစ်ယောက်အတွက် သူ့မှာ ကျွေးမွေးပေးမဲ့သူ တစ်ယောက်တစ်လေတော့ရှိအုံးမှာပင်။
တပည့်ကျော် ချစ်ထွန်းရဲ့ အမ ချစ်ပြည့်လား။
သူ မသေချာပေမဲ့ ဒီနှစ် တွေအတွင်းသေလူသာသာ
လောကကြီးအကြောင်းလျစ်လျူ ရှု့ထားခဲ့တာမို့လား။ တစ်ကျီကျီအသံပေးကာ ဖြတ်သန်းသွားတဲ့ကြွက်တစ်ကောင်က တိတ်ဆိတ်မူ့ကို အလင်းပေးသည့်နှယ်။ နောက်ဆုံး ထောင်စောင့်ဆီကနေ အသံထွက်လာ၏။
" အမျိုးသမီး ?"
ထောင်စောင့် စိတ်မရှည်စွာမျက်မှောင်ကုတ်သွား၏။
သူ၏ ပြောင်းရွေ့ ဝန်ထမ်း နှစ်နှစ်ကျော်ကာလအတွင်း ငစုံဆီရောက်လာတဲ့သူက အမျိုးသမီးတစ်ယောက်မှမဟုတ်ခဲ့တာ။ ဖြူလျော်လျော် အမျိုးသားတစ်ယောက်အားတွေးမိတော့ ထောင်စောင့် ၏
တွန့်ကုတ်နေတဲ့ မျက်ခုံးတွေပြေလျော့ခဲ့ရ၏။
" ငါပြောင်းခဲ့တဲ့ နှစ်နှစ်ကျော်အတွင်း မင်းဆီလာတာ
အမျိုးသားတစ်ယောက်ပဲ။ ငါကြားရသလောက်တော့
သူကအရင်နှစ်တွေကတည်းက လာနေကြတဲ့။ အင်း.. ကျန်းမာရေးလည်းကောင်းပုံမရပါဘူး။ နေပူပူမိုးရွာရွာ လတိုင်း
အချိန်မှန်မှန်ရောက်လာတက်လွန်းလို့ ငါတို့တောင်မှ
သိနေပြီ။ မျက်လုံးအောက်နားမှာ မျက်ရည်ခံမှည့်လေးနဲ့ .. နာမည်တောင်မှ မေ့နေပြီ။ ဘာတဲ့... ည ..အင်း နာမည်မှာ ညတော့ပါတယ် "
ငစုံရဲ့ ကမ္ဘာကြီးချာချာလည်သွားသကဲ့ မှောင်မိုက်သွားရ၏။ သူ့အတွေးထဲမှာပေါ်လာသူအားသတိရမိတော့ နှုတ်က မယုံရဲစွာထွက်ပေါ်လာခဲ့သည်။
" ည.. ညချမ်းအေး လား"
" အော်.. ဟုတ်တယ် ။ သူပဲ ။ "
ရေခဲကန်ထဲဆွဲနှစ်လိုက်သလို ငစုံနှလုံးအိမ်ထဲ
အေးစိမ်ကြောက်ရွံ့မူ့တွေ ၊အသက်ရှူမဝမူ့တွေ
တပြိုင်နက်ထဲခံစားလိုက်ရလေသည်။
ချမ်းအေး.. ညချမ်းအေးဆိုတဲ့ ကလေးလေး။
မျက်ရည်ခံမှည့်လေးပါလာမိလို့ ..
တဘဝလုံး ကြောက်ရွံ့မူ့တွေနဲ့ နေလာခဲ့တဲ့ကလေးကိုတွေးမိသွားတော့ သူ့စိတ်ထဲ ဝမ်းနည်းမူ့မယုံကြည်နိုင်မူ့တွေ တိုးဝင်လာခဲ့လေသည်။
" ပေါက်ဆီ တစ်လုံး ။ စကားတစ်ခွန်းကြောင့်
နှစ်လေးဆယ်လုံး ငါ့ကျေးဇူးကို ဆပ်ခဲ့တာပါလား"
နှစ်ပေါင်းသုံးဆယ်လုံး အလင်းပျပျတချို့၊
မျော်လင့်ချက် တစ်စကို စံပယ်ဖြူအစား
ပေးဝေခဲ့တာ ညချမ်းအေးတဲ့လား။ ထောင်ထဲမှာ နှစ်သုံးဆယ် ၊ အပြင်မှာ ဆယ်နှစ်ကျော် ။ ညချမ်းအေးက သူ့အနားမှာသာ တချိန်လုံး ရှိနေခဲ့တာလား။
သူ့အတွေး သူ့စကားအဆုံးမှာ ငစုံတစ်ယောက်
မျက်ရည်ပေါက်ပေါက်ကျအောင် ငိုမိတော့သည်။
မိန်းမတစ်ယောက်ကြောင့် သူဟာ လူသတ်မိခဲ့ပြီး
ထောင်ထဲမှာပဲ အသက်သေတဲ့အထိ နေရတဲ့သူဖြစ်ခဲ့ရသည်။ သူထောင်ကျနေစဉ်အတောအတွင်း
သူ့ဘေးနားမှာရှိခဲ့တဲ့သူကတော့ ဘာမဟုတ်တဲ့
သူဆင်းရဲကလေးငယ်တစ်ဦးတဲ့လား.......
ထိုသူသည် ပေါက်စီလေးတစ်လုံး၊ စကားတစ်ခွန်းကြောင့် သူ့အား
နှစ်ပေါင်းလေးဆယ်မျှ သတိတရ အလုပ်ကျွေးပြုခဲ့သည်တဲ့လား......
(ဤ ဇာတ်လမ်းသည် Rebirth အမျိုးအစား စာပေများအား မှီငြမ်းရေးသားခြင်းသာဖြစ်၏။ မြန်မာနိုင်ငံဟု မဆိုလိုသောလည်း ခေတ်ကလ အသုံးအဆောင် ဈေးနှုန်းများကိုတော့ တုပလေ့လာရေးသားခြင်းဖြစ်သည်ကိုတော့ သတိပေးအပ်ပါတယ်။၁၉၉၀ ခုနှစ်ပတ်ဝန်းကျင် မှာ ခန့်မှန်းဇာတ်အိမ်တည်ထားခြင်းဖြစ်သည်။ မှားယွင်းမူ့တစ်စုံတစ်ရာ ရှိပါက စာရေးသူအပြစ်သာဖြစ်၏)
" ငစံု .. ။ မင္းမွာ ေနာက္ဆံုးဆႏၵရိွရင္ေျပာခဲ့လို႔ရတယ္"
ေထာင္ေစာင့္သည္ အခ်ဳပ္ခန္းတံခါး ေရ႔ွထိုင္ကာ
ငစံုအားၾကၫ့္၍ေျပာလိုက္ေလသည္။ ညသည္
အက်ဥ္းေထာင္၏ အျပင္တြင္ သာယာလွပစြာလင္းလဲ့ေနေပမဲ့ ေထာင္အတြင္းတြင္ေတာ့ အေမွာင္ေဖ်ာ့ေဖ်ာ့ သာ အုပ္ဆိုင္းေနခဲ့ပါ၏။
ထိုေထာင္ခန္းအတြင္းမွာေတာ့ ေနာက္ဆံုးထြက္သက္သာ ရိွေတာ့သည့္ လူမမာတစ္ေယာက္လည္းရိွ၏ ။
တစ္ေနကုန္ ေထာင္ဝန္ထမ္းေတာ္ေတာ္မ်ားမ်ား လာေရာက္လူနာေမးလာခဲ့ၾကၿပီး သူ႔အလွၫ့္ကေတာ့ ခုမွေရာက္လာတာျဖစ္၏။
" မင္းေနသာရဲ့လား"
ထိုသံတိုင္ ခပ္ေဟာင္း၏ေနာက္မွာ ပိန္လွီေဖ်ာ့ေတာ့ေနေသာ
အမ်ိဳးသားတစ္ေယာက္သည္ သူ႔၏ေနာက္ဆံုးဆႏၵအား ျပန္လည္ေတြးေတာေနသကဲ့သလို႔ အဂၤေတတခ်ိဳ႕ ကြာ ၍ေပၚလာေသာ အုပ္ခ်ပ္အနီေရာင္ကို ေငးၾကၫ့္ေနခဲ့သည္။ထိုအခ်ဳပ္သားက ႏွစ္ရွည္ ေထာင္က်ေနတာမို႔ ေထာင္ဝန္ထမ္းေတာ္ေတာ္မ်ားမ်ားရင္းႏွီးေနၾကသည္။
ေနာက္ၿပီး ေထာင္သား စံုသာၿမိဳင္သည္ အေတာ္ေလး
အေနေအးေဆးသူျဖစ္တာေၾကာင့္မို႔လည္းပါသည္။
သနားစရာေကာင္းတာက ထိုအျပစ္သားသည္
မိန္းမတစ္ေယာက္ေၾကာင့္ သူ႔ဘဝ၏ ငယ္ရြယ္မူ႔ေတြကိုေထာင္ထဲမွာသာ ကုန္ဆံုးေစခဲ့သူျဖစ္သည္။
ဟုတ္သည္ ။ လြန္ခဲ့ေသာ ႏွစ္ေပါင္းသံုးဆယ္ခန႔္က
ေလးေလာင္းၿပိဳင္ လူသတ္မူ႔ႀကီး၏ တရားခံကား
အဆိုပါ ေသအံ့မူးမူး အရိုးေပၚအေရတင္ လူမမာဆိုတာ ယံုၾကမည္မဟုတ္။
တရားခံစံုသာၿမိဳင္၏ အမူ႔သည္ ဟိုးေလးတေၾကာ္ေၾကာ္ ျဖစ္ခဲ့တာမို႔ ေထာင္တစ္သက္တစ္ကြၽန္းက်ခဲ့ရျခင္းသာ။
ထို႔ထက္ဆိုးဝါးသည္က စံုသာၿမိဳင္ ကယ္ဆယ္ခဲ့ေသာ ခ်စ္သူမိန္းကေလးသည္ ေထာင္တြင္းေရာက္ရိွသၫ့္ေန့မွစ၍ တစ္ရက္တစ္ေလ ေတာင္လာေရာက္ေတြ့စံုျခင္းမရိွခဲ့ျခင္းေပ။
" ေနာက္ဆံုးဆႏၵ ဟုတ္လား? ။ က်ဳပ္လို လူတစ္ေယာက္က ဘာမ်ား ေျပာစရာရိွအံုးမွာလဲ ။
ဒါမွမဟုတ္ စံပယ္ျဖဴဆိုတဲ့မိန္းကေလး ဒီလေရာ
က်ဳပ္ကိုေတြ့ဖို႔ လာေသးလား ။ ဆိုၿပီး ေမးရမွာလား။
ဒါမွမဟုတ္ လတိုင္းလေနၾက စာလႊာေလးမ်ားဒီလ ေရာက္ေသးရဲ့လားလို႔ေမးရမွာလား။ "
ခပ္ေလးေလး စကားေနာက္မွာ ေထာင္ေစာင့္၏ သက္ျပင္းခ်သံက ခပ္သဲ့သဲ့ထြက္လာ၏။
ေလးေလာင္းၿပိဳင္ လူသတ္မူ႔နဲ႔ ႏွစ္ရွည္ အက်ဉ္းက်ခဲ့ရတဲ့ စံုသာၿမိဳင္ဆိုတဲ့ လူမိုက္ႀကီးက ေသခါနီးဆဲဆဲမွာ
မျမင္ရတာ ၾကာၿပီျဖစ္တဲ့စာတစ္ေစာင္ကို တမ္းတေနပါတယ္ေျပာရင္ ရယ္ၾကအံုးမယ္ထင္ပါသည္။
" ေနာက္ဆံုးဆႏၵေျပာစရာမရိွရင္ ငါသြားေတာ့မယ္ "
ခဏၾကာေအာင္ေစာင့္ၿပီးတဲ့ေနာက္မွာ
ေထာင္ေစာင့္က ထြက္သြားဟန္ျပဳလာခဲ့သည္။
ငစံုတစ္ေယာက္ေတြေဝေငးေမာေနရာမွ တားျမစ္ဖို႔သတိရလာခဲ့၏။ မေသခင္မွာ သူေနာက္ဆံုးအႀကိမ္ဖတ္ၾကၫ့္ခ်င္ေသးသည္မို႔...
" ဒီလအတြက္ အမ်ိဳးသမီးတစ္ေယာက္ဆီက စာလာေသးလား "
ပံုမွန္ဆို ေထာင္သားေတြ အတြက္ လစဉ္ စာလာသည္ဆိုတာခပ္ရွားရွား။
ငစံုက ႏွစ္ရွည္က်တဲ့ ႏွစ္ႀကီးေထာင္သားျဖစ္ေပမဲ့
လစဉ္မျပတ္တဲ့အေၾကာ္အေလွာ္ဘူးေလးေတြႏွင့္
စာေစာင္ေတြကေတာ့ ႏွစ္ေပါင္း ၃၀အတြင္း လတိုင္းမျပတ္ခဲ့ေပ။ ဒါ အထူးအဆန္းမဟုတ္။ ငစံုလို လူတစ္ေယာက္အတြက္ သူ႔မွာ ေကြၽးေမြးေပးမဲ့သူ တစ္ေယာက္တစ္ေလေတာ့ရိွအံုးမွာပင္။
တပၫ့္ေက်ာ္ ခ်စ္ထြန္းရဲ့ အမ ခ်စ္ျပၫ့္လား။
သူ မေသခ်ာေပမဲ့ ဒီႏွစ္ ေတြအတြင္းေသလူသာသာ
ေလာကႀကီးအေၾကာင္းလ်စ္လ်ူ ရႈ႔ထားခဲ့တာမို႔လား။ တစ္က်ီက်ီအသံေပးကာ ျဖတ္သန္းသြားတဲ့ႂကြက္တစ္ေကာင္က တိတ္ဆိတ္မူ႔ကို အလင္းေပးသၫ့္ႏွယ္။ ေနာက္ဆံုး ေထာင္ေစာင့္ဆီကေန အသံထြက္လာ၏။
" အမ်ိဳးသမီး ?"
ေထာင္ေစာင့္ စိတ္မရွည္စြာမ်က္ေမွာင္ကုတ္သြား၏။
သူ၏ ေျပာင္းေရြ့ ဝန္ထမ္း ႏွစ္ႏွစ္ေက်ာ္ကာလအတြင္း ငစံုဆီေရာက္လာတဲ့သူက အမ်ိဳးသမီးတစ္ေယာက္မွမဟုတ္ခဲ့တာ။ ျဖဴေလ်ာ္ေလ်ာ္ အမ်ိဳးသားတစ္ေယာက္အားေတြးမိေတာ့ ေထာင္ေစာင့္ ၏
တြန႔္ကုတ္ေနတဲ့ မ်က္ခံုးေတြေျပေလ်ာ့ခဲ့ရ၏။
" ငါေျပာင္းခဲ့တဲ့ ႏွစ္ႏွစ္ေက်ာ္အတြင္း မင္းဆီလာတာ
အမ်ိဳးသားတစ္ေယာက္ပဲ။ ငါၾကားရသေလာက္ေတာ့
သူကအရင္ႏွစ္ေတြကတည္းက လာေနၾကတဲ့။ အင္း.. က်န္းမာေရးလည္းေကာင္းပံုမရပါဘူး။ ေနပူပူမိုးရြာရြာ လတိုင္း
အခ်ိန္မွန္မွန္ေရာက္လာတက္လြန္းလို႔ ငါတို႔ေတာင္မွ
သိေနၿပီ။ မ်က္လံုးေအာက္နားမွာ မ်က္ရည္ခံမွၫ့္ေလးနဲ႔ .. နာမည္ေတာင္မွ ေမ့ေနၿပီ။ ဘာတဲ့... ည ..အင္း နာမည္မွာ ညေတာ့ပါတယ္ "
ငစံုရဲ့ ကမ႓ာႀကီးခ်ာခ်ာလည္သြားသကဲ့ ေမွာင္မိုက္သြားရ၏။ သူ႔အေတြးထဲမွာေပၚလာသူအားသတိရမိေတာ့ ႏႈတ္က မယံုရဲစြာထြက္ေပၚလာခဲ့သည္။
" ည.. ညခ်မ္းေအး လား"
" ေအာ္.. ဟုတ္တယ္ ။ သူပဲ ။ "
ေရခဲကန္ထဲဆြဲႏွစ္လိုက္သလို ငစံုႏွလံုးအိမ္ထဲ
ေအးစိမ္ေၾကာက္ရြံ႔မူ႔ေတြ ၊အသက္ရႉမဝမူ႔ေတြ
တၿပိဳင္နက္ထဲခံစားလိုက္ရေလသည္။
ခ်မ္းေအး.. ညခ်မ္းေအးဆိုတဲ့ ကေလးေလး။
မ်က္ရည္ခံမွၫ့္ေလးပါလာမိလို႔ ..
တဘဝလံုး ေၾကာက္ရြံ႔မူ႔ေတြနဲ႔ ေနလာခဲ့တဲ့ကေလးကိုေတြးမိသြားေတာ့ သူ႔စိတ္ထဲ ဝမ္းနည္းမူ႔မယံုၾကည္ႏိုင္မူ႔ေတြ တိုးဝင္လာခဲ့ေလသည္။
" ေပါက္ဆီ တစ္လံုး ။ စကားတစ္ခြန္းေၾကာင့္
ႏွစ္ေလးဆယ္လံုး ငါ့ေက်းဇူးကို ဆပ္ခဲ့တာပါလား"
ႏွစ္ေပါင္းသံုးဆယ္လံုး အလင္းပ်ပ်တခ်ိဳ႕၊
ေမ်ာ္လင့္ခ်က္ တစ္စကို စံပယ္ျဖဴအစား
ေပးေဝခဲ့တာ ညခ်မ္းေအးတဲ့လား။ ေထာင္ထဲမွာ ႏွစ္သံုးဆယ္ ၊ အျပင္မွာ ဆယ္ႏွစ္ေက်ာ္ ။ ညခ်မ္းေအးက သူ႔အနားမွာသာ တခ်ိန္လံုး ရိွေနခဲ့တာလား။
သူ႔အေတြး သူ႔စကားအဆံုးမွာ ငစံုတစ္ေယာက္
မ်က္ရည္ေပါက္ေပါက္က်ေအာင္ ငိုမိေတာ့သည္။
မိန္းမတစ္ေယာက္ေၾကာင့္ သူဟာ လူသတ္မိခဲ့ၿပီး
ေထာင္ထဲမွာပဲ အသက္ေသတဲ့အထိ ေနရတဲ့သူျဖစ္ခဲ့ရသည္။ သူေထာင္က်ေနစဉ္အေတာအတြင္း
သူ႔ေဘးနားမွာရိွခဲ့တဲ့သူကေတာ့ ဘာမဟုတ္တဲ့
သူဆင္းရဲကေလးငယ္တစ္ဦးတဲ့လား.......
ထိုသူသည္ ေပါက္စီေလးတစ္လံုး၊ စကားတစ္ခြန္းေၾကာင့္ သူ႔အား
ႏွစ္ေပါင္းေလးဆယ္မ်ွ သတိတရ အလုပ္ေကြၽးျပဳခဲ့သည္တဲ့လား......
(ဤ ဇာတ္လမ္းသည္ Rebirth အမ်ိဳးအစား စာေပမ်ားအား မွီျငမ္းေရးသားျခင္းသာျဖစ္၏။ ျမန္မာႏိုင္ငံဟု မဆိုလိုေသာလည္း ေခတ္ကလ အသံုးအေဆာင္ ေဈးႏႈန္းမ်ားကိုေတာ့ တုပေလ့လာေရးသားျခင္းျဖစ္သည္ကိုေတာ့ သတိေပးအပ္ပါတယ္။၁၉၉၀ ခုႏွစ္ပတ္ဝန္းက်င္ မွာ ခန႔္မွန္းဇာတ္အိမ္တည္ထားျခင္းျဖစ္သည္။ မွားယြင္းမူ႔တစ္စံုတစ္ရာ ရိွပါက စာေရးသူအျပစ္သာျဖစ္၏)
Bạn đang đọc truyện trên: ZingTruyen.Xyz