Part-35
Taeyeonမှာ သူ့နေရက်တွေကို Fanyကို တိတ်တဆိတ် စောင့်ကြည့်ရင်း ကုန်ဆုံးခဲ့သည်
Ph Ringing.....
"John........"
Taeyeon ph ခေါ်သူက Johnမှန်းလည်း သိရော အမြန် ဖုန်းကိုင်လိုက်သည်
"Phကိုင်တာ နောက်ကျလှချည်းလား ငါ့ကောင်ရ........အင်း မင်း Seoul မှာ မရှိဘူးလို့ သတင်းကြားတယ်....."
"အင်း အဲ့မှာ ငါ လုပ်စရာမှ မရှိတာ....."
"ဒါဆို မင်း ဘယ်မှာလည်း Daeguမှာလား....."
"ဘယ်နေရာ ဖြစ်ဖြစ်ပေါ့....."
"Hahahaha.........ငါ မင်းကို ယုံမယ်ထင်လား ဟမ်....မင်း အဲ့မိန်းမအနားက မခွာနိုင်ဘူးဆိုတာ ငါ သိပါတယ်........"
Taeyeon phကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး
"နားထောင်.....အဲ့မိန်းမက အသုံးမ၀င်တော့ဘူး ငါ့အတွက် သူက တခြားတယောက်နဲ့ လက်ထပ်တော့မှာ....."
"အဲ့တာက အရေးမကြီးပါဘူး.......သူ ဘယ်သူနဲ့ လက်ထပ်ထပ် မင်း သူ့ကို ခုထိ ချစ်နေသေးတယ်ဆိုတာ ငါ သိပါတယ်.. ......"
Taeyeon စိတ်တွေတိုလွန်းလို့ ချွေးတွေထွက်လာသည်
"ငါ စိတ်ရှည်တတ်တဲ့သူနော် သိလား Kim Taeyeon.......မင်း ကြိုက်တဲ့နေရာကို သွားလို့ရတယ်.....ငါ မေ့မယ်ထင်တဲ့အထိ အချိန်ဆွဲလို့ရတယ်.....ဒါပေမယ့် ငါက ဂိမ်းကစားရတာ ၀ါသနာပါတဲ့သူသိလား.....မင်းရွေ့သမျှ အကွက်တွေကို ငါ စိတ်ရှည်ရှည်နဲ့ ထိုင်ကြည့်နေတယ်......"
"မင်း ဘာလုပ်ချင်နေတာလည်း Tiffanyက ငါနဲ့ မပတ်သက်တော့ဘူးလေ......အဲ့တော့ သူ့ကို နာကျင်အောင် လုပ်လည်း ငါ ဘာမှမဖြစ်တော့ဘူး.. ..."
"မင်းကိုယ်မင်း မသိသေးတာလား ငါ့ကို အရူးလုပ်နေတာ ငါမသိဘူး ထင်နေတာလား မင်းသာ သူ့ကို မချစ်ဘူး ဆိုရင် ငါ့ကို မင်း သူ့ကို မချစ်တော့ဘူးဆိုတဲ့အကြောင်း ထပ်တလဲလဲ ပြောပြနေစရာမလိုဘူး သူ မင်းနဲ့ဆိုင်ဆိုင် မဆိုင်ဆိုင် Tiffanyရဲ့ ဖြစ်တည်မှုက Kim Taeyeonကို သတ်နိုင်တယ်ဆိုတာ ငါ သိတယ်......"
"Tiffanyကို ထိခိုက်အောင် လုပ်စရာမလိုပါဘူး......ဘာလို့လည်းဆိုတော့ ငါက ငါ့ကိုယ်ငါ သတ်သေဖို့ အစီအစဉ် ဆွဲထားတယ်....... Tiffany တခြား တယောက်နဲ့ လက်ထပ်တာကို ငါ ဒီတိုင်းကြည့်ရက်မယ်ထင်နေတာလား.....No...ငါ လက်မခံနိုင်ဘူး........."
"Ha....Taeyeon မင်းက အရမ်း ဥာဏ်ကောင်းပါလား.........မနက်ဖြန် Tiffanyရဲ့ မင်္ဂလာဆောင်ရှိတယ် မဟုတ်လား......မနက်ဖြန် မင်္ဂလာပွဲမှာ သူ့ကို ငါ သတ်လိုက်ရင်ရော......မခွဲနိုင်ရင် မင်းပါ လိုက်သေလို့ရတယ်....သေချာတာ တခုက မနက်ဖြန် Tiffany Hwangကို ငါ ကိုယ်တိုင် သတ်မယ်............"
"John ခွေးမသား....."
"Hahahaha....."
John မှာ သဘောကျစွာ ရယ်ပြီး ဖုန်းချလိုက်သည်
Taeyeonမှာတော့ ဘာလုပ်ရမှန်းမသိ ဖြစ်နေသည် ............Johnကို ရအောင်ရှာပြီး အရာအားလုံးကို အဆုံးသတ်ချင်သည်.....
ထို့ကြောင့် သူ့အသိအကိုကြီး Donghaeဆီ သွားပြန်သည်
"Hyung please ကျွန်တော့်ကို သူ ဘယ်မှာရှိလည်းဆိုတာ ပြောပြပါဗျာ......"
"ငါ မပြောပြနိုင်ဘူး ....."
"သူ့ကို ရှာတွေ့မှ ဖြစ်မှာ မဟုတ်ရင် မနက်ဖြန် Fany အသတ်ခံရလိမ့်မယ်......"
"သူ့ကို ရှာတွေ့ရင်ရော မင်း ဘာလုပ်မှာလည်း.. ....."
"ကျွန်တော် လုပ်နိုင်တာ လုပ်မယ်....ကျွန်တော်က ထောင်ထွက်တစ်ယောက်ပါ Fanyနဲ့ ပတ်သက်ရင် လူသတ်ရမယ်ဆိုရင်တောင် ကျွန်တော် ၀န်မလေးဘူး.....မတွန့်ဆုတ်ဘူး......."
"မင်းကို Tiffanyနဲ့ ပျော်ပျော်ရွှင်ရွှင် ဘ၀တခု ထူထောင်စေချင်နာ.....လူသတ်သမား ထပ်ဖြစ်စေချင်တာ မဟုတ်ဘူး ငါပေးတဲ့ အကြံကို လက်ခံစမ်းပါ....Tiffanyကို ဒီကနေ ခေါ်ထုတ်သွား....နိုင်ငံခြားမှာ အစကနေ ပြန်စစမ်းပါ......."
"Johnက ဘယ်တော့မှ လက်လျော့မှာ မဟုတ်ဘူး.. ..."
"မင်း Tiffanyကို တကယ်ချစ်ပြီး ပျော်စေချင်ရင် ငိုအောင် ထပ်မလုပ်သင့်ဘူး......မင်း သူ့အသက်ကို ကာကွယ်ပေးချင်ရင် သူနဲ့အတူရှိနေမှ......မင်း လူသတ်သမားထပ်ဖြစ်ရင် သူ ထပ်နာကျင်ရမှာဘဲ....."
Taeyeonမှာ Donghaeကို အကူအညီ တောင်းမရသောကြောင့် စိတ်ညစ်ညစ်နဲ့ လမ်းပေါ် လျှောက်သွားနေ၏
ပြာလဲ့လဲ့ မိုးကောင်းကင်ကို မော့ကြည့်နေရင်း Johnကိုဘဲ သတ်လိုက်ရမလား ဒါမှမဟုတ် သူ့ကိုယ်သူ အဆုံးစီရင်ရမလားဆိုပြီး တွေးနေ၏
ဘယ်လိုဘဲ ဖြစ်နေနေ Taeyeonကတော့ သေရမှာ အမှန်.....Fanyကတော့ Taeyeon သေသွားရင် ငိုမှာဆိုပေမယ့် Yulက သူ့ဘေးနားရှိနေတော့ တော်သေးသည်.....
တဖြည်းဖြည်း သားမြေးတွေရလာရင် Taeyeonကို မေ့ပြီး ပျော်နေမယ်လို့ Taeyeon တွေးနေ၏
အရင်ကတော့ Johnကို သတ်ဖို့ အစီအစဉ် ရှိပေမယ့်.....ယခုတော့ သူ့ကိုယ်သူဘဲ အဆုံးစီရင်ဖို့ Taeyeon ဆုံးဖြတ်လိုက်သည်
ထို့ကြောင့် ဖုန်းကိုထုတ်ပြီး Donghaeဆီ ဖုန်းခေါ်လိုက်သည်
"Hyung.......Tiffany ကို Hyung ဆီ အပ်ခဲ့ပါတယ်......သူ့ကို ကာကွယ်ပေးပါ......သူ မနက်ဖြန် Yulနဲ့ သေချာပေါက် လက်ထပ်နိုင်အောင် ကူညီပေးပါ ....မနက်ဖြန် သူရဲ့ လက်ထပ်ပွဲကို မလာနိုင်တော့ဘူး ကတိဖျက်လိုက်ရလို့ အားနာပါတယ်လို့ ........."
"Kim Taeyeon မင်း ဘာလုပ်မလို့လည်း.. .....ရူးကြောင်ကြောင်တွေ မလုပ်နဲ့  yah ငါ ပြောတာ ကြားလား.....မင်း အခု ဘယ်မှာလဲ ငါ မင်းဆီ လာခဲ့မယ်...."
Donghae ရှူးဖိနပ်ကို အမြန်စီးရင်း မေးလိုက်သည်
"Hyung....ကျွန်တော့်ကို အများကြီး ကူညီပေးလို့ ကျေးဇူးပါ Hyungလို အကိုတယောက်ရခဲ့လို့ အရမ်းပျော်မိပါတယ်.....အရာအားလုံး အတွက်ကျေးဇူးပါ......."
Taeyeonပြောပြီး ဖုန်းကို ပစ်ချကာ ကားလမ်းမပေါ်သို့ ပြေးသွားလေသည်....
💔💔💔💔💔💔💔
Bạn đang đọc truyện trên: ZingTruyen.Xyz