Choice Part-21
Fanyနဲ့ Taeyeonတို့ ရိုက်ကွင်းမရှိတဲ့ နေ့တွင် Seoul ကို ပြန်လာပြီး Bora ရှိရာ ဆေးရုံသို့ သွားကြသည်.....
"Boraရယ် လှေကားပေါ်ကနေ ဘယ်လိုဖြစ်ပြီး ချော်ကြတာလည်း....."
Fany မေးလိုက်သည်....
"ငါလည်း မသိတော့ဘူး တစ်စုံတစ်ယောက်က ငါ့ကိုလှမ်းတွန်းလိုက်သလိုဘဲ ဒါပေမယ့် ဘယ်သူမှလည်းမတွေ့မိပါဘူး "
Bora အဲ့နေ့တုံးက အဖြစ်အပျက်ကို ပြန်တွေးကြည့်နေ၏
"တစ်ယောက်ယောက်က နင့်ကို တွန်းလိုက်တာ ဟုတ်လား "
Fany အံ့သြပြီး မေးလိုက်သည်
"အာ ငါ ထင်တာကို ပြောပြတာပါ Taeyeon shii ....Tiffany တစ်ယောက် ရှင့်ကို ဒုက္ခရောက်အောင် ပြဿ နာတွေ မလုပ်ဘူးလို့ ကျွန်မ ဆုတောင်းပါတယ်....သူက တကယ့်ပြဿ နာအိုးလေး....."
Bora ပြောတော့ Taeyeon ရယ်လိုက်သည် ....
Taenyတို့ ဆေးရုံကနေ ဘူဆန်ကို ပြန်လာတော့ လမ်းတွင် မိုးသည်းထန်စွာ ရွာနေ၏....
*ဟပ်ချိုး.. *
Taeyeonနှာတွေချေပြီး နှာရည်တွေထွက်လာတော့ Fany တစ်ရှူးအမြန်ထုတ်ပေးလိုက်သည်
" ဖျားချင်နေတာလား "
Fany မေးတော့ Taeyeon ခေါင်းခါပြသည်.....
"မာချင်ယောင်ဆောင်မနေပါနဲ့ နင်က နေမကောင်းရင် ဆေးမသောက်ရဲတာများ...."
"Tiffany ငါ အဲ့လောက် မပျော့ညံ့ပါဘူး ....."
"ငါ နင့်ကို စိတ်ပူလို့ပါ "
"စိတ်ပူစရာမရှိပါဘူး ခေါင်းကိုက်ရုံဘဲကို ....မင်း ပွစိပွစိပြောနေတာက ငါ့ကို ခေါင်းကိုက်စေတယ်.... "
" ပွစိပွစိ လုပ်နေတာမဟုတ်ဘူး ငါ နင့်ကို စိတ်ပူလို့ပါဆို....."
" စိတ်ပူစရာမလိုဘူး မင်းက ငါ့အမေလား....."
"နင်က ငါ့ချစ်......ဟုတ်ပါတယ်လေ နင်မှန်ပါတယ်......ငါ နင့်ကို အနှောင့်အယှက် မပေးတော့ဘူး နင့်ဘာသာနင် သေသေရှင်ရှင် ငါနဲ့မဆိုင်ဘူး "
Fany ပြောပြီး အပြင်ကိုဘဲ ကြည့်နေတော့သည်
Taeyeon မိုးသည်းထန်စွာ ရွာသောကြောင့် ဘူဆန်လမ်းမရှိ ဟိုတယ်တစ်ခုတွင် Fanyနဲ့ သူရယ် ကားဒရိုင်ဘာအတွက် အခန်းနှစ်ခန်းယူလိုက်သည် ....
Fany အခန်းထဲ အိတ်တွေထားပေးပြီး Taeyeon သူ့အခန်းသို့ သွားကာ အနားယူလိုက်သည်....
ဆယ်မိနစ်ကြာသောအခါ အခန်းတံခါးခေါက်သံကြားလို့ Taeyeon ထကြည့်တော့ ကြက်ပေါင်းပန်းကန်ကိုင်ထားတဲ့ Fanyကို တွေ့ရလေသည်....
"အဲ့ကြက်ပေါင်း ဘယ်ကရလည်း....."
"Zervifeကို မှာလိုက်တာလေ.....ဒါနဲ့ Junsoo Oppaရော "
" သူ ဆေးလိပ်ထွက်သောက်တယ်.....ပြီးတော့ မင်း ဒီမှာရှိမနေသင့်ဘူး....."
"ဘာလို့လည်း ငါ နင့်အတွက် ကြက်ပေါင်းယူလာပေးတာလေ...."
Fany innocent မျက်လုံးလေးနဲ့ Taeyeonကို ကြည့်လိုက်သည်....
Taeyeon သက်ပြင်းချလိုက်ပြီး
"တစ်ယောက်ယောက်က မင်းကို ဒီမှာ မြင်သွားရင် ဘယ်လိုလုပ်မလည်း ....မင်း တစ်ကိုယ်ကောင်းဆန်မှုက Image ကျစေတယ်နော် "
"ဘယ်လို....ငါက တစ်ကိုယ်ကောင်းဆန်တယ် ဟုတ်လား ငါက နင့်ကို စိတ်ပူတာလေ နင် မမြင်ဘူးလား....."
" ငါ သိပါတယ် ဒါပေမယ့် မင်းကို ဒီမှာ မရှိစေချင်ဘူး ကိုယ့်အခန်းကို ပြန်တော့ "
Fany သက်ပြင်းချလိုက်သည်
"Taeyeonnie......ဘယ်အရာက နင့်ကို ဒီလောက်ပြောင်းလဲစေတာလည်း....ဘာလို့ သေချင်ယောင်ဆောင်တာလည်း...... "
"မင်း အချိန်ကို မဖြုန်းသင့်ဘူးလေ.....ငါ့အတွက် မဟုတ်ဘူး မင်းအတွက်.....မင်းအိမ်မက်တွေ တကယ်ဖြစ်မလာမှာဆိုးလို့....."
"Tae Tae...."
"အနည်းဆုံးတော့ မင်းကို ချစ်တဲ့သူကို တွေ့ခွင့်ရတယ်လေ....ဒါကြောင့် သွားပါတော့ "
"Tae Tae..နင်ငါ့ကို ချစ်သေးလား..."
Taeyeonရဲ့ လက်ကို ဆွဲပြီး Fany မေးလိုက်သည်
"အချစ်ဆိုတာ ရူးသွပ်မှု တစ်ခုသာ...... "
" နင်ငါ့ကို ချစ်သေးလား.....နင့်နှလုံးသားထဲမှာရော ငါ ရှိသေးရဲ့လား"
" ပြီးသွားတာတွေကို ဒီတိုင်း ထားလိုက်ပါတော့....မင်းအခန်းကို ငါ လိုက်ပို့ပေးမယ် "
Taeyeon ပြောပြီး Fanyအခန်းကို လိုက်ပို့ပေးလေသည်
"တံခါးလော့ချပြီး အိပ်....မနက်ကျ ငါလာနှိုးမယ်... "
Fany တံခါးပိတ်တဲ့အထိ Taeyeon စောင့်နေသည်
"ငါ တံခါးပိတ်တတ်တယ် စောင့်စရာမလိုဘူး Siwon Oppaကို မန်နေဂျာ အသစ်လဲပေးဖို့ ပြောရမယ် "
Taeyeon နောက်ဆုံး စိတ်ထိန်းမရတာနဲ့ နှူတ်ခမ်းလေးစူကာ ရန်တွေ့နေတဲ့ ၀က်ပေါက်အခန်းထဲ ၀င်လိုက်ပြီး Fanyရဲ့ နှုတ်ခမ်းကို နမ်းလိုက်သည်.....
"Tae Tae...."
Taenyတို့ အခန်းတံခါးကို ပိတ်ပြီး ပြင်းထန်စွာ နမ်းနေကြရင်း အင်္ကျီတွေချွတ်ကာ ကုတင်ပေါ်သို့.....
18+မို့ ဆင်ဆာဖြတ်လိုက်ပါပြီ ခင်ညာ ဒန်တန့်တန်.....
Bạn đang đọc truyện trên: ZingTruyen.Xyz