Bonus
#Unicode
"ပြန်ရောက်ပြီနော် ဟင် Manoban အဲ့ လသားအရွယ် ကလေးက ဘာလည်း.... နင် နင် ငါ မသိအောင် ဘာတွေ ရှုပ်ထားတာလည်း "
Chaeyoung အလုပ်ကနေ အိမ်ပြန်ရောက်တော့ ကလေးချီထားပြီး သူမကို ပြုံးပြနေတဲ့ Manoban ကို တွေ့ရသည်
Chaeyoung ယခု သူမက နာမည်ကြီး ရှေ့နေ company တစ်ခုမှာ အလုပ်လုပ်နေတာလေ
အလုပ်မှာ စိတ်ဖိစီးပြီး အိမ်ပြန်ရောက်ရောက်ချင်း ကလေးတစ်ယောက်နဲ့ သူမကို ကြိုဆိုနေတဲ့ Manobanကို ကြည့်ပြီး Chaeyoung စိတ်တိုပြီး ပြေးရိုက်လေသည်
"အား အ... နာတယ် Chaeရ...."
Manoban အော်သံကြောင့် ကလေးမှာ လန့်ပြီး ငိုလေသည်
အူဝဲ......အူဝါး.....
"ကျစ် ကလေးက လန့်ပြီး ငိုသွားပြီ .....အငိုတိတ်အောင် ဘယ်လိုလုပ်ရမလည်း မသိဘူး Chaeရော သိလား.... "
"ငါက ဘယ်လိုလုပ်သိမလည်း... အလုပ်မှာ စိတ်ဖိစီးလာပါတယ်ဆို နင်နဲ့ဒီကလေးက တစ်မျိုး.... အဲ့ကလေးက ဘာလည်း ဘယ်ကလည်း Manoban နင် ဘာဇယားတွေရှုပ်ထားပြန်ပြီလည်း "
"ခဏနေရင် ရှင်းပြမယ် အခု ကလေးအငိုတိတ်အောင် ဘယ်လိုလုပ်ရမယ်မသိ ငါက ကလေးတစ်ခါမှ ထိန်းဖူးတာ မဟုတ်တော့ ခက်ပြီ....အာ သိပြီ.... Jisooကို ဖုန်းဆက်မေးရမယ် "
"Jisooက ဘယ်သူလည်း အဲ့ကလေး အမေလား ဒါဆို နင့် နောက်မိန်းမလား Manoban နင် ငါ့ရှေ့မှာတင် နင့်ကလေးအပြင် နောက်မိန်းမပါ ပေါ်လာပြီလား "
"ဟာ ကလေးက ငိုနေလို့ ဘယ်လိုချော့ရမှန်းမသိပါဘူးဆို Chaeက တစ်မျိုး..... ဒီကလေး အငိုတိတ်ရင် ရှင်းပြမယ် ခုတော့ ကလေးကို ခဏချီပေးထား ရော့ "
Manoban ပြောပြီး ကလေးကို Chaeyoung လက်ထဲ ထည့်ပေးလိုက်သည်
Chaeyoung မှာ ကလေးကို ချီရင်း Manobanကို မျက်စောင်းတွေ လှိမ့်ထိုးနေသည်
Manobanကတော့ သူ့ဘောင်းဘီအိတ်ထဲက ဖုန်းကို ထုတ်ပြီး Jisooဆီ ဖုန်းဆက်နေသည်
ကလေးက Chaeyoung လက်ထဲလည်းရောက်ရော အငိုတိတ်သွားပြီး သူမ လက်သေးသေးလေးတွေနဲ့ Chaeyoung မျက်နှာကို ထိတွေ့နေသည်
"Hello Jisoo လား ...အေး ငါ Lisa. ...ကလေးက ငိုနေလို့ အငိုတိတ်အောင် ဘယ်လိုလုပ်ရမလည်း..... ဟင် နို့ဆာလို့ ဟုတ်လား...... နို့မှုန့်ဝယ်တိုက်ရမှာလား....ဟမ် မိခင်နို့က ပိုကောင်းတယ် ဟုတ်လား ဘယ်မှာလည်း မိခင်က.....ဟယ် ငါက နို့တိုက်ရအောင် နို့မှ မထွက်တာ......."
Manoban ဖုန်းပြောရင်း Chaeyoung ကို ကြည့်မိတော့ Chaeyoungက သဘောပေါက်ပြီး Manobanကို လက်ခလယ်ထောင်ပြလိုက်သည်
ကလေးလေးမှာ Chaeyoungရဲ့ လက်ခလယ်ကို လက်သေးသေးလေးနဲ့ ဆုပ်ကိုင်ပြီး သဘောကျလို့ ရယ်လေသည်
Chaeyoungမှာ သူ့လက်ထဲက ကလေးသေးသေးလေးကို ကြည့်ပြီး ခုန စိတ်ဆိုးနေတာတွေ ပျောက်သွားကာ စိတ်ထဲ တစ်မျိူးလေး ခံစားလိုက်ရသည်
"ဟုတ်ပြီ ဟုတ်ပြီ နို့ထွက်အောင် နင်ပြောတဲ့နည်းအတိုင်း ငါ့မိန်းမကို လုပ်ကြည့်မယ်.... ကျေးဇူးဘဲနော် Jisoo "
Manoban ဖုန်းချတော့ Chaeyoung မျက်မှောင်ကြုတ်ပြီး
"Hey hey Chaeဘက် လှည့်မလာနဲ့ ကလေးကို နို့တိုက်ရမှာက ကလေးအမေရဲ့ အလုပ်လေ Chaeက ဘာလို့တိုက်ရမှာလည်း ခုန Manoban ဖုန်းဆက်နေတဲ့ ကလေးအမေကို ခေါ်လိုက်လေ "
"အာ သူက ကလေးအမေ မဟုတ်ဘူး ပြောရရင် အရှည်ကြီးဘဲ.... လာပါ အရင်ဆုံး နို့ထွက်အောင် လုပ်ပြီး ကလေးကို တိုက်ရအောင်ပါ ကလေးက သနားပါတယ် နို့ဆာနေမှာပေါ့ "
Chaeyoung သူမကို ကြည့်နေတဲ့ ကလေးလေးကို သနားလို့ Manoban တောင်းဆိုတာကို ခွင့်ပြုပေးလိုက်သည်
အခန်းထဲတွင် Chaeyoung ကလေးကို နို့တိုက်ရင်း ပင်ပန်းပြီး အိပ်ပျော်သွားတယ်
Manoban ကတော့ ကလေးအတွက် လိုအပ်တဲ့ ပစ္စည်းတွေ ဝယ်ရင်း Chaeyoung အတွက် ညစာပါ ဝယ်လိုက်သည်
ဇွန်းသံ ခွက်သံတွေကြောင့် Chaeyoung အိပ်ပျော်ရာက နိုးလာသည်
သူမ ဘေးနားတွင် အိပ်ပျော်နေတဲ့ ကလေးပေါက်စလေးရဲ့ နဖူးကို နမ်းပြီး Chaeyoung အခန်းထဲက ထွက်လာသည်
ထမင်းစားခန်းထဲတွင် ညစာပြင်ဆင်နေတဲ့ Manboanကို Chaeyoung တွေ့တော့ ချောင်းဟန့်လိုက်သည်
"Aww Chae နိုးပြီလား မဟုတ်တောင် ခုဘဲ ညစာစားဖို့ လာနှိုးတော့မလို့ လာ ထိုင်လေ ညစာက အဆင်သင့် ဖြစ်ပြီ..."
"နင် ချက်ထားတာလား Manoban "
Chaeyoung စားပွဲခုံတွင် ဝင်ထိုင်ရင်း မေးတော့ Manoban ခေါင်းခါပြသည်
"မဟုတ်ဘူး ကလေးအတွက် ပစ္စည်းတွေ ထွက်ဝယ်ရင်း ဆိုင်က ဝယ်လာတာ '
Manoban ပြောပြီး Chaeyoung ပန်းကန်ထဲ ထမင်းထည့်ပေးလေသည်
"ကဲ အဲ့ကလေးအကြောင်း ပြောပါအုံး "
"ဒီလို...."
Manoban ပြောဖို့ ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်
"Jisooဆိုတာ ဆေးရုံက ကိုယ့်သူငယ်ချင်း သားဖွားမီးယပ် ဆရာဝန်မလေ.... သူ့လူနာက မီးဖွားရင်း ဆုံးသွားလို့ ပြီးကျ အဲ့လူနာကတစ်ကောင်ကြွက်...ယောက်ျားလည်းမရှိ ဖြစ်နေတော့ ကလေးလေးက မိဘမဲ့ဂေဟာ ပို့ရမှာလေ....Jisooက သူမွေးဖို့ကျလည်း အခုလက်ရှိ သူ့ကောင်မလေး Jennieနဲ့ အဆင်မပြေဖြစ်နေလို့ ကိုယ်က မွေးစားမယ်ဆိုပြီး ခေါ်လာတာ "
"Aww စောစောပြောရောပေါ့ Manoban ရယ် "
"ကိုယ် ပြောမလို့ဘဲလေ Chaeက ဇွတ် ကိုယ်ပြောတာ နားမထောင်ဘဲ ရိုက်နေတာ..."
"Miyanhae... အလုပ်မှာ စိတ်ရှုပ်လာလို့ပါ "
"ရပါတယ်......"
"Manoban.... "
"ဟင်..."
"Chae ခုန ကလေးနဲ့အတူရှိရင်း စဥ်းစားနေတာ Chae အလုပ်ထွက်မလို့ "
"ဟင် ဘာလို့လည်း Chae. ..."
"ဒီကလေးလေးကို ထိန်းဖို့လေ....Manobanကလည်း အလုပ်တစ်ဖက်နဲ့ Chaeကလည်း ညနေ ငါးနာရီထိ အလုပ်မှာ နေရတော့ ကလေးကိုထိန်းမယ့်သူမရှိဘူးလေ......"
"Chae. ..."
"အမှန်တိုင်းပြောရရင် Chae လည်း ကလေးလိုချင်နေတာ.....အခု ဒီကလေးမလေး ရောက်လာပြီဆိုတော့ Chae ဆန္ဒလည်း ပြည့်ဝသွားပြီပေါ့......"
"ကျေးဇူးတင်ပါတယ် Chae.... ကိုယ် နှစ်ဆ အလုပ်ကြိုးစားပါမယ် "
"ရပါတယ် Manoban ရယ်....Chae တို့ ကလေးနာမည်ကို ဘယ်လိုပေးကြမလည်း "
"Giselle လို့ပေးရင်ရော....."
"နာမည်လေးက လှသားဘဲ အဲ့လိုပေးကြတာပေါ့ "
Chaeyoungတို့ ညစာစားပြီးနောက် Giselle လေးကို ထိန်းရင်း အချိန်ကုန်သွားကြသည်
"Chae. ....အိပ်ပြီလား...."
ကလေးလေးကို ဖက်ပြီး အိပ်နေတဲ့ Chaeyoungကို Manoban တိုးတိုးလေး မေးလိုက်သည်
"Wae. .."
"ဖက်အိပ်ချင်လို့ "
"ကလေးရှိတယ်လေ "
"ကလေးကို ဘေးနားထား..."
"မရပါဘူး ပြုတ်ကျသွားလိမ့်မယ် Chae တို့ နှစ်ယောက်ကြားမှာဘဲ ထားမှာ..."
"အာ Chaeကလည်း "
"Chaeကလည်းတွေ ဘာတွေလုပ်မနေနဲ့ "
"ကျစ် ဒီကလေး မကြီးလာမချင်း ငါတော့ ညစာငတ်ပြီ..."
Manoban စူပုပ်ပြီး တစ်ဖက်ကို လှည့်ပြီးအိပ်လိုက်တော့ Chaeyoung ရယ်လိုက်သည်
After 5 years. ...
Manoban တစ်ယောက် အလုပ်ပိတ်လို့ သူ့သမီးလေး ကြည့်ချင်တဲ့ Fronze 2 ကာတွန်းကားကို လိုက်ပြဖို့ Chaeyoung နဲ့အတူ ကလေးကိုခေါ်ကာ ရုပ်ရှင်ရုံသို့ ရောက်လာသည်
Chaeyoungက ရုံရှေ့စောင့်နေစဥ် Manobanနဲ့ Giselleကတော့ ရုံထဲစားဖို့ မုန့်တွေဝယ်နေကြသည်
ထိုစဥ်
"Chaeyoung မဟုတ်လား "
သူမကို ပခုံးလာပုတ်ပြီး မေးတဲ့ အမျိုးသားတစ်ယောက်ကြောင့် Chaeyoung လှည့်ကြည့်တော့ သူ အရင်က လုပ်ခဲ့တဲ့ Company CEOရဲ့ သားဖြစ်နေသည်
"Aww Loren ..."
"ဟုတ်ပါ့ Companyက ဘာလို့ထွက်သွားတာလည်း လစာနည်းလို့လား ကျွန်တော် Chaeyoung ဆီ ဆက်သွယ်သေးတယ် မရလို့ "
"Aww လစာနည်းလို့မဟုတ်ပါဘူး ဒီ..."
Manoban မှာ မုန့်ဝယ်ပြီးနောက် သူ့မိန်းမမှာ တစ်ခြားအမျိုးသားတစ်ယောက်နဲ့ စကားပြောနေတာ တွေ့တော့ မျက်မှောင်ကြုတ်သွားတယ်
"သမီးလေး "
Manobanမှာ သူ့သမီးလေးကို ကြည့်ပြီး
"Nae Mommy "
"Mommy ပြောတဲ့အတိုင်း လုပ်ပေးမယ်ဆို သမီးလေး လိုချင်တဲ့ အရုပ်တွေ အများကြီး ဝယ်ပေးမယ်...လုပ်ပေးမှာလား "
"တကယ် ဝယ်ပေးမှာလား..."
"ဒါပေါ့ "
"ဘာလုပ်ပေးရမှာလည်း "
"ဟိုမှာ Ommaကို တွေ့လား.....သူ့ဆီကို Ommaဆိုပြီး ရုပ်ရှင်တစ်ရုံလုံးကြားအောင် အော်ပြေးသွား အဲ့တာဆို Mommyက သမီးကြိုက်တဲ့အရုပ်တွေ ဝယ်ပေးမယ် ဘယ်လိုလည်း "
"ဟုတ် "
"ဒါဆို ခုပြေးတော့ ...."
"Omma. ..."
Giselleမှာ Manoban သင်ပေးတဲ့အတိုင်း အကျယ်ကြီး အော်ပြီး Chaeyoungကို ပြေးဖက်လေသည်
Lorenမှာ Giselleကြောင့် ဖွန်ကြောင်နေရာက လန့်သွားပြီး
"သူ သူက "
"Chaeရဲ့ သမီးလေးလေ Loren. ... သမီးလေး ဦးကို နှုတ်ဆက်လိုက်ပါအုံး "
Chaeyoungက ပြောပေမယ့် Giselleကတော့ မနှုတ်ဆက်ဘဲ ဂျစ်ကန်ကန်လုပ်နေသည်
"Yeobooရေ ရုပ်ရှင်ပြတော့မယ် ဝင်ကြစို့ "
Manoban ရောက်လာပြီး သူ့မိန်းမကို ဖက်ကာ ပြောလိုက်တော့ Loren မျက်နှာပျက်သွားတယ်
"ကဲ သွားအုံးမယ်နော် Loren "
Lorenကို နှုတ်ဆက်ပြီး Chaeyoung မှာ သူ့သမီးနဲ့ သူ့အမျိုးသမီး လက်ကိုတွဲပြီး ရုပ်ရှင်ရုံထဲ ပျော်ရွှင်စွာနဲ့ ဝင်သွားသည်
The End
တကယ်ပြီးသွားပြီနော် 🖤👀
Bonus တောင်းထားသူများအတွက် ရေးပေးလိုက်ပါပြီ ကြိုက်နှစ်သက်မယ်လို့မျှော်လင့်ပါတယ်😍 ပြီးကျ လက်တလော ကျွန်တော်တွေးမိနေတာလေး ရှိတယ် ကျွန်တော်ရေးဖူးတဲ့ My Little Puppy (Taeny) ficလေးကို My little Kitty ဆိုပြီး Chaelisa Version လေးပြန်ရေးချင်တာ ကြောင်ကနေ Magicကြောင့် လူဖြစ်သွားတဲ့ ကောင်မလေးအကြောင်းပေါ့ ဒါပေမယ့် တစ်ချို့တွေ ဖတ်ချင်လားမဖတ်ချင်လားမသိလို့ တွေဝေနေတာ အကြံပေးကြပါအုံး😁
#zawgyi
"ျပန္ေရာက္ၿပီေနာ္ ဟင္ Manoban အဲ့ လသားအ႐ြယ္ ကေလးက ဘာလည္း.... နင္ နင္ ငါ မသိေအာင္ ဘာေတြ ရႈပ္ထားတာလည္း "
Chaeyoung အလုပ္ကေန အိမ္ျပန္ေရာက္ေတာ့ ကေလးခ်ီထားၿပီး သူမကို ၿပဳံးျပေနတဲ့ Manoban ကို ေတြ႕ရသည္
Chaeyoung ယခု သူမက နာမည္ႀကီး ေရွ႕ေန company တစ္ခုမွာ အလုပ္လုပ္ေနတာေလ
အလုပ္မွာ စိတ္ဖိစီးၿပီး အိမ္ျပန္ေရာက္ေရာက္ခ်င္း ကေလးတစ္ေယာက္နဲ႕ သူမကို ႀကိဳဆိုေနတဲ့ Manobanကို ၾကည့္ၿပီး Chaeyoung စိတ္တိုၿပီး ေျပးရိုက္ေလသည္
"အား အ... နာတယ္ Chaeရ...."
Manoban ေအာ္သံေၾကာင့္ ကေလးမွာ လန့္ၿပီး ငိုေလသည္
အူဝဲ......အူဝါး.....
"က်စ္ ကေလးက လန့္ၿပီး ငိုသြားၿပီ .....အငိုတိတ္ေအာင္ ဘယ္လိုလုပ္ရမလည္း မသိဘူး Chaeေရာ သိလား.... "
"ငါက ဘယ္လိုလုပ္သိမလည္း... အလုပ္မွာ စိတ္ဖိစီးလာပါတယ္ဆို နင္နဲ႕ဒီကေလးက တစ္မ်ိဳး.... အဲ့ကေလးက ဘာလည္း ဘယ္ကလည္း Manoban နင္ ဘာဇယားေတြရႈပ္ထားျပန္ၿပီလည္း "
"ခဏေနရင္ ရွင္းျပမယ္ အခု ကေလးအငိုတိတ္ေအာင္ ဘယ္လိုလုပ္ရမယ္မသိ ငါက ကေလးတစ္ခါမွ ထိန္းဖူးတာ မဟုတ္ေတာ့ ခက္ၿပီ....အာ သိၿပီ.... Jisooကို ဖုန္းဆက္ေမးရမယ္ "
"Jisooက ဘယ္သူလည္း အဲ့ကေလး အေမလား ဒါဆို နင့္ ေနာက္မိန္းမလား Manoban နင္ ငါ့ေရွ႕မွာတင္ နင့္ကေလးအျပင္ ေနာက္မိန္းမပါ ေပၚလာၿပီလား "
"ဟာ ကေလးက ငိုေနလို႔ ဘယ္လိုေခ်ာ့ရမွန္းမသိပါဘူးဆို Chaeက တစ္မ်ိဳး..... ဒီကေလး အငိုတိတ္ရင္ ရွင္းျပမယ္ ခုေတာ့ ကေလးကို ခဏခ်ီေပးထား ေရာ့ "
Manoban ေျပာၿပီး ကေလးကို Chaeyoung လက္ထဲ ထည့္ေပးလိုက္သည္
Chaeyoung မွာ ကေလးကို ခ်ီရင္း Manobanကို မ်က္ေစာင္းေတြ လွိမ့္ထိုးေနသည္
Manobanကေတာ့ သူ႕ေဘာင္းဘီအိတ္ထဲက ဖုန္းကို ထုတ္ၿပီး Jisooဆီ ဖုန္းဆက္ေနသည္
ကေလးက Chaeyoung လက္ထဲလည္းေရာက္ေရာ အငိုတိတ္သြားၿပီး သူမ လက္ေသးေသးေလးေတြနဲ႕ Chaeyoung မ်က္ႏွာကို ထိေတြ႕ေနသည္
"Hello Jisoo လား ...ေအး ငါ Lisa. ...ကေလးက ငိုေနလို႔ အငိုတိတ္ေအာင္ ဘယ္လိုလုပ္ရမလည္း..... ဟင္ နို႔ဆာလို႔ ဟုတ္လား...... နို႔မႈန့္ဝယ္တိုက္ရမွာလား....ဟမ္ မိခင္နို႔က ပိုေကာင္းတယ္ ဟုတ္လား ဘယ္မွာလည္း မိခင္က.....ဟယ္ ငါက နို႔တိုက္ရေအာင္ နို႔မွ မထြက္တာ......."
Manoban ဖုန္းေျပာရင္း Chaeyoung ကို ၾကည့္မိေတာ့ Chaeyoungက သေဘာေပါက္ၿပီး Manobanကို လက္ခလယ္ေထာင္ျပလိုက္သည္
ကေလးေလးမွာ Chaeyoungရဲ႕ လက္ခလယ္ကို လက္ေသးေသးေလးနဲ႕ ဆုပ္ကိုင္ၿပီး သေဘာက်လိဳ႕ ရယ္ေလသည္
Chaeyoungမွာ သူ႕လက္ထဲက ကေလးေသးေသးေလးကို ၾကည့္ၿပီး ခုန စိတ္ဆိုးေနတာေတြ ေပ်ာက္သြားကာ စိတ္ထဲ တစ္မ်ိဴးေလး ခံစားလိုက္ရသည္
"ဟုတ္ၿပီ ဟုတ္ၿပီ နို႔ထြက္ေအာင္ နင္ေျပာတဲ့နည္းအတိုင္း ငါ့မိန္းမကို လုပ္ၾကည့္မယ္.... ေက်းဇူးဘဲေနာ္ Jisoo "
Manoban ဖုန္းခ်ေတာ့ Chaeyoung မ်က္ေမွာင္ၾကဳတ္ၿပီး
"Hey hey Chaeဘက္ လွည့္မလာနဲ႕ ကေလးကို နို႔တိုက္ရမွာက ကေလးအေမရဲ႕ အလုပ္ေလ Chaeက ဘာလို႔တိုက္ရမွာလည္း ခုန Manoban ဖုန္းဆက္ေနတဲ့ ကေလးအေမကို ေခၚလိုက္ေလ "
"အာ သူက ကေလးအေမ မဟုတ္ဘူး ေျပာရရင္ အရွည္ႀကီးဘဲ.... လာပါ အရင္ဆုံး နို႔ထြက္ေအာင္ လုပ္ၿပီး ကေလးကို တိုက္ရေအာင္ပါ ကေလးက သနားပါတယ္ နို႔ဆာေနမွာေပါ့ "
Chaeyoung သူမကို ၾကည့္ေနတဲ့ ကေလးေလးကို သနားလို႔ Manoban ေတာင္းဆိုတာကို ခြင့္ျပဳေပးလိုက္သည္
အခန္းထဲတြင္ Chaeyoung ကေလးကို နို႔တိုက္ရင္း ပင္ပန္းၿပီး အိပ္ေပ်ာ္သြားတယ္
Manoban ကေတာ့ ကေလးအတြက္ လိုအပ္တဲ့ ပစၥည္းေတြ ဝယ္ရင္း Chaeyoung အတြက္ ညစာပါ ဝယ္လိုက္သည္
ဇြန္းသံ ခြက္သံေတြေၾကာင့္ Chaeyoung အိပ္ေပ်ာ္ရာက နိုးလာသည္
သူမ ေဘးနားတြင္ အိပ္ေပ်ာ္ေနတဲ့ ကေလးေပါက္စေလးရဲ႕ နဖူးကို နမ္းၿပီး Chaeyoung အခန္းထဲက ထြက္လာသည္
ထမင္းစားခန္းထဲတြင္ ညစာျပင္ဆင္ေနတဲ့ Manboanကို Chaeyoung ေတြ႕ေတာ့ ေခ်ာင္းဟန့္လိုက္သည္
"Aww Chae နိုးၿပီလား မဟုတ္ေတာင္ ခုဘဲ ညစာစားဖို႔ လာႏွိုးေတာ့မလို႔ လာ ထိုင္ေလ ညစာက အဆင္သင့္ ျဖစ္ၿပီ..."
"နင္ ခ်က္ထားတာလား Manoban "
Chaeyoung စားပြဲခုံတြင္ ဝင္ထိုင္ရင္း ေမးေတာ့ Manoban ေခါင္းခါျပသည္
"မဟုတ္ဘူး ကေလးအတြက္ ပစၥည္းေတြ ထြက္ဝယ္ရင္း ဆိုင္က ဝယ္လာတာ '
Manoban ေျပာၿပီး Chaeyoung ပန္းကန္ထဲ ထမင္းထည့္ေပးေလသည္
"ကဲ အဲ့ကေလးအေၾကာင္း ေျပာပါအုံး "
"ဒီလို...."
Manoban ေျပာဖို႔ ထိုင္ခုံတြင္ ဝင္ထိုင္လိုက္သည္
"Jisooဆိုတာ ေဆး႐ုံက ကိုယ့္သူငယ္ခ်င္း သားဖြားမီးယပ္ ဆရာဝန္မေလ.... သူ႕လူနာက မီးဖြားရင္း ဆုံးသြားလို႔ ၿပီးက် အဲ့လူနာကတစ္ေကာင္ႂကြက္...ေယာက္်ားလည္းမရွိ ျဖစ္ေနေတာ့ ကေလးေလးက မိဘမဲ့ေဂဟာ ပို႔ရမွာေလ....Jisooက သူေမြးဖို႔က်လည္း အခုလက္ရွိ သူ႕ေကာင္မေလး Jennieနဲ႕ အဆင္မေျပျဖစ္ေနလို႔ ကိုယ္က ေမြးစားမယ္ဆိုၿပီး ေခၚလာတာ "
"Aww ေစာေစာေျပာေရာေပါ့ Manoban ရယ္ "
"ကိုယ္ ေျပာမလို႔ဘဲေလ Chaeက ဇြတ္ ကိုယ္ေျပာတာ နားမေထာင္ဘဲ ရိုက္ေနတာ..."
"Miyanhae... အလုပ္မွာ စိတ္ရႈပ္လာလို႔ပါ "
"ရပါတယ္......"
"Manoban.... "
"ဟင္..."
"Chae ခုန ကေလးနဲ႕အတူရွိရင္း စဥ္းစားေနတာ Chae အလုပ္ထြက္မလို႔ "
"ဟင္ ဘာလို႔လည္း Chae. ..."
"ဒီကေလးေလးကို ထိန္းဖို႔ေလ....Manobanကလည္း အလုပ္တစ္ဖက္နဲ႕ Chaeကလည္း ညေန ငါးနာရီထိ အလုပ္မွာ ေနရေတာ့ ကေလးကိုထိန္းမယ့္သူမရွိဘူးေလ......"
"Chae. ..."
"အမွန္တိုင္းေျပာရရင္ Chae လည္း ကေလးလိုခ်င္ေနတာ.....အခု ဒီကေလးမေလး ေရာက္လာၿပီဆိုေတာ့ Chae ဆႏၵလည္း ျပည့္ဝသြားၿပီေပါ့......"
"ေက်းဇူးတင္ပါတယ္ Chae.... ကိုယ္ ႏွစ္ဆ အလုပ္ႀကိဳးစားပါမယ္ "
"ရပါတယ္ Manoban ရယ္....Chae တို႔ ကေလးနာမည္ကို ဘယ္လိုေပးၾကမလည္း "
"Giselle လို႔ေပးရင္ေရာ....."
"နာမည္ေလးက လွသားဘဲ အဲ့လိုေပးၾကတာေပါ့ "
Chaeyoungတို႔ ညစာစားၿပီးေနာက္ Giselle ေလးကို ထိန္းရင္း အခ်ိန္ကုန္သြားၾကသည္
"Chae. ....အိပ္ၿပီလား...."
ကေလးေလးကို ဖက္ၿပီး အိပ္ေနတဲ့ Chaeyoungကို Manoban တိုးတိုးေလး ေမးလိုက္သည္
"Wae. .."
"ဖက္အိပ္ခ်င္လို႔ "
"ကေလးရွိတယ္ေလ "
"ကေလးကို ေဘးနားထား..."
"မရပါဘူး ျပဳတ္က်သြားလိမ့္မယ္ Chae တို႔ ႏွစ္ေယာက္ၾကားမွာဘဲ ထားမွာ..."
"အာ Chaeကလည္း "
"Chaeကလည္းေတြ ဘာေတြလုပ္မေနနဲ႕ "
"က်စ္ ဒီကေလး မႀကီးလာမခ်င္း ငါေတာ့ ညစာငတ္ၿပီ..."
Manoban စူပုပ္ၿပီး တစ္ဖက္ကို လွည့္ၿပီးအိပ္လိုက္ေတာ့ Chaeyoung ရယ္လိုက္သည္
After 5 years. ...
Manoban တစ္ေယာက္ အလုပ္ပိတ္လို႔ သူ႕သမီးေလး ၾကည့္ခ်င္တဲ့ Fronze 2 ကာတြန္းကားကို လိုက္ျပဖို႔ Chaeyoung နဲ႕အတူ ကေလးကိုေခၚကာ ႐ုပ္ရွင္႐ုံသို႔ ေရာက္လာသည္
Chaeyoungက ႐ုံေရွ႕ေစာင့္ေနစဥ္ Manobanနဲ႕ Giselleကေတာ့ ႐ုံထဲစားဖို႔ မုန့္ေတြဝယ္ေနၾကသည္
ထိုစဥ္
"Chaeyoung မဟုတ္လား "
သူမကို ပခုံးလာပုတ္ၿပီး ေမးတဲ့ အမ်ိဳးသားတစ္ေယာက္ေၾကာင့္ Chaeyoung လွည့္ၾကည့္ေတာ့ သူ အရင္က လုပ္ခဲ့တဲ့ Company CEOရဲ႕ သားျဖစ္ေနသည္
"Aww Loren ..."
"ဟုတ္ပါ့ Companyက ဘာလို႔ထြက္သြားတာလည္း လစာနည္းလို႔လား ကြၽန္ေတာ္ Chaeyoung ဆီ ဆက္သြယ္ေသးတယ္ မရလို႔ "
"Aww လစာနည္းလို႔မဟုတ္ပါဘူး ဒီ..."
Manoban မွာ မုန့္ဝယ္ၿပီးေနာက္ သူ႕မိန္းမမွာ တစ္ျခားအမ်ိဳးသားတစ္ေယာက္နဲ႕ စကားေျပာေနတာ ေတြ႕ေတာ့ မ်က္ေမွာင္ၾကဳတ္သြားတယ္
"သမီးေလး "
Manobanမွာ သူ႕သမီးေလးကို ၾကည့္ၿပီး
"Nae Mommy "
"Mommy ေျပာတဲ့အတိုင္း လုပ္ေပးမယ္ဆို သမီးေလး လိုခ်င္တဲ့ အ႐ုပ္ေတြ အမ်ားႀကီး ဝယ္ေပးမယ္...လုပ္ေပးမွာလား "
"တကယ္ ဝယ္ေပးမွာလား..."
"ဒါေပါ့ "
"ဘာလုပ္ေပးရမွာလည္း "
"ဟိုမွာ Ommaကို ေတြ႕လား.....သူ႕ဆီကို Ommaဆိုၿပီး ႐ုပ္ရွင္တစ္႐ုံလုံးၾကားေအာင္ ေအာ္ေျပးသြား အဲ့တာဆို Mommyက သမီးႀကိဳက္တဲ့အ႐ုပ္ေတြ ဝယ္ေပးမယ္ ဘယ္လိုလည္း "
"ဟုတ္ "
"ဒါဆို ခုေျပးေတာ့ ...."
"Omma. ..."
Giselleမွာ Manoban သင္ေပးတဲ့အတိုင္း အက်ယ္ႀကီး ေအာ္ၿပီး Chaeyoungကို ေျပးဖက္ေလသည္
Lorenမွာ Giselleေၾကာင့္ ဖြန္ေၾကာင္ေနရာက လန့္သြားၿပီး
"သူ သူက "
"Chaeရဲ႕ သမီးေလးေလ Loren. ... သမီးေလး ဦးကို ႏႈတ္ဆက္လိုက္ပါအုံး "
Chaeyoungက ေျပာေပမယ့္ Giselleကေတာ့ မႏႈတ္ဆက္ဘဲ ဂ်စ္ကန္ကန္လုပ္ေနသည္
"Yeobooေရ ႐ုပ္ရွင္ျပေတာ့မယ္ ဝင္ၾကစို႔ "
Manoban ေရာက္လာၿပီး သူ႕မိန္းမကို ဖက္ကာ ေျပာလိုက္ေတာ့ Loren မ်က္ႏွာပ်က္သြားတယ္
"ကဲ သြားအုံးမယ္ေနာ္ Loren "
Lorenကို ႏႈတ္ဆက္ၿပီး Chaeyoung မွာ သူ႕သမီးနဲ႕ သူ႕အမ်ိဳးသမီး လက္ကိုတြဲၿပီး ႐ုပ္ရွင္႐ုံထဲ ေပ်ာ္႐ႊင္စြာနဲ႕ ဝင္သြားသည္
The End
တကယ္ၿပီးသြားၿပီေနာ္
Bonus ေတာင္းထားသူမ်ားအတြက္ ေရးေပးလိုက္ပါၿပီ ႀကိဳက္ႏွစ္သက္မယ္လို႔ေမွ်ာ္လင့္ပါတယ္😍 ၿပီးက် လက္တေလာ ကြၽန္ေတာ္ေတြးမိေနတာေလး ရွိတယ္ ကြၽန္ေတာ္ေရးဖူးတဲ့ My Little Puppy (Taeny) ficေလးကို My little Kitty ဆိုၿပီး Chaelisa Version ေလးျပန္ေရးခ်င္တာ ေၾကာင္ကေန Magicေၾကာင့္ လူျဖစ္သြားတဲ့ ေကာင္မေလးအေၾကာင္းေပါ့ ဒါေပမယ့္ တစ္ခ်ိဳ႕ေတြ ဖတ္ခ်င္လားမဖတ္ခ်င္လားမသိလို႔ ေတြေဝေနတာ အႀကံေပးၾကပါအုံး😁
Bạn đang đọc truyện trên: ZingTruyen.Xyz