ZingTruyen.Xyz

သရဲဘုရင်၏ ချစ်လှစွာသော ဇနီးဆိုးလေး Book4

၈၁၂ မှ ၈၁၄ Unicode

jellyflower1

Book(32)

Gp3 (773 to 850)

ဘာသာပြန်ဆိုသူ သကြားလုံးလေး

အပတ်စဉ် သောကြာ စနေ တနင်္ဂနွေ တနလာၤနေ့

Private Gp..... freeက စဖတ်မယ်ဆို အများကြီး ဖတ်ရပါမယ်

အပိုင်း(၈၁၂)
စိတ်လှုပ်ရှားမှု (၁)

ကျွင်းဖန်လျန်လည်း ခေါင်းခါလိုက်တယ်။
“အမေကို ခေါ်သွားတဲ့သူက ရဲ့မိသားစုက မဟုတ်ဘူး၊ ပြန်လမ်းမဲ့ သစ်တောကို ရောက်လာပြီးမှ ရဲ့အစ်ကိုနဲ့ ရင်းနှီးခဲ့တယ်”

ထို့နောက် သူမလည်း ရဲ့ကျင်းချန်းဘက် လှည့်ကြည့်ကာ ခပ်နွမ်းနွမ်းလေး ပြုံးလိုက်တယ်။ သူမရဲ့မျက်ဝန်းမှာ ချစ်ခင် မြတ်နိုးမှုများ ပွင့်ဖူးနေတော့တယ်။
“အမေ့ကို အဝေးခေါ်သွားပြီ အဲဒီလူက ပျောက်ကွယ်သွားခဲ့တယ်၊ ရှောင်မိသားစုက မိန်းမယုတ်ဟာ သားလေးကို ပြန်လမ်းမဲ့ သစ်တောထဲ စွန့်ပစ်ခဲ့တယ်ဆိုတဲ့ သတင်းကို ကြားတော့ အမေလည်း သားလေးကို ရှာဖို့ အပြေးအလွှား သွားခဲ့ပါတယ်။ သားကို မရှာနိုင်ခဲ့တယ် အပြင် ပြင်းပြင်းထန်ထန် ထိခိုက် ဒဏ်ရာ ဖြစ်ခဲ့မယ်လို့ မထင်ခဲ့မိပါဘူး၊ လမ်းဖြတ်သွားတဲ့ ရဲ့အစ်ကိုက အမေ့ကို ကယ်တင်ပေးခဲ့ပြီး ရဲ့အိမ်တော်ကို ခေါ်ဆောင်သွားခဲ့တယ်”

ကျွင်းဖန်လျန်ရဲ့ အပြုံးဟာ တခြားသူ မိန်းမောအောင် လှပလွန်းပါတယ်။

“ရှောင်အာ… အတိတ်က ဘေးနားမှာ နေခွင့် မရခဲ့ဘူး၊ ဖုန်းအာနဲ့ သား ဘယ်လို အခက်အခဲမျိုးကို ရင်ဆိုင်ခဲ့ရလဲ အမေ သိပါတယ်၊ အမေ့မှာ ထူးချွန် ထက်မြက်တဲ့ သားနဲ့ ချွေးမလေး ရှိတာ ဂုဏ်ယူ ဝင့်ကြွားမိပါတယ်”

သူမလည်း ဖြည်းဖြည်းချင်း အကြည့်ကို ရုပ်သိမ်းလိုက်ပြီး ယွမ်လော့ဖုန်းနဲ့ ယွမ်ရှောင်တို့ရဲ့လက်များကို ဆွဲကိုင်ကာ နှစ်ဦးသား နီးကပ်စေခဲ့တယ်။

“အမေ့ဘဝမှာ သားတို့နှစ်ဦး အမြဲ အတူယှဉ်တွဲ ရှိဖို့ထက် ဖြစ်စေချင်တဲ့ ဆန္ဒထက် တခြား မရှိဘူး”

ရဲ့ကျင်းချန်းလည်း ကျွင်းဖန်လျန်ရဲ့ဘေးနား တိတ်တဆိတ် သွားလိုက်ကာ နွေးထွေးစွာ ပြုံးပြလိုက်တယ်။

နှစ်ပေါင်းများစွာ ကျွင်းဖန်လျန်ရဲ့ စိတ်မပျော်ရွှင်မှုကို သူ တစ်ယောက်တည်းသိခဲ့ပါတယ်။ သူမကို အထောက်အပံ့ ဖြစ်စေမယ့် တခြားကုန်းမြေစုမှ လာတဲ့ သတင်း မရှိခဲ့ရင် သူမ အသက်ဆက်ရှင်သန်နိုင်မှာ မဟုတ်ဘူး။
“အမေ့က ကျွန်မကို လက်ဆောင်ပေး ပြီးပြီဆိုတော့ ကျွန်မလည်း အမေ့အတွက် လက်ဆောင် ပြင်ဆင်လာပါတယ်” 
ယွမ်လော့ဖုန်းလည်း ကျောက်စိမ်းဆွဲပြားကို သိမ်းဆည်းလိုက်ပြီး နယ်မြေလက်စွပ်ထဲမှ သစ်သီး နှစ်လုံးကို ထုတ်ယူလိုက်ကာ ကျွင်းဖန်လျန် နဲ့ ရဲ့ကျင်းချန်းကို ပေးလိုက်တယ်။
“ဒီသစ်စီး နှစ်လုံးက ဂါရဝပြုလက်ဆောင်ပါ”

ရဲ့ချီလည်း မှင်တက်သွားရတယ်။ သူ့မွေးစားအမေက ကျောက်စိမ်း ဆွဲပြား လက်ဆောင်ပေးတာကို သူမက သစ်သီးနှစ်လုံးပဲ လက်ဆောင် ပြန်ပေးသတဲ့လား။ ဒီလို ကပ်စေးနည်းလွန်းတဲ့လူကို တွေ့ကို မတွေ့ဖူးခဲ့ဘူး။

ကျွင်းဖန်လျန်က စိတ်ထဲ သိပ်တော့ မထားပါဘူး။ ပျော်ရွှင်စွာနဲ့ သစ်သီးကို လက်ခံကာ စကားပြောလိုက်ပါတယ်။
“လက်ဆောင်ဆိုတာထက် သူ့နောက်ကွယ်က စေတနာလေးနဲ့ အတွေးကပဲ အရေးပါတယ်… အမေ သဘောကျပါတယ်၊ ချွေးမလေးက အမေ့ကို ပေးတဲ့ လက်ဆောင်ဆိုတော့ အပြင်က သာမန်သစ်သီးထက် ပိုကောင်းမှာပါ”

ယွမ်လော့ဖုန်း ပေးတဲ့ သစ်သီးက အနီရောင်ဘယ်ရီပင်မှ ရတဲ့စိတ်ဝိညာဉ် သစ်သီးပါ၊ အသီး သီးပြီးနောက် အပြင်ပန်းသွင်ပြင် ပြောင်းလဲသွားတော့ ကျွင်းဖန်လျန် မမှတ်မိတော့ခြင်းပါ။

သူမလည်း သစ်သီးကို နှုတ်ခမ်းပေါ် တင်ကာ တစ်စိတ် ကိုက်လိုက်ပါတယ်။ချက်ချင်း သစ်သီး အရည်က ခံတွင်းမှ စီးဆင်းသွားကာ ခန္ဓာကိုယ်ကို သက်သောင့်သက်သာ ဖြစ်စေပါတယ်။

ဝုန်း

ရုတ်ခြည်း ကျွင်းဖန်လျန်ခန္ဓာကိုယ်ဟာ တုန်ယင်လာပြီး ပြင်းထန်သော စိတ်စွမ်းအားများ သူမရဲ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာကာ နောက်တစ်ဆင့်ကို တက်နိုင်တဲ့ အတားအဆီးရဲ့ အထွတ်အထိပ်ကို ရောက်သွားခဲ့တယ်။ သူမရဲ့ဦးခေါင်းပေါ်မှာ ကောင်းကင်နဲ့ မြေကြီးနဲ့ စိတ်စွမ်းအားများ စုစည်းလာကာ နောက်ထပ် တစ်ဆင့်ကို အောင်အောင်မြင်မြင် ရောက်ရှိသွားကြောင်း ကြေညာပေးလိုက်တယ်။

“ဘယ်လို ဖြစ်တာလဲ”
ရဲ့ရှီမို့လည်း အနောက်ဘက် ခြံဝင်းမှ အလျင်စလို ပြေးလာခဲ့တယ်။ သူရောက်လာချိန်…သူ့မိဘများနဲ့ ညီမလေးတို့ရဲ့ ဒွဟဖြစ်နေတဲ့ မျက်နှာကို မြင်လိုက်ရတယ်။ ကျွင်းဖန်လျန် ရဲ့ ဦးခေါင်းပေါ်မှ စိတ်စွမ်းအားများကို ကြည့်ကာ သူလည်း အံ့ဩရပါတယ်။ သူလည်း နားမလည်နိုင်စွာ မေးလိုက်တယ်။
“အမေ… အတားအဆီးကို ဖြတ်ကျော်လိုက်နိုင်ပြီလား”

မွေးစားအမေက နှစ်ပေါင်းများစွာ အတားအဆီးမှာ ပိတ်ဆို့နေခဲ့လို့ နောက်တစ်ဆင့်ကို ရောက်နိုင်တဲ့ အရိပ်အယောင်မျှ မတွေ့ခဲ့ရပါဘူး။ ဒါဆို ဘယ်လိုများ နောက်တစ်ဆင့်ကို ရောက်သွားလဲ”

ကျွင်းဖန်လျန်က ပထမဆုံး အသိဝင်လာသူပါ။ ယွမ်လော့ဖုန်းက သူမကို ပေးလိုက်တဲ့ သစ်သီးကြောင့် သူမဟာ နောက်တစ်ဆင့် ရောက်သွားမှန်း ရှင်းရှင်းလင်းလင်း သိနေခဲ့ပါတယ်။
“ဖုန်းအာ ဘာဖြစ်လဲဆိုတာ အမေ့ကို ပြောပါဦး”

ခဏလေးအတွင်းမှာ အားလုံးရဲ့ အကြည့်များက  ယွမ်လော့ဖုန်းပေါ် စုစည်းလာကာ သူမ ပေးမယ့် အဖြေကို စောင့်ဆိုင်းနေခဲ့တယ်။

Chapter-812
End

အပိုင်း (၈၁၃)
စိတ်လှုပ်ရှားမှု (၂)

ယွမ်လော့ဖုန်းလည်း ပခုံးတွန့်လိုက်တယ်။
“အမေက တကယ့်ကို ကံကောင်းတယ်၊ တစ်ဆို့ဟန်တားနေတဲ့ အခြေအနေမှာ ရှိနေတော့ အတားအဆီးကို ဖြတ်ကျော်ဖို့ စိတ်ဝိညာဉ် သစ်သီးကို သုံးလို့ ရနိုင်ခဲ့တာ”

အမှန်တော့ ကျွင်းဖန်လျန်ရဲ့ အတားအဆီး ဖြတ်ကျော်နိုင်တဲ့ တခြား အကြောင်းအရင်း ရှိပါသေးတယ်။ လွန်ခဲ့သော ရက်အနည်းငယ်က လင်းလောပိုင်ရဲ့ အဖေ ပေးခဲ့တဲ့ မွန်မြတ်ရေစင်ကို အနီရောင် ဘယ်ရီသီးအပင်ပေါ် သွန်းလောင်းခဲ့တယ်။ ဒါပေမဲ့ ရှားပါးတဲ့ ရေကြောင့် စိတ်ဝိညာဉ် သစ်သီးရဲ့ အကျိုးသက်ရောက်မှု ထူးကဲသွားမယ်မှန်း မသိခဲ့ပါဘူး။ ဒါကြောင့် ဒါက သူမအတွက်တော့ စမ်းသပ်နိုင်တဲ့ အခွင့်ကောင်းပါပဲ။

အရင်ကထက် စွမ်းရည် ပိုမြင့်လာမယ်လို့ မမျှော်လင့်ခဲ့ပါဘူး။ နတ်ဘုရားအဆင့် ကျင့်ကြံသူ ဖြစ်အောင် ကူညီပံ့ပိုးပေးနိုင်တာပဲ။ သူမရဲ့မျှော်လင့်ချက်ထက် ကျော်လွန်ခဲ့တယ်။

ဒီအကြောင်းကိုတွေးရင်း ယွမ်လော့ဖုန်းလည်း ယွမ်ရှောင်ကို ငေးကြည့်လိုက်တယ်။

“ဒါက ကိုယ့်အတွက်တော့ အသုံးမဝင်ဘူး”
ယွမ်ရှောင်က သူမရဲ့အတွေးကို သိနေတော့ ရှင်းပြလိုက်တယ်။

သူ လေ့လာခဲ့တဲ့ နည်းလမ်းက တစ်မူထူးခြားတယ်။ ဒါကြောင့် အတားအဆီးကို ဖြတ်ကျော်ဖို့ ပြင်ပ အင်အားကို မှီခိုခြင်းက သူ့အတွက်တော့ အသုံးမဝင်ပါဘူး။

ယွမ်လော့ဖုန်းဟာ စိတ်ပျက်ခြင်း မရှိ မျက်ခုံးပင့်လိုက်တယ်။သူမတို့တွေ တူစုံတွဲ ကျင့်စဉ် မကျင့်ကြံမီ သူမ နတ်ဘုရားအဆင့်ရောက်ဖို့ စောင့်ရမှာပဲ။ ဒီလိုသာဆိုရင် နှစ်ယောက်စလုံးရဲ့ စွမ်းအား တိုးတက်နိုင်မယ်။

“ခယ်မလေးက ပစ္စည်းကောင်းလေးတွေ ပိုင်ဆိုင်မယ်လို့ မသိခဲ့ပါဘူး”
ရဲ့ရှီမို့လည်း ယွမ်လော့ဖုန်းကို မကျေမနပ် ကြည့်လိုက်တယ်။
“ဒီက အစ်ကိုကြီးကိုလည်း ဂါရဝပြု လက်ဆောင် မပေးချင်ဘူးလား”

ယွမ်လော့ဖုန်းလည်း ရဲ့ရှီမို့ကို ဖျတ်ခနဲ ကြည့်လိုက်တယ်။
“ဒါဆို အစ်ကို နတ်ဘုရားအဆင့်ကို ရောက်ခါနီးရင် အစ်ကို့ကို သစ်သီး ရောင်းပေးပါမယ်”

ရဲ့ရှီမို့မှာ မဲ့ရွဲ့သွားရတယ်။သူ့မျက်ဝန်းမှာလည်း မကျေနပ်စိတ်များ တိုးပွားနေရတယ်။
“ခယ်မလေးက ဘက်လိုက်လွန်းတယ်… မွေးစားမိဘတွေကို လက်ဆောင်ပေးပြီ၊ ဒီအစ်ကိုကြီးကိုတော့ ရောင်းပေးမယ် ဟုတ်လား”

ယွမ်လော့ဖုန်းလည်း သဘောတူညီစွာ ခေါင်းညိတ်လိုက်ပါတယ်။
“ဘက်လိုက်တတ်တာ အမှန်ပါပဲ၊ ဘက်လိုက်ဖို့ မွေးဖွားလာတဲ့ ကျွန်မရဲ့ နှလုံးသားလေးကို အပြစ်တင်လိုက်ပါတော့”

ရဲ့ရှီမို့မှာ ငိုချင်လာရပြီး မကျေနပ်လွန်းလို့ မျက်လုံးများ နီရဲတွက်ကာ စွန့်ပစ်ခံရတဲ့ ကလေးနဲ့ ဆင်တူစေတယ်။

“ရဲ့အစ်ကိုကြီး”
ယွမ်လော့ဖုန်းမှာ ရယ်ရခက် ငိုရခက် ဖြစ်ကာ ရဲ့ရှီမို့ ပခုံးကို ရိုက်လိုက်တယ်။
“ကျွန်မက ကျီစယ်တာပါ၊ စိတ်ထဲ မထားပါနဲ့ ၊ နတ်ဘုရားအဆင့် ရောက်တာနဲ့ သစ်သီး လက်ဆောင်ပေးမယ်”

နောက်ဆုံးတော့ သူ့မျက်နှာမှာ အပြုံးလေး ပွင့်ဖူးလာပါပြီ ။ ယွမ်လော့ဖုန်းရဲ့ ကတိစကားထက် ဘာဆိုဘာမှ အရေးမပါဘူး။

ရဲ့ချီမှာ တောင်းဆိုချင်သော်လည်း သူမရဲ့ အပြုအမူကြောင့် စကားတစ်ခွန်းမှ မပြောရဲပါဘူး။

ယွမ်လော့ဖုန်းလည်း ကျွင်းဖန်လျန်ဘက် လှည့်ကာ မေးလိုက်တယ်။
“အမေက ကိုယ်ဝန် မဆောင်နိုင်ဘူး ကြားတယ် ဟုတ်လား”

ကျွင်းဖန်လျန်လည်း ခေါင်းညိတ်ကာ ပြန်မဖြေခင် သက်ပြင်းချလိုက်တယ်။
“ဘာရောဂါကြောင့်မှန်းတော့ မသိပါဘူး၊ အခုအချိန်ထိ ကိုယ်ဝန်မဆောင်နိုင်ဘူး… သမားတော် ပေါင်းစုံကို ရှာဖွေခဲ့လည်း သူတို့အားလုံး မကုသပေးနိုင်ပါဘူး။

ဒါကြောင့်လည်း သူတို့ကို ရဲ့မိသားစုမှ မောင်းထုတ်ခဲ့တာပေါ့။

ယွမ်လော့ဖုန်းလည်း ပြန်မပြောခင် ခဏတော့ တိတ်ဆိတ်နေမိတယ်။
“စမ်းသပ်ကြည့်ပေးမယ်”

“ကောင်းပြီလေ”

ကျွင်းဖန်လျန်ဟာ ယွမ်လော့ဖုန်းရဲ့ အရည်အချင်းကို သိလို့ မငြင်းဘဲ ပြုံးနေလိုက်တယ်။
“ဒါပေမဲ့ စိတ်ထဲ မထားနဲ့ မကုသပေးနိုင်လည်း ကိစ္စ မရှိပါဘူး… ရဲ့အစ်ကိုအတွက် ကလေးတစ်ယောက် မမွေးပေးနိုင်ခဲ့တာကို နောင်တရတယ်”

သူမအတွက်က ယွမ်ရှောင်ရှိပြီးသားဆိုတော့ ကိစ္စ မရှိဘူး။ ရဲ့ကျင်းချန်းအတွက် မျိုးဆက် မရှိနိုင်တာ နောင်တ ရမိပါတယ်။

“သွေးကြောစမ်းဖို့ လိုအပ်လား”
ကျွင်းဖန်လျန်လည်း သူမရဲ့ လက်ကောက်ဝတ်ကိုပေးလိုက်တယ်။

“ဘယ်တုန်းကမှ ဆေးကုသဖို့ သွေးကြောစမ်းစရာ မလိုအပ်ဘူး”

သူတို့ရဲ့ အခြေအနေကို ဆန်းစစ်ဖို့ ယွမ်လော့ဖုန်းက တစ်ချက်လေး ကြည့်လိုက်ရုံနဲ့ လုံလောက်တယ်။ ကျွင်းဖန်လျန်နဲ့ ပထမဆုံးတွေ့တည်းက ရိပ်မိပါတယ်။ ဒါပေမဲ့ သေချာနားလည်ဖို့က အာရုံစူးစိုက် လေ့လာမှ ဖြစ်မယ်။

ယွမ်လော့ဖုန်းမှာ သူမရဲ့အကြည့်ကို ပြန်လည် ရုပ်သိမ်းဖို့ အချိန်အတော်ယူလိုက်ရတယ်။
“အမေရဲ့ အခြေအနေကို နားလည်ပြီ၊ ပြဿနာ မရှိဘူး၊ ကျွန်မ ကုသပေးနိုင်တယ်”

Chapter-813
End

အပိုင်း(၈၁၄)
ရွှယ်ရုံအာ ကောက်ကျစ်စဉ်းလဲသည် (၁)

ကုသပေးနိုင်တယ်…

ဒီကောင်မလေး အသံက လေးလံတဲ့ တူတစ်လက်လိုပါပဲ။ ရှိရှိသမျှ လူတိုင်းရဲ့ နှလုံးသားကို တဒိန်းဒိန်းခုန်ကာ ပျော်ရွှင်မြူးထူးစေတယ်။

ကျွင်းဖန်လျန်လည်း သူမကို ကြောင်အမ်းအမ်း ကြည့်ကာ သူမရဲ့ စကားကို နားမလည်နိုင် ဖြစ်နေရပါတယ်။

“သမီး…. အမှန်အတိုင်း ပြောနေတာလား”

သူမကို တကယ်ပဲ ကုသပေးနိုင်တာလား။

ယွမ်လော့ဖုန်းလည်း ပေါ့ပေါ့ပါးပါး ခေါင်းညိတ်လိုက်တယ်။
“ဆေးမြစ်တစ်ချို့ ကျန်ခဲ့လို့ လိုအပ်တာကို သွားယူဦးမယ်… ဒီကနေ့ ကုသပေးမယ်”

ကျွင်းဖန်လျန်လည်း တစ်ယောက်ကို တစ်ယောက် စိတ်လှုပ်ရှားသော အကြည့်များဖြင့် ငေးမော ကြည့်လိုက်ပါတယ်။ သူမသာ အမှန်တကယ် ကိုယ်ဝန်ဆောင် နိုင်ခဲ့ရင်တော့ ရဲ့မိသားစုဝင်တွေ သူတို့ကို ကလန်က မောင်းထုတ်လို့ မရတော့ဘူး။

“သတင်းကောင်းပဲ”
ရဲ့ကျင်းချန်းလည်း သူ့နှလုံးသားထဲမှ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ကာ စကားဆိုလိုက်တယ်။
“လိုအပ်တဲ့ ဆေးညွှန်း စာရင်းကို ပေးလိုက်ပါ၊ ဒါတွေကို ရဖို့ လူတစ်ယောက် လွှတ်ပြီး ခိုင်းလိုက်မယ်”

အရင်တည်းက ယွမ်လော့ဖုန်းရဲ့ ဆေးပညာ အရည်အချင်း အကြောင်းကို ကြားသိထား ပြီးသားပါ။ သူမကို ကုသပေးနိုင်တယ်လို့ ပြောကတည်းက ဒီကလေးမမှာ အရည်အချင်းကို ယုံကြည်တယ်။

“ရဲ့အစ်ကို… ဒီကိစ္စကို ကျွန်မရဲ့ တာဝန်ထားလိုက်တော့… ရှောင်အာနဲ့ ဖုန်းအာကို ပြောစရာ ကိစ္စ အများကြီး ရှိသေးတယ်၊ ညစာ မစားခင်အထိ ကျွန်မတို့ကို မနှောင့်ယှက်နဲ့”

ရဲ့ကျင်းချန်းကို မျက်ရိပ် မျက်နှာကဲ ဖြင့် စကားပြောကာ ယွမ်လော့ဖုန်းကိုလည်း အနောက်ဘက် ခြံဝင်းထဲ ဆွဲ ခေါ်သွားလိုက်တယ်။

သူမက ယွမ်လော့ဖုန်းကို ခေါ်သွားတာ မြင်တော့ ယွမ်ရှောင်လည်း သူမတို့နောက်မှ လိုက်ပါလာခဲ့တယ်။

“ရဲ့ချီ”
ရဲ့ရှီမို့လည်း ထွက်ခွာသွားတဲ့ ယွမ်လော့ဖုန်းရဲ့ အရိပ်ကို ကြည့်ကာ ရဲ့ချီကို လှည့်ကြည့်လိုက်တယ်။
“သူတို့က နင့် အစ်ကိုငယ်နဲ့ မရီး၊ အခုကစပြီး သူတို့ကို ယဉ်ယဉ်ကျေးကျေး ပြောဆို ပြုမူရမယ်၊ တခြားသူရဲ့ အသုံးချခံ မဖြစ်စေနဲ့… ကြားလား”

ရဲ့ချီလည်း ခေါင်းငုံ့ကာ တိုးတိုးလေး ရေရွတ်နေမိပါရဲ့။
“ရုံအာလည်း လှည့်စားခံရတာပါ… သူမလည်း ဖြူစင်တယ်”

သူမက တိုးတိုးလေး ပြောသော်လည်း ရဲ့ရှီမို့က ကြားဖြစ်အောင်ကို ကြားလိုက်ပြီး ထေ့ငေါ့တော့တယ်။
“နင့်ဘာသာ ရွှယ်ရုံအာကို ဘယ်လိုပဲ ယုံကြည် ယုံကြည် ငါ စိတ်မဝင်စားဘူး၊ ငါက မွေးစားမိဘတွေရဲ့ မိသားစုကိုပဲ သိတယ်၊ အတိတ်က မွေးစားမိဘတွေ မရှိခဲ့ရင် ငါတို့ဆိုတာ ရှိလာမှာ မဟုတ်ဘူး၊ အစ်ကိုငယ်နဲ့ မရီးကို ထိခိုက်စေမယ့် ဘာကိစ္စမှ မလုပ်မိစေနဲ့”

သူလည်း ဆက်မပြောခင် ခဏတော့ ရပ်တန့်လိုက်ပါတယ်။
“နင်က သူစိမ်းဆို ငါဘာမှ ပြောမနေဘူး၊ ဒီလို ပြောဆိုနေရတာ နင်က ငါ့ညီမ ဖြစ်နေလို့ပဲ၊ ငါတို့မိသားစုလေးကို ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်စေချင်တယ်… ဒါက ငါ့ဆန္ဒပဲ”

သူလည်း အရင်တုန်းက ယွမ်ရှောင်ကို မတွေ့ဖူးခဲ့သော်လည်း အပြင်လောကမှာ သူတို့တွေ နာကျင်ခံစားခဲ့ရမှန်းတော့ သိခဲ့ပါတယ်။ သူတို့က အလွယ်တကူလေး ရောက်လာခဲ့ရခြင်း မဟုတ်တော့ တခြားသူကြောင့်နဲ့တော့ သူတို့ကို မထိခိုက် မနာကျင်စေချင်ဘူး။

ရဲ့ချီလည်း ခေါင်းမော့လိုက်တယ်။
“ငါ… ယွမ်လော့ဖုန်းကို  မကြိုက်ဘူး၊ သူတို့ကြောင့်နဲ့ နင်က ငါ့ကို အော်ဟစ်တယ်၊ ဒါပေမဲ့ ငါက မွေးစားမိဘတွေကို ချစ်ခင်တယ်၊ သူတို့ စိတ်ချမ်းသာဖို့ ငါ ဘာပြဿနာမှ မရှာဘူး၊ စိတ်ပူမနေနဲ့… ရှင်းလား”

ရဲ့ရှီမို့က အနောက်ဘက် ခြံဝင်းအတွင်း မဝင်ခင် ရဲ့ချီကို အေးစက်သော အကြည့်ဖြင့် ကြည့်နေလိုက်ပါတယ်။

သူ့ညီမငယ်လေး အရမ်းကို မတုံးအရင် မဆိုးလောက်ပါဘူး။ဒါပေမဲ့ သူက စဉ်းစားဉာဏ် ကင်းမဲ့ခြင်းကို မနှစ်သက်ဘူး။

ရဲ့ချီလည်း ခေါင်းငိုက်စိုက်ကာ စဉ်းစားနေသော်လည်း နောက်ဆုံးတော့ ရဲ့အိမ်တော်မှ ထွက်သွားဖို့ ဆုံးဖြတ်လိုက်တယ်။

….

ရဲ့ချီလည်း သူမရှေ့မှာ ရှိနေတဲ့ ခမ်းနားထည်ဝါသော စားသောက်ဆိုင်ထဲ ဝင်လိုက်တယ်။ သူမရှေ့ကို အလျင်စလို ပြေးလာတဲ့ အနီရောင် အဝတ်အစားတဲ့ မိန်းကလေးကို မြင်လိုက်ရတော့ မျက်မှောင်ကြုတ်လိုက်တယ်။

ထိုမိန်းကလေးက အသက်ရှူမှားလောက်အောင် လှပ ချောမောပါတယ်။

“နေပါဦး…”
ရဲ့ချီ ထွက်သွားတော့မှာကို မြင်တော့ အနီရောင် အဝတ်အစားနဲ့ အမျိုးသမီးက ရုတ်တရက် လှမ်းအော်ကာ သူမရဲ့ခြေလှမ်းများကို တားဆီးလိုက်တယ်။

Chapter-814
End

စောင့်မျှော်စရာလည်း မလိုအပ်တော့ပါဘူး

🤘🤘🤘🤘🤘🤘🤘🤘🤘🤘

Gp4 (အပိုင်း 851 မှ 962) (2000ks)
Gp-5(အပိုင်း 963 မှ 1042) (2000ks)
Gp-6(အပိုင်း 1043 မှ 1122)(2000ks)
GpGp(အပ်ုင်း 1123 မှ 1202) (2000ks)

Wave pay= 09784327525
Ph bill = 09899327577 (mpt) +500
Ok $ = 09969332009
Kpay=09969332009

Bạn đang đọc truyện trên: ZingTruyen.Xyz