ZingTruyen.Xyz

သရဲဘုရင်၏ ချစ်လှစွာသော ဇနီးဆိုးလေး Book4

၈၁၀ မှ ၈၁၁ ယူနီ

jellyflower1

Book(32)

Gp3 (773 to 850)

ဘာသာပြန်ဆိုသူ သကြားလုံးလေး

အပတ်စဉ် သောကြာ စေန တနင်္ဂနွေ တနလာၤနေ့

Private Gp..... freeက စဖတ်မယ်ဆို အများကြီး ဖတ်ရပါမယ်

810+811
အပိုင်း(၈၁၀)
ငတုံးမ ရွှယ်ရုံအာ (၄)

ဒီကောင်မလေးက သူမရဲ့စကားကို မကြားသလို ဟန်ဆောင်နေမယ်လို့ မထင်ခဲ့မိပါဘူး။ သူမေဘးနားမွာ ရပ်နေတဲ့ အမျိုးသားလေးကို တစ်စုံတစ်ရာ တိုးတိုးပြောရင်း အလုပ်ရှုပ်နေတယ်။ ထိုအမျိုးသားကလည်း နှလုံးခုန်ဖို့ မေ့လျော့နေသလိုပဲ။ ညကောင်းကင်ယံလို မည်းနက်သော မျက်ဝန်းတစ်စုံက သူမကို ချစ်မြတ်နိုးစွာ ငေးကြည့်နေတယ်။

ရွှယ်ရုံအာလည်း ခေါင်းငိုက်စိုက်ကာ နှုတ်ခမ်းကို မကျေမနပ် ဖိကိုက်ထားတယ်။

နင့်ကို ဝင့်ကြွားဖို့ အချိန်ကြာကြာ ပေးလိုက်မယ်။ ကျွင်းဖန်လျန်က သူ့မိခင်ဆိုတော့ သူ့သားကို မိန်းမ အများကြီး ရှိစေချင်မှာပဲ။ ဒါမှလည်း သားသမီးအများကြီး ထွန်းကားနိုင်မှာလေ။ သူတို့တွေ ဘယ္လိုပဲ ချစ်ချစ် အမျိုးသားလေးက သူမရဲ့ အပိုင် ဖြစ်လာမှာပါ။ အဲဒီမိန်းမ တစ်ယောက်တည်း ပိုင်ဆိုင်လို့ မရပါဘူး။

ဒါပေမဲ့လည်း အမျိုးသမီး တစ်ဦးရဲ့ စိတ်မကျေနပ်သံကို သူမ ကြားလိုက်ရတယ်။
ဒီလို တွေးတာ ကောင်းပါတယ်၊ ဒါပေမဲ့ ကိုယ်လုပ်တော် ရွိစရာ မလိုအပ္ဘူး၊ ငါ့သားလေးကို ငြိမ်းချမ်းတဲ့ မိသားစု ဘဝေလးပဲ ပိုင်ဆိုင်စေချင်တယ်

အစကေတာ့ ရွှယ်ရုံအာကို အဖက်မလုပ်ဖို့ တွေးထားသော်လည်း အခုတော့ အခြေအနေက စိတ်မကျေနပ်သည့် အပိုင်းသို့ တိုးတက်သွားခဲ့ပြီ။

ရွှယ်ရုံအာလည်း သူမ မှားသွားမှန်း ချက်ချင်း နားလည်သွားပြီး မျက်နှာဟာ ဖြူဖပ်ဖြူရော် ဖြစ်သွားပါတယ်။ သူမ မေ့သွားပါလား။ရဲ့ကျင်းချန်းမှာ ကျွင်းဖန်လျန် တစ်ယောက်တည်း ရှိခဲ့ပါတယ်။ ကေလး မမွေးပေးခဲ့လည်း ရဲ့ကျင်းချန်းက တခြားကိုယ်လုပ်တော်ကို မယူခဲ့ဘူး။

ဒါ့ပေမဲ့ သူမကေတာ့ ကျွင်းဖန်လျန်ရှေ့မှာ  ယွမ်ရှောင်ဟာ တခြားကိုယ်လုပ်တော် ယူမယ်လို့ မှားယွင်း ပြောခဲ့မိတယ်။ သူမကို ရန်လုပ်တာနဲ့ တူမေနဘူးလား။

သခင်မ  မစဉ်းစား မဆင်ခြင်ဘဲ ပြောခဲ့မိလို့ ကျွန်မ တောင်းပန်ပါတယ်၊ ကျွန်မ မရည်ရွယ်ပါဘူး
ရွှယ်ရုံအာမှာ စိတ်မတင်မကျ ဖြစ်ပါတယ်။

ကျွင်းဖန်လျန်လို့ မောက်မာတဲ့ အမျိုးသမီးက သူ့ခင်ပွန်းကို တခြားကိုယ်လုပ်တော် ယူဖို့ လက်ခံပါ့မလား။သူမရဲ့အတွေးအမြင်က သာမန်ထက် ကျော်လွန်နေပြီးသားပါ။

နင်က မေတြးဘဲ ပြောတယ် ဟုတ္လား
ကျွင်းဖန်လျန်လည်း ထေ့ငေါ့လိုက်တယ်။
နင့်ကို ထူးချွန်ထက်မြက်တဲ့ မိန်းကလေးလို့ ငါ ခံစားမိတာ ဘာကြောင့်များလဲ၊ နင့်လို လူမျိူးက မစဉ်းစား မဆင်ခြင်ဘဲ ပြောပါ့မလား၊ ထားလိုက်ပါတော့ နင် ထွက်သွားသင့်ပြီ၊ အခုကစပြီးတော့ ရဲ့အိမ်တော်ကို မလာနဲ့တော့၊ ငါ့ကလေးတွေနဲ့ အပေါင်းအသင်း မလုပ်နဲ့

နောက်ဆုံးတော့ ကျွင်းဖန်လျန်လည်း စိတ်မရှည်တော့ဘဲ စကားကို ခပ်ပြတ်ပြတ် ပြောလိုက်ပါတယ်။

ရွှယ်ရုံအာလည်း မ်က္လုံးမွ မျက်ရည်များကို သုတ္ကာ ခြံဝင်း အပြင်ဘက်သို့ အလျင်စလို ပြေးထွက်သွားတော့တယ်။

ရုံအာ
ရဲ့ချီမှာ ဆူဆူငေါင့်ငေါင့် မျက်နှာထားနဲ့ ရုံအာနောက် ပြေးလိုက်ချင်ပါတယ်။ ဒါပေမဲ့လည်း ခြေလှမ်း နှစ်လှမ်းထက် ပိုမလှမ်းရသေးခင်မှာ ကျွင်းဖန်လျန်ရဲ့ သတိပေး စကားသံကို ကြားလိုက်ရတယ်။

အခုချက်ချင်း ရပ်လိုက်စမ်း

ရဲ့ချီဟာ စိတ်ပျက်ကြေကွဲစွာ ကျောခိုင်းလိုက်ရတယ်။
မွေးစားအမေ ဘာလို့များ အားလုံးက ရုံအာကို ပစ်မှတ် ထားနေရလဲ

ကျွင်းဖန်လျန်လည်း သက်ပြင်းရှိုက်လိုက်ပါတယ်။
ချီချီ သမီး အစ်ကို့ရဲ့ စကားကို နားထောင်သင့်တယ် သူက သမီးကို ထိခိုက်စေမှာ မဟုတ္ဘူး၊  သမီးကို အမှန်တကယ် ထိခိုက်နာကျင်စေမယ့်လူက ဖြူစင်ချင်ယောင် ဆောင်နေတာ သမီး သိဖို့ ကောင်းမယ်

ရဲ့ချီမှာ ထိတ္ထိတ္ပ်ာပ်ာ ဖြစ်သွားရတယ်။ မွေးစားအမေက ရုံအာကို ရည်ညွှန်း ပြောနေတာလား။ ဘယ်လို့လုပ် ဖြစ်နိုင်ပါ့မလဲ၊ ဘာကြောင့် ရုံအာက သူမကို ထိခိုက်စေမှာလဲ။

ကိုယ့်အခန်းကိုယ် ပြန်ပြီး အျပစ္ကို ပြန်ဆင်ခြင်မယ်
ကျွင်းဖန်လျန်လည်း ယွမ်လော့ဖုန်းတို့နှစ်ယောက်ကို စွေးခနဲ မကြည့်ခင် ရဲ့ချီကို သတိပေးဟန် ကြည့်လိုက်ပါတယ်။ ချောမောလှပတဲ့ မျက်နှာမှာ အပြုံးရိပ်လေး စွန်းထင်လာခဲ့ပါတယ်။
ဘာမ်ားလဲ မင်းတို့နှစ်ယောက်က ပြောစရာ စကား မရှိတော့ဘူးလား

ယွမ်လော့ဖုန်းလည်း ခပ်နွမ်းနွမ်းလေး ပြုံးလိုက်ပါတယ်။
ယွမ်ရှောင်ရဲ့ အမေဖြစ်နေမယ်လို့ မထင်ခဲ့မိဘူး တွေ့ဆုံဖို့ ရေစက်ပါလာတယ် ထင်ပါတယ်နော်၊ ဒေါ်ဒေါ် သမီးပြောတာ မွန္တယ္မလား

ဘာကြောင့်များ ဒေါ်ဒေါ်လို့ ခေါ်နေရသေးလဲ
ကျွင်းဖန်လျန်လည်း စိတ်မကျေနပ်ချင်ယောင် ဆောင်လိုက်ပါတယ်။ ဒါပေမဲ့ သူမရဲ့မျက်ဝန်းများက ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေလေရဲ့။
သမီးက ယွမ်ရှောင်ရဲ့ စေ့စပ်ထားသူ ဆိုတော့ အမေလို့ ခေါ်သင့်တာပေါ့

အေမ

သူမနဲ့ ယွမ်ရှောင်က သိပ်မကြာခင်မှာ လက်ထပ်တော့မှာပါ။ သူမကို အေမလို့ စောစောစီးစီး ခေါ်တာ ကိစ္စ ကြီးကြီးမားမား မဟုတ်ပါဘူး။ဒါကြောင့် သူမလည်း ကျွင်းဖန်လျန်ရဲ့ တောင်းဆိုမှုကို မငြင်းဆန်တော့ပါဘူး။

လိမ္မာလိုက်တာနော်
သူမရဲ့ အခေါ်အဝေါ်ကြောင့် ကျွင်းဖန်လျန်မှာ ပျော်ရွှင်မြူးထူးသွားရတယ်။
အမေလို့ ခေါ်တာ အကောင်းဆုံး ရွေးချယ်မှုပဲ၊ သမီးလေးအတွက် အေမက လက်ဆောင် ပြင်ဆင်ထားပြီးသားပါ

ထို့နောက် သူမရဲ့ဝတ်စုံမှာ ရွိတဲ့ အိတ်ငယ်လေးမှ ကျောက်စိမ်းဆွဲပြားလေးကို ထုတ္ကာ ယွမ်လော့ဖုန်း လက်ပေါ် တင်ပေးလိုက်ပါတယ်။ ကျွင်း ဆိုတဲ့ စကားလုံးလေးက ဆွဲပြားလေးမှာ ထင်ရှားနေကာ နေရောင်အောက်မှာ တောက်ပ နေခဲ့တယ်။

Chapter-810
End

အပိုင်း(၈၁၁)
ငတုံးမ ရွှယ်ရုံအာ(၅)

ကျွင်းဖန်လျန်က ကျောက်စိမ်းပြားလေးကို ထုတ္လိုက္တာ မြင်တော့ ရဲ့ကျင်းချန်းနဲ့ ရဲ့ချီမှာ လန့်ဖျပ်သွားရကား သူတို့မျက်ဝန်းများက တုန်လှုပ်မှုကို ဖော်ပြနေလေရဲ့။

ဆွဲပြားလေးရဲ့ ရာဇဝင်ကို သူတို့တွေ မသိသော်လည်း ကျွင်းဖန်လျန်က ကျောက်စိမ်းဆွဲပြားလေးကို ရတနာ တစ်ပါးလို သဘောထားကြောင့် သိနိုင်ပါသေးတယ်။ ဒါပေမဲ့ အခုတော့ သူမက ဘာဆိုဘာမွ ပြန်မတွေးတော့ဘဲ ယွမ်လော့ဖုန်းကို ပေးလိုက်ပြီလား။ သာမန် အခြေအနေမှာဆိုရင် သူမက ဆွဲပြားကို တျခားသူ ထိကိုင်တာတောင် ကြိုက်နှစ်သက်သူ မဟုတ်ပါဘူး အခုတော့ တခြားတစ်ယောက်ကို ပေးလိုက်ပြီးလား။ ဒါကို ကြည့်ခြင်းဖြင့် ယွမ်လော့ဖုန်းက  သူမရဲ့နှလုံးသားမှာ အေရးပါ အရာရောက်မှန်း သိနိုင်ပါတယ်။

ဒီကျောက်စိမ်းပြားလေးက သမီးအတွက် အများကြီးတော့ အသုံးဝင်မှာ မဟုတ်ပါဘူး၊ ဒီကျောက်စိမ်းပြားလေးက နည်းနည်းတော့ ထူးကဲပါတယ်၊ သေစေလောက်တဲ့ ဒဏ်ရာတွေကို သုံးကြိမ်တိတိ ဟန့်တား ပေးနိုင်တယ်၊ ဒါပေမဲ့ ၃ကြိမ်ထက် ကျော်လွန်သွားရင်တော့ သာမန် ကျောက်စိမ်းဆွဲပြားလေး ဖြစ်သွားလိမ့်မယ်

ယွမ်လော့ဖုန်းလည်း သိမ်းဆည်းထားလိုက်တယ်။
ဒီကျောက်စမ်း ဆွဲပြားလေးအတွက် အမေ့အတွက် ထူးခြားတဲ့ တခြားအဓိပ္ပါယ် ရှိသေးလား၊ ကျွန်မကို ပေးလိုက်ဖို့ မသင့်လျော်ဘူး မလား

ကျွင်းဖန်လျန်လည်း ပြုံးလိုက်ပါတယ်။
ဒီဆွဲပြားလေးကို သမီးတို့ရဲ့ ဘိုးဘိုး လည်း ဖြစ် အမေရဲ့ ဖခင် ဖြစ်သူ ပေးခဲ့တာပါ၊ ဒါလေးက အမေနဲ့ နှစ်ပေါင်းများစွာ အတူတူ ရှိခဲ့လည်း အမေ့အတွက်တော့ အမွတ္တရ သငေ်္ကတလေးထက် မပိုခဲ့ပါဘူး။ သမီးက ဩဇာအာဏာရွိတဲ့ ရန်သူတော်တွေကို ရန်စထားတော့ သမီးမွာ အကာအကွယ် ပစ္စည်း မရှိရင် အသက်ရှင်သန်ဖို့ မလြယ္ကူဘူး

ကျွင်းဖန်လျန်ဟာ  ယွမ်လော့ဖုန်းရဲ့ စိတ်နေစိတ်ထားကို သိနေခဲ့တာ ကြာခဲ့ပါပြီ။ ဒီကေလးမက မေးမြန်း စူးစမ်းခြင်း မရွိဘဲ ချက်ချင်း ရန်ရှာတတ်ပြီး သူမရဲ့ ရန်သူတော်က ဘယ္သူလဲဆိုတာ စိတ်မဝင်စားဘူး။ ဒါကြောင့်လည်း ဒီကေလးမေလးကို သူမရဲ့ကျောက်စိမ်းဆွဲပြားလေး ထုတ်ပေးရခြင်းပါ။

ယွမ်လော့ဖုန်းမှာ စိတ်လှုပ်ရှား ရပါတယ်။ ဒီဆွဲပြားလေးရဲ့ အကျိုးသက်ရောက်မှုကြောင့် မဟုတ်ဘဲ ကျွင်းဖန်လျန်က သူမကို မိသားစုလို သဘောထားပြီး သူမရဲ့အဖေ ချန်လှပ်ထားတဲ့ ပစ္စည်းကို လက်ဆောင်ပေးလို့ ပျော်ရွှင်မိပါတယ်။အထူးသဖြင့် သူမရဲ့အသံနှုန်းကအလွန့်အလွန် အလိုလိုက်ထားသော မိခင် တစ်ယောက်လိုပါပဲ။ယွမ်လော့ဖုန်းက ဘယ်သူတွေနဲ့ ရန်သူဖွဲ့ဖွဲ့ သူမ ဘေးကင်းမှုကလွဲရင် က်န္တာကို ဂရုမစိုက်ဘူးဆိုတဲ့ သေဘာထားပါပဲ။

ကျွင်းဖန်လျန်လည်း ယွမ်ရှောင်ကို ပြုံးကာမေးလိုက်ပါတယ်။
ဘယ္လိုလဲ၊ အမေတို့တွေ မတွေ့ရတာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ ၊ သားလေးမှာ အေမ့ကို မေးချင်တဲ့ ကိစ္စများ မရွိဘူးလား

ယွမ်ရှောင်ရဲ့ အေးစက်သော မျက်နှာထားက အနည်းငယ် ပျက်ယွင်းသွားရပါတယ်။ဒါပေမဲ့လည်း သူ့နှုတ်က အေမဆိုတဲ့ စကားလုံးကို ထွက်နိုင်ဖို့ ခဲယဉ်းခဲ့ပါတယ်။  ခဏတာ တွေးတော ကြံဆပြီးနောက် သူ သိချင်တာကို မေးမြန်းလိုက်ပါတော့တယ်။
ကျွန်တော် နဲ့ လင်းအိမ်တော်က မိန်းကလေးကို လက်ထပ်ပေးဖို့ သေဘာတူခဲ့လား

ဒီစကားကို ကြားလိုက်ရတော့ ကျွင်းဖန်လျန်လည်း မျက်မှောင်ကြုတ်လိုက်ပါတယ်။
အမှန်ပါပဲ၊ ကြာလှပြီဆိုတော့ အမေလည်း ဒီအကြောင်းကို မေ့လို့တောင် နေပါပြီ

ဒါဆို လက်ထပ်ဖို့ သေဘာတူတဲ့ အနေနဲ့ ပေးထားတဲ့ သငေ်္ကတ ပစ္စည်း ဘယ်မှာများလဲ
ယွမ်ရှောင်ရဲ့အသံက တိုးလျပြီး ကြမ်းတမ်းတယ်။

အေမ ပျောက်သွားတယ်
ကျွင်းဖန်လျန်ရဲ့ နှုတ်ခမ်းက တစ်မူထူးခြားသွားပါတယ်။

ပျောက်သွားတယ်လား။

ချက်ချင်း ယွမ်ရှောင်ရဲ့မျက်နှာ အသားအရောင်ဟာ မည်းမှောင်သွားတော့တယ်။ သူမက ပစ္စည်းပျောက်သွားတယ်ဆိုတော့ စေ့စပ်ကြောင်းလမ်းခြင်းကို  ပယ်ဖျက်ဖို့ ခဲယဉ်းသွားပြီလေ။

ဘာလို့လဲ၊ လင်းမိသားစုက စေ့စပ်ကြောင်းလမ်းဖို့ လာရှာလို့လား
ကျွင်းဖန်လျန်လည်း မျက်ခုံးပင့်ကာ မေးလိုက်တယ်။

ရဲ့ကျင်းချန်းက လုံရှောင်ကုန်းမြေစုအကြောင်း စုံစမ်းနိုင်သော်လည်း သာမန္လူမ်ားက ရှောင်မိသားစုရှိတဲ့ နယ်မြေကို မဝင်ရောက်နိုင်လို့ ယွမ်ရှောင်တို့ သတင်းကို အကုန္ကို မစုံစမ်းနိုင်ခဲ့ပါဘူး။ ဒါကြောင့်လည်း ကျွင်းဖန်လျန်က ရှောင်အိမ်တော်မှာ ဖြစ်ခဲ့တဲ့ ကိစ္စကို မသိခဲ့ခြင်းပါ။

သူတို့က လက်ထပ်ဖို့ သဘောတူခြင်းကို ဖျက်သိမ်းချင်လို့ ၊ ကျွန်တော် သဘောတူခဲ့တယ်
ယွမ်ရှောင်လည်း ကျွင်းဖန်လျန်ကို ခြောက်ကပ်ကပ် ကြည့်လိုက်ပါတယ်။
ဒါပေမဲ့ သူတို့က နှုတ်အားဖြင့် ဖျက်သိမ်းဖို့ သဘောတူလို့ မယုံမကြည်ဖြစ်ပြန်တယ်၊ ဖျက်သိမ်းခြင်းကို သဘောမတူလို့ လက်ထပ်ဖို့သငေ်္ကတ ပစ္စည်းကို ဖွက်ထားတယ်လို့ ထင်မှတ်နေတယ်

ဘာလို့လဲ

ဒီစကားကို ကျွင်းဖန်လျန် ကြားလိုက်ရပြီး ကျွင်းဖန်လျန်မှာ  ဒေါသထွက်ကာ စိတ္ဆိုးမာန္ဆိုး ပြောတော့တယ်။
ဒီလူတွေဟာ သားကို ရှောင်အိမ်တော်က မောင်းထုတ်ရတာ မလုံလောက်သေးလို့လား၊ သူတို့ကများ ဒီလိုစကားမျိုး ပြောရဲသေးတယ်၊ ငါ့သားလေးက သဘောမတူချင်ဘူး ဖြစ်သေးတယ်၊ စေ့စပ်တာကို ဖျက်သိမ်းတာ ရှောင်မိသားစုပဲ ဖြစ်သင့်တယ်၊ လင်းမိသားစုက မိန်းကလေးက သားလေးနဲ့ ထိုက်တန်မယ်လို့ အေမ မထင်ခဲ့ပါဘူး

ယွမ်ရှောင်ရဲ့တိုးလျတဲ့အသံကို နောက်တစ်ဖန် ကြားလိုက်ရပြန်တယ်။
ရှောင်မိသားစုဝင်တွေ ပြောတာတော့ လျှို့ဝှက်ဆန်းကြယ်တဲ့လူက ခေါ်သွားခဲ့တာဆိုအဲလူက ရဲ့မိသားစုဝင်လား

Chapter-811
End

အပိုင်း(၈၁၂)
စိတ်လှုပ်ရှားမှု (၁)

ကျွင်းဖန်လျန်လည်း ခေါင်းခါလိုက်တယ်။
အေမကို ခေါ်သွားတဲ့သူက ရဲ့မိသားစုက မဟုတ္ဘူး၊ ပြန်လမ်းမဲ့ သစ်တောကို ရောက်လာပြီးမှ ရဲ့အစ်ကိုနဲ့ ရင်းနှီးခဲ့တယ်

ထို့နောက် သူမလည်း ရဲ့ကျင်းချန်းဘက် လှည့်ကြည့်ကာ ခပ်နွမ်းနွမ်းလေး ပြုံးလိုက်တယ်။ သူမရဲ့မျက်ဝန်းမှာ ချစ်ခင် မြတ်နိုးမှုများ ပွင့်ဖူးနေတော့တယ်။
အေမ့ကို အဝေးခေါ်သွားပြီ အဲဒီလူက ပျောက်ကွယ်သွားခဲ့တယ်၊ ရှောင်မိသားစုက မိန်းမယုတ်ဟာ သားလေးကို ပြန်လမ်းမဲ့ သစ်တောထဲ စွန့်ပစ်ခဲ့တယ်ဆိုတဲ့ သတင်းကို ကြားတော့ အမေလည်း သားလေးကို ရှာဖို့ အပြေးအလွှား သွားခဲ့ပါတယ်။ သားကို မရှာနိုင်ခဲ့တယ် အပြင် ပြင်းပြင်းထန်ထန် ထိခိုက် ဒဏ်ရာ ဖြစ်ခဲ့မယ်လို့ မထင်ခဲ့မိပါဘူး၊ လမ်းဖြတ်သွားတဲ့ ရဲ့အစ်ကိုက အေမ့ကို ကယ်တင်ပေးခဲ့ပြီး ရဲ့အိမ်တော်ကို ခေါ်ဆောင်သွားခဲ့တယ်

ကျွင်းဖန်လျန်ရဲ့ အပြုံးဟာ တျခားသူ မိန်းမောအောင် လှပလွန်းပါတယ်။

ရှောင်အာ အတိတ္က ဘေးနားမှာ နေခွင့် မရခဲ့ဘူး၊ ဖုန်းအာနဲ့ သား ဘယ္လို အခက်အခဲမျိုးကို ရင်ဆိုင်ခဲ့ရလဲ အေမ သိပါတယ်၊ အေမ့မွာ ထူးချွန် ထက်မြက်တဲ့ သားနဲ့ ချွေးမလေး ရွိတာ ဂုဏ်ယူ ဝင့်ကြွားမိပါတယ်

သူမလည်း ဖြည်းဖြည်းချင်း အကြည့်ကို ရုပ်သိမ်းလိုက်ပြီး ယွမ်လော့ဖုန်းနဲ့ ယွမ်ရှောင်တို့ရဲ့လက်များကို ဆွဲကိုင်ကာ နှစ်ဦးသား နီးကပ်စေခဲ့တယ်။

အေမ့ဘဝမွာ သားတို့နှစ်ဦး အမြဲ အတူယှဉ်တွဲ ရှိဖို့ထက် ဖြစ်စေချင်တဲ့ ဆန္ဒထက် တျခား မရွိဘူး

ရဲ့ကျင်းချန်းလည်း ကျွင်းဖန်လျန်ရဲ့ဘေးနား တိတ်တဆိတ် သြားလိုက္ကာ နွေးထွေးစွာ ပြုံးပြလိုက်တယ်။

နှစ်ပေါင်းများစွာ ကျွင်းဖန်လျန်ရဲ့ စိတ်မပျော်ရွှင်မှုကို သူ တစ်ယောက်တည်းသိခဲ့ပါတယ်။ သူမကို အထောက်အပံ့ ဖြစ်စေမယ့် တခြားကုန်းမြေစုမှ လာတဲ့ သတင်း မရှိခဲ့ရင် သူမ အသက်ဆက်ရှင်သန်နိုင်မှာ မဟုတ္ဘူး။
အေမ့က ကျွန်မကို လက်ဆောင်ပေး ပြီးပြီဆိုတော့ ကျွန်မလည်း အမေ့အတွက် လက်ဆောင် ပြင်ဆင်လာပါတယ် 
ယွမ်လော့ဖုန်းလည်း ကျောက်စိမ်းဆွဲပြားကို သိမ်းဆည်းလိုက်ပြီး နယ်မြေလက်စွပ်ထဲမှ သစ္သီး နှစ်လုံးကို ထုတ်ယူလိုက်ကာ ကျွင်းဖန်လျန် နဲ့ ရဲ့ကျင်းချန်းကို ပေးလိုက်တယ်။
ဒီသစ္စီး နှစ်လုံးက ဂါရဝပြုလက်ဆောင်ပါ

ရဲ့ချီလည်း မှင်တက်သွားရတယ်။ သူ့မွေးစားအမေက ကျောက်စိမ်း ဆွဲပြား လက်ဆောင်ပေးတာကို သူမက သစ်သီးနှစ်လုံးပဲ လက်ဆောင် ပြန်ပေးသတဲ့လား။ ဒီလို ကပ်စေးနည်းလွန်းတဲ့လူကို တွေ့ကို မတွေ့ဖူးခဲ့ဘူး။

ကျွင်းဖန်လျန်က စိတ်ထဲ သိပ်တော့ မထားပါဘူး။ ပျော်ရွှင်စွာနဲ့ သစ္သီးကို လက်ခံကာ စကားပြောလိုက်ပါတယ်။
လက်ဆောင်ဆိုတာထက် သူ့နောက်ကွယ်က စေတနာလေးနဲ့ အေတြးကပဲ အရေးပါတယ် အေမ သဘောကျပါတယ်၊ ချွေးမလေးက အေမ့ကို ပေးတဲ့ လက်ဆောင်ဆိုတော့ အပြင်က သာမန်သစ်သီးထက် ပိုကောင်းမှာပါ

ယွမ်လော့ဖုန်း ပေးတဲ့ သစ္သီးက အနီရောင်ဘယ်ရီပင်မှ ရတဲ့စိတ်ဝိညာဉ် သစ္သီးပါ၊ အသီး သီးပြီးနောက် အပြင်ပန်းသွင်ပြင် ပြောင်းလဲသွားတော့ ကျွင်းဖန်လျန် မမှတ်မိတော့ခြင်းပါ။

သူမလည်း သစ္သီးကို နှုတ်ခမ်းပေါ် တင်ကာ တစ်စိတ် ကိုက်လိုက်ပါတယ်။ချက်ချင်း သစ္သီး အရည်က ခံတွင်းမှ စီးဆင်းသွားကာ ခန္ဓာကိုယ်ကို သက်သောင့်သက်သာ ဖြစ်စေပါတယ်။

ဝုန်း

ရုတ်ခြည်း ကျွင်းဖန်လျန်ခန္ဓာကိုယ်ဟာ တုန်ယင်လာပြီး ပြင်းထန်သော စိတ်စွမ်းအားများ သူမရဲ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာကာ နောက်တစ်ဆင့်ကို တက်နိုင်တဲ့ အတားအဆီးရဲ့ အထွတ်အထိပ်ကို ရောက်သွားခဲ့တယ်။ သူမရဲ့ဦးခေါင်းပေါ်မှာ ကောင်းကင်နဲ့ မြေကြီးနဲ့ စိတ်စွမ်းအားများ စုစည်းလာကာ နောက်ထပ် တစ်ဆင့်ကို အောင်အောင်မြင်မြင် ရောက်ရှိသွားကြောင်း ကြေညာပေးလိုက်တယ်။

ဘယ္လို ဖြစ်တာလဲ
ရဲ့ရှီမို့လည်း အနောက်ဘက် ခြံဝင်းမှ အလျင်စလို ပြေးလာခဲ့တယ်။ သူရောက်လာချိန်သူ့မိဘများနဲ့ ညီမလေးတို့ရဲ့ ဒွဟဖြစ်နေတဲ့ မျက်နှာကို မြင်လိုက်ရတယ်။ ကျွင်းဖန်လျန် ရဲ့ ဦးခေါင်းပေါ်မှ စိတ်စွမ်းအားများကို ကြည့်ကာ သူလည်း အံ့ဩရပါတယ်။ သူလည်း နားမလည်နိုင်စွာ မေးလိုက်တယ်။
အေမ အတားအဆီးကို ဖြတ်ကျော်လိုက်နိုင်ပြီလား

မွေးစားအမေက နှစ်ပေါင်းများစွာ အတားအဆီးမွာ ပိတ်ဆို့နေခဲ့လို့ နောက်တစ်ဆင့်ကို ရောက်နိုင်တဲ့ အရိပ်အယောင်မျှ မတွေ့ခဲ့ရပါဘူး။ ဒါဆို ဘယ္လိုမ်ား နောက်တစ်ဆင့်ကို ရောက်သွားလဲ

ကျွင်းဖန်လျန်က ပထမဆုံး အသိဝင်လာသူပါ။ ယွမ်လော့ဖုန်းက သူမကို ပေးလိုက်တဲ့ သစ်သီးကြောင့် သူမဟာ နောက်တစ်ဆင့် ရောက်သွားမှန်း ရှင်းရှင်းလင်းလင်း သိနေခဲ့ပါတယ်။
ဖုန်းအာ ဘာဖြစ်လဲဆိုတာ အေမ့ကို ပြောပါဦး

ခဏလေးအတွင်းမှာ အားလုံးရဲ့ အကြည့်များက  ယွမ်လော့ဖုန်းပေါ် စုစည်းလာကာ သူမ ပေးမယ့် အဖြေကို စောင့်ဆိုင်းနေခဲ့တယ်။

Chapter-812
End

စောင့်မျှော်စရာလည်း မလိုအပ်တော့ပါဘူး

Gp4 (အပိုင်း 851 မွ 962) (2000ks)
Gp-5(အပိုင်း 963 မွ 1042) (2000ks)
Gp-6(အပိုင်း 1043 မွ 1122)(2000ks)
GpGp(အပ်ုင်း 1123 မွ 1202) (2000ks)

Wave pay= 09784327525
Ph bill = 09899327577 (mpt) +500
Ok $ = 09969332009
Kpay=09969332009

Bạn đang đọc truyện trên: ZingTruyen.Xyz