သရဲဘုရင္၏ ခ်စ္လွစြာေသာ ဇနီးဆိုးေလး Book4
Ep 849
Zawgyi
အပိုင္း(၈၄၉)
ခြန္းတုံ႔မျပန္သည့္ ရဲ႕ခ်ီကို ၾကည့္ေနလ်က္ ရဲ႕ထန္လင္းမွာ ဘဝင္ခိုက္ကာ မ်က္ခုံးကို တြန႔္ခ်ိဳးလိုက္ေခ်၏။
“နင္က ရဲ႕မိသားစုပိုင္ဆိုင္တဲ့ ေခြးတစ္ေကာင္ အဆင့္ပဲ ရွိတာကို ေသေသခ်ာခ်ာေလး မွတ္ထားလိုက္စမ္း။ သခင့္က နင့္ကို အစားေကြၽးခ်ိန္ အၿမီးေလးကို လႈပ္ယမ္းၿပီး သနားဖို႔ ေတာင္းပန္သင့္တယ္။ သစၥာေဖာက္ဖို႔ ေတြးေတာင္မေတြး သင့္ဘူး”
ရဲ႕ခ်ီလည္း ရဲ႕ထန္လင္းကို အစိမ္းလိုက္ ဝါးစားေတာ့ မတတ္ မေက်မနပ္ ၾကည့္ေနခဲ့သည္။
သူမ၏ အၾကည့္က သူ႔ေဒါသစိတ္ကို တိုးပြားေစမည္လို႔ ဘယ္သူမ်ား ေတြးထင္ လိုက္မည္နည္း။
“ေကာင္မစုတ္… အခုအခ်ိန္အထိ ေမာက္မာ ေနတုန္းပဲ”
ရဲ႕ထန္လင္း လက္သီးကို က်စ္က်စ္ပါေအာင္ ဆုပ္ကိုင္းကာ တည္ၾကည္ ခံ့ညားေသာ မ်က္ႏွာထား ႏွင့္ ေသြးေအးစြာ အမိန႔္ေပးလိုက္ေလ၏။
“ေဟ့လူေတြ ဒီေကာင္မကို ေကာင္းေကာင္းေလး ႐ိုက္ႏွက္ၿပီး သင္ခန္းစာ ေပးလိုက္စမ္း”
ဒီေကာင္မ ငါ့ကို ႐ိုက္ရဲ ၿပီး ေနာင္တမရေလေတာ့ သူမကို ဘယ္လိုျပဳမူသင့္လည္း သိေအာင္ ထိုက္သင့္ေသာ သင္ခန္းစာ ေပးသင့္ၿပီ။
“ဟုတ္ကဲ့ပါ လင္းသခင္ေလး”
လွ်ပ္တစ္ျပက္အတြင္း ရဲ႕ထန္လင္း ေနာက္မွာရွိေနသည့္ သက္ေတာ္ေစာင့္အဖြဲ႕က ရဲ႕ခ်ီရွိရာသို႔ လ်င္ျမန္ေသာ အဟုန္ျဖင့္ ေျပးသြားေတာ့သည္။
တစ္ေယာက္က သူမ၏ လက္ေမာင္းကို ခ်ဳပ္ကိုင္ထားၿပီး တျခားတစ္ဦးက သူမကို ႐ိုက္ႏွက္ဖို႔ လက္႐ြယ္လိုက္သည္။ခဏတစ္ျဖဳတ္ေလးအတြင္း ရဲ႕ခ်ီမ်က္ႏွာ တစ္ျခမ္းက ဖူးေယာင္လာၿပီး ဝက္တစ္ေကာင္၏ ဦးေခါင္းႏွင့္ အသြင္သ႑န္ တူညီလာေတာ့သည္။
သူမ၏မ်က္ဝန္း ႏွစ္စုံမွာ မ်က္ရည္မ်ား ဝဲသီေနေသာ္လည္း ေခါင္းမာမာျဖင့္ မ်က္ရည္မ်ားကို တားဆီးထားခဲ့သည္။ လွပေသာ မ်က္ဝန္းတစ္စုံက ရဲ႕ထန္လင္းကို အေလွ်ာ့မေပးဟန္ ၾကည့္ေနခဲ့ေလ၏။
“ေကာင္မ…. ဘယ္သူက နင့္ကို ဒီလိုမ်က္ႏွာေပမ်ိဳးနဲ႔ ၾကည့္ခြင့္ျပဳလို႔လဲ”
ရဲ႕ထန္လင္းက ေခါင္းေမာ့ကာ ရဲ႕ခ်ီ ေဘးနားကို စိန္ေျပနေျပ လမ္းေလွ်ာက္သြားေတာ့သည္။သူ႔လက္မ်ားက ရဲ႕ခ်ီေမဖ်ားကို အတင္းအက်ပ္ ဆုပ္ကိုင္ကာ ေထ့ေငါ့ေသာ စကားမ်ားကို ေျပာေလေတာ့၏။
“ပုန္ကန္တဲ့ ေခြးတစ္ေကာင္ကို အသက္ရွင္ခြင့္ ေပးထားေတာ့ ဘာအသုံးဝင္မွာလဲ”
ရဲ႕ထန္လင္းက သူ႔လက္ကိုေျမႇာက္ကာ ႀကီးမားေသာ လက္ဖဝါးျဖင့္ ရဲ႕ခ်ီ၏မ်က္ႏွာကို အညႇာအတာ ကင္းမဲ့စြာ ခပ္ျပင္းျပင္း ႐ိုက္ႏွက္ေတာ့သည္။
ရဲ႕ခ်ီမွာ တုန္လႈပ္ ေခ်ာက္ခ်ားလြန္းလို႔ သူမရဲ႕မ်က္ဝန္းမ်ားကို အတင္းအက်ပ္ ပိတ္ထားလိုက္ေလ၏။ သူမရဲ႕မ်က္ခြံေလးမ်ားက တုန္တုန္ယင္ယင္ ျဖစ္ေနေတာ့သည္။
လက္ဖဝါး ႐ိုက္ခ်က္၏နာက်င္မႈ လုံးဝ က်ေရာက္ မလာေတာ့လဲ မ်က္ခြံမ်ား တဆတ္ဆတ္ တုန္ယင္ကာ ျဖည္းျဖည္းခ်င္း ဖြင့္ၾကည့္ခဲ့သည္။
အမ်ိဳးသားတစ္ဦး၏ ေက်ာကုန္းက ရဲ႕ခ်ီႏွင့္ မ်က္ႏွာခ်င္းဆိုင္ ျဖစ္ေနကာ သူ႔ဝတ္႐ုံက ေလညင္ႏွင့္အၿပိဳင္ တလြင့္လြင့္ တလူလူ ျဖစ္ေနခဲ့ေလသည္။ တစ္စုံတစ္ေယာက္ကို လုံၿခဳံမႈ အျပည့္ ခံစားေစသည့္ ဧရာမ ေတာင္ကဲ့သို႔ သူ႔ေနာက္ေက်ာက ေတာင့္တင္း သန္မာလြန္း၏။ ခဏေလးအတြင္း ရဲ႕ခ်ီ ႏွလုံးသားေလး ခုန္ဖို႔ ေမ့ေလ်ာ့ေနရၿပီး သူမေရွ႕မွာ ကားဆီး ရပ္ေနသည့္ အမ်ိဳးသားေလးကို မွင္တက္စြာ ေငးေမာ ၾကည့္ေနမိေတာ့၏။ အဓိပၸါယ္ ဖယ္ထုတ္ရ ခက္ခဲသည့္ ခံစားခ်က္ တစ္စုံတစ္ရာက သူမႏွလုံးသားမွာ ျဖစ္တည္ေနခဲ့ေလ၏။
“ရဲ႕ထန္လင္း”
သူ႔ႏႈတ္ခမ္းေထာင့္က ခက္ထန္ေသာ အၿပဳံးတစ္ပြင့္ကို ဖန္ဆင္းလိုက္ၿပီး ခံ့ညားေခ်ာေမာသည့္ မ်က္ႏွာက ေလွာင္ေျပာင္ ေထ့ေငါ့မႈကို သ႐ုပ္ေဖာ္ ေနေလသည္။
“အရင္ႏွစ္တုန္းက မင္းကို ႐ိုက္ႏွက္ ေမာင္းထုတ္ခဲ့တာ ေမ့သြားၿပီ ထင္တယ္… ဘာလဲ… အိပ္မက္ဆိုးကို ထပ္မက္ခ်င္ေသးလို႔လား”
ရဲ႕ထန္လင္း၏မ်က္ဝန္းမွာ နာက်င္မႈ ရိပ္ျခည္းမ်ား ေျပးလႊား သြားေတာ့၏။ သူ႔စိတ္အေျခအေနကို ထိန္းခ်ဳပ္ႏိုင္ဖို႔ အလို႔ငွာ အားတင္း ႀကိဳးစားကာ အံ့ႀကိတ္ရင္း စကား ျပန္ေျပာေလေတာ့သည္။
“အဲဒီအခ်ိန္တုန္းက ရဲ႕မိသားစုမွာ ဦးေလးက ရာထူး ျမင့္မားခဲ့ေတာ့ ငါ့မွာ လက္တုံ႔ျပန္ဖို႔ အခြင့္ မရွိခဲ့လို႔ပါ။ ဒါေပမဲ့ အခုေတာ့ ငါ့အေဖက ရဲ႕မိသားစုမွာ အာဏာအရွိဆုံးပဲ… ဒါေၾကာင့္ နင္တို႔မွာ ငါ့ကို ဆန႔္က်င္ဖို႔ အခြင့္အာဏာ မရွိဘူး”
ေခြးတိုင္းမွာ သူတို႔ ေကာင္းစားခဲ့သည့္ ေန႔ရက္ ရွိႏိုင္ေလေတာ့ ရဲ႕က်င္းခ်န္းက တျခားသူ မယွဥ္ႏိုင္သည့္ အေျခအေနမ်ိဳးမွာ ေနထိုင္ခဲ့ဖူးသည္။ ေျပာရရင္ေတာ့ ၾကက္ဥ မဥခ်ႏိုင္ေသာ ၾကက္မကို မယူခင္မွာေပါ့။
ထို႔အျပင္ ကိုယ္ဝန္မေဆာင္ႏိုင္သည့္ မိန္းမအတြက္ ႏွစ္ေပါင္းမ်ားစြာ ၾကာသည့္တိုင္ေအာင္ ကိုယ္လုပ္ေတာ္ ယူဖို႔ ဆႏၵ မရွိခဲ့ေခ်။ဤအေျခအေနေၾကာင့္ ရဲ႕မိသားစု အႀကီးအကဲမ်ားကို အလြန္အမင္း စိတ္ပ်က္ေစခဲ့ၿပီး သူ႔အေဖ အာဏာ ရလာခဲ့သည္။
ရဲ႕ရွီမို႔လည္း မ်က္ခုံးပင့္ကာ ေထ့ေငါ့ေသာ စကားမ်ားကို ေျပာခဲ့ေလသည္။
“အရင္တည္းက ရဲ႕မိသားစုမွာ မင္းကိုယ္မင္း ငါ့ေရွ႕ မလာရဲတဲ့အထိ ႐ိုက္ႏွက္ခဲ့တယ္… ႏွစ္ေပါင္းမ်ားစြာ ၾကာလဲ အတူတူပဲ… ငါ့စကားကို မယုံၾကည္ရင္ အစမ္း ျပေပးလို႔ ရတယ္ကြယ့္”
ရဲ႕ထန္လင္း၏မ်က္ႏွာထား ေျပာင္းလဲ သြားေတာ့သည္။ ရဲ႕ခ်ီႏွင့္ မ်က္ႏွာခ်င္းဆိုင္ရင္ေတာ့ သူမ၏ ေမြးရာပါ သေႏၶ အရမ္း အစြမ္း မထက္ျမက္ေတာ့ သူ႔မွာ ေၾကာက္႐ြံျခင္း အလ်င္ မရွိပါ။ သို႔ေသာ္လည္း ရဲ႕ရွီမို႔ႏွင့္ ရင္ဆိုင္ရသည္မွာ သူ႔အတြက္ အင္မတန္ ခက္ခဲလြန္းေခ်။
“သြားမယ္”
ရဲ႕လင္းထန္က ရဲ႕မိသားစု အေစာင့္မ်ားႏွင့္အတူတူ ေက်ာခိုင္း ထြက္သြားဖို႔ ႀကံ႐ြယ္ေနေလ၏။
ထိုစဥ္ ျပင္းထန္ေသာ စိတ္စြမ္းအားက သူ႔ေက်ာကုန္းေပၚ က်ေရာက္လာေလရာ သူ႔မွာ ခုခံဖို႔ အခ်ိန္ မရလိုက္ေပ။ ဘန္းခနဲ အသံႏွင့္အၿပိဳင္ ရဲ႕ထန္လင္းမွာ ေရွ႕လန္က်ကာ ေျမႀကီးေပၚ ကြၽမ္းထိုးေမာက္ခုံ လဲက်သြားေလသည္။
End
Unicode
အပိုင်း(၈၄၉)
ခွန်းတုံ့မပြန်သည့် ရဲ့ချီကို ကြည့်နေလျက် ရဲ့ထန်လင်းမှာ ဘဝင်ခိုက်ကာ မ်က္ခုံးကို တွန့်ချိုးလိုက်ချေ၏။
နင်က ရဲ့မိသားစုပိုင်ဆိုင်တဲ့ ခွေးတစ်ကောင် အဆင့်ပဲ ရွိတာကို သေသေချာချာလေး မှတ်ထားလိုက်စမ်း။ သခင့်က နင့်ကို အစားကျွေးချိန် အမြီးလေးကို လှုပ်ယမ်းပြီး သနားဖို့ တောင်းပန်သင့်တယ်။ သစ္စာဖောက်ဖို့ တွေးတောင်မတွေး သင့်ဘူး
ရဲ့ချီလည်း ရဲ့ထန်လင်းကို အစိမ်းလိုက် ဝါးစားတော့ မတတ် မကျေမနပ် ကြည့်နေခဲ့သည်။
သူမ၏ အကြည့်က သူ့ဒေါသစိတ်ကို တိုးပွားစေမည်လို့ ဘယ္သူမ်ား တွေးထင် လိုက်မည်နည်း။
ကောင်မစုတ် အခုအချိန်အထိ မောက်မာ နေတုန်းပဲ
ရဲ့ထန်လင်း လက္သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်းကာ တည်ကြည် ခံ့ညားသော မျက်နှာထား နှင့် သွေးအေးစွာ အမိန့်ပေးလိုက်လေ၏။
ဟေ့လူတွေ ဒီကောင်မကို ကောင်းကောင်းလေး ရိုက်နှက်ပြီး သင်ခန်းစာ ပေးလိုက်စမ်း
ဒီကောင်မ ငါ့ကို ရိုက်ရဲ ပြီး နောင်တမရလေတော့ သူမကို ဘယ်လိုပြုမူသင့်လည်း သိအောင် ထိုက်သင့်သော သင်ခန်းစာ ပေးသင့်ပြီ။
ဟုတ်ကဲ့ပါ လင်းသခင်လေး
လျှပ်တစ်ပြက်အတွင်း ရဲ့ထန်လင်း နောက်မှာရှိနေသည့် သက်တော်စောင့်အဖွဲ့က ရဲ့ချီရှိရာသို့ လျင်မြန်သော အဟုန်ဖြင့် ပြေးသွားတော့သည်။
တစ်ယောက်က သူမ၏ လက်မောင်းကို ချုပ်ကိုင်ထားပြီး တခြားတစ်ဦးက သူမကို ရိုက်နှက်ဖို့ လက်ရွယ်လိုက်သည်။ခဏတစ်ဖြုတ်လေးအတွင်း ရဲ့ချီမျက်နှာ တစ်ခြမ်းက ဖူးယောင်လာပြီး ဝက်တစ်ကောင်၏ ဦးခေါင်းနှင့် အသွင်သဏ္႑န် တူညီလာတော့သည်။
သူမ၏မျက်ဝန်း နှစ်စုံမှာ မျက်ရည်များ ဝဲသီနေသော်လည်း ခေါင်းမာမာဖြင့် မျက်ရည်များကို တားဆီးထားခဲ့သည်။ လွပေသာ မျက်ဝန်းတစ်စုံက ရဲ့ထန်လင်းကို အလျှော့မပေးဟန် ကြည့်နေခဲ့လေ၏။
ကောင်မ. ဘယ္သူက နင့်ကို ဒီလိုမျက်နှာပေမျိုးနဲ့ ကြည့်ခွင့်ပြုလို့လဲ
ရဲ့ထန်လင်းက ခေါင်းမော့ကာ ရဲ့ချီ ဘေးနားကို စိန်ပြေနပြေ လမ်းလျှောက်သွားတော့သည်။သူ့လက်များက ရဲ့ချီမေဖျားကို အတင်းအကျပ် ဆုပ်ကိုင်ကာ ထေ့ငေါ့သော စကားမ်ားကို ပြောလေတော့၏။
ပုန်ကန်တဲ့ ခွေးတစ်ကောင်ကို အသက်ရှင်ခွင့် ပေးထားတော့ ဘာအသုံးဝင်မှာလဲ
ရဲ့ထန်လင်းက သူ့လက်ကိုမြှောက်ကာ ကြီးမားသော လက်ဖဝါးဖြင့် ရဲ့ချီ၏မျက်နှာကို အညှာအတာ ကင်းမဲ့စွာ ခပ်ပြင်းပြင်း ရိုက်နှက်တော့သည်။
ရဲ့ချီမှာ တုန်လှုပ် ချောက်ချားလွန်းလို့ သူမရဲ့မျက်ဝန်းများကို အတင်းအကျပ် ပိတ်ထားလိုက်လေ၏။ သူမရဲ့မျက်ခွံလေးများက တုန်တုန်ယင်ယင် ဖြစ်နေတော့သည်။
လက္ဖဝါး ရိုက်ချက်၏နာကျင်မှု လုံးဝ ကျရောက် မလာတော့လဲ မ်က္ခြံမ်ား တဆတ်ဆတ် တုန်ယင်ကာ ဖြည်းဖြည်းချင်း ဖွင့်ကြည့်ခဲ့သည်။
အမျိုးသားတစ်ဦး၏ ကျောကုန်းက ရဲ့ချီနှင့် မျက်နှာချင်းဆိုင် ဖြစ်နေကာ သူ့ဝတ်ရုံက လေညင်နှင့်အပြိုင် တလွင့်လွင့် တလူလူ ဖြစ်နေခဲ့လေသည်။ တစ်စုံတစ်ယောက်ကို လုံခြုံမှု အပြည့် ခံစားစေသည့် ဧရာမ တောင်ကဲ့သို့ သူ့နောက်ကျောက တောင့်တင်း သန်မာလွန်း၏။ ခဏလေးအတွင်း ရဲ့ချီ နှလုံးသားလေး ခုန်ဖို့ မေ့လျော့နေရပြီး သူမရှေ့မှာ ကားဆီး ရပ်နေသည့် အမျိုးသားလေးကို မှင်တက်စွာ ငေးမော ကြည့်နေမိတော့၏။ အဓိပ္ပါယ် ဖယ်ထုတ်ရ ခက်ခဲသည့် ခံစားချက် တစ်စုံတစ်ရာက သူမနှလုံးသားမှာ ဖြစ်တည်နေခဲ့လေ၏။
ရဲ့ထန်လင်း
သူ့နှုတ်ခမ်းထောင့်က ခက်ထန်သော အပြုံးတစ်ပွင့်ကို ဖန်ဆင်းလိုက်ပြီး ခံ့ညားချောမောသည့် မျက်နှာက လှောင်ပြောင် ထေ့ငေါ့မှုကို သရုပ်ဖော် နေလေသည်။
အရင်နှစ်တုန်းက မင်းကို ရိုက်နှက် မောင်းထုတ်ခဲ့တာ မေ့သွားပြီ ထင်တယ် ဘာလဲ အိပ္မက္ဆိုးကို ထပ်မက်ချင်သေးလို့လား
ရဲ့ထန်လင်း၏မျက်ဝန်းမှာ နာကျင်မှု ရိပ်ခြည်းများ ပြေးလွှား သွားတော့၏။ သူ့စိတ်အခြေအနေကို ထိန်းချုပ်နိုင်ဖို့ အလို့ငှာ အားတင်း ကြိုးစားကာ အံ့ကြိတ်ရင်း စကား ပြန်ပြောလေတော့သည်။
အဲဒီအချိန်တုန်းက ရဲ့မိသားစုမှာ ဦးလေးက ရာထူး မြင့်မားခဲ့တော့ ငါ့မွာ လက်တုံ့ပြန်ဖို့ အခွင့် မရှိခဲ့လို့ပါ။ ဒါပေမဲ့ အခုတော့ ငါ့အေဖက ရဲ့မိသားစုမှာ အာဏာအရွိဆုံးပဲ ဒါကြောင့် နင်တို့မှာ ငါ့ကို ဆန့်ကျင်ဖို့ အခွင့်အာဏာ မရွိဘူး
ခွေးတိုင်းမှာ သူတို့ ကောင်းစားခဲ့သည့် နေ့ရက် ရှိနိုင်လေတော့ ရဲ့ကျင်းချန်းက တျခားသူ မယှဉ်နိုင်သည့် အခြေအနေမျိုးမှာ နေထိုင်ခဲ့ဖူးသည်။ ပြောရရင်တော့ ကြက်ဥ မဥချနိုင်သော ကြက်မကို မယူခင်မှာပေါ့။
ထို့အပြင် ကိုယ်ဝန်မဆောင်နိုင်သည့် မိန်းမအတွက် နှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် ကိုယ်လုပ်တော် ယူဖို့ ဆန္ဒ မရှိခဲ့ချေ။ဤအခြေအနေကြောင့် ရဲ့မိသားစု အကြီးအကဲများကို အလွန်အမင်း စိတ်ပျက်စေခဲ့ပြီး သူ့အဖေ အာဏာ ရလာခဲ့သည်။
ရဲ့ရှီမို့လည်း မျက်ခုံးပင့်ကာ ထေ့ငေါ့သော စကားမ်ားကို ပြောခဲ့လေသည်။
အရင်တည်းက ရဲ့မိသားစုမှာ မင်းကိုယ်မင်း ငါ့ရှေ့ မလာရဲတဲ့အထိ ရိုက်နှက်ခဲ့တယ် နှစ်ပေါင်းများစွာ ကြာလဲ အတူတူပဲ ငါ့စကားကို မယုံကြည်ရင် အစမ်း ပြပေးလို့ ရတယ်ကွယ့်
ရဲ့ထန်လင်း၏မျက်နှာထား ပြောင်းလဲ သွားတော့သည်။ ရဲ့ချီနှင့် မျက်နှာချင်းဆိုင်ရင်တော့ သူမ၏ မွေးရာပါ သနေ္ဓ အရမ်း အစွမ်း မထက်မြက်တော့ သူ့မှာ ကြောက်ရွံခြင်း အလျင် မရွိပါ။ သို့သော်လည်း ရဲ့ရှီမို့နှင့် ရင်ဆိုင်ရသည်မှာ သူ့အတွက် အင်မတန် ခက်ခဲလွန်းချေ။
သွားမယ်
ရဲ့လင်းထန်က ရဲ့မိသားစု အစောင့်များနှင့်အတူတူ ကျောခိုင်း ထွက်သွားဖို့ ကြံရွယ်နေလေ၏။
ထိုစဉ် ပြင်းထန်သော စိတ်စွမ်းအားက သူ့ကျောကုန်းပေါ် ကျရောက်လာလေရာ သူ့မှာ ခုခံဖို့ အချိန် မရလိုက်ပေ။ ဘန်းခနဲ အသံနှင့်အပြိုင် ရဲ့ထန်လင်းမှာ ရှေ့လန်ကျကာ မြေကြီးပေါ် ကျွမ်းထိုးမောက်ခုံ လဲကျသွားလေသည်။
End
Bạn đang đọc truyện trên: ZingTruyen.Xyz