ZingTruyen.Xyz

သရဲဘုရင်၏ ချစ်လှစွာသော ဇနီးဆိုးလေး Book4

822 Unicode

jellyflower1

အပိုင်း(၈၂၂)
ရွှယ်ရုံအာ၏ သေဆုံးခြင်း (၃)

ကျွင်းဖန်လျန်၏နှုတ်ခမ်းများက အပြုံးကို ဆင်မြန်းကာ ယွမ်လော့ဖုန်းကို ကြည့်လိုက်ပါတယ်။
“မင်းတို့ နှစ်ယောက်လည်း ပင်ပန်းနေပြီ၊ အနားယူလိုက်ဦး… ညစာ စားရောက်ချိန်မှာ မင်းတို့ကို အစေခံနဲ့ အခေါ်လွှတ်လိုက်မယ်”

ဒီစကားကို ပြောပြီးသော်လည်း ကျွင်းဖန်လျန်ရဲ့မျက်ဝန်းများက ယွမ်ရှောင်ကို ကြည့်နေတုန်းပါ။ သူမက အမိန့်ပေးဖို့ မေ့လျော့သွားတယ် ထင်ပါရဲ့။
“ ကလေးရအောင် အကောင်းဆုံး ကြိုးစားဦး”

ယွမ်လော့ဖုန်း၏မျက်နှာက ရှိုးတိုးရှန်တန့် ဖြစ်သွားတယ်။ သူမက ယွမ်ရှောင်နဲ့ ရက်ပေါင်းများစွာ အတူတူ အိပ်ခဲ့လည်း တကယ်တော့ ဘာမှ မဖြစ်ခဲ့ပါဘူး၊ ဒါကြောင့် ကလေးရဖို့ ဖြစ်နိုင်ချေ မရှိဘူး။

ဒါပေမဲ့လည်း ကျွင်းဖန်လျန်ရဲ့ တောင်းဆိုမှုကို ယွမ်ရှောင်က အေးတိအေးစက် ပြန်တုံ့ပြန်ပါတယ်။
“ကောင်းပါပြီ”

ကောင်းပါပြီ ဟုတ်လား။

ယွမ်လော့ဖုန်း၏မျက်နှာက မည်းမှောင်သွားရတယ်။
“ယွမ်ရှောင်”

အမြဲလိုလို သူမရဲ့စကားကို နာခံခဲ့တဲ့ ယွမ်ရှောင်က ဒီတစ်ခေါက်တော့ ယွမ်လော့ဖုန်းရဲ့ စကားကို မနာခံတော့ဘူး။ သူ့အေးစက်တဲ့ မျက်နှာအမူအရာက ဆုံးဖြတ်ချက်ခိုင်မာမှုများဖြင့် ပြည့်နှက်နေလေရဲ့။
“အမြန်ဆုံး ချစ်တင်းနှောပါမယ်”

“မဖြစ်ဘူး၊ အရမ်းမြန်လို့ မဖြစ်ဘူး၊ ဒီလို ကိစ္စမျိုးက ဖြည်းဖြည်းမှန်မှန်လေးက ပိုကောင်းမွန်တယ်”
ကျွင်းဖန်လျန်က လူယုတ်မာ အပြုံးနဲ့ ခွန်းတုံ့ပြန်တယ်။

ယွမ်ရှောင်မှာ နားမလည်နိုင်စွာ ယွမ်လော့ဖုန်းကို တစ်ချက်မျှ ကြည့်လိုက်တယ်။ ကျွင်းဖန်လျန် ပြောလိုက်တဲ့ စကားရဲ့ အဓိပ္ပါယ်ကို  မေးချင်မိတယ်။

ယွမ်လော့ဖုန်းရဲ့မျက်နှာက ပိုပို မည်းမှောင်လာရတယ်။ ကျွင်းဖန်လျန်ကို ဒီလိုမျိုး ညစ်တီး ညစ်ပတ် ပြောမယ်လို့ မထင်ခဲ့မိဘူး။

“ဒါဆို နင်တို့ကို မနှောင့်ယှက်တော့ဘူး... ခစ်ခစ်”
ယွမ်လော့ဖုန်းရဲ့မျက်နှာကြီး မည်းမှောင်သွားတာ မြင်ရတော့ ကျွင်းဖန်လျန် ပြုံးနေမိတယ်။
“အစ်ကို… ပြန်မယ်… ကျွန်မတို့လည်း ကိုယ့်အခန်းထဲမှာ ခဏတော့ အနားယူရမယ်”

ဒါပေမဲ့ ယွမ်ရှောင် အနားကို ဖြတ်သွားချိန်မှာ သူမ အချီကြီး ပြုံးမိပါတယ်။
“သားလေး… ကြိုးစားနော်… အမေက မြေးချီချင်နေပြီ”

ထို့နောက် သူမနဲ့ ရဲ့ကျင်းချန်းလည်း ခန်းမဆောင်မှ ထွက်ခွာလာခဲ့တယ်။  သူတို့နှစ်ဦးကို အခန်းထဲမှာ ချန်လှပ်ထားခဲ့ပါတယ်။

ခန်းမဆောင်ထဲမှာ လူသူ ကင်းမဲ့သွားတော့  ယွမ်လော့ဖုန်းလည်း သူ့အနား တိုးကပ်ကာ ညစ်ကျယ်ကျယ် ပြုံးလိုက်ပါတယ်။
“ရှင့်အမေ ပြောခဲ့တဲ့ စကားအဓိပ္ပါယ်ကို သိချင်တယ် မလား”

ယွမ်ရှောင်လည်း ရိုးသားစွာ ခေါင်းညိတ်လိုက်ပါတယ်။ သူလည်း အမှန်တကယ် သိချင်ပါတယ်။

“ရှင့်အမေ ပြောချင်တာက…”
ယွမ်လော့ဖုန်းရဲ့နှုတ်ခမ်းက ယွမ်ရှောင် အနား နီးကပ်သွားပါတယ်။ သူမရဲ့မျက်ဝန်းဟာ အန္တရာယ် အလင်းရောင်များဖြင့် တလက်လက် တောက်ပနေပါတယ်။
“အိပ်ရာပေါ်မှာ ကြာကြာ ဆော့ကစားနိုင်ဖို့…”

ယွမ်ရှောင်လည်း ခပ်ကြမ်းကြမ်း လေသံနဲ့ ခွန်းတုံ့ပြန်လိုက်တယ်၊။
“စွမ်းအား တိုးတက်လာလဲ ခန္ဓာကိုယ် လေ့ကျင့်ခန်းကို မစွန့်လွှတ်ခဲ့ပါဘူး”

“ဟမ်”

ကြာကြာနေနိုင်တာနဲ့ ဒါက ဘာများ သက်ဆိုင်လို့လဲ။
“ကိုယ့်ခန္ဓာကိုယ်က လေ့ကျင့်ခန်းလုပ်ထားတော့ သက်လုံကောင်းတယ်လို့ ပြောချင်တာပါ”

ယွမ်ရှောင်လည်း ခပ်တိုတို တုတ်တုတ် ပြောလိုက်တယ်။
“ ဒါကြောင့် မင်း စိတ်ချထားလို့ ရတယ်”

ယွမ်လော့ဖုန်းလည်း တခစ်ခစ် ရယ်မောကာ ယွမ်ရှောင်ရဲ့ အဝတ်အစားကို လှမ်းဆွဲလိုက်တယ်။ သူမရဲ့လက်ချောင်းများက သူ့ ကြွက်သားများကို ထိကိုင်နေတယ်။

“စတွေ့တည်းက ရှင့်ရဲ့ သန်မာ ကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ကြောင့် စိတ်ဝင်စားခဲ့မိတယ်”

ယွမ်ရှောင်ရဲ့ အဝတ်အစားကို မချွတ်ရင်တော့ သူ့ရဲ့ ခန္ဓာကိုယ်ကို ခန့်မှန်းဖို့ ခဲယဉ်းတယ်။ အပြင်ပန်း ကြည့်လိုက်ရင်တော့ အေဘီအက်စ်တွေက မထင်ရှားဘူး။

ပြောရမယ်ဆိုရင် အဝတ်အစားနဲ့ဆိုရင် ပိန်နေသလိုပဲ၊ အဝတ်ဗလာ ဖြစ်သွားရင်တော့ ပြီးပြည့်စုံတဲ့ ရွှေရောင်ခန္ဓာကိုယ်ကို ကြည့်မြင်နိုင်မယ်။

မဟုတ်သေးဘူး၊ သူ့ခန္ဓာကိုယ်က ဒီထက် ပိုတယ်။

“ဒါကြောင့် နတ်ဘုရားအဆင့်ကို သူမ မြန်မြန်ရောက်မှ ဖြစ်မယ်”
ယွမ်လော့ဖုန်းလည်း သူမကိုယ် သူမ တိုးတိုးလေး ပြောလိုက်တယ်။

…ည သန်းခေါင်ယံ အချိန်မှာ…

သစ်သာတဲအတွင်းမှာ ရွှယ်ရုံအာက သူမရဲ့ခန္ဓာကိုယ်က ကောက်ရိုးမျှင်နဲ့ ဖုန်စများကို ဖယ်ထုတ်ကာ မတ်တတ် ထရပ်လိုက်တယ်။

အပြင်ဘက်ကို ထွက်ချင်သော်လည်း သူမ ထွက်လို့ မရအောင် သံကြိုးနဲ့ ခတ်ထားတယ်။

သူမရဲ့မျက်နှာအမူအရာက သွေးအေး ရက်စက်သည့် ပုံစံပြောင်းလဲသွားတယ်။

“ကျွင်းဖန်လျန်… ငါ့ကို စောင့်ကြပ်ဖို့ ဒီလောက်အထိ တင်းကြပ်ထားမယ် မထင်ခဲ့ဘူး နင့်သားကို သွေးဆောင် ဖြားယောင်မယ့် အချိန်ကို စောင့်နေလိုက်… နင့်သားက ငါ့ကို ချစ်မြတ်နိုးသွားရင် နင် လက်မခံချင်လဲ မရတော့ဘူး”

Chapter-822
End

Bạn đang đọc truyện trên: ZingTruyen.Xyz