ZingTruyen.Xyz

Season 2

Zawgyi

တိုက္ခိုက္ေရးကြင္းျပင္မွာ ေက်ာင္းသားမ်ားျပည့္ႏွက္ေနၿပီး လူတိုင္းက ဒီေန႕တိုက္ပြဲေၾကာင့္ စိတ္လႈပ္ရွားစြာ ေစာင့္ေမွ်ာ္ေနၾကေတာ့သည္၊

"ဒီေန႕က အဆင့္သုံးဆယ္ကို ငါးႏွစ္ဆက္တိုက္ေက်ာ္ယူထားတဲ့စီနီယာနဲ႕ အခုတေလာေက်ာ္ၾကားလာတဲ့ဂ်ဴနီယာေက်ာင္းသား ယွဥ္ၿပိဳင္မွာဆိုဟုတ္လား" ေက်ာင္းသားတစ္ဦးက အနီးနားကေက်ာင္းသားကိုေမးလိုက္သည္၊တခ်ိဳ႕ေသာေက်ာင္းသားေတ္က အခုမွေက်ာင္းေတာ္ကို ျပန္ေရာက္လာတာေၾကာင့္ ဒန္နာရီနဲ႕ပတ္သတ္ၿပီး သိပ္မသိၾကေပ၊

"ဂ်ဴနီယာဒန္နာရီက အဆင့္သုံးဆယ့္တစ္ထိကို ဆက္တိုက္တက္လာတာ...အခုေတာ့ ကယ္ရင္းနဲ႕တိုက္ခိုက္ရေတာ့မယ္ေလ"

"အရင္ သုံးႏွစ္ေက်ာ္က ေဂ်ာ့ဖေရးက ကယ္ရင္းကိုတိုက္ခိုင္နိုင္ခဲ့ၿပီး အဆင့္တစ္ဆယ္ထိကို ႏွစ္ႏွစ္အတြင္း ဝင္ေရာက္လာခဲ့တာမလား အဲေနာက္ပိုင္း ဘယ္သူကမွ ကယ္ရင္းကိုနိုင္ေအာင္မတိုက္ခိုက္နိုင္ေတာ့ဘူးေလ"

"ေက်ာင္းသားဒန္နာရီကေကာ ေတာ္လား" အျခားစီနီယာေတြကလည္း ဝင္ေမးလာေတာ့သည္၊သူတို႔က ကယ္ရင္းအေၾကာင္းကို သိၿပီးသားမို႔လို႔ သိပ္ၿပီးစိတ္မဝင္စားၾကေပမယ့္ ဒန္နာရီအေၾကာင္းကိုေတာ့ စိတ္ဝင္စားေနၾကေတာ့သည္၊စစ္ေျမျပင္ကေန ျပန္လာခ်ိန္မွာ ကယ္ရင္းကိုေတာင္ စိန္ေခၚရဲတဲ့ေက်ာင္းသားေလးကို စိတ္မဝင္စားပဲေနၾကမလား၊

ေမးခံရတဲ့ေက်ာင္းသားကလည္း ဒန္နာရီကို ေလးစားအားက်ေနတဲ့ေက်ာင္းသားျဖစ္ေနတာေၾကာင့္ အားတက္သေရာ ဒန္နာရီရဲ႕လုပ္ေဆာင္ခ်က္ေတြကို အတိုခ်ဴံ႕ေျပာျပလိုက္ေတာ့သည္၊ဒါမွ က်န္တဲ့စီနီယာေတြလည္း ပါးစပ္မ်ားဖြင့္ဟသြားၿပီး အံ့အားသင့္ၾကသလို၊တခ်ိဳ႕ကေတာ မယုံၾကည္နိုင္ျဖစ္ေနေတာ့သည္၊

"သူက အဲေလာက္ေတာင္ေတာ္လို႔လား" စီနီယာတစ္ဦးကမယုံၾကည္တဲ့အသံမ်ိဳးနဲ႕ဝင္ေျပာလာေတာ့ အဲေက်ာင္းသားလည္း "ေစာင့္ၾကည့္ေနလိုက္ေလ"ဆိုၿပီးတစ္ခြန္းသာေျပာလိုက္သည္၊သူတို႔ေက်ာင္းေတာ္က စီနီယာေက်ာင္းသားေတြက လက္ေတြ႕ဒဲ့တိုးသမားႀကီးေတြျဖစ္တာေၾကာင့္ သူတို႔ေရွ႕မျမင္ရသ၍ ယုံၾကည္ၾကလိမ့္မည္မဟုတ္ေပ၊

မၾကာခင္မွာပဲ ကယ္ရင္းေရာက္လာေတာ့သည္၊ကယ္ရင္းက မဲနက္ေနတဲ့အသားအရည္ကိုပိုင္ဆိုင္ထားၿပီး အျဖဴေရာင္ဆံပင္ျဖဴမ်ားကို ​ျမည္းျမႇီးလိုမ်ိဳးျမႇောက္စီးထားသည္၊ကယ္ရင္းက အရပ္ရွည္ကာ ခန့္ခန့္ညားညားရွိေပမယ့္ မီးျပာလိုေတာက္ပေနတဲ့မ်က္လုံးမ်ားကေတာ့ ေအးစက္ေနသည္၊

"ကယ္ရင္းက အၿမဲတမ္းေၾကာက္စရာေကာင္းလိုက္တာ"

"သူရဲ႕ေအးတိေအးစက္ပုံစံေလးကိုပဲ ငါကေတာ့ သေဘာက်တယ္"

"ကယ္ရင္းက အရင္ႏွစ္ကထက္ အရပ္ပိုရွည္လာတာပဲ..."

အကုန္လုံးက တစ္​ေယာက္တစ္ေပါက္ေျပာဆိုေနခ်ိန္မွာ ဒန္နာရီတို႔အဖြဲ႕လည္းေရာက္လာေတာ့သည္၊ဒါေပမယ့္ ကယ္ရင္းရဲ႕အၾကည့္ေတြက ဒန္နာရီဆီ မေရာက္ပဲ အေနာက္ဘက္ရွိ ေရးလ္ဆီကိုေရာက္လာေတာ့သည္၊ေရးလ္ကလည္း ကယ္ရင္းကို ျပန္စိုက္ၾကည့္ရင္း ေလထဲမွာ ႀကီးမားတဲ့ဖိအားျဖတ္သန္းသြားသလို ခံစားလိုက္ရသည္၊

ႏွစ္ေယာက္လုံးရဲ႕မ်က္ႏွာမွာေတာ့ မႏွစ္ၿမိဳ႕မႈေတြရွိေနၿပီး ဒါကေမြးရာပါသဘာဝပုံစံျဖစ္ေနၿပီး ေန႕ဘက္မွာဖြားျမင္ၿပီး ေနမင္းရဲ႕ခ်စ္ျခင္းကိုခံရတဲ့အလင္းနတ္သူငယ္ေတြနဲ႕ ညဘက္မွာဖြားျမင္တာ လမင္းရဲ႕ခ်စ္ျခင္းကိုခံရတဲ့အေမွာင္နတ္သူငယ္ေတြက မတည့္ၾကသလို ဆုံတာနဲ႕ရန္လိုၾကေသးသည္၊

"ဟက္" ေရးလ္က ႏွာမႈတ္လိုက္သလို ကယ္ရင္းကလည္း မဲ့ၿပဳံးၿပဳံးလိုက္သည္၊အနီးနားကလူေတြရဲ႕စိတ္ထဲမွာေတာ့

'ဒ႑ာရီေတြက မွန္ကန္ပါလား'လို႔ေတြးေတာေနၾကေတာ့သည္၊

[ကယ္ရင္း ဟိုက္စ္ထိုက္ရို Vs ဒန္နာရီ ရိုစဲဆလပ္] မၾကာခင္မွာ တိုက္ခိုက္ေရးစနစ္ကေန ဒန္နာရီတို႔ႏွစ္ဦးရဲ႕နယ္ေျမကို ေၾကျငာလာၿပီး ဒန္နာရီကလည္း တိုက္ခိုက္ေရးစင္ရွိရာကို ေလွ်ာက္လာေတာ့သည္၊

"သူက ငယ္ေသးတာပဲ လူေကာင္ေသးေသးေလးနဲ႕...ေတာ္ၾကာ ကယ္ရင္း လုပ္လိုက္မွ ထိခိုက္ကုန္မယ္" စီနီယာတစ္ဦးက မေနနိုင္စြာေျပာလာေတာ့သည္၊အထင္ေသးစြာ ေျပာတာမဟုတ္ပဲ ဒန္နာရီက လွပတဲ့မ်က္ႏွာေလးရွိၿပီး လူေကာင္ကလည္းေသးလွတာေၾကာင့္ တခ်ိဳ႕ေသာစီနီယာေတြက ေႂကြ႐ုပ္ေလး ကြဲက်သြားမွာစိုးရိမ္ေနၾကေတာ့သည္၊

ဒန္နာရီအေၾကာင္းသိတဲ့သူေတြကေတာ့ သူတို႔ကိုလစ္လ်ဴရႈထားၿပီး

'မၾကာခင္မွာ မင္းတို႔ေႂကြ႐ုပ္က သံမဏိ႐ုပ္ဆိုတာသိလာမွ မအံ့ၾသၾကနဲ႕' လို႔စိတ္ထဲကေနေျပာလိုက္ၾကသည္၊ဒန္နာရီရဲ႕သန္မာမႈကို သူတို႔ကျမင္ၿပီးသားကို ဒန္နာရီက အဆင့္သုံးဆယ့္တစ္ထိကို 'က'ၿပီးတက္လာတာမွမဟုတ္တာ ဟိုေကာင္ေတြကို ျပန္မထနိုင္တဲ့အထိတိုက္ခိုက္ၿပီး အဆင့္တက္လာတာေလ

'ေႂကြ႐ုပ္ရဲ႕ကိုယ္ထဲမွာ မေကာင္းဆိုးဝါးေလးဝင္ေနတာေလ'

ဒန္နာရီနဲ႕ကယ္ရင္းက တစ္ေယာက္ကိုတစ္ေယာက္စိုက္ၾကည့္လိုက္သည္၊ႏွစ္​ေယာက္လုံးက အပိုစကားေျပာတာမႀကိဳက္တဲ့သူေတြျဖစ္တာေၾကာင့္ စင္ျမႇင့္က တိတ္ဆိတ္ေနၿပီး ၿပိဳင္ပြဲစနိုင္ၿပီဆိုမွ သူတို႔က တိုက္ခိုက္ရန္အသင့္ျပင္လိုက္သည္၊

ကယ္ရင္းက မီးစြမ္းအားနဲ႕ေျမစြမ္းအားကို အသုံးျပဳနိုင္ၿပီး သူကအေတာ္ကိုကြၽမ္းက်င္လွသည္၊ကယ္ရင္းရဲ႕တိုက္ခိုက္မႈေတြက ေျမစြမ္းအားကို ေျမအိုးပုံစံလုပ္ၿပီး ရန္သူကိုဖမ္းဆီးကာ ေျမအိုးကို မီးျဖင့္အပူေပးၿပီး တိုက္ခိုက္နည္းျဖစ္သည္၊ဒါက သာမန္ေပမယ့္ ေၾကာက္စရာေတာ့ေကာင္းလွသည္၊ ဘာလို႔လဲဆိုေတာ့ ကယ္ရင္းရဲ႕အျပာေရာင္မီးေတာက္က အလြန္ကိုပူေလာင္လြန္းတာေၾကာင့္ျဖစ္သည္၊

ဒန္နာရီကလည္း ေခသူမဟုတ္ဘဲ ကယ္ရင္းဘက္က ဖမ္းဆီးခ်ဳပ္ႏွောင္ခ်င္တာေတာင္ မခ်ဳပ္ႏွောင္နိုင္တဲ့အထိ ထြက္ေျပးနိုင္သည္၊ၿပီးေတာ့ ဒန္နာရီက ေလစြမ္းအင္ကို အဆင့္ေလး(စြမ္းအင္စုစီးျခင္းအဆင့္)ျဖစ္ၿပီး သူလိုသလိုမ်ိဳး သူ႕ေလစြမ္းအားေတြကို ခႏၶာကိုယ္အတြင္းစုစီးနိုင္သည္၊

"မဆိုးဘူးပဲ" ကယ္ရင္းက ဒန္နာရီကို ခ်ီးက်ဴးလိုက္ၿပီးေနာက္မွာ မီးေတာက္မ်ားကို အပိုင္းတစ္ေထာင္ျဖန့္လိုက္ၿပီး ကယ္ရင္း အနီးနားမွာ လက္သီးဆုပ္အ႐ြယ္ မီး​ေတာက္မ်ားဝန္းရံသြားေတာ့သည္၊

"ကယ္ရင္းက မီးစြမ္းအားကို အဆင့္ခုႏွစ္(စြမ္းအားျပန့္က်ဲျခင္းအဆင့္)ေတာင္ေရာက္ေနၿပီပဲ...အရင္သုံးႏွစ္ကဆိုရင္ သူက အဆင့္ေလးပဲေရာက္ေသးတာမလား"

"စစ္ေျမျပင္မွာ တစ္ခ်ိန္လုံးတိုက္ခိုက္ေနမွေတာ့ မတိုးတက္ပဲေနမလား..."

ဒန္နာရီကလည္း ကယ္ရင္းရဲ႕မီးေတာက္ေတြကို ၾကည့္ၿပီးၿပဳံးလိုက္သည္၊အမွန္ေျပာရရင္ ကယ္ရင္းက သူယွဥ္ၿပိဳင္ဖူးသမွ်ထဲမွာ စြမ္းရည္အထက္ျမက္ဆုံးျဖစ္သည္၊

ဒန္နာရီက ေလစြမ္းအင္ကို သူ႕ေျခေထာက္မွာပို႔လိုက္ၿပီး မိုးႀကိဳးစြမ္းအင္ကို လက္မွာ လည္ပတ္လိုက္သည္၊

"မင္းက ငါရဲ႕မီးေတာက္ကို မိုးႀကိဳးနဲ႕ျဖတ္ေတာက္ဖို႔လား...ရမယ္ထင္ေနလား" ကယ္ရင္းရဲ႕ေလသံကမာနႀကီးကာေအးစက္ေနေပမယ့္ ဒန္နာရီကေတာ့ တည္ၿငိမ္စြာျဖင့္ ကယ္ရင္းဆီေျပးဝင္သြားေတာ့သည္၊

"ေဖာ့စ္! ​ျမန္လိုက္တဲ့အရွိန္!"

ဒန္နာရီက ေလစြမ္းအားကို ေျခေထာက္မွာစုထားတာေၾကာင့္ ေ႐ြ႕လ်ားမႈေတြက ျမန္ဆန္ေနၿပီး ကယ္ရင္းကလည္း မီးေတာက္လုံးမ်ားျဖင့္ ဒန္နာရီကို အဆက္မျပတ္ပစ္ေနေတာ့သည္၊ဒါေပမယ့္ ဒန္နာရီက လ်င္ျမန္စြာေရွာင္တိမ္းနိုင္ခဲ့ၿပီး သူက မိုးႀကိဳးစြမ္းအင္ျဖင့္ ကယ္ရင္းကို တိုက္ခိုက္လိုက္သည္၊

ကယ္ရင္းကလည္း ဒန္နာရီကို အဆက္မျပတ္တိုက္လိုက္သလို အနီးကပ္တိုက္ခိုက္မႈကေနတိမ္းေရွာင္နိုင္ေစဖို႔သတိမျပတ္ေစာင့္ၾကည့္​ေနခဲ့သည္၊

ဒါေၾကာင့္ ဒန္နာရီက ကယ္ရင္းကို လာတိုက္ခိုက္ခ်ိန္မွာ ကယ္ရင္းက မာေက်ာတဲ့ေျမနံရံႀကီးျဖင့္ တားဆီးလိုက္ေတာ့သည္၊

*ဝုန္း* နံရံနဲ႕လက္သီးေတြ႕ဆုံသြားၿပီး က်ယ္ေလာင္တဲ့အသံထြက္ေပၚလာတာေၾကာင့္ အကုန္လုံးမွာ အံ့အားသင္ကုန္ေတာ့သည္၊

ဒန္နာရီက​ေတာ့ မ်က္ေမွာင္ၾကဳတ္သြားေပမယ့္ သူက ခ်က္ခ်င္းအေနာက္ကို ျပန္လည္ဆုတ္ခြာလိုက္ၿပီး မီးေတာက္ေတြကို ေရွာင္လိုက္သည္၊

ကယ္ရင္းကလည္း အနည္းငယ္အက္ကြဲသြားတဲ့ေျမနံရံကိုၾကည့္ၿပီး စိတ္ထဲမွာေအးစိမ့္သြားသည္၊ဘယ္ေလာက္ေတာင္ ျပင္းထန္တဲ့လက္သီးလဲ၊

"တစ္ႀကိမ္မရရင္ ေနာက္တစ္​ႀကိမ္ေပါ့" ဒန္နာရီက မီးေတာက္လုံးေတြကိုေရွာင္ရင္း ေနာက္တစ္ႀကိမ္တိုက္ခိုက္ရန္အတြက္ ေလစြမ္းအားမ်ားကို ျပန္လည္ျဖည့္သြင္းလိုက္သည္၊

--------****-----
Chapter-163ေမွ်ာ္

ေမွာ္စြမ္းအားအဆင့္မ်ား(စြမ္းအားမ်ားေပၚမူတည္ၿပီး အသုံးျပဳပုံကြာျခားသည္)

အဆင့္ ၉ ဆင့္

အဆင့္ ၁ စြမ္းအား ထိန္းခ်ဳပ္ျခင္းအဆင့္

အဆင့္ ၂ စြမ္းအားထိန္းေက်ာင္းျခင္းအဆင့္

အဆင့္ ၃ စြမ္းအားျပန့္ပြားျခင္းအဆင့္

အဆင့္ ၄ စြမ္းအားစုစီးျခင္းအဆင့္

အဆင့္ ၅ စြမ္းအားျပတ္ေတာက္ျခင္းအဆင့္

အဆင့္ ၆ စြမ္းအားတည္ေဆာက္ျခင္းအဆင့္

အဆင့္ ၇ စြမ္းအားျပန့္က်ဲျခင္းအဆင့္

အဆင့္ ၈ စြမ္းအားအမႈန္အမႊားအဆင့္

အဆင့္ ၉ စြမ္းအားတည္ရွိျခင္းအဆင့္

------အေပၚကအခ်က္အလက္မ်ားသည္ စာေရးဆရာရဲ႕႐ူးမိုက္တဲ့စိတ္ကူးမ်ားသာျဖစ္သည္----

Unicode

တိုက်ခိုက်ရေးကွင်းပြင်မှာ ကျောင်းသားများပြည့်နှက်နေပြီး လူတိုင်းက ဒီနေ့တိုက်ပွဲကြောင့် စိတ်လှုပ်ရှားစွာ စောင့်မျှော်နေကြတော့သည်၊

"ဒီနေ့က အဆင့်သုံးဆယ်ကို ငါးနှစ်ဆက်တိုက်ကျော်ယူထားတဲ့စီနီယာနဲ့ အခုတလောကျော်ကြားလာတဲ့ဂျူနီယာကျောင်းသား ယှဥ်ပြိုင်မှာဆိုဟုတ်လား" ကျောင်းသားတစ်ဦးက အနီးနားကကျောင်းသားကိုမေးလိုက်သည်၊တချို့သောကျောင်းသားတေ်က အခုမှကျောင်းတော်ကို ပြန်ရောက်လာတာကြောင့် ဒန်နာရီနဲ့ပတ်သတ်ပြီး သိပ်မသိကြပေ၊

"ဂျူနီယာဒန်နာရီက အဆင့်သုံးဆယ့်တစ်ထိကို ဆက်တိုက်တက်လာတာ...အခုတော့ ကယ်ရင်းနဲ့တိုက်ခိုက်ရတော့မယ်လေ"

"အရင် သုံးနှစ်ကျော်က ဂျော့ဖရေးက ကယ်ရင်းကိုတိုက်ခိုင်နိုင်ခဲ့ပြီး အဆင့်တစ်ဆယ်ထိကို နှစ်နှစ်အတွင်း ဝင်ရောက်လာခဲ့တာမလား အဲနောက်ပိုင်း ဘယ်သူကမှ ကယ်ရင်းကိုနိုင်အောင်မတိုက်ခိုက်နိုင်တော့ဘူးလေ"

"ကျောင်းသားဒန်နာရီကကော တော်လား" အခြားစီနီယာတွေကလည်း ဝင်မေးလာတော့သည်၊သူတို့က ကယ်ရင်းအကြောင်းကို သိပြီးသားမို့လို့ သိပ်ပြီးစိတ်မဝင်စားကြပေမယ့် ဒန်နာရီအကြောင်းကိုတော့ စိတ်ဝင်စားနေကြတော့သည်၊စစ်မြေပြင်ကနေ ပြန်လာချိန်မှာ ကယ်ရင်းကိုတောင် စိန်ခေါ်ရဲတဲ့ကျောင်းသားလေးကို စိတ်မဝင်စားပဲနေကြမလား၊

မေးခံရတဲ့ကျောင်းသားကလည်း ဒန်နာရီကို လေးစားအားကျနေတဲ့ကျောင်းသားဖြစ်နေတာကြောင့် အားတက်သရော ဒန်နာရီရဲ့လုပ်ဆောင်ချက်တွေကို အတိုချူံ့ပြောပြလိုက်တော့သည်၊ဒါမှ ကျန်တဲ့စီနီယာတွေလည်း ပါးစပ်များဖွင့်ဟသွားပြီး အံ့အားသင့်ကြသလို၊တချို့ကတော မယုံကြည်နိုင်ဖြစ်နေတော့သည်၊

"သူက အဲလောက်တောင်တော်လို့လား" စီနီယာတစ်ဦးကမယုံကြည်တဲ့အသံမျိုးနဲ့ဝင်ပြောလာတော့ အဲကျောင်းသားလည်း "စောင့်ကြည့်နေလိုက်လေ"ဆိုပြီးတစ်ခွန်းသာပြောလိုက်သည်၊သူတို့ကျောင်းတော်က စီနီယာကျောင်းသားတွေက လက်တွေ့ဒဲ့တိုးသမားကြီးတွေဖြစ်တာကြောင့် သူတို့ရှေ့မမြင်ရသ၍ ယုံကြည်ကြလိမ့်မည်မဟုတ်ပေ၊

မကြာခင်မှာပဲ ကယ်ရင်းရောက်လာတော့သည်၊ကယ်ရင်းက မဲနက်နေတဲ့အသားအရည်ကိုပိုင်ဆိုင်ထားပြီး အဖြူရောင်ဆံပင်ဖြူများကို ​မြည်းမြှီးလိုမျိုးမြှောက်စီးထားသည်၊ကယ်ရင်းက အရပ်ရှည်ကာ ခန့်ခန့်ညားညားရှိပေမယ့် မီးပြာလိုတောက်ပနေတဲ့မျက်လုံးများကတော့ အေးစက်နေသည်၊

"ကယ်ရင်းက အမြဲတမ်းကြောက်စရာကောင်းလိုက်တာ"

"သူရဲ့အေးတိအေးစက်ပုံစံလေးကိုပဲ ငါကတော့ သဘောကျတယ်"

"ကယ်ရင်းက အရင်နှစ်ကထက် အရပ်ပိုရှည်လာတာပဲ..."

အကုန်လုံးက တစ်​ယောက်တစ်ပေါက်ပြောဆိုနေချိန်မှာ ဒန်နာရီတို့အဖွဲ့လည်းရောက်လာတော့သည်၊ဒါပေမယ့် ကယ်ရင်းရဲ့အကြည့်တွေက ဒန်နာရီဆီ မရောက်ပဲ အနောက်ဘက်ရှိ ရေးလ်ဆီကိုရောက်လာတော့သည်၊ရေးလ်ကလည်း ကယ်ရင်းကို ပြန်စိုက်ကြည့်ရင်း လေထဲမှာ ကြီးမားတဲ့ဖိအားဖြတ်သန်းသွားသလို ခံစားလိုက်ရသည်၊

နှစ်ယောက်လုံးရဲ့မျက်နှာမှာတော့ မနှစ်မြို့မှုတွေရှိနေပြီး ဒါကမွေးရာပါသဘာဝပုံစံဖြစ်နေပြီး နေ့ဘက်မှာဖွားမြင်ပြီး နေမင်းရဲ့ချစ်ခြင်းကိုခံရတဲ့အလင်းနတ်သူငယ်တွေနဲ့ ညဘက်မှာဖွားမြင်တာ လမင်းရဲ့ချစ်ခြင်းကိုခံရတဲ့အမှောင်နတ်သူငယ်တွေက မတည့်ကြသလို ဆုံတာနဲ့ရန်လိုကြသေးသည်၊

"ဟက်" ရေးလ်က နှာမှုတ်လိုက်သလို ကယ်ရင်းကလည်း မဲ့ပြုံးပြုံးလိုက်သည်၊အနီးနားကလူတွေရဲ့စိတ်ထဲမှာတော့

'ဒဏ္ဍာရီတွေက မှန်ကန်ပါလား'လို့တွေးတောနေကြတော့သည်၊

[ကယ်ရင်း ဟိုက်စ်ထိုက်ရို Vs ဒန်နာရီ ရိုစဲဆလပ်] မကြာခင်မှာ တိုက်ခိုက်ရေးစနစ်ကနေ ဒန်နာရီတို့နှစ်ဦးရဲ့နယ်မြေကို ကြေငြာလာပြီး ဒန်နာရီကလည်း တိုက်ခိုက်ရေးစင်ရှိရာကို လျှောက်လာတော့သည်၊

"သူက ငယ်သေးတာပဲ လူကောင်သေးသေးလေးနဲ့...တော်ကြာ ကယ်ရင်း လုပ်လိုက်မှ ထိခိုက်ကုန်မယ်" စီနီယာတစ်ဦးက မနေနိုင်စွာပြောလာတော့သည်၊အထင်သေးစွာ ပြောတာမဟုတ်ပဲ ဒန်နာရီက လှပတဲ့မျက်နှာလေးရှိပြီး လူကောင်ကလည်းသေးလှတာကြောင့် တချို့သောစီနီယာတွေက ကြွေရုပ်လေး ကွဲကျသွားမှာစိုးရိမ်နေကြတော့သည်၊

ဒန်နာရီအကြောင်းသိတဲ့သူတွေကတော့ သူတို့ကိုလစ်လျူရှုထားပြီး

'မကြာခင်မှာ မင်းတို့ကြွေရုပ်က သံမဏိရုပ်ဆိုတာသိလာမှ မအံ့သြကြနဲ့' လို့စိတ်ထဲကနေပြောလိုက်ကြသည်၊ဒန်နာရီရဲ့သန်မာမှုကို သူတို့ကမြင်ပြီးသားကို ဒန်နာရီက အဆင့်သုံးဆယ့်တစ်ထိကို 'က'ပြီးတက်လာတာမှမဟုတ်တာ ဟိုကောင်တွေကို ပြန်မထနိုင်တဲ့အထိတိုက်ခိုက်ပြီး အဆင့်တက်လာတာလေ

'ကြွေရုပ်ရဲ့ကိုယ်ထဲမှာ မကောင်းဆိုးဝါးလေးဝင်နေတာလေ'

ဒန်နာရီနဲ့ကယ်ရင်းက တစ်ယောက်ကိုတစ်ယောက်စိုက်ကြည့်လိုက်သည်၊နှစ်​ယောက်လုံးက အပိုစကားပြောတာမကြိုက်တဲ့သူတွေဖြစ်တာကြောင့် စင်မြှင့်က တိတ်ဆိတ်နေပြီး ပြိုင်ပွဲစနိုင်ပြီဆိုမှ သူတို့က တိုက်ခိုက်ရန်အသင့်ပြင်လိုက်သည်၊

ကယ်ရင်းက မီးစွမ်းအားနဲ့မြေစွမ်းအားကို အသုံးပြုနိုင်ပြီး သူကအတော်ကိုကျွမ်းကျင်လှသည်၊ကယ်ရင်းရဲ့တိုက်ခိုက်မှုတွေက မြေစွမ်းအားကို မြေအိုးပုံစံလုပ်ပြီး ရန်သူကိုဖမ်းဆီးကာ မြေအိုးကို မီးဖြင့်အပူပေးပြီး တိုက်ခိုက်နည်းဖြစ်သည်၊ဒါက သာမန်ပေမယ့် ကြောက်စရာတော့ကောင်းလှသည်၊ ဘာလို့လဲဆိုတော့ ကယ်ရင်းရဲ့အပြာရောင်မီးတောက်က အလွန်ကိုပူလောင်လွန်းတာကြောင့်ဖြစ်သည်၊

ဒန်နာရီကလည်း ခေသူမဟုတ်ဘဲ ကယ်ရင်းဘက်က ဖမ်းဆီးချုပ်နှောင်ချင်တာတောင် မချုပ်နှောင်နိုင်တဲ့အထိ ထွက်ပြေးနိုင်သည်၊ပြီးတော့ ဒန်နာရီက လေစွမ်းအင်ကို အဆင့်လေး(စွမ်းအင်စုစီးခြင်းအဆင့်)ဖြစ်ပြီး သူလိုသလိုမျိုး သူ့လေစွမ်းအားတွေကို ခန္ဓာကိုယ်အတွင်းစုစီးနိုင်သည်၊

"မဆိုးဘူးပဲ" ကယ်ရင်းက ဒန်နာရီကို ချီးကျူးလိုက်ပြီးနောက်မှာ မီးတောက်များကို အပိုင်းတစ်ထောင်ဖြန့်လိုက်ပြီး ကယ်ရင်း အနီးနားမှာ လက်သီးဆုပ်အရွယ် မီး​တောက်များဝန်းရံသွားတော့သည်၊

"ကယ်ရင်းက မီးစွမ်းအားကို အဆင့်ခုနှစ်(စွမ်းအားပြန့်ကျဲခြင်းအဆင့်)တောင်ရောက်နေပြီပဲ...အရင်သုံးနှစ်ကဆိုရင် သူက အဆင့်လေးပဲရောက်သေးတာမလား"

"စစ်မြေပြင်မှာ တစ်ချိန်လုံးတိုက်ခိုက်နေမှတော့ မတိုးတက်ပဲနေမလား..."

ဒန်နာရီကလည်း ကယ်ရင်းရဲ့မီးတောက်တွေကို ကြည့်ပြီးပြုံးလိုက်သည်၊အမှန်ပြောရရင် ကယ်ရင်းက သူယှဥ်ပြိုင်ဖူးသမျှထဲမှာ စွမ်းရည်အထက်မြက်ဆုံးဖြစ်သည်၊

ဒန်နာရီက လေစွမ်းအင်ကို သူ့ခြေထောက်မှာပို့လိုက်ပြီး မိုးကြိုးစွမ်းအင်ကို လက်မှာ လည်ပတ်လိုက်သည်၊

"မင်းက ငါရဲ့မီးတောက်ကို မိုးကြိုးနဲ့ဖြတ်တောက်ဖို့လား...ရမယ်ထင်နေလား" ကယ်ရင်းရဲ့လေသံကမာနကြီးကာအေးစက်နေပေမယ့် ဒန်နာရီကတော့ တည်ငြိမ်စွာဖြင့် ကယ်ရင်းဆီပြေးဝင်သွားတော့သည်၊

"ဖော့စ်! ​မြန်လိုက်တဲ့အရှိန်!"

ဒန်နာရီက လေစွမ်းအားကို ခြေထောက်မှာစုထားတာကြောင့် ရွေ့လျားမှုတွေက မြန်ဆန်နေပြီး ကယ်ရင်းကလည်း မီးတောက်လုံးများဖြင့် ဒန်နာရီကို အဆက်မပြတ်ပစ်နေတော့သည်၊ဒါပေမယ့် ဒန်နာရီက လျင်မြန်စွာရှောင်တိမ်းနိုင်ခဲ့ပြီး သူက မိုးကြိုးစွမ်းအင်ဖြင့် ကယ်ရင်းကို တိုက်ခိုက်လိုက်သည်၊

ကယ်ရင်းကလည်း ဒန်နာရီကို အဆက်မပြတ်တိုက်လိုက်သလို အနီးကပ်တိုက်ခိုက်မှုကနေတိမ်းရှောင်နိုင်စေဖို့သတိမပြတ်စောင့်ကြည့်​နေခဲ့သည်၊

ဒါကြောင့် ဒန်နာရီက ကယ်ရင်းကို လာတိုက်ခိုက်ချိန်မှာ ကယ်ရင်းက မာကျောတဲ့မြေနံရံကြီးဖြင့် တားဆီးလိုက်တော့သည်၊

*ဝုန်း* နံရံနဲ့လက်သီးတွေ့ဆုံသွားပြီး ကျယ်လောင်တဲ့အသံထွက်ပေါ်လာတာကြောင့် အကုန်လုံးမှာ အံ့အားသင်ကုန်တော့သည်၊

ဒန်နာရီက​တော့ မျက်မှောင်ကြုတ်သွားပေမယ့် သူက ချက်ချင်းအနောက်ကို ပြန်လည်ဆုတ်ခွာလိုက်ပြီး မီးတောက်တွေကို ရှောင်လိုက်သည်၊

ကယ်ရင်းကလည်း အနည်းငယ်အက်ကွဲသွားတဲ့မြေနံရံကိုကြည့်ပြီး စိတ်ထဲမှာအေးစိမ့်သွားသည်၊ဘယ်လောက်တောင် ပြင်းထန်တဲ့လက်သီးလဲ၊

"တစ်ကြိမ်မရရင် နောက်တစ်​ကြိမ်ပေါ့" ဒန်နာရီက မီးတောက်လုံးတွေကိုရှောင်ရင်း နောက်တစ်ကြိမ်တိုက်ခိုက်ရန်အတွက် လေစွမ်းအားများကို ပြန်လည်ဖြည့်သွင်းလိုက်သည်၊

--------****-----
Chapter-163မျှော်

မှော်စွမ်းအားအဆင့်များ(စွမ်းအားများပေါ်မူတည်ပြီး အသုံးပြုပုံကွာခြားသည်)

အဆင့် ၉ ဆင့်

အဆင့် ၁ စွမ်းအား ထိန်းချုပ်ခြင်းအဆင့်

အဆင့် ၂ စွမ်းအားထိန်းကျောင်းခြင်းအဆင့်

အဆင့် ၃ စွမ်းအားပြန့်ပွားခြင်းအဆင့်

အဆင့် ၄ စွမ်းအားစုစီးခြင်းအဆင့်

အဆင့် ၅ စွမ်းအားပြတ်တောက်ခြင်းအဆင့်

အဆင့် ၆ စွမ်းအားတည်ဆောက်ခြင်းအဆင့်

အဆင့် ၇ စွမ်းအားပြန့်ကျဲခြင်းအဆင့်

အဆင့် ၈ စွမ်းအားအမှုန်အမွှားအဆင့်

အဆင့် ၉ စွမ်းအားတည်ရှိခြင်းအဆင့်

------အပေါ်ကအချက်အလက်များသည် စာရေးဆရာရဲ့ရူးမိုက်တဲ့စိတ်ကူးများသာဖြစ်သည်----

Bạn đang đọc truyện trên: ZingTruyen.Xyz